Unicode
စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်တော့မည်ဆိုပါကနေ ရာဒေသနှင့်ရရှိနိုင်မည့်အခွင့်အလမ်းများ များစွာကိုသေချာစဉ်းစားပြီးမှလုပ်ကိုင်ရတာဖြစ်ပါတယ်။
ယခုတွင်လည်းအမျိုးသားတစ်ဦး၏စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့်နေရာဟာ လူတိုင်းကိုစဉ်းစားစရာဖြစ်စေမှာသေချာပါတယ်။
တရုတ်နိုင်ငံဟူနန်ပြည်နယ်ရှိပေ၄၀၀လောက်အထိအမြင့်ရှိသော ချောက်ကမ်းပါး၏အလယ်တွင်ဈေးဆိုင်ကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဈေးဆိုင်ကိုဖွင့်လှစ်ခဲ့သည့်
အမျိုးသား၏ရည်မှန်းချက်ကတော့ တောင်တက်သည့်လူများကို လိုအပ်သည့်အအေးနှင့်ရေအချို့ကိုရောင်းချပြီးစီးပွားရှာဖို့ဖြစ်ပါတယ်။
ထို့ကြောင့်ချောက်ကမ်းပါးအလယ်တွင် ၂ပေခွဲလောက်အကျယ်ရှိသည့်ကုန်စုံဆိုင်လေးကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)