စံချိန်တင် အောင်ချက်ရာခိုင်နှုန်းဖြင့် တက္ကသိုလ်၀င်တန်း အောင်စာရင်းတွေထုတ်ပြန်
တက္ကသိုလ်၀င်တန်း အောင်စာရင်းတွေကို ဒီနေ့ ဇွန် ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပြီး ရန်ကုန်အပါအ၀င် တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့ နေပြည်တော်ကောင်စီ နယ်မြေ၊ တစ်ခါ နိုင်ငံခြား စာစစ်ဌာနက အောင်ချက်တွေကို စစ်ကောင်စီက ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီနှစ် အောင်ချက် ရာခိုင်နှုန်းဟာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ၄၆ ရာခိုင်နှုန်းကျော် ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် ပထမဆုံး တက္ကသိုလ်ဝင် စာမေးပွဲကို ပြီးခဲ့တဲ့ မတ်လတုန်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပုံမှန်ဆို တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကိုးသိန်းလောက် ရှိပေမဲ့ ဒီနှစ်မှာတော့ သုံးသိန်းနီးပါးသာ ရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောထားပါတယ်။
အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက် အာဏာဖီဆန်ရေး အကြမ်းမဖက် လှုပ်ရှားမှုမှာပါဝင်ဖို့၊ နောက် စစ်ကောင်စီနဲ့ မပူးပေါင်းတာကို ပြသဖို့ ပြည်တွင်းမှာ အခြေခံပညာရော၊
အဆင့်မြင့်ပညာ ကဏ္ဍမှာပါ ကျောင်းမတက် သပိတ် လှုပ်ရှားမှု ပေါ် ပေါက်ခဲ့တာကြောင့် စစ်ကောင်စီဖွင့်တဲ့အခြေခံပညာ ကျောင်းတွေမှာ ကျောင်းတက်သူ ဦးရေ နည်းပါးခဲ့တာ ဖြစ်ပါတယ်။
Credit … BBC
Zawgyi ဖြင့် ဖတ်ရန်
စံခ်ိန္တင္ ေအာင္ခ်က္ရာခိုင္ႏႈန္းျဖင့္ တကၠသိုလ္၀င္တန္း ေအာင္စာရင္းေတြထုတ္ျပန္
တကၠသိုလ္၀င္တန္း ေအာင္စာရင္းေတြကို ဒီေန႕ ဇြန္ ၁၇ ရက္မွာ ထုတ္ျပန္လိုက္ၿပီး ရန္ကုန္အပါအ၀င္ တိုင္းနဲ႕ျပည္နယ္ ၁၄ ခုနဲ႕ ေနျပည္ေတာ္ေကာင္စီ နယ္ေျမ၊ တစ္ခါ နိုင္ငံျခား စာစစ္ဌာနက ေအာင္ခ်က္ေတြကို စစ္ေကာင္စီက ထုတ္ျပန္လာတာျဖစ္ပါတယ္။
ဒီႏွစ္ ေအာင္ခ်က္ ရာခိုင္ႏႈန္းဟာ တစ္ျပည္လုံး အတိုင္းအတာနဲ႕ ၄၆ ရာခိုင္ႏႈန္းေက်ာ္ ရွိတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
အာဏာသိမ္းၿပီးေနာက္ ပထမဆုံး တကၠသိုလ္ဝင္ စာေမးပြဲကို ၿပီးခဲ့တဲ့ မတ္လတုန္းက ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
ပုံမွန္ဆို တကၠသိုလ္ဝင္တန္း ေျဖဆိုသူ ကိုးသိန္းေလာက္ ရွိေပမဲ့ ဒီႏွစ္မွာေတာ့ သုံးသိန္းနီးပါးသာ ရွိတယ္လို႔ ပညာေရးအသိုင္းအဝိုင္းက ေျပာထားပါတယ္။
အာဏာသိမ္းမႈ ျဖစ္ၿပီးတဲ့ေနာက္ အာဏာဖီဆန္ေရး အၾကမ္းမဖက္ လႈပ္ရွားမႈမွာပါဝင္ဖို႔၊ ေနာက္ စစ္ေကာင္စီနဲ႕ မပူးေပါင္းတာကို ျပသဖို႔ ျပည္တြင္းမွာ အေျခခံပညာေရာ၊
အဆင့္ျမင့္ပညာ က႑မွာပါ ေက်ာင္းမတက္ သပိတ္ လႈပ္ရွားမႈ ေပၚ ေပါက္ခဲ့တာေၾကာင့္ စစ္ေကာင္စီဖြင့္တဲ့အေျခခံပညာ ေက်ာင္းေတြမွာ ေက်ာင္းတက္သူ ဦးေရ နည္းပါးခဲ့တာ ျဖစ္ပါတယ္။
Credit … BBC