ဗဟုသုတ

ဝဋ်ကြွေးဆိုတာ ရှောင်ပြေးလို့မရနိုင်ပါဘူး တချိန်ချိန်မှာ ပြန်လည်ပေးဆပ်ရပါတယ်

မြန်မာလူမျိုးတွေရဲ့ အယူအဆအရ ဝဋ်ကြွေးဆိုတာ တကယ်ရှိပါတယ်။ တချိန်ချိန်မှာ ပြန်လည်ပေးဆပ်ရပါတယ်။ ဒါကြောင့် ရှေးလူကြီးတွေပြောကြတဲ့ ဝဋ်မှာအမြဲ ဆိုတဲ့ စကားလုံးရှိပါတယ်။ သူအဓိပ္ပါယ်က ဘယ်လိုမှရှောင်ပြေးလို့ မရနိုင်ဘူးဆိုတာပါပဲ။ အောက်မှာဖော်ပြပေးမည့် အကြောင်းအရာလေးက အရမ်းကို ဂရုစိုက်မှတ်သင့်ပါတယ်။

ဝဋ်ကြွေးဟူသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဝဋ်သည် မည်သူ့ကိုမျှမရှောင်၊ လူဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ်၊ ဗြဟ္မာဖြစ်ဖြစ် အကျိုးပေးခွင့်ကို စောင့်မျှော်နေတတ်၏။ မြတ်စွာဘုရားသည်ပင် လွတ်အောင် မရှောင်နိုင်ခဲ့ပေ။ ဘုရားရှင်လက်ထက်တော်အခါက ပူတိဂတ္တတိဿမထေရ်ကို လေ့လာကြည့်သောအခါ ဝဋ်ကြွေး၏ ကြောက်စရာကောင်းလှပုံကို ပို၍ ထင်ထင်ရှားရှားသိမြင်လာခဲ့ပေသည်။

တိဿမထေရ်သည် သာမန်လူမဟုတ် ရဟန္တာဖြစ်နိုင်သော ပါရမီထူးရှိသူဖြစ်သည်။ သာသနာတော်၌ ယုံကြည်သက်ဝင်သော သဒ္ဓါတရားဖြင့် ရဟန်းပြုခဲ့သူလည်းဖြစ်သည်။ ဇေတဝန်ကျောင်းတော်၌ ရဟန်းစဝတ်ကတည်းက တရားကိုလည်းအားထုတ်၏။ စာပေများလည်း သင်ကြား၍ ထိုက်သင့်သလောက် စာပေများကိုလည်း တတ်ကျွမ်း၏။ သို့သော် သစ္စာလေးပါးမြတ်တရားကို မမြင်သေး၍ အရိယာလည်း ဖြစ်မလာသေးချေ။ ရိုးရိုး ပကတိသာဝကဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်သော်လည်း မိမိတို့၏ ဣန္ဒြေများ ရင့်ကျက်သည်အထိတော့စောင့်ရပေသည်။

တိဿမထေရ်သည် တရားအားထုတ်ရင်းပင် ခန္ဓာကိုယ်၌ အဖုငယ်တစ်ခု ပေါက်လာ၏။ ထိုအဖုငယ်လေးများသည် နောက်ပိုင်း မုန်ညှင်းစေ့ခန့်၊ ပဲစေ့ခန့်၊ ဦးသျှစ်သီးခန့် ဖြစ်လာ၏။ ထို့နောက် အဖုအထစ်များပေါက်ကွဲ၍ တစ်ကိုယ်လုံး ပြည်ပုပ်၊သွေးပုပ်များနှင့် နံစော်နေ၏။ အရိုးများကလည်း ဆွေးမြေ့၍ ကျိုးပဲ့ကုန်၏။ အတူနေ တပည့်ရဟန်း သာမဏေများကလည်း ပြုစုရန်မတတ်နိုင်တော့သဖြင့် သခ်မ်းကျောင်း တစ်ခုထဲ၌ စွန့်ပစ်ထားလိုက်ကြလေ၏။ တိဿမထေရ်သည် အိပ်ရာထဲ၌ စိတ်ဓာတ်ကျလျက်ရှိလေ၏။
စိတ်ဓာတ်ကျလျှင် သမာဓိလည်း ရနိုင်တော့မည်မဟုတ်ပေ သမာဓိမရှိလျှင် ဝိပဿနာဉာဏ်လည်း ရမည်မဟုတ် ဝိပဿနာဉာဏ်မရလျှင် ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်မှုကို အဘယ်မှာမြင်နိုင်တော့မည်နည်း။

တိဿမထေရ်သည် ဤသို့စဉ်းစားလေ၏။ “ငါသည် ကျန်းမာရေးကောင်းစဉ် ကြိုးစားခဲ့တုန်းကတောင် ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ဖြစ်ပျက်ကုန်ဆုံးရာနိဗ္ဗာန်ကို မမြင်နိုင်ခဲ့လျှင် ယခုကျန်းမာရေးဆိုးရွားချိန်၌ ရုပ်နာမ်တို့၏ဖြစ်ပျက်ကိုလည်းကောင်း၊ ဖြစ်ပျက်ဆုံးရာနိဗ္ဗာန်ကိုလည်းကောင်း မည်သို့ မြင်နိုင်ပါတော့မည်နည်း” ထိုအချိန် မြတ်စွာဘုရားသည် ဂန္ဓကုဋိမှနေ၍ ကျွတ်ထိုက်သော ဝေနေယျတို့အားကြည့်တော်မူရာ တိဿမထေရ်ကို ဉာဏ်ကွန်ရက်၌ ထင်လေ၏။

မြတ်စွာဘုရားဂန္ဓကုဋိမှ တိဿမထေရ်ထံသွား၍ သူနာပြုလုပ်ငန်း လုပ်လေ၏။ ထိုအခါ ရဟန်းသာမဏေများက မနေသာတော့ဘဲ ဝိုင်းဝန်းပြုစု လုပ်ပေးကြကုန်၏။ မြတ်စွာဘုရားသည် ရေနွေးကို တည်စေ၏ တိဿမထေရ်ကို ရေနွေးဖြင့် ရေချိုးစေ၏။ သင်္ကန်းတို့ကိုလည်း လျှော်ဖွတ်စေ၏။ မြတ်စွာဘုရား၏ ဂရုစိုက်မှုကိုရရှိသော တိဿမထေရ်မှာ သူ့ဘဝသူကျေနပ်လာသည် ပီတိများဖြစ်ပေါ်လာသည်။ ထို့နောက် စိတ်သည်ငြိမ်းအေးမှု ပဿဒ္ဓိဖြစ်လာသည်။ ချမ်းသာမှု သုခဖြစ်လာသည်။ နောက်ပိုင်းတည်ကြည်မှု သမာဓိ ရလာ၏။

ထိုအချိန်မြတ်စွာဘုရားက တရားဟောလေ၏ “ချစ်သား ပူတိဂတ္တတိဿ ဤခန္ဓာကိုယ်သည် ဝိညာဏ်ကင်း၍ စွန့်ပစ်ရလျှင် ဘာမျှအသုံးမကျသော ဖွဲကဲ့သိုပင်ဖြစ်ပေလိမ့်မည်။ ဤခန္ဓာကိုယ်သည်မကြာမီ မြေပြင်၌လဲလျောင်းရပေလိမ့်မည်” တိဿမထေရ်သည် တရားနာရင်း ရရှိထားသောသမာဓိပေါ်အခြေခံ၍ ဝိပဿနာရှုလိုက်ရာ မကြာမီ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်၌ပင် ကြီးစွာသောအတိတ်ကံသည်ရှိ၏။

ထိုကံသည် ယခုဝဋ်အနေဖြင့် အကျိုးပေးခဲ့လေပြီ။ မိမိပြုခဲ့သော ကုသိုလ်ကံသည် မိမိပင် စံစားရမည်။ထို့အတူ မိမိပြုခဲ့သော အကုသိုလ်ကံသည်လည်း မိမိပင် ခံစားရပေမည်။
ပူတိဂတ္တတိဿမထေရ်သည် ကဿပဘုရားရှင်လက်ထက်တော်ကာလ၌ မကောင်းမှုဒုစရိုက် အလုပ်ဖြစ်သည့် ငှက်မုဆိုးဘဝဖြင့် အသက်မွေးခဲ့၏။ သူသည် ရရှိလာသောငှက်များအား ချက်ချင်း မသတ် အတောင်ပံများ၊ ခြေထောက်များကို မပျံနိုင်အောင်ချိုးထား၍ တာရှည်ခံအောင် မသေမရှင် ပြုလုပ်ထားခြင်းဖြစ်သည်။

ငှက်ကလေးများမှာ မချိမဆန့်ဖြင့် ဒုက္ခဝေဒနာများအား ဝယ်သူမရှိမချင်း ခံစားရပြီးမှ သေပွဲဝင်ရရှာလေ၏။ ထိုအကုသိုလ်အလုပ်ဖြင့် ပူတိဂတ္တတိဿမထေရ်သည် နှစ်ပေါင်းများစွာ အသက်မွေးခဲ့၏။ ထိုအကုသိုလ် အရိပ်မည်းကြီးသည် ဘုရားနှစ်ဆူကြား ကြာညောင်းလှသောအချိန်တိုင်အောင် ထပ်ကြပ်မကွာ လိုက်ခဲ့လေ၏။ ဝဋ်ကြွေးဟူသည် ရှောင်လွှဲ၍မရပေ။ တန်ခိုးအရာ၌ ဧတဒဂ်ရသော ရှင်မောဂ္ဂလာန်သည်ပင် ခိုးသားငါးရာ၏ ရိုက်နှက်မှုကို ခံရ၍ ပရိနိဗ္ဗာန်ပြုရရှာ၏။

ဒါ့ကြောင့်ရရှိလာတဲ့ တစ်ဘဝတာ အချိန်တိုလေးအတွင်းမှာ ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုစတဲ့ ကုသိုလ်ကောင်းမှု အစုစုတို့ကို မမေ့မလျော့ပဲ ပြုလုပ်အားထုတ်နေရမှာ ဖြစ်ပါတယ်။ ဝဋ်ဆိုတာ ဆပ်မှကျေတယ် ဒါ့ကြောင့်ပါလာတဲ့ဝဋ်ကြွေးတွေကို ကျေအောင်ဆပ်သင့်သည်။ ကိုယ့်သန္တာန်မှာ မေတ္တာဓာတ်တွေ ကိန်းအောင်းနေအောင် အရင်ကြိုးစားပါ ဒါမှသာ ပေးဆပ်ရမယ့်ဝဋ်ကြွေးတွေကို ပြုံးပြုံးကြီး ပေးဆပ်နိုင်ပါလိမ့်မယ်။

Credit ; ပြည့်စုံ‌ (တောင်ငူ)

Zawgyi

ျမန္မာလူမ်ိဳးေတြရဲ႕ အယူအဆအရ ဝဋ္ေႂကြးဆိုတာ တကယ္ရွိပါတယ္။ တခ်ိန္ခ်ိန္မွာ ျပန္လည္ေပးဆပ္ရပါတယ္။ ဒါေၾကာင့္ ေရွးလူႀကီးေတြေျပာၾကတဲ့ ဝဋ္မွာအၿမဲ ဆိုတဲ့ စကားလုံးရွိပါတယ္။ သူအဓိပၸါယ္က ဘယ္လိုမွေရွာင္ေျပးလို႔ မရႏိုင္ဘူးဆိုတာပါပဲ။ ေအာက္မွာေဖာ္ျပေပးမည့္ အေၾကာင္းအရာေလးက အရမ္းကို ဂ႐ုစိုက္မွတ္သင့္ပါတယ္။

ဝဋ္ေႂကြးဟူသည္ ေၾကာက္မက္ဖြယ္ေကာင္းလွ၏။ ဝဋ္သည္ မည္သူ႔ကိုမွ်မေရွာင္၊ လူျဖစ္ျဖစ္၊ နတ္ျဖစ္ျဖစ္၊ ျဗဟၼာျဖစ္ျဖစ္ အက်ိဳးေပးခြင့္ကို ေစာင့္ေမွ်ာ္ေနတတ္၏။ ျမတ္စြာဘုရားသည္ပင္ လြတ္ေအာင္ မေရွာင္ႏိုင္ခဲ့ေပ။ ဘုရားရွင္လက္ထက္ေတာ္အခါက ပူတိဂတၱတိႆမေထရ္ကို ေလ့လာၾကည့္ေသာအခါ ဝဋ္ေႂကြး၏ ေၾကာက္စရာေကာင္းလွပုံကို ပို၍ ထင္ထင္ရွားရွားသိျမင္လာခဲ့ေပသည္။

တိႆမေထရ္သည္ သာမန္လူမဟုတ္ ရဟႏၲာျဖစ္ႏိုင္ေသာ ပါရမီထူးရွိသူျဖစ္သည္။ သာသနာေတာ္၌ ယုံၾကည္သက္ဝင္ေသာ သဒၶါတရားျဖင့္ ရဟန္းျပဳခဲ့သူလည္းျဖစ္သည္။ ေဇတဝန္ေက်ာင္းေတာ္၌ ရဟန္းစဝတ္ကတည္းက တရားကိုလည္းအားထုတ္၏။ စာေပမ်ားလည္း သင္ၾကား၍ ထိုက္သင့္သေလာက္ စာေပမ်ားကိုလည္း တတ္ကြၽမ္း၏။ သို႔ေသာ္ သစၥာေလးပါးျမတ္တရားကို မျမင္ေသး၍ အရိယာလည္း ျဖစ္မလာေသးေခ်။ ႐ိုး႐ိုး ပကတိသာဝကျဖစ္မည့္ ပုဂၢိဳလ္ျဖစ္ေသာ္လည္း မိမိတို႔၏ ဣေျႏၵမ်ား ရင့္က်က္သည္အထိေတာ့ေစာင့္ရေပသည္။

တိႆမေထရ္သည္ တရားအားထုတ္ရင္းပင္ ခႏၶာကိုယ္၌ အဖုငယ္တစ္ခု ေပါက္လာ၏။ ထိုအဖုငယ္ေလးမ်ားသည္ ေနာက္ပိုင္း မုန္ညႇင္းေစ့ခန႔္၊ ပဲေစ့ခန႔္၊ ဦးသွ်စ္သီးခန႔္ ျဖစ္လာ၏။ ထို႔ေနာက္ အဖုအထစ္မ်ားေပါက္ကြဲ၍ တစ္ကိုယ္လုံး ျပည္ပုပ္၊ေသြးပုပ္မ်ားႏွင့္ နံေစာ္ေန၏။ အ႐ိုးမ်ားကလည္း ေဆြးေျမ့၍ က်ိဳးပဲ့ကုန္၏။ အတူေန တပည့္ရဟန္း သာမေဏမ်ားကလည္း ျပဳစုရန္မတတ္ႏိုင္ေတာ့သျဖင့္ သခ္မ္းေက်ာင္း တစ္ခုထဲ၌ စြန႔္ပစ္ထားလိုက္ၾကေလ၏။ တိႆမေထရ္သည္ အိပ္ရာထဲ၌ စိတ္ဓာတ္က်လ်က္ရွိေလ၏။
စိတ္ဓာတ္က်လွ်င္ သမာဓိလည္း ရႏိုင္ေတာ့မည္မဟုတ္ေပ သမာဓိမရွိလွ်င္ ဝိပႆနာဉာဏ္လည္း ရမည္မဟုတ္ ဝိပႆနာဉာဏ္မရလွ်င္ ႐ုပ္နာမ္တရားတို႔၏ ျဖစ္ပ်က္မႈကို အဘယ္မွာျမင္ႏိုင္ေတာ့မည္နည္း။

တိႆမေထရ္သည္ ဤသို႔စဥ္းစားေလ၏။ “ငါသည္ က်န္းမာေရးေကာင္းစဥ္ ႀကိဳးစားခဲ့တုန္းကေတာင္ ႐ုပ္နာမ္ဓမၼသခၤါရတို႔၏ ျဖစ္ပ်က္ကုန္ဆုံးရာနိဗၺာန္ကို မျမင္ႏိုင္ခဲ့လွ်င္ ယခုက်န္းမာေရးဆိုး႐ြားခ်ိန္၌ ႐ုပ္နာမ္တို႔၏ျဖစ္ပ်က္ကိုလည္းေကာင္း၊ ျဖစ္ပ်က္ဆုံးရာနိဗၺာန္ကိုလည္းေကာင္း မည္သို႔ ျမင္ႏိုင္ပါေတာ့မည္နည္း” ထိုအခ်ိန္ ျမတ္စြာဘုရားသည္ ဂႏၶကုဋိမွေန၍ ကြၽတ္ထိုက္ေသာ ေဝေနယ်တို႔အားၾကည့္ေတာ္မူရာ တိႆမေထရ္ကို ဉာဏ္ကြန္ရက္၌ ထင္ေလ၏။

ျမတ္စြာဘုရားဂႏၶကုဋိမွ တိႆမေထရ္ထံသြား၍ သူနာျပဳလုပ္ငန္း လုပ္ေလ၏။ ထိုအခါ ရဟန္းသာမေဏမ်ားက မေနသာေတာ့ဘဲ ဝိုင္းဝန္းျပဳစု လုပ္ေပးၾကကုန္၏။ ျမတ္စြာဘုရားသည္ ေရေႏြးကို တည္ေစ၏ တိႆမေထရ္ကို ေရေႏြးျဖင့္ ေရခ်ိဳးေစ၏။ သကၤန္းတို႔ကိုလည္း ေလွ်ာ္ဖြတ္ေစ၏။ ျမတ္စြာဘုရား၏ ဂ႐ုစိုက္မႈကိုရရွိေသာ တိႆမေထရ္မွာ သူ႔ဘဝသူေက်နပ္လာသည္ ပီတိမ်ားျဖစ္ေပၚလာသည္။ ထို႔ေနာက္ စိတ္သည္ၿငိမ္းေအးမႈ ပႆဒၶိျဖစ္လာသည္။ ခ်မ္းသာမႈ သုချဖစ္လာသည္။ ေနာက္ပိုင္းတည္ၾကည္မႈ သမာဓိ ရလာ၏။

ထိုအခ်ိန္ျမတ္စြာဘုရားက တရားေဟာေလ၏ “ခ်စ္သား ပူတိဂတၱတိႆ ဤခႏၶာကိုယ္သည္ ဝိညာဏ္ကင္း၍ စြန႔္ပစ္ရလွ်င္ ဘာမွ်အသုံးမက်ေသာ ဖြဲကဲ့သိုပင္ျဖစ္ေပလိမ့္မည္။ ဤခႏၶာကိုယ္သည္မၾကာမီ ေျမျပင္၌လဲေလ်ာင္းရေပလိမ့္မည္” တိႆမေထရ္သည္ တရားနာရင္း ရရွိထားေသာသမာဓိေပၚအေျခခံ၍ ဝိပႆနာရႈလိုက္ရာ မၾကာမီ ရဟႏၲာအျဖစ္သို႔ ေရာက္ေလ၏။ ရဟႏၲာျဖစ္မည့္ပုဂၢိဳလ္၌ပင္ ႀကီးစြာေသာအတိတ္ကံသည္ရွိ၏။

ထိုကံသည္ ယခုဝဋ္အေနျဖင့္ အက်ိဳးေပးခဲ့ေလၿပီ။ မိမိျပဳခဲ့ေသာ ကုသိုလ္ကံသည္ မိမိပင္ စံစားရမည္။ထို႔အတူ မိမိျပဳခဲ့ေသာ အကုသိုလ္ကံသည္လည္း မိမိပင္ ခံစားရေပမည္။
ပူတိဂတၱတိႆမေထရ္သည္ ကႆပဘုရားရွင္လက္ထက္ေတာ္ကာလ၌ မေကာင္းမႈဒုစ႐ိုက္ အလုပ္ျဖစ္သည့္ ငွက္မုဆိုးဘဝျဖင့္ အသက္ေမြးခဲ့၏။ သူသည္ ရရွိလာေသာငွက္မ်ားအား ခ်က္ခ်င္း မသတ္ အေတာင္ပံမ်ား၊ ေျခေထာက္မ်ားကို မပ်ံႏိုင္ေအာင္ခ်ိဳးထား၍ တာရွည္ခံေအာင္ မေသမရွင္ ျပဳလုပ္ထားျခင္းျဖစ္သည္။

ငွက္ကေလးမ်ားမွာ မခ်ိမဆန႔္ျဖင့္ ဒုကၡေဝဒနာမ်ားအား ဝယ္သူမရွိမခ်င္း ခံစားရၿပီးမွ ေသပြဲဝင္ရရွာေလ၏။ ထိုအကုသိုလ္အလုပ္ျဖင့္ ပူတိဂတၱတိႆမေထရ္သည္ ႏွစ္ေပါင္းမ်ားစြာ အသက္ေမြးခဲ့၏။ ထိုအကုသိုလ္ အရိပ္မည္းႀကီးသည္ ဘုရားႏွစ္ဆူၾကား ၾကာေညာင္းလွေသာအခ်ိန္တိုင္ေအာင္ ထပ္ၾကပ္မကြာ လိုက္ခဲ့ေလ၏။ ဝဋ္ေႂကြးဟူသည္ ေရွာင္လႊဲ၍မရေပ။ တန္ခိုးအရာ၌ ဧတဒဂ္ရေသာ ရွင္ေမာဂၢလာန္သည္ပင္ ခိုးသားငါးရာ၏ ႐ိုက္ႏွက္မႈကို ခံရ၍ ပရိနိဗၺာန္ျပဳရရွာ၏။

ဒါ့ေၾကာင့္ရရွိလာတဲ့ တစ္ဘဝတာ အခ်ိန္တိုေလးအတြင္းမွာ ဒါနေကာင္းမႈ၊ သီလေကာင္းမႈ၊ ဘာဝနာေကာင္းမႈစတဲ့ ကုသိုလ္ေကာင္းမႈ အစုစုတို႔ကို မေမ့မေလ်ာ့ပဲ ျပဳလုပ္အားထုတ္ေနရမွာ ျဖစ္ပါတယ္။ ဝဋ္ဆိုတာ ဆပ္မွေက်တယ္ ဒါ့ေၾကာင့္ပါလာတဲ့ဝဋ္ေႂကြးေတြကို ေက်ေအာင္ဆပ္သင့္သည္။ ကိုယ့္သႏၲာန္မွာ ေမတၱာဓာတ္ေတြ ကိန္းေအာင္းေနေအာင္ အရင္ႀကိဳးစားပါ ဒါမွသာ ေပးဆပ္ရမယ့္ဝဋ္ေႂကြးေတြကို ၿပဳံးၿပဳံးႀကီး ေပးဆပ္ႏိုင္ပါလိမ့္မယ္။

Credit ; ျပည့္စုံ‌ (ေတာင္ငူ)