ဟိုဖက်ရပ်ကွက်က နိုင်ငံပျောက်သူ ဇာတ်ကားဟာ ပြည်သူနဲ့မအလတို့အဖွဲ့ကိုသွေးခွဲ သပ်လျှို ဝါဒမှိုင်း တိုက်တာလို့ လေသံတွေထွက်လာတယ်။
အဲ့ဒါနဲ့
ရှစ်လေးလုံး အရေးအခင်းပြီးတော့လူတွေက စစ်တပ်ကိုမုန်းကြတာ မုန်းကြတာအဲ့ထဲမှာ အနုပညာရှင်ဆိုတဲ့သူတွေ တယောက်မှမပါဘူးဆိုတာ ယုံ
မယုံလည်း နောက်၂ နှစ်နေတော့ စစ်အစိုးရဝါဒဖြန့်တဲ့ပါပီမ ကားကသက်သေ အဲ့ကားမှာယုနန်ဒါမြင့် ကလည်းအလန်း ခင်စိုးပိုင်ကလည်းသရုပ်ဆောင်ကောင်းတော့ တောခိုသွားတဲ့ကျောင်းသားတွေကပဲ အသိဉာဏ်မရှိအစိုးရစေတနာကို နားမလည်သလို ဖြစ်အောင်ကိုအနုပညာ သမားတွေက ပုံဖော်ပေးကြတာ။
ရန်ကင်းမှာ အဲ့ကားရိုက်ပေးတဲ့သူတွေကိုတိုက်ခန်းတောင်ပေးတယ်ကြားတာပဲဟုတ်မဟုတ်တော့မသိနောက်နှစ်ကျ ဦးညွန့်ဝင်းကြီးက ထပ်မတယ်။အဖေနဲ့သားများ ဇာတ်ကားနဲ့ ဇာတ်ဝင် သီချင်းတောင် မှတ်မိသေး။
သူမပါရင်လေ ဘာတွေများရှေ့ဆက်ဖြစ်ကြမယ် သူလေမပါချင်ဘူးအခြေအနေမဲ့ သားဆိုးများကြောင့် ဆိုပြီး ကယ်တင်ရှင်က စစ်တပ်ကိုဖြစ်ရော။ဟီးးး အနုပညာ သမားတွေ ကျေးဇူးလေ။
နောက်တော့ တပ်က သူပိုင်မီဒီယာ မြဝတီကို စ မိတ်ဆက် ဇာတ်ကားကောင်းတွေပြ နောက်တော့ စစ်ကားတွေပြ အဲ့တုန်းက အစကတော့ တကယ့်စစ်ကားကောင်းတွေပါ ပျဉ်းမငုတ်တို တို့ နှောင်းတမြေ့မြေ့တို့။
အဲ့ကနေမှ အောင်မြင်ချင်ရင် စစ်ကားရိုက် အကယ်ဒမီ ရချင်ရင် စစ်ကားရိုက်တွေဖြစ်လာရော လူမင်းဆို စစ်ကားအရိုက်ဆုံး ကျော်ဟိန်းဆိုလဲ အကယ်ဒမီ လိုချင်လွန်းလို့ ဝေလဲမွှေး ကြွေလဲမွှေးကို မရိုက်ချင်ဘဲ ရိုက်ခဲ့တာ ညွန့်ဝင်းဆို အဖားကောင်းလွန်းလို့ ငါးဆုရှင်ဖြစ်တော့ အရှက်မရှိ အဲ့ညက သူနဲ့အတူတောင် သူ့ကျွန်မခံပီ ဆိုတာ လိုက်အော်ခိုင်းသေး အဲ့ထဲက အနုပညာရှင်တွေက အဘေဘာစမတာ။
နောက် ဆိုကရေးတီးတို့ မြဝတီအငြိမ့်တို့လုပ်ပြီး ပြည်သူကိုဂျင်းထည့် အဲ့တုန်းက ဆိုကရေးတီးပြိုင်ပွဲဝင်တိုင်း ဦးခင်ညွှန့် ဘုန်းတော်ဖွဲ့။အဘကျန်းမာပါစေကပါသေး 🙏လက်အုပ်လေး ချီလို့ပေါ့ဗျာ။မြဝတီ အငြိမ့် က ပထမရတဲ့ မောစ့် တို့ မြင်မြင့်ကြည် အငြိမ့်ဆိုလဲဒေါ်စုကို တိုက်ခိုက်တာ မြင်မကောင်းဘူး။
မှတ်မိသေးလားတော့ မသိဘူး ဒယ်ဒီဂမုန်း ရေးပီး မြင့်မြင့်ကြည်ဆိုတာ တီဗီက ခဏခဏ ပြတယ်လေ😁သွေးစွန်းထားတဲ့ ဒို့အဖိုးရဲ့ဓါး ခေါင်းရင်းထရံမှာရှိပီးသားတို့ သခွပ်ပင်က မီးတကျည်ကျည် အသံကြားတိုင်းထကြည့်ရတာ အိပ်ရေးပျက်လှပီတို့ ပြည်သူကို ဝါဒမှိုင်းတိုက်တာ စားတော့ပြည်သူ့ထမင်းနဲ့ ပြည်သူကို ဂျင်းပြန်ထည့်တာ အနုပညာသမားတွေဘဲ။
😁စစ်အစိုးရလက်ထက် တံတားတခုဆောက်လို့ဖွင့်ပွဲလုပ်ရင် ခုန်တာ ခုန်တာဆိုတာ အဲ့တံတားပေါ်တက်တက်ပြီး.တံတာကြီးပြီးပြီး တတားကြီးပြီးပြီနဲ့တံတားဟိုဘက် ဒီဘက်ပတ်ပြေးလိုက်သေး တေးရေးက ဂီတစာဆို ဟင်္သာတတမြင့်ငွေ အဆိုတော် ဖြိုးကြီးအဖေရေးတာ အများဆုံး
😁အာ့ကြောင့် ပြန်ဝင်ဟောင်း ဦးရဲထွဋ်က ပေါ်တင်ပြောတာ စစ်အစိုးရလက်ထက်က ပေါ်လစီကားရိုက်ပါရစေ လာပြောတာ သူ့မှာစာရင်းရှိတယ်ဆိုတော့ ဘယ် အနုပညာရှင်ဆိုတဲ့သူတွေ စောက်သံထွက်ရဲလဲ အမှန်ဖြစ်နေတာကိုး။
😁အဲ့တုန်းက စင်ရော်မောင်မောင်ကြီးကတော့ Top ပေါ့ဗျာ သူက တခြားကားသာ ကောင်းအောင်မရိုက်တတ်တာ ပေါ်လစီဆို အပိုင် နာံမည်ပေးတာကိုက လန်ထွက်နေတာ😁ဘာတဲ့ …မိုးယံသို့ လွင့်ပျံစေမည့် ကေသရာဇာတို့၏အားမန်တို့ နှလုံးသားတွင် ကဗည်းတင်မည် ကစ္စပနဒီတို့
အနုပညာရှင်တွေက သူတို့နာမည်ရ ပိုက်ဆံရ ပါမစ်ရ ပီးရော ဆိုပီးပြည်သူကို ဂျင်းထည့်လာတာလေ😁မရှက်ဘူးပြောကြသေး နိုင်ငံတော် အကျိုးပြုဇာတ်ကားဆိုဘဲ တဖြေးဖြေးနဲ့ ပြည်သူကလည်း တပ်ကို တဖြေးဖြေးရွံလာ ၂၀၁၀ရွေးကောက်ပွဲလုပ်တော့ အသံသိပ်မထွက်သေးဘူး။
အခြေအနေစောင့်ကြည့်သေးတာ 😁နောက် ကြားဖြတ်ရွေးကောက်ပွဲမှ ဒေါ်စုကလဲ ဝင်ပြိုင် ပြည်သူကလည်း ဒေါ်စုဘက်က များမှန်းသိလာတော့။သူတို့က လူလည်တွေလေ ပြည်သူဆီက စားလာတာ မနည်းတော့ဘူးဆိုတော့ အရှက်မရှိ ဘတ်စ် ကားပေါ်ဝင်ထိုင်ပြီး ဒီမိုကရေစီ ဆိုပြီး စပြောတော့တာ။
သူတို့ပဲ ဒီမိုကရေစီရှေ့ဆောင် မသိရင် NLDအစိုးရကပဲသူတို့ကြောင့် နိုင်သလိုလို 😁အဲ့ထဲက အဘကနေမေမေ မှမေမေ ဒီကြားထဲ စစ်တပ်ကခေါ်ရင် စစ်ကားပြေးရိုက်ပြီး အဘဘောသွားမကြသေး။စစ်ကိုမုန်းလို့ တိုက်ခဲ့သည်တို့ အချစ်နှင်းဆက် သက်နဲ့ကို ဇာတ်လမ်းတွေကသက်သေ။
ခန့်စည်သူကြီးဆို စစ်ကားရိုက်ပီးပြီးချင်း မအလတင်တဲ့ ဘုရားထီးတင်ပွဲမှာ ခန့်ခန့်ကြီးဆို အကယ်ဒမီလည်း အရင်နဲ့ ခုခေတ်ဘာထူးလို့လဲ ဗေလုဝ ကြီးဆို သူ့အကြောင်းသူသိလို့ အကယ်ဒမီပေးတာတောင်မလာဘူး 😁အာ့ကို ဘုတ်အဖွဲ့ဆိုသူတွေကတွေးတာက ဒီကောင်က ခုအစိုးရ အာဏာရအောင် လုပ်ပေးတာ သူ့ကိုပေးရင် ငါတို့အတွက် အကျိုးမယုတ်ဘူးဆိုပီးတွေးတာ။
သူ့တို့ခေါင်းထဲ အနုပညာဆိုတာ မရှိဘူး။အာဏာရှိတဲ့သူ ပိုက်ဆံရှိတဲ့သူကို ဖားမယ်။ဒါမှ ငါတို့ ထမင်းစားရမယ်ဘဲတွေးတာ အဲ့အတွေးတွေက ခုနောက်ပေါက်စတွေကပါ လိုက်တွေး ကိုယ်နဲ့သိတဲ့တယောက်ဆို အရင် ဆို က ရေး တီး ခေတ်က အဘ အဘ ဆိုတာကြီးဘဲတမိသားစုလုံး ကြံခိုင်ရေးပုဆိုးနဲ့ ဘာပွဲညာပွဲသွားရင်တရပ်ကွက်လုံးက ဝိုင်းကြည့်ကြတာကိုအယ်မယ်… ပီးလည်းပီးရော သူတို့ရင်ဖတ်မှာဒေါင်းရင်ထိုးနဲ့ သူတို့မှာဂုဏ်တွေယူလို့။
😁အဘတွေကိုမုန်းတာ သူ့တို့လောက်မရှိဘူး ထောင် ထဲ အနှစ်နှစ်ဆယ်နေခဲ့တဲ့ ကိုမင်းကိုနိုင်တောင် သူ့လောက်မုန်းမှာမဟုတ်ဘူးရေးလိုက်ရတဲ့ NLDအစိုးရကောင်းကြောင်းဆိုတာကလည်း ငါကမှ အနုပညာသမားစစ်စစ်ကြီးဆိုတဲ့အထာ အဲလိုနှစ်ဖက်ချွန်ကောင်တွေ များလာတာ။
အနုပညာသမားစစ်စစ်တွေ အတွက်ပြသနာ ပြောသာပြောရတာပါ မြန်မာပြည်မှာကလဲ အနုပညာ အနုပညာနဲ့ ထမင်းဝဖို့ ပါမစ်ရဖို့ အနုပညာဆိုတာကို ဗန်းပြပြီးအဘဘောမနေတဲ့သူတွေက အများသားဆိုတော့ 😁ကိုယ်တွေပြည်သူတွေဘဲ😤ဝဋ်ကြွေးကြီးတာပါလေ တိုင်ပြည်ဂျောက်ထဲကျဖို့ လက်နှစ်လုံးလိုလို့ ကယ်ပေးလိုက်တာ ကျေးဇူးဆပ်ရတာကြီး ၂၆ နှစ်😱။
ခုလဲ စစ်အစိုးရက အမျိုးဘာဂျာ ကယ်ပေးလို့ကျေးဇူး ဆပ်နေရတာက ၁နှစ်ကျော်😱 ဇာတ်တွေလဲနာပါ့😭😭😭 တော်သေးတယ် အခု စကစရွာလည်နေလို့😜😜မဟုတ်ရင် မိုးယံသို့ လွင့်ပျံစေမည့် ပျူစောထီး တို့၏ အားမန်တို့ ဘဘဘောသာ ဆက်၍မမည်တို့ လို ပေါကားတွေ ထွက်လာမလားမသိ😜😜 😁😁😁။
ဖီလင် အနုပညာဂျင်းSithu AT@@
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
အဲ့ဒါနဲ့
မယုံလည်း နောက်၂ နှစ်နေတော့ စစ်အစိုးရဝါဒဖြန့်တဲ့ပါပီမ ကားကသက်သေ အဲ့ကားမှာယုနန်ဒါမြင့် ကလည်းအလန်း ခင်စိုးပိုင်ကလည်းသရုပ်ဆောင်ကောင်းတော့ တောခိုသွားတဲ့ကျောင်းသားတွေကပဲ အသိဥာဏ်မရှိအစိုးရစေတနာကို နားမလည်သလို ဖြစ်အောင်ကိုအနုပညာ သမားတွေက ပုံဖော်ပေးကြတာ။