ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်းတခုထဲ ထည့်ထားလိုက်ရင်
ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်း တခု ထဲ ထည့်ရင် ဘာမှ မဖြစ်ပါဘူး။
ဒါပေမဲ့ ခင်ဗျားက ဖန်ပုလင်း ကို ခပ်ကြမ်းကြမ်း လေး လှုပ်ပြီး ပုရွက်ဆိတ်တွေ ကို စားပွဲ ပေါ် လွှတ်ပေး လိုက်တာနဲ့
သည်ကောင်တွေ တကောင်နဲ့ တကောင်တိုက်ခိုက်သတ်ဖြတ်ကြတော့တာပါပဲ။
ပုရွက်ဆိတ် အနီကောင်တွေ က အမဲ ကောင်တွေ ကို ရန်သူလို့ ထင်သွား တဲ့ အချိန်မှာ ပုရွက်ဆိတ် အမဲကောင်တွေက လည်း အနီကောင် တွေဟာ သူတို့ရဲ့ ရန်သူလို့ ယုံကြည်သွားကြပါတယ်။
တကယ့် ရန်သူ အစစ် ကတော့ ဖန်ပုလင်း ကို လှုပ် လိုက်တဲ့ သူပါ။
ကျွန်တော် တို့ လူ့အဖွဲ့ အစည်းမှာလည်း သည်အတိုင်းပါပဲ၊
မိန်းမ နဲ့ ယောက်ျားလက်ဝဲ နဲ့ လက်ယာချမ်းသာ နဲ့ ဆင်းရဲ ဘာသာတရားယုံကြည်မူ့ နဲ့ သိပ္ပံပညာ အတင်းအဖျင်း ကောလဟာလ စသဖြင့်၊
တယောက်နဲ့ တယောက် မတိုက်ခိုက် ခင်မှာ ကျွန်တော်တို့ မိမိကိုယ်ကို သေချာအောင် ပြန်မေးသင့်ပါ တယ်။
“ဘယ်သူက ဖန်ပုလင်း ကို လှုပ်လိုက်တာလဲ
ဘန်ကောက်ကသူငယ်ချင်း အခုပဲပို့လာတာကိုဘာသာပြန်လိုက်ပါတယ်… မူးမြင့်အောင်