ရော့ အမေ၊ဒီမှာပိုက်ဆံတစ်သိန်း။ သူ့မြေးလေးနဲ့ကစားနေရာက အမေမော့ကြည့်လာတယ်။ ဘာအတွက်လဲဆိုတဲ့ မေးခွန်းမျိုးနဲ့မျက်လုံးတွေနဲ့။ ဘာလုပ်ဖို့လဲသမီး။
အမေအိမ်ကိုခဏခဏမလာပါနဲ့ သမီးကသူများအိမ်မှာလာနေရတာ ယောက္ခမတွေအမြင်ကြည်အောင်နေရတယ်။
သမီးရယ်အမေကပိုက်ဆံ လာတောင်းတာမှမဟုတ်တာ အမေ့မြေးလေးနဲ့လဲ သမီးကတစ်လနေလို့ အိမ်တစ်ခေါက်မရောက်ဘူး။အမေ့မြေးလေးကိုလွမ်းလို့ လာတာပါသမီးရယ်။
သမီးအဖေကတားပါတယ် အမေလည်းနှစ်ပတ်လောက်နေမှ တစ်ခါလာတာလေသမီးအဖေကလဲသူ့သမီးနဲ့ သူ့မြေးလေးကိုတွေ့ချင်နေတာ ဒါပေမယ့်သူမလိုက်ချင်လို့ သမီးကိုလာလည်ဖို့လဲပြောလိုက်ပါတယ်ကွယ်။
သမီးသိပါတယ် အမေတို့ဆီကိုလဲ သမီးနှစ်လတစ်ခါလောက်လာတာပဲ။ ပိုက်ဆံလဲလာလာပေးနေတာပဲကို ခုအမေပြန်ပါတော့ သမီးယောက်ကျားပြန်လာတော့မယ်။ အမေ့ကိုမြင်ရင် သူအမောမပြေပဲနေမယ်။
အင်းပါသမီးရယ် အမေနောက်မလာတော့ပါဘူး။ သမီးတော့လာလည်ပါနော် အမေသွားတော့မယ်။ ဖွားသွားတော့မယ်မြေး လိမ်လိမ်မာမာနေနော်။ မျက်ရည်တွေဝဲလျက် အသံတုန်တုန်လေးနဲ့ပြောလိုက်ပါတယ်။
ဖြောင်း ဖြောင်း ဖြောင်း လက်ခုပ်သံကြားရာ လှည့်ကြည့်မိလိုက်ပါတယ်။ ရှစ်နှစ်အရွယ်ကလေး ကျမသမီးလေး၊ ပြုံးရယ်ပီးလက်ခုပ်တီးနေတာပေါ့။ ဘာတွေသဘောကျပီး လက်ခုပ်တီးတာလဲသမီးလေး။
မေမေအိုင်တင်အရမ်းကောင်းတာပဲ။ ဇာတ်လမ်းတွေထဲက မင်းတမီးကြနေရာပဲ။ မျက်နှာတွေပြောနေတာတွေကအရမ်းမိုက်ရို့။
ဖွားရောပဲမျက်ရည်လေးတွေဝဲနေတာ ဇာတ်လမ်းတွေထဲက မင်းတမီးရီးလိုပဲ မီးသဘောကျလို့ လက်ခုပ်တီးလိုက်တာ။ကျမပါးစပ်ဟ မလို့ပဲရှိသေးသမီးလေးကကုန်းထပီး။,.
မေမေ မေမေ မေမေ့အိုင်တင်မီးလုပ်ပြမယ် မီးလုပ်တာမေမေ့လိုကောင်းလားကြည့်ပေးနော်။
သမီးလေးက စားပွဲပေါ်ကသူ့အဖွားကိုပေးထားတဲ့ ပိုက်ဆံထုပ်လေးကိုကောက်ယူပြီး ကျမရှေ့မှာကျမလုပ်သလို လိုက်လုပ်ပြပါတယ်။ အမေပိုက်ဆံမယူသွားပါလား ကျမစဉ်းစားနေတုန်း။,.
မေမေမီးမီးလုပ်တာကောင်းလားဟင်။ ကျမသမီးလေးမင်းသမီးလုပ်တာ ဝါသနာပါတယ်ထင်ပြီး သမီးကိုမေးလိုက်ပါတယ်။ အရမ်းကောင်းတာပဲ မေ့သမီးလေးကကြီးလာရင် မင်းသမီးလုပ်မလို့လားအရမ်းတော်တာပဲ။,.
မင်းတမီးလုပ်မို့ဟုတ်ပါဝူးမေမေရဲ့။ ကျမအံ့သြသွားပါတယ် သမီးလေးကမင်းသမီးမလုပ်ချင်ပဲ ဘာလို့ဒါကိုလုပ်ပြတာပါလိမ့်။
မီးမီးကြီးလာလို့ မေမေ့အရွယ်ရောက်ရင် မေမေဖွားဖွားးကိုပြောသလိုမျိုး မီးမီးကပြန်လုပ်ရမှာလေ အဲ့အခါကျရင် မေမေ့လိုအိုင်တင်လေးကိုကြိုက်ရို့ မီးမီးကကျင့်ထားကြည့်တာ။
မေမေလဲဖွားဖွားလိုကျင့်ထားနော်ဖွားဖွားမျက်ရည်လေးဝဲနေတဲ့အိုင်တင် အရမ်းကောင်းတယ်သိလား။,.
သမီးစကားတွေ ကျမဆက်နားမထောင်ရဲတော့ပါ။ ကျမမှားပြီ ကျမမေမေ့ကို စော်ကားမိလိုက်ပြီ။ ကျမကိုသမီးလေး အခုလိုပြောတော့ ကျမ ကျမဒီလောက် ခံစားသွားရရင် အမေ အမေအမေရေ။,.
ကျမသမီးကိုသတိမရတော့ပါဘူး။ ကျမမျက်ရည်တွေကြားကနေ အိမ်ထဲကပြေးထွက်သွားမိတယ်။ ကျမကျမအမေ့နောက်ကိုလိုက်တာပါ။ကျမအမေ့ကိုတွေ့ပါပြီ။,
အမေလို့ကျမအကျယ်ကြီးလှမ်းအော်လိုက်မိတယ်။ အမေလှည့်ကြည့်လာတယ်။ ကျမအမေ့နားကိုပြေးသွားတော့ ဟင် အမေ၊ အမေငိုနေတယ်။ ဟင့်အင်း။ ကျမမှားပြီ ကျမအမေ့ရှေ့မှာ ဒူးးထောက်လို့လက်အုပ်ချီလိုက်ပါတယ်။
သမီး သမီးမှားပါတယ်အမေရယ် သမီးကိုခွင့်လွှတ်ပါအမေရယ် သမီးအမေ့ကိုစော်ကားမိပြီ။ အမေ့ရဲ့ချစ်ခြင်းမေတ္တာတရားတွေကို စော်ကားမိပြီ သမီးကိုခွင့်လွှတ်ပါအမေရယ်။
သမီးအိမ်ကိုအားတိုင်းလာလည်ပါ့မယ်။ အမေလည်းလာလည်ပါနော်။ သမီးကိုသမီးကိုခွင့်လွှတ်ပါအမေရယ်။
ခွင့်လွှတ်ပါတယ်သမီးရယ်။ ထပါ၊သမီးကိုလူတွေကြည့်နေတယ်ထထ။ အမေကျမကိုဆွဲထူလိုက်တယ်။ ကျမမျက်ရည်တွေကိုသုပ်ပေးတယ်။ ကျမလဲအမေ့မျက်ရည်တွေကို သုပ်ပေးပီးအမေ့ကိုတအားဖက်လိုက်ပါတယ်။
တကယ်တော့မိဘဆိုတာ သက်ရှိဘုရားဆိုတာ ကျမသိလိုက်ပါပြီအမေရယ်။ ကဲသူငယ်ချင်းးတို့ရေ အဲ့တာမျိုးတွေတကယ်ရှိတယ်နော် ဝဋ်ဆိုတာလည်တက်တယ်။ မိဘတွေကသာအပြစ်မယူတာ ငရဲကမနေပါဘူး။
တကယ်တော့မိဘဆိုတာ သူတို့ထမင်းမစားရရင်နေပါစေ သူတို့မဝရင်နေပါစေသူတို့အဝတ်ကောင်းမဝတ်ရရင်နေပါစေ သူတို့ရဲ့သားသမီးလေးတွေကိုကျတော့ အများနဲ့တန်းတူပူဆာသမျှ ဖြည့်ဆည်းပေးတဲ့သူတွေပါ။
အဲ့တော့မိဘတွေကို ကိုယ်ချင်းစာပါ။ ကိုယ်တိုင်မိဘနေရာရောက်ရင်ဆိုတဲ့ ခံစားချက်လေးတွေနဲပေါ့။
မိဘကျေးဇူးဆိုတာပြောရင်မကုန်ပါဘူး။ ကျေးဇူးမဆက်ချင်နေပါ၊ ကျေးဇူးတော့မကန်းကြပါနဲ့။ မိဘတို့ရဲ့ရင်ထဲမှာ သိပ်ကိုရင်နှင့်မဆံ့အောင်ခံစားရပါတယ်။
Credit,.original writer
Zawgyi
ေရာ့ အေမ၊ဒီမွာပိုက္ဆံတစ္သိန္း။ သူ႔ေျမးေလးနဲ႔ကစားေနရာက အေမေမာ့ၾကည့္လာတယ္။ ဘာအတြက္လဲဆိုတဲ့ ေမးခြန္းမ်ိဳးနဲ႔မ်က္လုံးေတြနဲ႔။ ဘာလုပ္ဖို႔လဲသမီး။
အေမအိမ္ကိုခဏခဏမလာပါနဲ႔ သမီးကသူမ်ားအိမ္မွာလာေနရတာ ေယာကၡမေတြအျမင္ၾကည္ေအာင္ေနရတယ္။
သမီးရယ္အေမကပိုက္ဆံ လာေတာင္းတာမွမဟုတ္တာ အေမ့ေျမးေလးနဲ႔လဲ သမီးကတစ္လေနလို႔ အိမ္တစ္ေခါက္မေရာက္ဘူး။အေမ့ေျမးေလးကိုလြမ္းလို႔ လာတာပါသမီးရယ္။
သမီးအေဖကတားပါတယ္ အေမလည္းႏွစ္ပတ္ေလာက္ေနမွ တစ္ခါလာတာေလသမီးအေဖကလဲသူ႔သမီးနဲ႔ သူ႔ေျမးေလးကိုေတြ႕ခ်င္ေနတာ ဒါေပမယ့္သူမလိုက္ခ်င္လို႔ သမီးကိုလာလည္ဖို႔လဲေျပာလိုက္ပါတယ္ကြယ္။
သမီးသိပါတယ္ အေမတို႔ဆီကိုလဲ သမီးႏွစ္လတစ္ခါေလာက္လာတာပဲ။ ပိုက္ဆံလဲလာလာေပးေနတာပဲကို ခုအေမျပန္ပါေတာ့ သမီးေယာက္က်ားျပန္လာေတာ့မယ္။ အေမ့ကိုျမင္ရင္ သူအေမာမေျပပဲေနမယ္။
အင္းပါသမီးရယ္ အေမေနာက္မလာေတာ့ပါဘူး။ သမီးေတာ့လာလည္ပါေနာ္ အေမသြားေတာ့မယ္။ ဖြားသြားေတာ့မယ္ေျမး လိမ္လိမ္မာမာေနေနာ္။ မ်က္ရည္ေတြဝဲလ်က္ အသံတုန္တုန္ေလးနဲ႔ေျပာလိုက္ပါတယ္။
ေျဖာင္း ေျဖာင္း ေျဖာင္း လက္ခုပ္သံၾကားရာ လွည့္ၾကည့္မိလိုက္ပါတယ္။ ရွစ္ႏွစ္အရြယ္ကေလး က်မသမီးေလး၊ ျပဳံးရယ္ပီးလက္ခုပ္တီးေနတာေပါ့။ ဘာေတြသေဘာက်ပီး လက္ခုပ္တီးတာလဲသမီးေလး။
ေမေမအိုင္တင္အရမ္းေကာင္းတာပဲ။ ဇာတ္လမ္းေတြထဲက မင္းတမီးၾကေနရာပဲ။ မ်က္ႏွာေတြေျပာေနတာေတြကအရမ္းမိုက္ရို႔။
ဖြားေရာပဲမ်က္ရည္ေလးေတြဝဲေနတာ ဇာတ္လမ္းေတြထဲက မင္းတမီးရီးလိုပဲ မီးသေဘာက်လို႔ လက္ခုပ္တီးလိုက္တာ။က်မပါးစပ္ဟ မလို႔ပဲရွိေသးသမီးေလးကကုန္းထပီး။,.
ေမေမ ေမေမ ေမေမ့အိုင္တင္မီးလုပ္ျပမယ္ မီးလုပ္တာေမေမ့လိုေကာင္းလားၾကည့္ေပးေနာ္။
သမီးေလးက စားပြဲေပၚကသူ႔အဖြားကိုေပးထားတဲ့ ပိုက္ဆံထုပ္ေလးကိုေကာက္ယူၿပီး က်မေရွ႕မွာက်မလုပ္သလို လိုက္လုပ္ျပပါတယ္။ အေမပိုက္ဆံမယူသြားပါလား က်မစဥ္းစားေနတုန္း။,.
ေမေမမီးမီးလုပ္တာေကာင္းလားဟင္။ က်မသမီးေလးမင္းသမီးလုပ္တာ ဝါသနာပါတယ္ထင္ၿပီး သမီးကိုေမးလိုက္ပါတယ္။ အရမ္းေကာင္းတာပဲ ေမ့သမီးေလးကႀကီးလာရင္ မင္းသမီးလုပ္မလို႔လားအရမ္းေတာ္တာပဲ။,.
မင္းတမီးလုပ္မို႔ဟုတ္ပါဝူးေမေမရဲ့။ က်မအံ့ၾသသြားပါတယ္ သမီးေလးကမင္းသမီးမလုပ္ခ်င္ပဲ ဘာလို႔ဒါကိုလုပ္ျပတာပါလိမ့္။
မီးမီးႀကီးလာလို႔ ေမေမ့အရြယ္ေရာက္ရင္ ေမေမဖြားဖြားးကိုေျပာသလိုမ်ိဳး မီးမီးကျပန္လုပ္ရမွာေလ အဲ့အခါက်ရင္ ေမေမ့လိုအိုင္တင္ေလးကိုႀကိဳက္ရို႔ မီးမီးကက်င့္ထားၾကည့္တာ။
ေမေမလဲဖြားဖြားလိုက်င့္ထားေနာ္ဖြားဖြားမ်က္ရည္ေလးဝဲေနတဲ့အိုင္တင္ အရမ္းေကာင္းတယ္သိလား။,.
သမီးစကားေတြ က်မဆက္နားမေထာင္ရဲေတာ့ပါ။ က်မမွားၿပီ က်မေမေမ့ကို ေစာ္ကားမိလိုက္ၿပီ။ က်မကိုသမီးေလး အခုလိုေျပာေတာ့ က်မ က်မဒီေလာက္ ခံစားသြားရရင္ အေမ အေမအေမေရ။,.
က်မသမီးကိုသတိမရေတာ့ပါဘူး။ က်မမ်က္ရည္ေတြၾကားကေန အိမ္ထဲကေျပးထြက္သြားမိတယ္။ က်မက်မအေမ့ေနာက္ကိုလိုက္တာပါ။က်မအေမ့ကိုေတြ႕ပါၿပီ။,
အေမလို႔က်မအက်ယ္ႀကီးလွမ္းေအာ္လိုက္မိတယ္။ အေမလွည့္ၾကည့္လာတယ္။ က်မအေမ့နားကိုေျပးသြားေတာ့ ဟင္ အေမ၊ အေမငိုေနတယ္။ ဟင့္အင္း။ က်မမွားၿပီ က်မအေမ့ေရွ႕မွာ ဒူးးေထာက္လို႔လက္အုပ္ခ်ီလိုက္ပါတယ္။
သမီး သမီးမွားပါတယ္အေမရယ္ သမီးကိုခြင့္လႊတ္ပါအေမရယ္ သမီးအေမ့ကိုေစာ္ကားမိၿပီ။ အေမ့ရဲ့ခ်စ္ျခင္းေမတၱာတရားေတြကို ေစာ္ကားမိၿပီ သမီးကိုခြင့္လႊတ္ပါအေမရယ္။
သမီးအိမ္ကိုအားတိုင္းလာလည္ပါ့မယ္။ အေမလည္းလာလည္ပါေနာ္။ သမီးကိုသမီးကိုခြင့္လႊတ္ပါအေမရယ္။
ခြင့္လႊတ္ပါတယ္သမီးရယ္။ ထပါ၊သမီးကိုလူေတြၾကည့္ေနတယ္ထထ။ အေမက်မကိုဆြဲထူလိုက္တယ္။ က်မမ်က္ရည္ေတြကိုသုပ္ေပးတယ္။ က်မလဲအေမ့မ်က္ရည္ေတြကို သုပ္ေပးပီးအေမ့ကိုတအားဖက္လိုက္ပါတယ္။
တကယ္ေတာ့မိဘဆိုတာ သက္ရွိဘုရားဆိုတာ က်မသိလိုက္ပါၿပီအေမရယ္။ ကဲသူငယ္ခ်င္းးတို႔ေရ အဲ့တာမ်ိဳးေတြတကယ္ရွိတယ္ေနာ္ ဝဋ္ဆိုတာလည္တက္တယ္။ မိဘေတြကသာအျပစ္မယူတာ ငရဲကမေနပါဘူး။
တကယ္ေတာ့မိဘဆိုတာ သူတို႔ထမင္းမစားရရင္ေနပါေစ သူတို႔မဝရင္ေနပါေစသူတို႔အဝတ္ေကာင္းမဝတ္ရရင္ေနပါေစ သူတို႔ရဲ့သားသမီးေလးေတြကိုက်ေတာ့ အမ်ားနဲ႔တန္းတူပူဆာသမၽွ ျဖည့္ဆည္းေပးတဲ့သူေတြပါ။
အဲ့ေတာ့မိဘေတြကို ကိုယ္ခ်င္းစာပါ။ ကိုယ္တိုင္မိဘေနရာေရာက္ရင္ဆိုတဲ့ ခံစားခ်က္ေလးေတြနဲေပါ့။
မိဘေက်းဇူးဆိုတာေျပာရင္မကုန္ပါဘူး။ ေက်းဇူးမဆက္ခ်င္ေနပါ၊ ေက်းဇူးေတာ့မကန္းၾကပါနဲ႔။ မိဘတို႔ရဲ့ရင္ထဲမွာ သိပ္ကိုရင္ႏွင့္မဆံ့ေအာင္ခံစားရပါတယ္။
Credit,.original writer



