ၾကားသိရသမွ်

“Spring Heroes” ဇာတ်လမ်းတိုကိုကြည့်ပြီး တော်လှန်ရေး ရန်ပုံငွေထည့်ဝင်နိုင်ပြီ

ဇွန် ၂၄ ၊ ၂၀၂၂

ထောက်ပို့အဖွဲ့ (Htout Phoet အဖွဲ့) ရဲ့ ယူကျု့ချန်နယ်တွေထဲက တစ်ခုဖြစ်တဲ့ “HP Podcast” YouTube Channel ကနေ ပြီးတော့ “Spring Heroes” ဇာတ်လမ်းတို ထုတ်လွှင်သွားမှာဖြစ်ပြီးတော့ ပြည်သူတွေအနေနဲ့ ဝင်ရောက်ကြည့်ရှုရင်း တော်လှန်ရေးအတွက် ရန်ပုံငွေထည့်ဝင်ပေးနိုင်တော့မှာဖြစ်ပါတယ်။

“Spring Heroes” က Animation video ဖြစ်ပြီးတော့ ဒါရိုက်တာ လင်းက ဖန်တီးထားတာဖြစ်ပြီး ဒီနေ့မှာ ထုတ်လွှင်သွား မှာဖြစ်ပါတယ်။

အခုထုတ်လွှင့်မယ့် “Spring Heroes” ဇာတ်လမ်းတိုက ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အတွက် “ညှဉ်းပန်းနှိပ်စက်မှုများချက်ချင်းရပ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ ဓလေ့အားအဆုံးသတ်” ဇာတ်လမ်းတိုပြိုင်ပွဲမှာ တတိယဆု ရရှိထားတာဖြစ်ပါတယ်။

ဒီကာတွန်းဗီဒီယိုလေးကတော့ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို မြန်မာပြည်က လူငယ်၊ လူကြီးအရွယ်စုံ ဘယ်လိုဆန့်ကျင်နေသလဲဆိုတာကို ဖော်ပြထားတာလည်းဖြစ်ပါတယ်။

“Spring Heroes” ဇာတ်လမ်းတိုကို https://youtube.com/channel/UCFU6ekqkooymTDr73ehQkSw မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

ဒါအပြင် YouTube Application ကနေပြီးတော့လည်း HP Podcast လို့ ရိုက်ရှာလို့ ရသလို ဗီဒီယို တစ်ခု၊ နှစ်ခု လောက် ကြည့်ပြီးမှ Channel ကို Subscribe လုပ်ဖို့အတွက်လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။

ဗီဒီယိုကြည့်လို့ရရှိလာတဲ့ ကြော်ငြာခတွေ အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့လည်း ဖော်ပြ ထားတာ တွေ့ရပါတယ်။ PVTV