Unicode
ကိုယ်တွေ့…ဘုန်းကြီးလာလာ သီလရှင်လာလာ လှူဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်ရက်က သံဃာ တစ်ပါး ခြံ ပေါက်ဝမှာလာရပ်တယ်။ ခြံထဲကို သေသေချာချာ အကဲခပ်တယ်။ ခြံကအလုပ်သမားလေးကိုခေါ်တယ်၊ ဒကာကြီးဘယ်သွားလဲလို့လှမ်းမေးတယ်။
အလုပ်သွားပါတယ်ဘုရားဆိုတော့ သားသမီးတွေရောမရှိဘူးလားလို့ထပ်မေးတယ်။ သူတို့လဲ မရှိကြဘူးဆိုတော့ ဒကာမကြီးတော့ရှိတာယ်မလားလို့မေးတယ်။ခြံစောင့်လေးကလဲ ရှိတယ်ဘုရား အိမ်ထဲမှာဆိုတော့…အေးကွာတံခါးဖွင့်အုံး ဒကာမကြီးကိုဘဲနှုတ်ဆက်တော့မယ်။
မင်းခွေးတွေခြံထဲထည့်လိုက်အုံး၊ ငါ့ကိုကိုက်နေအုံးမယ်ဆိုတော့ အိမ်ကကျေး ဇူးရှင်က ခွေးတွေကို ခြံထဲသေသေချာချာထည့်ပေး လိုက်တယ်။ ခြံတံခါးလဲဖွင့်ပေးလိုက်တယ်။ ခြံထဲဝင်လာတော့ ဟိုတောင်ကြည့်မြောက်ကြည့်နဲ့ပါတ်ဝန်းကျင်ကိုလေ့လာတယ် ။
CCTV မှာပြန်ကြည့်မှ သိရတာ။ခြံထဲကဂိုဒေါင်ထဲမှာ သံလျင်က ftr ကြီးတင်မောင်ဝင်းတပည့် ကျော်၂ယောက် က သံတံခါးတွေလာပြင်နေတာ ဘုန်းကြီးကတွေ့သွားတယ်။ နဲနဲတုန့်သွားပုံရတယ်။ ခြံထဲကကျေးဇူးရှင်ကလဲ အိမ်မှာဘယ်သူမှ မရှိဘူးပြောထားတော့
ဘုန်းကြီးက ယောကျ်ား ၂ယောက်တွေ့လိုက်လို့ အံအားသင့်သွားပုံရတယ်။အိမ်ပေါက်ဝရောက်တော့ အမျိုးသမီး က ဘာကိစ္စရှိလို့ပါလဲ၊ အရှင်ဘုရားကို တပည့်တော်မသိဘူးလို့ပြောတော့ ကျောင်းဆောက်နေတာ ငွေလိုလို့ အလှူလာခံတာလို့ပြောတယ်။
ဆက်မပြောချင်တာရယ် ခြံထဲရောက်နေတာရယ်ကြောင့် အမျိုးသမီးက ၅၀၀၀ လှူလိုက်တယ်၊၅၀၀၀ ကဘာလုပ်ရမှာလဲလို့ မျက်နှာပျက်ပီး မိန့်တော်မူတယ်၊အနားမှာလဲ နောက်တစ်ယောက်ထပ်တိုးပီး ယောကျ်ား၄ယော က်ဖြစ်လာတော့ ပြန်လှည့်ထွက်သွားတယ်။
ခြံထဲက ထွက်တိုင်းရုံးသွားတိုင်း အပြင်သွားတိုင်း ဘယ်သူ့ကိုမဆိုတံခါးဖွင့်မပေးဖို့ နေ့တိုင်းတစ်ရက်မပြတ်မှာတယ်။ အိမ်ထဲကိုအသိပေးပီး ဖွင်းပေးလိုက်ဆိုမှ ဖွင့်ဖို့ပြောထားတယ်။Accident ဖြစ်တယ်ဆိုတာ……
ဘာလို့ဖွင့်ပေးလိုက်တာလဲလို့မေးတော့ ဘုန်းကြီးက သတ်သတ်ရပ်ရပ်ဝတ်ထားပီး ဒကာကြီးနဲ့ချိန်းထားတယ်ပြောလို့ ဖွင့်ပေးလိုက်တာတဲ့။ သူ့လွယ်အိပ်ထဲဘာပါလာသည်မသိ။ ကံကောင်း၏။ခွေးတောင်သိမ်းခိုင်း လိုက်သေးတယ်။အပြောအဆိုနပ်တယ်။
ခြံထဲကားမရှိရင် လူနည်းမယ်လို့တွေးပုံရတယ်။ ကျွမ်းကျင်အဆင့်ဘဲ၊။ သတိထားကြကုန်။ ကားနဲ့လာတိုင်းလဲ မသိရင် သေချာအောင်လုပ်ပီးမှဖွင့်ကြပါ။ အန္တရာယ် လက်တစ်ကမ်း…..ပုံကတော့ ကျန်ခဲ့တဲ့ တနဂ်နွေနေ့ နေ့ခင်းဖက်ကြီး လူမရှိတဲ့ဘေးကပ်ရက်ခြံကိုကျော်ဝင်တာ တွေ့လို့ ငတ်ကုန်ကြဘီထင်ပါတယ်။
credit
Zawgyi
ကိုယ္ေတြ႕…ဘုန္းႀကီးလာလာ သီလရွင္လာလာ လႉျဖစ္ပါတယ္။ လြန္ခဲ့တဲ့တစ္ရက္က သံဃာ တစ္ပါး ၿခံ ေပါက္ဝမွာလာရပ္တယ္။ ၿခံထဲကို ေသေသခ်ာခ်ာ အကဲခပ္တယ္။ ၿခံကအလုပ္သမားေလးကိုေခၚတယ္၊ ဒကာႀကီးဘယ္သြားလဲလို႔လွမ္းေမးတယ္။
အလုပ္သြားပါတယ္ဘုရားဆိုေတာ့ သားသမီးေတြေရာမရွိဘူးလားလို႔ထပ္ေမးတယ္။ သူတို႔လဲ မရွိၾကဘူးဆိုေတာ့ ဒကာမႀကီးေတာ့ရွိတာယ္မလားလို႔ေမးတယ္။ၿခံေစာင့္ေလးကလဲ ရွိတယ္ဘုရား အိမ္ထဲမွာဆိုေတာ့…ေအးကြာတံခါးဖြင့္အုံး ဒကာမႀကီးကိုဘဲႏႈတ္ဆက္ေတာ့မယ္။
မင္းေခြးေတြၿခံထဲထည့္လိုက္အုံး၊ ငါ့ကိုကိုက္ေနအုံးမယ္ဆိုေတာ့ အိမ္ကေက်း ဇူးရွင္က ေခြးေတြကို ၿခံထဲေသေသခ်ာခ်ာထည့္ေပး လိုက္တယ္။ ၿခံတံခါးလဲဖြင့္ေပးလိုက္တယ္။ ၿခံထဲဝင္လာေတာ့ ဟိုေတာင္ၾကည့္ေျမာက္ၾကည့္နဲ႔ပါတ္ဝန္းက်င္ကိုေလ့လာတယ္ ။
CCTV မွာျပန္ၾကည့္မွ သိရတာ။ၿခံထဲကဂိုေဒါင္ထဲမွာ သံလ်င္က ftr ႀကီးတင္ေမာင္ဝင္းတပည့္ ေက်ာ္၂ေယာက္ က သံတံခါးေတြလာျပင္ေနတာ ဘုန္းႀကီးကေတြ႕သြားတယ္။ နဲနဲတုန႔္သြားပုံရတယ္။ ၿခံထဲကေက်းဇူးရွင္ကလဲ အိမ္မွာဘယ္သူမွ မရွိဘူးေျပာထားေတာ့
ဘုန္းႀကီးက ေယာက်္ား ၂ေယာက္ေတြ႕လိုက္လို႔ အံအားသင့္သြားပုံရတယ္။အိမ္ေပါက္ဝေရာက္ေတာ့ အမ်ိဳးသမီး က ဘာကိစၥရွိလို႔ပါလဲ၊ အရွင္ဘုရားကို တပည့္ေတာ္မသိဘူးလို႔ေျပာေတာ့ ေက်ာင္းေဆာက္ေနတာ ေငြလိုလို႔ အလႉလာခံတာလို႔ေျပာတယ္။
ဆက္မေျပာခ်င္တာရယ္ ၿခံထဲေရာက္ေနတာရယ္ေၾကာင့္ အမ်ိဳးသမီးက ၅၀၀၀ လႉလိုက္တယ္၊၅၀၀၀ ကဘာလုပ္ရမွာလဲလို႔ မ်က္ႏွာပ်က္ပီး မိန႔္ေတာ္မူတယ္၊အနားမွာလဲ ေနာက္တစ္ေယာက္ထပ္တိုးပီး ေယာက်္ား၄ေယာ က္ျဖစ္လာေတာ့ ျပန္လွည့္ထြက္သြားတယ္။
ၿခံထဲက ထြက္တိုင္း႐ုံးသြားတိုင္း အျပင္သြားတိုင္း ဘယ္သူ႔ကိုမဆိုတံခါးဖြင့္မေပးဖို႔ ေန႔တိုင္းတစ္ရက္မျပတ္မွာတယ္။ အိမ္ထဲကိုအသိေပးပီး ဖြင္းေပးလိုက္ဆိုမွ ဖြင့္ဖို႔ေျပာထားတယ္။Accident ျဖစ္တယ္ဆိုတာ……
ဘာလို႔ဖြင့္ေပးလိုက္တာလဲလို႔ေမးေတာ့ ဘုန္းႀကီးက သတ္သတ္ရပ္ရပ္ဝတ္ထားပီး ဒကာႀကီးနဲ႔ခ်ိန္းထားတယ္ေျပာလို႔ ဖြင့္ေပးလိုက္တာတဲ့။ သူ႔လြယ္အိပ္ထဲဘာပါလာသည္မသိ။ ကံေကာင္း၏။ေခြးေတာင္သိမ္းခိုင္း လိုက္ေသးတယ္။အေျပာအဆိုနပ္တယ္။
ၿခံထဲကားမရွိရင္ လူနည္းမယ္လို႔ေတြးပုံရတယ္။ ကြၽမ္းက်င္အဆင့္ဘဲ၊။ သတိထားၾကကုန္။ ကားနဲ႔လာတိုင္းလဲ မသိရင္ ေသခ်ာေအာင္လုပ္ပီးမွဖြင့္ၾကပါ။ အႏၲရာယ္ လက္တစ္ကမ္း…..ပုံကေတာ့ က်န္ခဲ့တဲ့ တနဂ္ေႏြေန႔ ေန႔ခင္းဖက္ႀကီး လူမရွိတဲ့ေဘးကပ္ရက္ၿခံကိုေက်ာ္ဝင္တာ ေတြ႕လို႔ ငတ္ကုန္ၾကဘီထင္ပါတယ္။
credit