ရန်ကုန်ပြည်လမ်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်(ဝါယာလက်ဈေး)အနီးရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလော့စေတီတော်မြတ်ကြီးကို အိမ်နဲ့နီးသော်လည်း သိပ်မရောက်ဖြစ်ပါ။
အခါကြီးရက်ကြီးလောက်သာ ရောက်ရှိဖူးမျှော်ဖြစ်ပါတယ်။ ထိုကဲ့သို့ရက်များတွင် ပျားပန်းခတ်မျှလူစည်ကားသလို အထူးသဖြင့် ဘာကြောင့်မှန်းမသိ ရုပ်ရှင်လောက
မင်းသမီးအများစုက ဒီဘုရားမှာဆွမ်းကပ်ခြင်း အလှူ ဒါနပြုခြင်း အများပြည်သူဘုရားဖူးလာသူများကို ပံ့သကူဝတ္တု ပစ္စည်းပေးဝေလှူဒါန်းခြင်းများကိုအခါကြီးရက်ကြီးများတွင်ပြုလုပ်လေ့ရှိပါသည်။
ဒီနေ့တော့ ကြားရက်ဖြစ်သဖြင့် ဘုရားပေါ်တွင်လူသူရှင်းနေပါတယ်။ ဘုရားတစ်ပါတ်လှည့်သောအခါ ကျနော် အရင်ကမြင်နေကျမဟုတ်သော နတ်နန်းတစ်ခုက အမည်ပြောင်းလဲနေသည်ကိုတွေ့လိုက်ရပါတယ်။
ထိုနတ်နန်းမူလအမည်မှာ”ယိုးဒယားမင်းသမီး အမျိုးရုံမိဖုရားနတ်နန်း” ပါယခုပြောင်းလဲထားသောအမည်က”ယိုးဒယားမင်းသမီး ဆုပန်ကလျာ နတ်နန်း” တဲ့
နှစ်ပေါင်းသုံးလေးရာ ခေါ်ဆိုလာခဲ့တဲ့ အမည်တစ်ခုဆိုတာထက် ဒုတိယပြည်ထောင်မင်းကြီး ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ မိဖုရားယိုးဒယားမင်းသမီး (ယိုးဒယားဘုရင် ဗြနရဇ်ရဲ့နှမတော်မင်းသမီး)နာမည်က
အမျိုးရုံမင်းသမီးဆိုတာ မှန်နန်းရာဇဝင်တော်တို့ တွင်းသင်းရာဇဝင်သစ်တို့မှာအထောက်အထားမှန်ကြောင်းပါရှိပါရက်နဲ့ ဘာကြောင့် အလွယ်တကူ ဗြုံးစားကြီးပြောင်းပစ်ကြတာလဲမသိ။
စိတ်ထဲဝယ်သိပ်မကျေနပ်ပါ။သိခြင်စူးစမ်းခြင်စိတ်နဲ့အတူ ကျနော်ဘုရားဂေါပကအဖွဲ့ဝင်တွေကိုလှည့်ပါတ်မေး ဒုက္ခပေးတော့တာပါဘဲ။
နိဒါန်းဇတ်လမ်း ပြန်အစဖေါ်ရလျင် ဒီဘုရားမှာ “အမျိုးရုံမိဖုရားနတ်နန်း”မရှိခင်အချိန်လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်အချိန်က ယိုးဒယားဘုရားဖူးအဖွဲ့တွေ ဒီကျိုက်ကလော့ဘုရားကို အဖွဲ့လိုက်တွေ မကြာခဏလာကြပါတယ်။
ယိုးဒယားထုံးစံ ပန်းများကြာပွင့်များ ဆွမ်းအုပ်များ ပန်းအလှအလှူ များ ဆီမီးနံ့သာများနဲ့ ဘုရားကိုအရင်ပူဇော်ပြီး ရင်ပြင်တော် တနင်္ဂနွေထောင့်ကွက်လပ်ညောင်ပင်အောက်မှာ ပူဇော်ပွဲတွေပြင်ဆင်ပြီး ပူဇော်ပွဲ လုပ်ကြပါတယ်။
ဒီလို မကြာခဏလုပ်တာများလာတော့ ဘုရားလူကြီးတွေလဲ သို့လော သို့လော သိခြင်စိတ်များလာပါတယ်။
ပေါက်ကုန်းရပ်ကွက်ထဲက ယိုးဒယားဘာသာစကားတတ်တဲ့သူတစ်ယောက်အဆင်သင့်ရှာထားပြီး ယိုးဒယားဘုရားဖူးအဖွဲ့နောက်တစ်ဖွဲ့လာတော့ ဘာသာပြန်အကူအညီနဲ့ မေးမြန်းသိရှိရတာကတော့
ထူးဆန်းအံ့သြဖွယ်ရာအဖြစ်အပျက်ကိုသိရှိရပါတော့တယ်။ယိုးဒယားမှာကျန်ရှိနေတဲ့ ဘုရင့်နောင်မင်းမိဖုရား အမျိးရုံရဲ့ဆွေတော်မျိုးတော်အဆက်အနွယ်တွေကို
မိဖုရားအမျိုးရုံက နတ်ပူးပြောတယ်ဆိုပါတော့ဗျာ။သူ့ရဲ့အခေါင်းနဲ့အရိုးအိုးကို ဒီကျိုက်ကလော့ဘုရား ရင်ပြင်တော်တနင်္ဂနွေထောင့်မှာ မြုတ်နှံထားပါသတဲ့။
ဆွေတော်မျိုးတော်တွေ လာရောက်ပြီးဘုရားပူဇော်ပြီး သူ့ကိုတနင်္ဂနွေထောင့်ရင်ပြင်မှာ ပူဇော်ပွဲလုပ်ပေးပါလို့ပြောသတဲ့။
အနုပညာလုပ်ငန်းလုပ်ကိုင်သူတွေ သူ့အဆက်အနွယ်ထဲမှာရုပ်ရှင်မင်းသမီးများတော့ အောင်မြင်အောင် သူလုပ်ပေးနိုင်ကြောင်း မစပေးနိုင်ကြောင်းပြောသတဲ့။
ဒါကြောင့် သူ့အဆက်အနွယ်အမျိုးတွေက လာရောက်ပူဇော်ရခြင်းဖြစ်သလို ဒီအကြောင်းသိတဲ့ မြန်မာ ရုပ်ရှင်မင်းသမီးတွေလဲလာရောက်ပူဇော်ခြင်းဖြစ်ကြောင်း စကားပြန်မှတဆင့်သိရပါတယ်။
အခုလာတဲ့အဖွဲ့က လာရောက်တာသုံးနှစ်ရှိပါပြီတဲ့။သူတို့က မင်းသမီးအမျိုးရုံ ဝိညာဉ်ကို ထိုင်းနိုင်ငံသို့ပြန်ခေါ်နေတာ သုံးနှစ် သုံးခါရှိပေမဲ့ မင်းသမီးက ပြန်မလိုက်လိုပါဘူးတဲ့။
သူ့အပေါ် စေတနာမေတ္တာကြီးမား ကြင်နာသနားသောမောင်တော်ဘုရင့်နောင်အပိုင်စားပေးထားသောနေရာ မောင်တော်ရဲတိုင်းနိုင်ငံမှာဘဲ ဆက်လက်နေထိုင်လိုကြောင်း
နောက်ထပ်မခေါ်ဘို့ ကတိတောင်းကြောင်း ပြောတဲ့အတွက် ထိုထိုင်းအနွယ်အဖွဲ့ ငိုယိုပြီးဝမ်းနည်းပက်လက်နဲ့ပြန်သွားပါတယ်။
သူတို့ပြောတဲ့ ရင်ပြင်တနင်္ဂနွေထောင့်မှာ အခေါင်းနဲ့အရိုးအိုးရှိတယ်ဆိုတာကိုလဲ ဘုရားဂေါပကအဖွဲ့က သိပ်အလေးမထား အမှုမဲ့ အမှတ်မဲ့ မေ့မေ့ပျောက်ပျောက်ထားခဲ့ကြပါတယ်။
၁၉၉၉ ခုနှစ်အရောက်မှာသက်တမ်းနှစ်တစ်ရာကျော်လို့ ပျက်စီးယိုယွင်းနေတဲ့ ကျိုက်ကလော့ဘုရားထီးတော်ကြီးကို နိုင်ငံတော်အဆင့်နဲ့ အသစ်လဲလှယ် ထီးတင်ပွဲကြီးပြုလုပ်ခဲ့ပါတယ်။
မူလထီးတော်အဟောင်းကြီးထားဖို့နေရာကိုစဉ်းစားတဲ့အခါ တနင်္ဂနွေထောင့်က ကျယ်လဲကျယ်တယ် ထီးတော်အဟောင်းကိုကွန်ကရစ်နဲ့ငုံပြီးဘုရားတည်ရင်ကောင်းမယ်လို့ အများသဘောတူဆုံးဖြတ်ကြပြီး
ဖောင်ဒေးရှင်းတူးတဲ့အခါ အလုပ်သမားတွေကဂေါပကအဖွဲ့ကို”ဆရာတို့ ဒီမှာ အခေါင်းကြီးတစ်ခု တူးမိလို့ဗျ ဘုန်းကြီးအခေါင်းလား လူအခေါင်းလားမသိဘူး လာကြည့်ကြပါအုံး”ဒီတော့မှ
အံ့သြဘနမ်းအားလုံးသွားရောက်ကြည့်ရှု့ပြီး ယိုးဒယားဘုရားဖူးအဖွဲ့ရဲ့စကားကိုအမှတ်ရကာ
”ဟေ့ ဟေ့ ဖြေးဖြေးတူးကြပါ နောက်ထပ် အရိုးအိုးတစ်ခုတွေ့လိမ့်မယ် မပျက်စီးအောင်တူးကြပါ သတိထားကြ”လို့မှာကြားရင်းစေါင့်ကြည့်တဲ့အခါ
မကြာပါဘူး ပုံထဲကအတိုင်းဘုရင့်နောင်မင်းမိဖုရား ယိုးဒယားမင်းသမီးအမျိုးရုံရဲ့ ကျောက်စီရွှေချအရိုးအိုးကို အကောင်းအတိုင်းတွေ့ရှိပြီး အထဲမှာအရိုးစတွေ တွေ့ရှိရပါတော့တယ်။
ဘယ်လိုလုပ်လို့ ဘယ်ထားရမလဲ မသိတော့ ဂေါပကရုံးထဲမှန်ဘီရိုထဲမှာ ယနေ့အထိ ထိန်းသိမ်းထည့်ထားလိုက်ပါတယ်။
အဲ့ဒီနေ့မှာဘဲ အင်းစိန်ကအမျိုးသမီးတစ်ယောက်က မကျွတ်မလွတ်သေးတဲ့သူတွေအမျှအတန်းဝေအလှူ လုပ်ပေးခြင်တယ် နောက်ဆိုင်ရာပိုင်ရာတွေကိုနတ်ကနားပေး ခြင်တယ်ဆိုတာနဲ့
ဘုရားဂေါပကရုံးရင်ပြင်အောက်မှာလုပ်ခွင့်ပေးလိုက်ပါတယ်။နတ်ကနားပေးတဲ့အချိန် နတ်ကတော်ကို ဘာသာခြားစကားပြောတဲ့ ဝိညာဉ်တစ်ခု ပူးနေတယ် ဘုရားလူကြီးနဲ့တွေ့ခြင်ကြောင်း
ခြေဟန်လက်ဟန် နဲ့ပြောနေတယ်ဆိုလို့ ကြည့်လိုက်တော့ ယိုဒယားစကားမှန်းအတွေ့အကြုံ အရသိနေတော့ ဆိုက်ကယ်နဲ့ ဘာသာပြန်ကိုပြေးခေါ်မေးလိုက်တော့။
ဘုရင့်နောင်မင်းရဲ့ယိုဒယားမိဖုရားအမျိုးရုံဖြစ်ကြောင်း ဒီဘုရားကိုစေါင့်ရှောက်သာသနာပြုနေကြောင်း သူ့အတွက် နတ်နန်းတည်ပေးစေလိုကြောင်း
ယိုဒယားကသူ့အဆက်အနွယ်တွေကို နန်းတည်ပေးဖို့ ခေါ်လိုက်ပြီဖြစ်ကြောင်း ဘုရားလူကြီးမှ ခွင့်ပြုပေးစေလိုကြောင်း စကားပြန်မှတစ်ဆင့် ပြောကြားသဖြင့်
ဘုရားလူကြီးမှ ခွင့်ပြုပေးမည်ဖြစ်ကြောင်းပြန်ပြောလိုက်မှ စာထု စာထု စာထု ခေါ်ထွက်သွားပါတယ်။နောက်မကြာပါဘူး ထိုင်းကအငြိမ်းစားဗိုလ်ချုပ်ကြီးနဲ့
ထိုင်းဘိုးတော်ဦးဆောင်တဲ့အဖွဲ့ရောက်လာတယ်။သူတိုကစကားပြန်ပါလာတယ်။ဂေါပကရုံးကိုလက်ညှိုးထိုးပြပြီး မင်းသမီးနဲ့တွေ့ခြင်တယ်ပြောတော့ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးမရှိလို့ ပိတ်ထားကြောင်း
အထဲမှာ လူမရှိကြောင်း လုံခြုံ ရေးက ပြောတော့ ထိုင်းဘိုးတော်က စိတ်ဆိုးမာန်ဆိုးနဲ့ တောင်ဝှေးဆောင့်ပြီး” မင်းငါ့ကိုမလိမ်နဲ့ အထဲမှာငါတို့မင်းသမီးရှိတယ် ဘီရိုထဲမှာထည့်ထားတယ် အခုတံခါးဖွင့်ပေး သော့ဖွင့်ပေးစမ်း”ဆိုပြီးသောင်းကျန်းတော့တာပါဘဲ။
အင်းစိန်ကအလှူရှင်ရယ် သူတို့အဖွဲ့ကဘဲနန်းဆောက်ပြီး “ယိုးဒယားမင်းသမီးအမျိုးရုံနတ်နန်း”ဆိုင်းပုဒ်တပ်သွားပါတယ်။အရိုးစတစ်ခုကို DNA စစ်ရန်ယူဆောင်သွားပါတယ်။
မြန်မာပြည်ကိုဘဲချစ်လို့လား။ဒါမှမဟုတ် သူ့ရဲ့ချစ်လင်ဘုရင့်နောင်ကိုချစ်လွန်းလို့ လင့်မျက်နှာတစ်ရွာထင် သံယောဇဉ်ကြီးမားလွန်းလို့လား။လင်ကိုသခင်အဖြစ် သစ္စာကြီးမားလွန်းလို့လား။
မိမိရဲ့တိုင်းပြည်က သုံးနှစ်သုံးမိုးလာခေါ်ပေမဲ့ ပြန်မလိုက်တော့ဘဲရန်ကုန် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် ပြည်လမ်းမပေါ်က ကျိုက်ကလော့ဘုရားမှာဘဲ ဆက်လက်နေထိုင်ယုံမက
သူ့ရဲ့အမည်ရင်း “အမျိုးရုံ”ဆိုတာထက် ဘုရင့်နောင်မင်းတရားကြီးပေးအပ်တဲ့ ဘွဲ့အမည် ” ဆုပန်ကလျာ မိဖုရား” အမည်ကို မြတ်နိုးစွာပြောင်းလဲပေးဖို့တောင်းဆိုခဲ့တဲ့
သစ္စာကြီးမားလွန်းတဲ့ ယိုးဒယားဘုရင်ဗြနရဇ်ရဲ့ညီမတော် ဘုရင့်နောင်မင်းတရားကြီးနဲ့ရတဲ့သမီးတော် ရှင်အထွေးရဲ့မယ်တော်“ယိုးဒယားမင်းသမီး မိဖုရားဆုပန်ကလျာ”ရဲ့ဘဝဇတ်ကြောင်းကိုရေးမိရင်း
ဘုရားပေါ်မှ တစ်ယောက်ထဲဆင်းအလာ အမှတ်မထင်ထီးတော်ဘုရားနားအရောက်မှာတော့ ကြက်သီးထရင်း နားထဲမှာကြားလိုက်ရတဲ့”စာထု စာထု စာထု”ဆိုတဲ့အသံ မပီဝိုးတစ်ဝါးလေးက။
Credit
Zawgyi
ရန္ကုန္ျပည္လမ္း မဂၤလာဒုံၿမိဳ႕နယ္ ေပါက္ကုန္းရပ္ကြက္(ဝါယာလက္ေဈး)အနီးရွိ ေရွးေဟာင္းသမိုင္းဝင္ က်ိဳက္ကေလာ့ေစတီေတာ္ျမတ္ႀကီးကို အိမ္နဲ႔နီးေသာ္လည္း သိပ္မေရာက္ျဖစ္ပါ။
အခါႀကီးရက္ႀကီးေလာက္သာ ေရာက္ရွိဖူးေမွ်ာ္ျဖစ္ပါတယ္။ ထိုကဲ့သို႔ရက္မ်ားတြင္ ပ်ားပန္းခတ္မွ်လူစည္ကားသလို အထူးသျဖင့္ ဘာေၾကာင့္မွန္းမသိ ႐ုပ္ရွင္ေလာက
မင္းသမီးအမ်ားစုက ဒီဘုရားမွာဆြမ္းကပ္ျခင္း အလႉ ဒါနျပဳျခင္း အမ်ားျပည္သူဘုရားဖူးလာသူမ်ားကို ပံ့သကူဝတၱဳ ပစၥည္းေပးေဝလႉဒါန္းျခင္းမ်ားကိုအခါႀကီးရက္ႀကီးမ်ားတြင္ျပဳလုပ္ေလ့ရွိပါသည္။
ဒီေန႔ေတာ့ ၾကားရက္ျဖစ္သျဖင့္ ဘုရားေပၚတြင္လူသူရွင္းေနပါတယ္။ ဘုရားတစ္ပါတ္လွည့္ေသာအခါ က်ေနာ္ အရင္ကျမင္ေနက်မဟုတ္ေသာ နတ္နန္းတစ္ခုက အမည္ေျပာင္းလဲေနသည္ကိုေတြ႕လိုက္ရပါတယ္။
ထိုနတ္နန္းမူလအမည္မွာ”ယိုးဒယားမင္းသမီး အမ်ိဳး႐ုံမိဖုရားနတ္နန္း” ပါယခုေျပာင္းလဲထားေသာအမည္က”ယိုးဒယားမင္းသမီး ဆုပန္ကလ်ာ နတ္နန္း” တဲ့
ႏွစ္ေပါင္းသုံးေလးရာ ေခၚဆိုလာခဲ့တဲ့ အမည္တစ္ခုဆိုတာထက္ ဒုတိယျပည္ေထာင္မင္းႀကီး ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာရဲ႕ မိဖုရားယိုးဒယားမင္းသမီး (ယိုးဒယားဘုရင္ ျဗနရဇ္ရဲ႕ႏွမေတာ္မင္းသမီး)နာမည္က
အမ်ိဳး႐ုံမင္းသမီးဆိုတာ မွန္နန္းရာဇဝင္ေတာ္တို႔ တြင္းသင္းရာဇဝင္သစ္တို႔မွာအေထာက္အထားမွန္ေၾကာင္းပါရွိပါရက္နဲ႔ ဘာေၾကာင့္ အလြယ္တကူ ၿဗဳံးစားႀကီးေျပာင္းပစ္ၾကတာလဲမသိ။
စိတ္ထဲဝယ္သိပ္မေက်နပ္ပါ။သိျခင္စူးစမ္းျခင္စိတ္နဲ႔အတူ က်ေနာ္ဘုရားေဂါပကအဖြဲ႕ဝင္ေတြကိုလွည့္ပါတ္ေမး ဒုကၡေပးေတာ့တာပါဘဲ။
နိဒါန္းဇတ္လမ္း ျပန္အစေဖၚရလ်င္ ဒီဘုရားမွာ “အမ်ိဳး႐ုံမိဖုရားနတ္နန္း”မရွိခင္အခ်ိန္လြန္ခဲ့တဲ့ ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္အခ်ိန္က ယိုးဒယားဘုရားဖူးအဖြဲ႕ေတြ ဒီက်ိဳက္ကေလာ့ဘုရားကို အဖြဲ႕လိုက္ေတြ မၾကာခဏလာၾကပါတယ္။
ယိုးဒယားထုံးစံ ပန္းမ်ားၾကာပြင့္မ်ား ဆြမ္းအုပ္မ်ား ပန္းအလွအလႉ မ်ား ဆီမီးနံ႔သာမ်ားနဲ႔ ဘုရားကိုအရင္ပူေဇာ္ၿပီး ရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ကြက္လပ္ေညာင္ပင္ေအာက္မွာ ပူေဇာ္ပြဲေတြျပင္ဆင္ၿပီး ပူေဇာ္ပြဲ လုပ္ၾကပါတယ္။
ဒီလို မၾကာခဏလုပ္တာမ်ားလာေတာ့ ဘုရားလူႀကီးေတြလဲ သို႔ေလာ သို႔ေလာ သိျခင္စိတ္မ်ားလာပါတယ္။
ေပါက္ကုန္းရပ္ကြက္ထဲက ယိုးဒယားဘာသာစကားတတ္တဲ့သူတစ္ေယာက္အဆင္သင့္ရွာထားၿပီး ယိုးဒယားဘုရားဖူးအဖြဲ႕ေနာက္တစ္ဖြဲ႕လာေတာ့ ဘာသာျပန္အကူအညီနဲ႔ ေမးျမန္းသိရွိရတာကေတာ့
ထူးဆန္းအံ့ၾသဖြယ္ရာအျဖစ္အပ်က္ကိုသိရွိရပါေတာ့တယ္။ယိုးဒယားမွာက်န္ရွိေနတဲ့ ဘုရင့္ေနာင္မင္းမိဖုရား အမ်ိး႐ုံရဲ႕ေဆြေတာ္မ်ိဳးေတာ္အဆက္အႏြယ္ေတြကို
မိဖုရားအမ်ိဳး႐ုံက နတ္ပူးေျပာတယ္ဆိုပါေတာ့ဗ်ာ။သူ႔ရဲ႕အေခါင္းနဲ႔အ႐ိုးအိုးကို ဒီက်ိဳက္ကေလာ့ဘုရား ရင္ျပင္ေတာ္တနဂၤေႏြေထာင့္မွာ ျမဳတ္ႏွံထားပါသတဲ့။
ေဆြေတာ္မ်ိဳးေတာ္ေတြ လာေရာက္ၿပီးဘုရားပူေဇာ္ၿပီး သူ႔ကိုတနဂၤေႏြေထာင့္ရင္ျပင္မွာ ပူေဇာ္ပြဲလုပ္ေပးပါလို႔ေျပာသတဲ့။
အႏုပညာလုပ္ငန္းလုပ္ကိုင္သူေတြ သူ႔အဆက္အႏြယ္ထဲမွာ႐ုပ္ရွင္မင္းသမီးမ်ားေတာ့ ေအာင္ျမင္ေအာင္ သူလုပ္ေပးႏိုင္ေၾကာင္း မစေပးႏိုင္ေၾကာင္းေျပာသတဲ့။
ဒါေၾကာင့္ သူ႔အဆက္အႏြယ္အမ်ိဳးေတြက လာေရာက္ပူေဇာ္ရျခင္းျဖစ္သလို ဒီအေၾကာင္းသိတဲ့ ျမန္မာ ႐ုပ္ရွင္မင္းသမီးေတြလဲလာေရာက္ပူေဇာ္ျခင္းျဖစ္ေၾကာင္း စကားျပန္မွတဆင့္သိရပါတယ္။
အခုလာတဲ့အဖြဲ႕က လာေရာက္တာသုံးႏွစ္ရွိပါၿပီတဲ့။သူတို႔က မင္းသမီးအမ်ိဳး႐ုံ ဝိညာဥ္ကို ထိုင္းႏိုင္ငံသို႔ျပန္ေခၚေနတာ သုံးႏွစ္ သုံးခါရွိေပမဲ့ မင္းသမီးက ျပန္မလိုက္လိုပါဘူးတဲ့။
သူ႔အေပၚ ေစတနာေမတၱာႀကီးမား ၾကင္နာသနားေသာေမာင္ေတာ္ဘုရင့္ေနာင္အပိုင္စားေပးထားေသာေနရာ ေမာင္ေတာ္ရဲတိုင္းႏိုင္ငံမွာဘဲ ဆက္လက္ေနထိုင္လိုေၾကာင္း
ေနာက္ထပ္မေခၚဘို႔ ကတိေတာင္းေၾကာင္း ေျပာတဲ့အတြက္ ထိုထိုင္းအႏြယ္အဖြဲ႕ ငိုယိုၿပီးဝမ္းနည္းပက္လက္နဲ႔ျပန္သြားပါတယ္။
သူတို႔ေျပာတဲ့ ရင္ျပင္တနဂၤေႏြေထာင့္မွာ အေခါင္းနဲ႔အ႐ိုးအိုးရွိတယ္ဆိုတာကိုလဲ ဘုရားေဂါပကအဖြဲ႕က သိပ္အေလးမထား အမႈမဲ့ အမွတ္မဲ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ထားခဲ့ၾကပါတယ္။
၁၉၉၉ ခုႏွစ္အေရာက္မွာသက္တမ္းႏွစ္တစ္ရာေက်ာ္လို႔ ပ်က္စီးယိုယြင္းေနတဲ့ က်ိဳက္ကေလာ့ဘုရားထီးေတာ္ႀကီးကို ႏိုင္ငံေတာ္အဆင့္နဲ႔ အသစ္လဲလွယ္ ထီးတင္ပြဲႀကီးျပဳလုပ္ခဲ့ပါတယ္။
မူလထီးေတာ္အေဟာင္းႀကီးထားဖို႔ေနရာကိုစဥ္းစားတဲ့အခါ တနဂၤေႏြေထာင့္က က်ယ္လဲက်ယ္တယ္ ထီးေတာ္အေဟာင္းကိုကြန္ကရစ္နဲ႔ငုံၿပီးဘုရားတည္ရင္ေကာင္းမယ္လို႔ အမ်ားသေဘာတူဆုံးျဖတ္ၾကၿပီး
ေဖာင္ေဒးရွင္းတူးတဲ့အခါ အလုပ္သမားေတြကေဂါပကအဖြဲ႕ကို”ဆရာတို႔ ဒီမွာ အေခါင္းႀကီးတစ္ခု တူးမိလို႔ဗ် ဘုန္းႀကီးအေခါင္းလား လူအေခါင္းလားမသိဘူး လာၾကည့္ၾကပါအုံး”ဒီေတာ့မွ
အံ့ၾသဘနမ္းအားလုံးသြားေရာက္ၾကည့္ရႈ႕ၿပီး ယိုးဒယားဘုရားဖူးအဖြဲ႕ရဲ႕စကားကိုအမွတ္ရကာ
”ေဟ့ ေဟ့ ေျဖးေျဖးတူးၾကပါ ေနာက္ထပ္ အ႐ိုးအိုးတစ္ခုေတြ႕လိမ့္မယ္ မပ်က္စီးေအာင္တူးၾကပါ သတိထားၾက”လို႔မွာၾကားရင္းေစါင့္ၾကည့္တဲ့အခါ
မၾကာပါဘူး ပုံထဲကအတိုင္းဘုရင့္ေနာင္မင္းမိဖုရား ယိုးဒယားမင္းသမီးအမ်ိဳး႐ုံရဲ႕ ေက်ာက္စီေ႐ႊခ်အ႐ိုးအိုးကို အေကာင္းအတိုင္းေတြ႕ရွိၿပီး အထဲမွာအ႐ိုးစေတြ ေတြ႕ရွိရပါေတာ့တယ္။
ဘယ္လိုလုပ္လို႔ ဘယ္ထားရမလဲ မသိေတာ့ ေဂါပက႐ုံးထဲမွန္ဘီ႐ိုထဲမွာ ယေန႔အထိ ထိန္းသိမ္းထည့္ထားလိုက္ပါတယ္။
အဲ့ဒီေန႔မွာဘဲ အင္းစိန္ကအမ်ိဳးသမီးတစ္ေယာက္က မကြၽတ္မလြတ္ေသးတဲ့သူေတြအမွ်အတန္းေဝအလႉ လုပ္ေပးျခင္တယ္ ေနာက္ဆိုင္ရာပိုင္ရာေတြကိုနတ္ကနားေပး ျခင္တယ္ဆိုတာနဲ႔
ဘုရားေဂါပက႐ုံးရင္ျပင္ေအာက္မွာလုပ္ခြင့္ေပးလိုက္ပါတယ္။နတ္ကနားေပးတဲ့အခ်ိန္ နတ္ကေတာ္ကို ဘာသာျခားစကားေျပာတဲ့ ဝိညာဥ္တစ္ခု ပူးေနတယ္ ဘုရားလူႀကီးနဲ႔ေတြ႕ျခင္ေၾကာင္း
ေျခဟန္လက္ဟန္ နဲ႔ေျပာေနတယ္ဆိုလို႔ ၾကည့္လိုက္ေတာ့ ယိုဒယားစကားမွန္းအေတြ႕အႀကဳံ အရသိေနေတာ့ ဆိုက္ကယ္နဲ႔ ဘာသာျပန္ကိုေျပးေခၚေမးလိုက္ေတာ့။
ဘုရင့္ေနာင္မင္းရဲ႕ယိုဒယားမိဖုရားအမ်ိဳး႐ုံျဖစ္ေၾကာင္း ဒီဘုရားကိုေစါင့္ေရွာက္သာသနာျပဳေနေၾကာင္း သူ႔အတြက္ နတ္နန္းတည္ေပးေစလိုေၾကာင္း
ယိုဒယားကသူ႔အဆက္အႏြယ္ေတြကို နန္းတည္ေပးဖို႔ ေခၚလိုက္ၿပီျဖစ္ေၾကာင္း ဘုရားလူႀကီးမွ ခြင့္ျပဳေပးေစလိုေၾကာင္း စကားျပန္မွတစ္ဆင့္ ေျပာၾကားသျဖင့္
ဘုရားလူႀကီးမွ ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္းျပန္ေျပာလိုက္မွ စာထု စာထု စာထု ေခၚထြက္သြားပါတယ္။ေနာက္မၾကာပါဘူး ထိုင္းကအၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီးနဲ႔
ထိုင္းဘိုးေတာ္ဦးေဆာင္တဲ့အဖြဲ႕ေရာက္လာတယ္။သူတိုကစကားျပန္ပါလာတယ္။ေဂါပက႐ုံးကိုလက္ညႇိဳးထိုးျပၿပီး မင္းသမီးနဲ႔ေတြ႕ျခင္တယ္ေျပာေတာ့ ဥကၠ႒နဲ႔အတြင္းေရးမႉးမရွိလို႔ ပိတ္ထားေၾကာင္း
အထဲမွာ လူမရွိေၾကာင္း လုံၿခဳံ ေရးက ေျပာေတာ့ ထိုင္းဘိုးေတာ္က စိတ္ဆိုးမာန္ဆိုးနဲ႔ ေတာင္ေဝွးေဆာင့္ၿပီး” မင္းငါ့ကိုမလိမ္နဲ႔ အထဲမွာငါတို႔မင္းသမီးရွိတယ္ ဘီ႐ိုထဲမွာထည့္ထားတယ္ အခုတံခါးဖြင့္ေပး ေသာ့ဖြင့္ေပးစမ္း”ဆိုၿပီးေသာင္းက်န္းေတာ့တာပါဘဲ။
အင္းစိန္ကအလႉရွင္ရယ္ သူတို႔အဖြဲ႕ကဘဲနန္းေဆာက္ၿပီး “ယိုးဒယားမင္းသမီးအမ်ိဳး႐ုံနတ္နန္း”ဆိုင္းပုဒ္တပ္သြားပါတယ္။အ႐ိုးစတစ္ခုကို DNA စစ္ရန္ယူေဆာင္သြားပါတယ္။
ျမန္မာျပည္ကိုဘဲခ်စ္လို႔လား။ဒါမွမဟုတ္ သူ႔ရဲ႕ခ်စ္လင္ဘုရင့္ေနာင္ကိုခ်စ္လြန္းလို႔ လင့္မ်က္ႏွာတစ္႐ြာထင္ သံေယာဇဥ္ႀကီးမားလြန္းလို႔လား။လင္ကိုသခင္အျဖစ္ သစၥာႀကီးမားလြန္းလို႔လား။
မိမိရဲ႕တိုင္းျပည္က သုံးႏွစ္သုံးမိုးလာေခၚေပမဲ့ ျပန္မလိုက္ေတာ့ဘဲရန္ကုန္ မဂၤလာဒုံၿမိဳ႕နယ္ ေပါက္ကုန္းရပ္ကြက္ ျပည္လမ္းမေပၚက က်ိဳက္ကေလာ့ဘုရားမွာဘဲ ဆက္လက္ေနထိုင္ယုံမက
သူ႔ရဲ႕အမည္ရင္း “အမ်ိဳး႐ုံ”ဆိုတာထက္ ဘုရင့္ေနာင္မင္းတရားႀကီးေပးအပ္တဲ့ ဘြဲ႕အမည္ ” ဆုပန္ကလ်ာ မိဖုရား” အမည္ကို ျမတ္ႏိုးစြာေျပာင္းလဲေပးဖို႔ေတာင္းဆိုခဲ့တဲ့
သစၥာႀကီးမားလြန္းတဲ့ ယိုးဒယားဘုရင္ျဗနရဇ္ရဲ႕ညီမေတာ္ ဘုရင့္ေနာင္မင္းတရားႀကီးနဲ႔ရတဲ့သမီးေတာ္ ရွင္အေထြးရဲ႕မယ္ေတာ္“ယိုးဒယားမင္းသမီး မိဖုရားဆုပန္ကလ်ာ”ရဲ႕ဘဝဇတ္ေၾကာင္းကိုေရးမိရင္း
ဘုရားေပၚမွ တစ္ေယာက္ထဲဆင္းအလာ အမွတ္မထင္ထီးေတာ္ဘုရားနားအေရာက္မွာေတာ့ ၾကက္သီးထရင္း နားထဲမွာၾကားလိုက္ရတဲ့”စာထု စာထု စာထု”ဆိုတဲ့အသံ မပီဝိုးတစ္ဝါးေလးက။
Credit