ရေသန့်ဘူး ကို ပူကြပ်နေတဲ့ ကားထ ဲမှာ ဘယ်တော့မှ မထားခဲ့ပါနဲ့
နွေရာသီ မှာဆိုရင် ရာသီဥတု ကလည်းပူတော့ ကားထဲမှာ ရေသန့်ဘူး တစ်ဘူးလောက်တော့ ဆောင်ထားကြမှာပဲလေ။ လူတွေထင်မှာက နွေရာသီ မှာ ပူကြပ်နေတဲ့ကားထဲမှာ ရေသန့်ဘူး ထားခဲ့မှတော့ အဲ့ဒီရေက ပူပြီးသောက်လို့လည်း အဆင်မပြေသလို ရေငတ်လည်းမပြေပါဘူးပေါ့။
အဲ့အကြောင်းပြချက်ကြောင့် မထားနဲ့လို့ပြောတာ မဟုတ်ပါဘူး။ အဲ့ထက် အန္တရာယ် များတဲ့ အကြောင်းရင်းက မီးထလောင် နိုင်ပါတယ်။
ရေကနေ မီးထလောင် နိုင်တယ်ဆိုတော့ ရီစရာဖြစ်နေပါတယ်။ လျို့ဝှက်ချက် က ရေက မီးလောင် စေတာမဟုတ်ပါဘူး။ ဝိုင်းတဲ့ ပုံသဏ္ဍန်ရှိတဲ့ရေဘူးက မီးထလောင်စေတာပါ။ နွေရာသီ မှာဆို နေရောင်ခြည် ဟာ ကားမှန်ကနေဖောက်ဝင်ပြီး ရေပြည့်နေတဲ့ ရေဘူး ကို ဖောက်ဝင်သွားတာတယ်။
ဝိုင်းနေတဲ့ ရေဘူးထဲမှာရှိတဲ့ ရေတွေက မှန်ဘီလူးလုပ်ဆောင်ပုံအတိုင်း နေရောင်ခြည် ကို စုစည်းစေပြီး ကားထိုင်ခံရဲ့ နေရာတစ်နေရာတည်းကို အကြာကြီးထိုးထားရာကနေ ပူကြပ်လာပြီး မီးထလောင်စေနိုင်ပါတယ်။
နောက်တစ်ချက်က ပလပ်စတစ် ရေသန့်ဘူး မှာပါဝင်တဲ့ BPA အပြင် အခြားဓာတုပစ္စည်းတွေက အထူးသဖြင့် နေရောင်နဲ့ ထိတွေ့ရင် ရေထဲစိမ့်ဝင်လာနိုင်ပြီး သောက်မိရင် ကျန်းမာရေး ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေသန့်ဘူးတွေကို ထားခဲ့မယ်ဆိုရင်လည်း နေရောင်တိုက်ရိုက်ကျမယ့် နေရာမျိုးကို ရှောင်ထားတာ ကောင်းပါတယ်။
Crd
zawgyi
ေရသန႔္ဘူး ကို ပူၾကပ္ေနတဲ့ ကားထ ဲမွာ ဘယ္ေတာ့မွ မထားခဲ့ပါနဲ႔
ေႏြရာသီ မွာဆိုရင္ ရာသီဥတု ကလည္းပူေတာ့ ကားထဲမွာ ေရသန႔္ဘူး တစ္ဘူးေလာက္ေတာ့ ေဆာင္ထားၾကမွာပဲေလ။ လူေတြထင္မွာက ေႏြရာသီ မွာ ပူၾကပ္ေနတဲ့ကားထဲမွာ ေရသန႔္ဘူး ထားခဲ့မွေတာ့ အဲ့ဒီေရက ပူၿပီးေသာက္လို႔လည္း အဆင္မေျပသလို ေရငတ္လည္းမေျပပါဘူးေပါ့။
အဲ့အေၾကာင္းျပခ်က္ေၾကာင့္ မထားနဲ႔လို႔ေျပာတာ မဟုတ္ပါဘူး။ အဲ့ထက္ အႏၲရာယ္ မ်ားတဲ့ အေၾကာင္းရင္းက မီးထေလာင္ ႏိုင္ပါတယ္။
ေရကေန မီးထေလာင္ ႏိုင္တယ္ဆိုေတာ့ ရီစရာျဖစ္ေနပါတယ္။ လ်ိဳ႕ဝွက္ခ်က္ က ေရက မီးေလာင္ ေစတာမဟုတ္ပါဘူး။ ဝိုင္းတဲ့ ပုံသ႑န္ရွိတဲ့ေရဘူးက မီးထေလာင္ေစတာပါ။ ေႏြရာသီ မွာဆို ေနေရာင္ျခည္ ဟာ ကားမွန္ကေနေဖာက္ဝင္ၿပီး ေရျပည့္ေနတဲ့ ေရဘူး ကို ေဖာက္ဝင္သြားတာတယ္။
ဝိုင္းေနတဲ့ ေရဘူးထဲမွာရွိတဲ့ ေရေတြက မွန္ဘီလူးလုပ္ေဆာင္ပုံအတိုင္း ေနေရာင္ျခည္ ကို စုစည္းေစၿပီး ကားထိုင္ခံရဲ႕ ေနရာတစ္ေနရာတည္းကို အၾကာႀကီးထိုးထားရာကေန ပူၾကပ္လာၿပီး မီးထေလာင္ေစႏိုင္ပါတယ္။
ေနာက္တစ္ခ်က္က ပလပ္စတစ္ ေရသန႔္ဘူး မွာပါဝင္တဲ့ BPA အျပင္ အျခားဓာတုပစၥည္းေတြက အထူးသျဖင့္ ေနေရာင္နဲ႔ ထိေတြ႕ရင္ ေရထဲစိမ့္ဝင္လာႏိုင္ၿပီး ေသာက္မိရင္ က်န္းမာေရး ကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေရသန႔္ဘူးေတြကို ထားခဲ့မယ္ဆိုရင္လည္း ေနေရာင္တိုက္႐ိုက္က်မယ့္ ေနရာမ်ိဳးကို ေရွာင္ထားတာ ေကာင္းပါတယ္။
Crd