တေးရေးဦးထူးဝါးရဲ့မျိုးဆက်လေးဖြစ်တဲ့ နော်မာသာထူးဝါးဟာ ဖခင်ဖြစ်သူရဲ့ဂီတအမွေကို ဆက်ခံနိုင်တဲ့ သမီးလေးတစ်ယောက်ဖြစ်ပါတယ်…။ ငယ်စဉ်ကထိုင်းနိုင်ငံမှာနေခဲ့ပြီး ဖခင်ဖြစ်သူဆုံးပါးပြီးနောက်ပိုင်း ကျန်ရစ်တဲ့မိသားစုတွေက ကိုရီးယားနိုင်ငံကိုပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်…။

သူမရဲ့အမေကလည်း ပြီးခဲ့တဲ့ (၂၉) ရက်နေ့ကပဲ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်…။ဖိုးမူကြီးရဲ့ ရင်တွင်းခံစားချက် အစစ်အမှန်တစ်ခုဖြစ်တဲ့ ” အိမ်လေးတစ်လုံးလိုချင်တယ် ” သီချင်းဟာ အောင်မြင်မှုရရှိခဲ့ပြီး အားပေးတဲ့ပရိသတ်တွေလည်း ရှိလာခဲ့ပါတယ်…။

အသက်ငယ်ငယ်နဲ့ အောင်မြင်ခဲ့တဲ့ ဖိုးမူကြီးဟာ သူမရဲ့ဂီတအရည်အသွေးကို ပိုပြီးမြှင့်တင်နိုင်အောင်ကြိုးစားနေသူလေးပါ…။အသက် (၁၅) နှစ်အရွယ်သာရှိသေးတဲ့ မာသထူးဝါးလေးကတော့ (၁၃) နှစ်အရွယ်နဲ့ (၁၁) နှစ် အရွယ် မောင်လေးနှစ်ယောက်ကို အစ်မကြီးအမိရာပီပီ သူမရဲ့ အနုပညာလေးနဲ့ ရှာဖွေစောင့်ရှောက်နေတာပဲဖြစ်ပါတယ်…။

ဒီနေ့မှာလည်း သူမအမေကွယ်လွန်ပြီးနောက် Cover song သီဆိုထားတဲ့ Video လေးကိုဝေမျှခဲ့တာပဲ ဖြစ်ပါတယ်…။ ဖိုးမူကြီးရဲ့ ရှေ့ဆက်လျှောက်ရမဲ့ အနုပညာတွေကို ပိုအားပေးလိုက်ကြရအောင်နော်…Source: Martha Htoowah’s
zawgyi version
သူမအေမ အသည္းကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီးေနာက္ Cover song သီဆိုထားတဲ့ မာသထူးဝါးရဲ႕သီခ်င္းဗီဒီယိုေလး
ေတးေရးဦးထူးဝါးရဲ႕မ်ိဳးဆက္ေလးျဖစ္တဲ့ ေနာ္မာသာထူးဝါးဟာ ဖခင္ျဖစ္သူရဲ႕ဂီတအေမြကို ဆက္ခံႏိုင္တဲ့ သမီးေလးတစ္ေယာက္ျဖစ္ပါတယ္…။ ငယ္စဥ္ကထိုင္းႏိုင္ငံမွာေနခဲ့ၿပီး ဖခင္ျဖစ္သူဆုံးပါးၿပီးေနာက္ပိုင္း က်န္ရစ္တဲ့မိသားစုေတြက ကိုရီးယားႏိုင္ငံကိုေျပာင္းေ႐ႊ႕ ေနထိုင္ခဲ့ပါတယ္…။
သူမရဲ႕အေမကလည္း ၿပီးခဲ့တဲ့ (၂၉) ရက္ေန႔ကပဲ အသည္းကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္…။ဖိုးမူႀကီးရဲ႕ ရင္တြင္းခံစားခ်က္ အစစ္အမွန္တစ္ခုျဖစ္တဲ့ ” အိမ္ေလးတစ္လုံးလိုခ်င္တယ္ ” သီခ်င္းဟာ ေအာင္ျမင္မႈရရွိခဲ့ၿပီး အားေပးတဲ့ပရိသတ္ေတြလည္း ရွိလာခဲ့ပါတယ္…။
အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္ခဲ့တဲ့ ဖိုးမူႀကီးဟာ သူမရဲ႕ဂီတအရည္အေသြးကို ပိုၿပီးျမႇင့္တင္ႏိုင္ေအာင္ႀကိဳးစားေနသူေလးပါ…။အသက္ (၁၅) ႏွစ္အ႐ြယ္သာရွိေသးတဲ့ မာသထူးဝါးေလးကေတာ့ (၁၃) ႏွစ္အ႐ြယ္နဲ႔ (၁၁) ႏွစ္ အ႐ြယ္ ေမာင္ေလးႏွစ္ေယာက္ကို အစ္မႀကီးအမိရာပီပီ သူမရဲ႕ အႏုပညာေလးနဲ႔ ရွာေဖြေစာင့္ေရွာက္ေနတာပဲျဖစ္ပါတယ္…။
ဒီေန႔မွာလည္း သူမအေမကြယ္လြန္ၿပီးေနာက္ Cover song သီဆိုထားတဲ့ Video ေလးကိုေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္…။ ဖိုးမူႀကီးရဲ႕ ေရွ႕ဆက္ေလွ်ာက္ရမဲ့ အႏုပညာေတြကို ပိုအားေပးလိုက္ၾကရေအာင္ေနာ္…Source: Martha Htoowah’s



