ကမ္ဘာကျော်ကနေဒါအဆိုတော်’ဂျက်စတင်ဘီဘာ’ဟာ ဗိုင်းရပ်စ်တစ်မျိုးကူးစက်ခံရပြီး
မျက်နှာတစ်ခြမ်းလုံး လေဖြတ်သွားခဲ့တာကြောင့် အခုနောက်ဆုံး သူ့ရဲ့ရှိုးပွဲအစီအစဉ်များကို ဖျက်သိမ်းလိုက်ရပါတယ်။
ဗိုင်းရပ်စ်က နားရွက်ကအာရုံကြောများကို ထိခိုက်စေခဲ့ကာ Ramsay Hunt Syndrome လက္ခဏာခံစားရတာဖြစ်ကြောင်း ရှာဖွေသိရှိရပါတယ်။
‘ဘီဘာ’တစ်ယောက် ဝေဒနာအတော်လေးခံစားနေရပုံကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာကနေ ဗီဒီယိုတင်ပြီးပြသခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့’ဂျက်စတင်ဘီဘာ’ဟာ လက်ရှိအချိန်မှာ
မြောက်အမေရိကတခွင် Justice ရှိုးပွဲခရီးစဉ်ပြုလုပ်နေတာဖြစ်ပြီး တိုရွန်တို၊ ဝါရှင်တန်ဒီစီ၊
နယူးယော့ခ်တို့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲများကို ဖျက်သိမ်းထားပါတယ်။
“ဗိုင်းရပ်စ်က ကျွန်တော့်နားရွက်နားတဝိုက်မှာရှိတဲ့
အာရုံကြောတွေကိုဖျက်ဆီးပစ်ပြီး မျက်နှာတစ်ခြမ်းလေဖြတ်သွားတာပါ၊ မြင်တဲ့အတိုင်းပါပဲ ဒီဘက်မျက်လုံးမျက်တောင်ခတ်လို့မရတော့ဘူး၊
မျက်နှာဒီဘက်ခြမ်းက ရယ်လို့မရတော့ဘူး၊ နှာခေါင်းပေါက်လည်း လှုပ်လို့မရဘူး၊ ဒီဘက်မျက်နှာတစ်ခြမ်းလုံးလေဖြတ်သွားပါတယ်” လို့ ပြောပြပါတယ်။
အဆိုပါ ၃ မိနစ်စာဗီဒီယိုထဲမှာ ရယ်ဖို့ မျက်တောင်ခတ်ဖို့ မျက်နှာပြင်လှုပ်ရှားဖို့ကြိုးစားပေမယ့် မျက်နှာတစ်ခြမ်းက မတုန့်ပြန်နိုင်ခဲ့ပါဘူး။
ပြန်လည်သက်သာလာဖို့အတွက် အခုတော့မျက်နှာလေ့ကျင့်ခန်းများပြုလုပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မတ်လက စတင်ထုတ်လွှင့်ခဲ့တဲ့ နောက်ဆုံးအယ်လ်ဘမ် Justice ဟာ အမေရိကန်မှာ ပလတ်တီနမ်အဆင့်သတ်မှတ်ချက်ရရှိခဲ့ပြီး
ယူကေအယ်လ်ဘမ်အဆင့်ထုတ်ပြန်ချက်မှာ ဒုတိယချိတ်ခဲ့ပါတယ်။
သူ့ရဲ့မြောက်အမေရိကဖျော်ဖြေရေးခရီးစဉ်ဟာ ဇူလိုင်လမှာအဆုံးသတ်ဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။
“ကျွန်တော့်ဖျော်ဖြေပွဲတွေဖျက်လိုက်ရလို့ စိတ်ပျက်ရတယ်ဆိုရင်တောင်းပန်ပါတယ်၊ ကျွန်တော့်မျက်နှာလှုပ်ရှားလို့မရဘူးဖြစ်နေပါတယ်၊
မြင်တဲ့အတိုင်းပဲ အတော်လေးဆိုးရွားပါတယ်၊ ပရိသတ်တွေနားလည်မယ်လို့မျှော်လင့်ပါတယ်၊
အခုအချိန်မှာ ကောင်းကောင်းအနားယူလိုက်ပြီး ပြန်ကောင်းလာတဲ့အချိန်ကျရင် ရာနှုန်းပြည့်ဖျော်ဖြေသွားမှာပါ၊
ဘယ်လောက်ကြာကြာခံစားနေရမလဲမသိပါဘူး၊ ဘုရားသခင်ကိုယုံကြည်ထားပါတယ်” လို့ ပြောကြားသွားပါတယ်။
Source: The Guardian
#8days_TV
unicode