မိသားစု အစု ၂၀ ထံမှငြင်းပယ်ခံခဲ့ရတဲ့ ရောဂါသည်ကလေးမလေးအား မတုံ့မဆိုင်းဘဲ ချက်ချင်းမွေးစားပေးခဲ့တဲ့ ကြင်နာတတ်တဲ့အမျိုးသားတစ်ဦး
Alba အမည်ရှိကလေးမလေးဟာ ကံမကောင်းစွာဖြင့် သူမအား ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်မွေးဖွားခဲ့စဉ် သူမဟာ D.o.w.n syndrome ရောဂါကိုခံစားခဲ့ရပါတယ်။ ထို့အပြင် မိဘများက သူမအား အီတလီနိုင်ငံ Naples မြို့ရှိမိဘမဲ့ဂေဟာတစ်ခုတွင် ထားသွားခဲ့ကြပါတယ်။
ကလေးသူငယ်အားပြုစုပျိုးထောင်လိုတဲ့မိသားစုများစွာဟာ ၎င်းဂေဟာစင်တာသို့ဆက်သွယ်ခဲ့ကြသော်လည်း Alba ရဲ့ကျန်းမာရေးအခြေအနေကို သိတဲ့အခါ မိသားစု အစု၂၀ က သူမအား ငြင်းဆိုခဲ့ကြပါတယ်။ သိုပေမဲ့ အသက် ၄၂ နှစ်အရွယ် Luca Trapanese အမည်ရှိအမျိုးသားဟာ ၁၃ ရက်သားအရွယ်သာရှိသေးတဲ့ Alba အား မွေးစားခဲ့ပါတယ်။
ထိုအချိန်မှစ၍ Alba ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့ရပါတယ်။ Luca Trapanese ဟာ အသက် ၄၂ နှစ်အရွယ် hor.mo.sex.ual အမျိုးသားတစ်ဦး ဖြစ်သလို single တစ်ဦးလည်းဖြစ်ပြီး ကလေးမွေးစားရန် ဆန္ဒပြင်းပြသူဖြစ်ပါတယ်။
သို့ရာတွင် သူ့ရဲ့ဖြစ်တည်မှုကြောင့် သူ့နိုင်ငံရဲ့အုပ်ချုပ်မှုအရ သူဟာ သာမန်ကလေးတစ်ယောက်ကို မွေးစားခွင့်မရှိပါဘူး။ ကလေးကမကျန်းမာနေမှသာ Luca ဟာ ၎င်းကလေးကို မွေးစားခွင့်ရမှာပါ။
Alba အမှုနှင့် ပတ်သက်၍ ဆေးရုံဂေဟာသို့ဆက်သွယ်တဲ့အခါ Luca ဟာ နောက်တစ်ကြိမ်ပြန်မတွေးဘဲ Alba နှင့်တွေ့ဆုံရန် ချက်ချင်းချိန်းဆိုခဲ့ပါတယ်။ တစ်ခါက Luca ဟာ အင်တာဗျူးတစ်ခုမှာ “ ကျွန်တော် ၁၄ နှစ်သားအရွယ်ကတည်းက မသန်စွမ်းသူတွေအတွက် စေတနာ့ဝန်ထမ်းလုပ်ခဲ့ဖူးတယ် ၊ ဒီအတွေ့အကြုံတွေ ကျွန်တော့်မှာ အများကြီးရှိတယ်လို့ထင်မိတယ် ” ဟု ဆိုခဲ့ဖူးပါတယ်။
လက်ရှိမှာ အဆိုပါအဖေနှင့်သမီးတို့စုံတွဲဟာ follower ပေါင်း ၁၃၃k ကျော်ရှိတဲ့ Instagram acc တစ်ခုရှိနေပြီး Lucas ဟာ သူနှင့် Alba တို့ရဲ့ချစ်စရာကောင်းတဲ့အချိန်များကိုလူမှုကွန်ယက်များတွင် မကြာခဏပြန်လည်ဝေမျှပေးလေ့ရှိပါတယ်။
ဖခင်ဖြစ်သူရဲ့အဆိုအရ ကလေးမလေးက သူ့ရဲ့ဘဝကို တော်လှန်ပေးခဲ့ပြီး သူမနဲ့ပတ်သက်တဲ့အရာအားလုံးကိုပါ ပြောင်းလဲစေခဲ့ကြောင်း ပြောကြားခဲ့ပါသေးတယ်။ Alba လေးဟာ Luba အတွက် မယုံကြည်နိုင်စရာကောင်းလောက်အောင် ပျော်ရွှင်မှုကိုယူဆောင်လာပေးနေခဲ့ပြီး Luba ကလည်း သူမရဲ့အဖေဖြစ်ခွင့်ရခဲ့တာကို ဂုဏ်ယူနေလျက်ရှိပါတယ်။
Zawgyi
မိသားစု အစု ၂၀ ထံမှငြင်းပယ်ခံခဲ့ရတဲ့ ရောဂါသည်ကလေးမလေးအား မတုံ့မဆိုင်းဘဲ ချက်ချင်းမွေးစားပေးခဲ့တဲ့ ကြင်နာတတ်တဲ့အမျိုးသားတစ်ဦး
Alba အမည်ရှိကလေးမလေးဟာ ကံမကောင်းစွာဖြင့် သူမအား ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်မွေးဖွားခဲ့စဉ် သူမဟာ D.o.w.n syndrome ရောဂါကိုခံစားခဲ့ရပါတယ်။ ထို့အပြင် မိဘများက သူမအား အီတလီနိုင်ငံ Naples မြို့ရှိမိဘမဲ့ဂေဟာတစ်ခုတွင် ထားသွားခဲ့ကြပါတယ်။
ကလေးသူငယ်အားပြုစုပျိုးထောင်လိုတဲ့မိသားစုများစွာဟာ ၎င်းဂေဟာစင်တာသို့ဆက်သွယ်ခဲ့ကြသော်လည်း Alba ရဲ့ကျန်းမာရေးအခြေအနေကို သိတဲ့အခါ မိသားစု အစု၂၀ က သူမအား ငြင်းဆိုခဲ့ကြပါတယ်။ သိုပေမဲ့ အသက် ၄၂ နှစ်အရွယ် Luca Trapanese အမည်ရှိအမျိုးသားဟာ ၁၃ ရက်သားအရွယ်သာရှိသေးတဲ့ Alba အား မွေးစားခဲ့ပါတယ်။
ထိုအချိန်မှစ၍ Alba ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့ရပါတယ်။ Luca Trapanese ဟာ အသက် ၄၂ နှစ်အရွယ် hor.mo.sex.ual အမျိုးသားတစ်ဦး ဖြစ်သလို single တစ်ဦးလည်းဖြစ်ပြီး ကလေးမွေးစားရန် ဆန္ဒပြင်းပြသူဖြစ်ပါတယ်။
သို့ရာတွင် သူ့ရဲ့ဖြစ်တည်မှုကြောင့် သူ့နိုင်ငံရဲ့အုပ်ချုပ်မှုအရ သူဟာ သာမန်ကလေးတစ်ယောက်ကို မွေးစားခွင့်မရှိပါဘူး။ ကလေးကမကျန်းမာနေမှသာ Luca ဟာ ၎င်းကလေးကို မွေးစားခွင့်ရမှာပါ။
Alba အမှုနှင့် ပတ်သက်၍ ဆေးရုံဂေဟာသို့ဆက်သွယ်တဲ့အခါ Luca ဟာ နောက်တစ်ကြိမ်ပြန်မတွေးဘဲ Alba နှင့်တွေ့ဆုံရန် ချက်ချင်းချိန်းဆိုခဲ့ပါတယ်။ တစ်ခါက Luca ဟာ အင်တာဗျူးတစ်ခုမှာ “ ကျွန်တော် ၁၄ နှစ်သားအရွယ်ကတည်းက မသန်စွမ်းသူတွေအတွက် စေတနာ့ဝန်ထမ်းလုပ်ခဲ့ဖူးတယ် ၊ ဒီအတွေ့အကြုံတွေ ကျွန်တော့်မှာ အများကြီးရှိတယ်လို့ထင်မိတယ် ” ဟု ဆိုခဲ့ဖူးပါတယ်။
လက်ရှိမှာ အဆိုပါအဖေနှင့်သမီးတို့စုံတွဲဟာ follower ပေါင်း ၁၃၃k ကျော်ရှိတဲ့ Instagram acc တစ်ခုရှိနေပြီး Lucas ဟာ သူနှင့် Alba တို့ရဲ့ချစ်စရာကောင်းတဲ့အချိန်များကိုလူမှုကွန်ယက်များတွင် မကြာခဏပြန်လည်ဝေမျှပေးလေ့ရှိပါတယ်။
ဖခင်ဖြစ်သူရဲ့အဆိုအရ ကလေးမလေးက သူ့ရဲ့ဘဝကို တော်လှန်ပေးခဲ့ပြီး သူမနဲ့ပတ်သက်တဲ့အရာအားလုံးကိုပါ ပြောင်းလဲစေခဲ့ကြောင်း ပြောကြားခဲ့ပါသေးတယ်။ Alba လေးဟာ Luba အတွက် မယုံကြည်နိုင်စရာကောင်းလောက်အောင် ပျော်ရွှင်မှုကိုယူဆောင်လာပေးနေခဲ့ပြီး Luba ကလည်း သူမရဲ့အဖေဖြစ်ခွင့်ရခဲ့တာကို ဂုဏ်ယူနေလျက်ရှိပါတယ်။လေးစားလြှကျ..crd. Credit