ဗဟုသုတ

မူလတန်းကျောင်းသားလေး ထောက်ပြလိုက်တဲ့ ကုဋေရှစ်ဆယ်သူဌေးသားပုံပြင်ရဲ့ လွဲမှားနေတဲ့အချက်

မူလတန်းကျောင်းသားလေး ထောက်ပြလိုက်တဲ့ ကုဋေရှစ်ဆယ်သူဌေးသားပုံပြင်ရဲ့ လွဲမှားနေတဲ့အချက်

( “ကုဋေရှစ်ဆယ်သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ” မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ပါတောတယ် )

“ကုဋေရှစ်ဆယ်သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ” မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ကျွန်တော်သိတယ်။

“နင်ကဘာသနားတာလဲ” “နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ် သူက ဘာမဟုတ်တာလုပ်လို့လဲ”

ဆရာမ မျက်လုံးပြူးပြီးကြည့်တယ် ဘာမှမပြောသေးဘူး “သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်

လူတွေကကျေးဇူးတရား နားမလည်ကြဘူးနော်” “သူကပညာမှမတတ်တာ”

“ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်းမှန်းသိလို့

မလုရကောင်းမှန်း သိလို့တောင်းစားတာလေ ဘာလို့ဝိုင်း-ိုက်တာလဲ” “အဲ့ဒါ” “သားကတော့

အဲ့ဒိလူ့ပါတ်ဝန်းကျင်ကိုပဲ အမြင်ကတ်တာ… သူတို့လည်းပညာမဲ့လောက်တယ် . .ပညာတင်မကဘူး

နှလုံးသားလည်းမဲ့လောက်တယ်” “ဘာ” “သားမေးပါရစေ အဲ့ဒီကဗျာကသူဋ္ဌေးသားကို

အကောင်းပြောတာလား မကောင်းပြောတာလား” “ဟို…မကောင်းပြောတာလေသားရဲ့”

“ဒါဆို သူ့ဝိုင်း-ိုက်တဲ့သူတွေကကောင်းတယ်ပေါ့” “ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ”

“နှလုံးသားမဲ့တာကျတော့ရော၊ စာနာစိတ်မဲ့တာကျတော့ရော၊ မြေနိမ့်ရာလှံစိုက်တာကျတော့ရော၊

ကူညီရကောင်းမှန်းမသိတာကျတော့ရော” “ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား” “ဆရာမ ဒီမှာကြည့်”

“နင် နင် ရိုင်းလှချည်လား”“သားဘာရိုင်းလို့လဲ” “နင်ငါ့ကို ဘာလို့လက်ခလယ်ထောင်ပြတာလဲ”

“လက်ခလယ်က ဘာဖြစ်လို့လဲ” “နင့်ကို ကျောင်းအုပ်ကြီးရုံးခန်းပို့မယ်” “သားပေးချင်တဲ့ ဥပမာက

အဲ့ဒါ သားဘယ်လိုရှင်းပြရှင်းပြဆရာမ လက်ခံမှာ မဟုတ်တော့ဘူး သားလက်ခလယ်မှာမှဲ့ပါတယ်…

ပြသူနဲ့ ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ် တူတဲ့အခါတူမယ်ကွဲတဲ့အခါကွဲမယ်…

ဒါပေမယ့် ပြသူမှာပိုတာဝန်ရှိတယ်… ဒီကဗျာလည်းဒီလိုပဲ” “ဘာဆိုင်လို့လဲ” “ဆားတုံဆရာတော်က

ပညာမဲ့တာကို အဆိုးရေး ထားတယ် နှလုံးသားမဲ့တာကို အပြစ်တောင် တင်မထားဘူး။ ဆရာမဘယ်လိုမြင်လဲမသိဘူး။

သားကတော့ ဒီလိုပဲမြင်တယ်” “သားထပ်မေးမယ် ပညာမဲ့တာနဲ့ စာနာစိတ်မဲ့တာ ဘယ်ဟာပိုဆိုးလဲ”

Credit – (တာရာမင်းဝေ)

===================

Zawgyi

မူလတန္းေက်ာင္းသားေလး ေထာက္ျပလိုက္တဲ့ ကုေဋရွစ္ဆယ္သူေဌးသားပုံျပင္ရဲ႕ လြဲမွားေနတဲ့အခ်က္

( “ကုေဋရွစ္ဆယ္သူေဌးသားက သိပ္သနားဖို႔ေကာင္းတယ္ေနာ္ဆရာမ” မ်က္ေထာက္နီနဲ႔ၾကည့္တဲ့အၾကည့္ ပါေတာတယ္ )

“ကုေဋရွစ္ဆယ္သူေဌးသားက သိပ္သနားဖို႔ေကာင္းတယ္ေနာ္ဆရာမ” မ်က္ေထာက္နီနဲ႔ၾကည့္တဲ့အၾကည့္ ကြၽန္ေတာ္သိတယ္။

“နင္ကဘာသနားတာလဲ” “နင္သာလူမိုက္ ဒုစ႐ိုက္တဲ့လားဆရာမရယ္ သူက ဘာမဟုတ္တာလုပ္လို႔လဲ”

ဆရာမ မ်က္လုံးျပဴးၿပီးၾကည့္တယ္ ဘာမွမေျပာေသးဘူး “သူ႔ရွိတဲ့ ပိုက္ဆံလည္းအခိုးခံရတယ္

လူေတြကေက်းဇူးတရား နားမလည္ၾကဘူးေနာ္” “သူကပညာမွမတတ္တာ”

“ပညာမတတ္ရင္ ႏွလုံးသားမဲ့ေရာလားဆရာမ သူ႔ပစၥည္းေတြ အခိုးခံရတာေတာင္ ျပန္ၿပီး မခိုးရေကာင္းမွန္းသိလို႔

မလုရေကာင္းမွန္း သိလို႔ေတာင္းစားတာေလ ဘာလို႔ဝိုင္း-ိုက္တာလဲ” “အဲ့ဒါ” “သားကေတာ့

အဲ့ဒိလူ႔ပါတ္ဝန္းက်င္ကိုပဲ အျမင္ကတ္တာ… သူတို႔လည္းပညာမဲ့ေလာက္တယ္ . .ပညာတင္မကဘူး

ႏွလုံးသားလည္းမဲ့ေလာက္တယ္” “ဘာ” “သားေမးပါရေစ အဲ့ဒီကဗ်ာကသူေ႒းသားကို

အေကာင္းေျပာတာလား မေကာင္းေျပာတာလား” “ဟို…မေကာင္းေျပာတာေလသားရဲ႕”

“ဒါဆို သူ႔ဝိုင္း-ိုက္တဲ့သူေတြကေကာင္းတယ္ေပါ့” “ကဗ်ာက ပညာမဲ့တာကို မေကာင္းေျပာတာေလ”

“ႏွလုံးသားမဲ့တာက်ေတာ့ေရာ၊ စာနာစိတ္မဲ့တာက်ေတာ့ေရာ၊ ေျမနိမ့္ရာလွံစိုက္တာက်ေတာ့ေရာ၊

ကူညီရေကာင္းမွန္းမသိတာက်ေတာ့ေရာ” “ကဗ်ာရဲ႕ဆိုလိုရင္းကို သားသိေအာင္ႀကိဳးစား” “ဆရာမ ဒီမွာၾကည့္”

“နင္ နင္ ႐ိုင္းလွခ်ည္လား”“သားဘာ႐ိုင္းလို႔လဲ” “နင္ငါ့ကို ဘာလို႔လက္ခလယ္ေထာင္ျပတာလဲ”

“လက္ခလယ္က ဘာျဖစ္လို႔လဲ” “နင့္ကို ေက်ာင္းအုပ္ႀကီး႐ုံးခန္းပို႔မယ္” “သားေပးခ်င္တဲ့ ဥပမာက

အဲ့ဒါ သားဘယ္လိုရွင္းျပရွင္းျပဆရာမ လက္ခံမွာ မဟုတ္ေတာ့ဘူး သားလက္ခလယ္မွာမွဲ႔ပါတယ္…

ျပသူနဲ႔ ၾကည့္သူမွာ ကိုယ္ပိုင္ယူဆခ်က္ေတြရွိတယ္ တူတဲ့အခါတူမယ္ကြဲတဲ့အခါကြဲမယ္…

ဒါေပမယ့္ ျပသူမွာပိုတာဝန္ရွိတယ္… ဒီကဗ်ာလည္းဒီလိုပဲ” “ဘာဆိုင္လို႔လဲ” “ဆားတုံဆရာေတာ္က

ပညာမဲ့တာကို အဆိုးေရး ထားတယ္ ႏွလုံးသားမဲ့တာကို အျပစ္ေတာင္ တင္မထားဘူး။ ဆရာမဘယ္လိုျမင္လဲမသိဘူး။

သားကေတာ့ ဒီလိုပဲျမင္တယ္” “သားထပ္ေမးမယ္ ပညာမဲ့တာနဲ႔ စာနာစိတ္မဲ့တာ ဘယ္ဟာပိုဆိုးလဲ”

Credit – (တာရာမင္းေဝ)