Zawgyi
မယားငယ္ျဖင့္ အိမ္ငွားေနထိုင္တဲ့ ခင္ပြန္းျဖစ္သူကို ဇနီးမွေျပာဆိုရာ ခင္ပြန္းက လက္မခံသျဖင့္…See more
ကခ်င္ျပည္နယ္ လုံးခင္းၿမိဳ႕၌ အိမ္ေထာင္ေရးေဖာက္ျပန္ေနသည့္ ခင္ပြန္းကို ဇနီးက ဓားျဖင့္ ထိုးသတ္ခဲ့သည္ဆိုမႈကို သက္ဆိုင္ရာက (ယေန႔) အမႈဖြင့္ စစ္ေဆးလ်က္ရွိသည္။ယမန္ေန႔ မြန္းတည့္ ၁၂ နာရီခြဲအခ်ိန္ခန႔္တြင္
ကခ်င္ျပည္နယ္ လုံးခင္းၿမိဳ႕၅ ရပ္ကြက္ရွိ ဦးစံသိန္းေနအိမ္၌ လူသတ္မူျဖစ္ပြားေၾကာင္းသတင္းအရ လုံးခင္းနယ္ေျမရဲစခန္းမႉး ဒုရဲမႉး ဟန္ေမႊးႏွင့္အဖြဲ႕က သြားေရာက္စစ္ေဆးခဲ့သည္။
အဆိုပါေနအိမ္တြင္ ေ႐ႊဘိုၿမိဳ႕နယ္ ျမင္းစီးေက်း႐ြာ ေန သီဟစိုး (၂၉ ႏွစ္)တြင္ဝဲဖက္ရင္အုံထိုးသြင္း၊ ဝဲဖက္နံ႐ိုးေဘး ထိုးသြင္းဒဏ္ရာ ေလးခ်က္ျဖင့္ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့သည္။စုံစမ္းစစ္ေဆးခ်က္အရ (ေသဆုံးသူ) သီဟစိုးႏွင့္ ဇနီးျဖစ္သူ အမ်ိဳးသမီးတို႔ ႏွစ္ဦးမွာတရားမဝင္ေပါင္းသင္းကာ ဦးစံသိန္းေနအိမ္တြင္ငွားရမ္းေနထိုင္ၾကေၾကာင္း သိရသည္။
ထိုသို႔ ေနထိုင္စဥ္ အခင္းျဖစ္ေန႔က သီဟစိုး၏ ဇနီးေဟာင္း ျဖစ္သူ ေ႐ႊဘိုၿမိဳ႕ ျမင္းစီး ေက်း႐ြာေန မၿငိမ္းၿငိမ္းအိ (၃၄ ႏွစ္)ေရာက္ရွိလာ ၿပီး တစ္လင္တစ္မယားဥပေဒျဖင့္ တိုင္ၾကားပါက ေထာင္ ၇ ႏွစ္က်ႏိုင္ေၾကာင္း ေျပာဆိုရာက စကားမ်ားရန္ျဖစ္စဥ္ သီဟစိုးက နင့္ကိုသတ္ပီးမွေထာင္ က်ခံႏိုင္ဟု ေျပာဆို ခဲ့သည္။
ထို႔ေနာက္ သီဟစိုးက အနီးရွိၾကက္သြန္လွီးဓားကိုယူ၍ မၿငိမ္းၿငိမ္းအိကို ထိုးမည္ျပဳစဥ္ မၿငိမ္းၿငိမ္းအိက အဆိုပါဓားကိုလုယူ၍သီဟစိုး၏နံၾကားကိုထိုးခဲ့ရာက ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။လုံးခင္းနယ္ေျမရဲစခန္းက ၃၀၂ အရ အမႈဖြင့္ကာ မၿငိမ္းၿငိမ္းအိအား ဖမ္းဆီး စစ္ေဆးလ်က္ရွိသည္။
credit
Unicode
မယားငယ်ဖြင့် အိမ်ငှားနေထိုင်တဲ့ ခင်ပွန်းဖြစ်သူကို ဇနီးမှပြောဆိုရာ ခင်ပွန်းက လက်မခံသဖြင့်…See more
ကချင်ပြည်နယ် လုံးခင်းမြို့၌ အိမ်ထောင်ရေးဖောက်ပြန်နေသည့် ခင်ပွန်းကို ဇနီးက ဓားဖြင့် ထိုးသတ်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက (ယနေ့) အမှုဖွင့် စစ်ဆေးလျက်ရှိသည်။ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်တွင်
ကချင်ပြည်နယ် လုံးခင်းမြို့၅ ရပ်ကွက်ရှိ ဦးစံသိန်းနေအိမ်၌ လူသတ်မူဖြစ်ပွားကြောင်းသတင်းအရ လုံးခင်းနယ်မြေရဲစခန်းမှူး ဒုရဲမှူး ဟန်မွှေးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေအိမ်တွင် ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာ နေ သီဟစိုး (၂၉ နှစ်)တွင်ဝဲဖက်ရင်အုံထိုးသွင်း၊ ဝဲဖက်နံရိုးဘေး ထိုးသွင်းဒဏ်ရာ လေးချက်ဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။စုံစမ်းစစ်ဆေးချက်အရ (သေဆုံးသူ) သီဟစိုးနှင့် ဇနီးဖြစ်သူ အမျိုးသမီးတို့ နှစ်ဦးမှာတရားမဝင်ပေါင်းသင်းကာ ဦးစံသိန်းနေအိမ်တွင်ငှားရမ်းနေထိုင်ကြကြောင်း သိရသည်။
ထိုသို့ နေထိုင်စဉ် အခင်းဖြစ်နေ့က သီဟစိုး၏ ဇနီးဟောင်း ဖြစ်သူ ရွှေဘိုမြို့ မြင်းစီး ကျေးရွာနေ မငြိမ်းငြိမ်းအိ (၃၄ နှစ်)ရောက်ရှိလာ ပြီး တစ်လင်တစ်မယားဥပဒေဖြင့် တိုင်ကြားပါက ထောင် ၇ နှစ်ကျနိုင်ကြောင်း ပြောဆိုရာက စကားများရန်ဖြစ်စဉ် သီဟစိုးက နင့်ကိုသတ်ပီးမှထောင် ကျခံနိုင်ဟု ပြောဆို ခဲ့သည်။
ထို့နောက် သီဟစိုးက အနီးရှိကြက်သွန်လှီးဓားကိုယူ၍ မငြိမ်းငြိမ်းအိကို ထိုးမည်ပြုစဉ် မငြိမ်းငြိမ်းအိက အဆိုပါဓားကိုလုယူ၍သီဟစိုး၏နံကြားကိုထိုးခဲ့ရာက သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။လုံးခင်းနယ်မြေရဲစခန်းက ၃၀၂ အရ အမှုဖွင့်ကာ မငြိမ်းငြိမ်းအိအား ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။
credit