ဗဟုသုတ

မြန်မာ့သမိုင်းထဲက “ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ထားချင်တယ်” ဆိုတဲ့ ဖြစ်ရပ်မှန်အကြောင်း

မြန်မာ့သမိုင်းထဲက “ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ထားချင်တယ်” ဆိုတဲ့ ဖြစ်ရပ်မှန်အကြောင်း

ပင်းမင်းသမီးကြီးဟာ မင်းတုန်းမင်းကြီးရဲ့ အိမ်ထောင်ရှင် အပျိုစင် မင်းသမီး ၃ပါးမှာ တပါးအပါအဝင်ဖြစ်ပါတယ်။ သူတို့တွေကတော့ မိုင်းနောင်စုဖုရားကြီး၊ တိုင်တားထိပ်ခေါင်တင်နဲ့ ပင်းမင်းသမီးကြီး တို့ပဲဖြစ်ပါတယ်။ သူတို့တွေဟာ လူသိရှင်ကြားတရားဝင် လက်ထပ် ထိမ်းမြားခဲ့ကြပေမယ့် ယင်ဖိုတောင်မသန်းခဲ့တဲ့ အပျိုစစ်စစ်တွေဖြစ်ခဲ့ပါတယ်။

ပင်းမင်းသမီးဟာ မင်းတုန်းမင်းကြီးနဲ့ စားပွဲတောင်တိုက်စားမိဖုရားတို့ရဲ့ သမီးတော် နှစ်ပါးအနက် သမီးတော်ကြီးဖြစ်ပါတယ်။ မယ်တော်မိဖုရားဟာ မင်းတုန်းမင်းရဲ့ မင်္ဂလာအိမ်တော်ပါမိဖုရား(မင်းသားဘဝကကောက်ယူထားခြင်း) ဖြစ်၍ မင်းတုန်းမင်း နန်းတက်တဲ့အခါမှာ မဟေဘွဲ့ခံ မိဖုရားလတ် အဆင့်ရာထူးပေးပြီးမြှောက်စားခဲ့ပါတယ်။

နောက်မကြာမီမှာ ဒေဝီဘွဲ့ခံ မိဖုရားရာထူးပေးပြီးမြှောက်စားခဲ့ပေမယ့် မိဖုရားဖြစ်ပြီး ၃ နှစ်အကြာမှာ ကံကုန်ခဲ့ပါတယ်။ ပင်းမင်းသမီးကြီးနဲ့ ညီမတော်မိုးမိတ်မင်းသမီးတို့ကို မင်းတုန်းမင်းကြီးရဲ့ နန်းမတော်စင်္ကြာဒေဝီက ထိမ်းသိန်းစောင့်ရှောက်ခဲ့ရပါတယ်။

ပင်းမင်းသမီးအရွယ်ရောက်တဲ့အခါမှာ ခမည်းတော်မင်းတုန်းဘုရင်က မောင်တော်ဖြစ်သူ မက္ခရာမင်းသားကြီး နဲ့ ရေသွန်းလက်ထပ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မက္ခရာမင်းသားဟာ တရားဝင် ကိုယ်လုပ်တော်ခုနှစ်ယောက်နဲ့အတူ နန်းပြင်အဆောင်တော်မှာ နေထိုင်တာကို ပင်းမင်းသမီးလေးဟာ သိပါလျက်နဲ့ ခမည်းတော်ကိုမလွန်ဆန်နိုင်လို့သာ လက်ခံခဲ့ရရှာပါတယ်။

မက္ခရာမင်းသားကြီးဟာလဲ ပင်းမင်းသမီးနဲ့ လက်ထပ်တဲ့အချိန်ကစလို့ ပင်းမင်းသမီးလေး ထံအဆောင်တော်မကူးခဲ့ပဲ နန်းပြင်ဆောင်က ကိုယ်လုပ်တော်တွေနဲ့သာ နေထိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို မင်းတုန်းမင်းကြီးသိတဲ့အခါမှာ ညီမတော် ပင်းမင်းသမီးထံအဆောင်တော်ကူးဖို့အရေး မိန့်ကြားပေမယ့် “သွားပါ့မယ်ဘုရား”ဆိုတဲ့ ချွေးသိပ်စကားနဲ့သာပြီးခဲ့ပါတယ်။

နောက်ဆုံးမင်းတုန်းမင်းကြီးဟာ မင်းမိန့်သုံးလို့ မက္ခရာမင်းသားရဲ့ ကိုယ်လုပ်တော်တွေကို ရပ်ရွာဇာတိပြန်စေပြီး မက္ခရာမင်းသားကိုလဲ နန်းတွင်းအဆောင်တော်ပြောင်းစေခဲ့ပါတယ်။ ဒါပေမယ့် မက္ခရာမင်းသားဟာ ခေါင်းမာစွာနဲ့ ပင်းမင်းသမီးထံအဆောင်တော်မကူးဘဲ သူ့ရဲ့ အချစ်ဆုံးသောကိုယ်လုပ်တော် မိုင်းရယ်စော်ဘွား၏နှမဖြစ်သူ ခင်မမ ကို မီးဖိုအုတ်တိုက်တစ်ခု မှာပုန်းနေစေပြီး အတူတကွနေထိုင်ကြပြန်ပါတယ်။

အဆုံးမှာတော့ မက္ခရာမင်းသားရဲ့ ရက်စက် စိမ်းကား မှုတွေကြောင့် ပင်းမင်းသမီးလေးဟာ စိတ်ထောင်းကိုယ်ကြေ၊ အရှက်ကြီးရလို့ ပိန်ကြုံဖျော့တော့ပြီး၊ စိတ်ဂနာမငြိမ်ဖြစ်ကာ ခမည်းတော်ဘုရင်ကြီးထံ မက္ခရာမင်းသား နဲ့ တရားဝင်ကွာရှင်းဖို့တောင်းဆိုခဲ့ရပါတော့တယ်။ ဒီလိုနဲ့ မင်းတုန်းမင်း ကြီးလဲ မတတ်သာတဲ့အဆုံးမှာ တရားဝင်ကွာရှင်းပေးခဲ့ရပြီး ပင်းမင်းသမီးလေးဟာလည်း လူတကာမေးငေါ့စရာ ရတနာပုံနန်းတွင်းမှာ ပွဲဦးထွက် အပျိုစင် တခုလပ် မင်းသမီးဘဝကို ရောက်ခဲ့ရပါတော့တယ်။

ဘဝဆိုးရှာသူ ပင်းမင်းသမီးလေးဟာ ဒီစိတ်ဒဏ်ရာတွေနဲ့ပဲ သက်တော် (၃၀) ကျော်ဝန်းကျင် ၁၂၄၄ ခုနှစ်မှာပဲ ကံတော်ကုန်ရရှာပါတယ်။ ဒီနေရာမှာ ပင်းမင်းသမီးလေးရဲ့ဘဝဟာ ကျန်သောအပျိုစင် အိမ်ထောင်ရှင်မင်းသမီးနှစ်ပါးဘဝနဲ့ ယှဉ်ရင် တော်တော်ဆိုးရွားခဲ့ပါတယ်။ မိုင်းနောင်စုဖုရားကြီးဟာဆိုရင် ညီမတော်စုဖုရားလတ်ကြောင့် သီပေါမင်းအဆောင်တော်မကူးခဲ့ပေမယ့် အားကိုးစရာ မိခင်တစ် ယောက်လုံးရှိနေခဲ့ပါတယ်။

အလားတူ တိုင်တားထိပ်ခေါင်တင်မင်းသမီးဟာလည်း မတ်ဖြစ်သူ ကောလင်းမင်းသားနဲ့တရားဝင်လက်ထပ်ခဲ့ရပေမယ့် အားကိုးစရာ မိခင်နဲ့ အစ်မတော် ရှိတဲ့အပြင် ကောလင်းမင်းသားဟာလည်းသူ့အပေါ်မရက်စက်ခဲ့ပါဘူး။

သီပေါမင်းရဲ့ ရက်စက်မှုကိုခံရရှာသူ စုဖုရားကြီး ကတော့ “ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ထားချင်တယ်” လို့ သူ့အပူကို ဖွဲ့ဆိုခဲ့တဲ့အတွက် ပင်းမင်းသမီးလေးမှာတော့ မိတဆိုးဘဝရောက်ရုံမက မောင်တော်မက္ခရာမင်းသားကလည်း မသနားမညှာတာရက်စက်ခဲ့ပြန်တဲ့အတွက် သူ့အပူဟာ ငရဲမီးတမျှပူလောင်ခဲ့မယ်လို့ဆိုရင် မလွန်ပေဘူးလို့ထင်ပါတယ်။ ကိုးကား – ရတနာပုံနိဒါန်းနိဂုံး၊ ကုန်းဘောင်ရှင်းတမ်း (မင်းနန်သူ)

Zawgyi ဖြင့်ဖတ်ရန်

ျမန္မာ့သမိုင္းထဲက “ေဒါင္းယာဥ္ပ်ံဘုံနေဘး စာေရးလို႔ထားခ်င္တယ္” ဆိုတဲ့ ျဖစ္ရပ္မွန္အေၾကာင္း

ပင္းမင္းသမီးႀကီးဟာ မင္းတုန္းမင္းႀကီးရဲ႕ အိမ္ေထာင္ရွင္ အပ်ိဳစင္ မင္းသမီး ၃ပါးမွာ တပါးအပါအဝင္ျဖစ္ပါတယ္။ သူတို႔ေတြကေတာ့ မိုင္းေနာင္စုဖုရားႀကီး၊ တိုင္တားထိပ္ေခါင္တင္နဲ႔ ပင္းမင္းသမီးႀကီး တို႔ပဲျဖစ္ပါတယ္။ သူတို႔ေတြဟာ လူသိရွင္ၾကားတရားဝင္ လက္ထပ္ ထိမ္းျမားခဲ့ၾကေပမယ့္ ယင္ဖိုေတာင္မသန္းခဲ့တဲ့ အပ်ိဳစစ္စစ္ေတြျဖစ္ခဲ့ပါတယ္။

ပင္းမင္းသမီးဟာ မင္းတုန္းမင္းႀကီးနဲ႔ စားပြဲေတာင္တိုက္စားမိဖုရားတို႔ရဲ႕ သမီးေတာ္ ႏွစ္ပါးအနက္ သမီးေတာ္ႀကီးျဖစ္ပါတယ္။ မယ္ေတာ္မိဖုရားဟာ မင္းတုန္းမင္းရဲ႕ မဂၤလာအိမ္ေတာ္ပါမိဖုရား(မင္းသားဘဝကေကာက္ယူထားျခင္း) ျဖစ္၍ မင္းတုန္းမင္း နန္းတက္တဲ့အခါမွာ မေဟဘြဲ႕ခံ မိဖုရားလတ္ အဆင့္ရာထူးေပးၿပီးေျမႇာက္စားခဲ့ပါတယ္။

ေနာက္မၾကာမီမွာ ေဒဝီဘြဲ႕ခံ မိဖုရားရာထူးေပးၿပီးေျမႇာက္စားခဲ့ေပမယ့္ မိဖုရားျဖစ္ၿပီး ၃ ႏွစ္အၾကာမွာ ကံကုန္ခဲ့ပါတယ္။ ပင္းမင္းသမီးႀကီးနဲ႔ ညီမေတာ္မိုးမိတ္မင္းသမီးတို႔ကို မင္းတုန္းမင္းႀကီးရဲ႕ နန္းမေတာ္စၾကၤာေဒဝီက ထိမ္းသိန္းေစာင့္ေရွာက္ခဲ့ရပါတယ္။

ပင္းမင္းသမီးအ႐ြယ္ေရာက္တဲ့အခါမွာ ခမည္းေတာ္မင္းတုန္းဘုရင္က ေမာင္ေတာ္ျဖစ္သူ မကၡရာမင္းသားႀကီး နဲ႔ ေရသြန္းလက္ထပ္ေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ မကၡရာမင္းသားဟာ တရားဝင္ ကိုယ္လုပ္ေတာ္ခုႏွစ္ေယာက္နဲ႔အတူ နန္းျပင္အေဆာင္ေတာ္မွာ ေနထိုင္တာကို ပင္းမင္းသမီးေလးဟာ သိပါလ်က္နဲ႔ ခမည္းေတာ္ကိုမလြန္ဆန္ႏိုင္လို႔သာ လက္ခံခဲ့ရရွာပါတယ္။

မကၡရာမင္းသားႀကီးဟာလဲ ပင္းမင္းသမီးနဲ႔ လက္ထပ္တဲ့အခ်ိန္ကစလို႔ ပင္းမင္းသမီးေလး ထံအေဆာင္ေတာ္မကူးခဲ့ပဲ နန္းျပင္ေဆာင္က ကိုယ္လုပ္ေတာ္ေတြနဲ႔သာ ေနထိုင္ခဲ့ပါတယ္။ ဒီအေၾကာင္းကို မင္းတုန္းမင္းႀကီးသိတဲ့အခါမွာ ညီမေတာ္ ပင္းမင္းသမီးထံအေဆာင္ေတာ္ကူးဖို႔အေရး မိန္႔ၾကားေပမယ့္ “သြားပါ့မယ္ဘုရား”ဆိုတဲ့ ေခြၽးသိပ္စကားနဲ႔သာၿပီးခဲ့ပါတယ္။

ေနာက္ဆုံးမင္းတုန္းမင္းႀကီးဟာ မင္းမိန္႔သုံးလို႔ မကၡရာမင္းသားရဲ႕ ကိုယ္လုပ္ေတာ္ေတြကို ရပ္႐ြာဇာတိျပန္ေစၿပီး မကၡရာမင္းသားကိုလဲ နန္းတြင္းအေဆာင္ေတာ္ေျပာင္းေစခဲ့ပါတယ္။ ဒါေပမယ့္ မကၡရာမင္းသားဟာ ေခါင္းမာစြာနဲ႔ ပင္းမင္းသမီးထံအေဆာင္ေတာ္မကူးဘဲ သူ႔ရဲ႕ အခ်စ္ဆုံးေသာကိုယ္လုပ္ေတာ္ မိုင္းရယ္ေစာ္ဘြား၏ႏွမျဖစ္သူ ခင္မမ ကို မီးဖိုအုတ္တိုက္တစ္ခု မွာပုန္းေနေစၿပီး အတူတကြေနထိုင္ၾကျပန္ပါတယ္။

အဆုံးမွာေတာ့ မကၡရာမင္းသားရဲ႕ ရက္စက္ စိမ္းကား မႈေတြေၾကာင့္ ပင္းမင္းသမီးေလးဟာ စိတ္ေထာင္းကိုယ္ေၾက၊ အရွက္ႀကီးရလို႔ ပိန္ႀကဳံေဖ်ာ့ေတာ့ၿပီး၊ စိတ္ဂနာမၿငိမ္ျဖစ္ကာ ခမည္းေတာ္ဘုရင္ႀကီးထံ မကၡရာမင္းသား နဲ႔ တရားဝင္ကြာရွင္းဖို႔ေတာင္းဆိုခဲ့ရပါေတာ့တယ္။ ဒီလိုနဲ႔ မင္းတုန္းမင္း ႀကီးလဲ မတတ္သာတဲ့အဆုံးမွာ တရားဝင္ကြာရွင္းေပးခဲ့ရၿပီး ပင္းမင္းသမီးေလးဟာလည္း လူတကာေမးေငါ့စရာ ရတနာပုံနန္းတြင္းမွာ ပြဲဦးထြက္ အပ်ိဳစင္ တခုလပ္ မင္းသမီးဘဝကို ေရာက္ခဲ့ရပါေတာ့တယ္။

ဘဝဆိုးရွာသူ ပင္းမင္းသမီးေလးဟာ ဒီစိတ္ဒဏ္ရာေတြနဲ႔ပဲ သက္ေတာ္ (၃၀) ေက်ာ္ဝန္းက်င္ ၁၂၄၄ ခုႏွစ္မွာပဲ ကံေတာ္ကုန္ရရွာပါတယ္။ ဒီေနရာမွာ ပင္းမင္းသမီးေလးရဲ႕ဘဝဟာ က်န္ေသာအပ်ိဳစင္ အိမ္ေထာင္ရွင္မင္းသမီးႏွစ္ပါးဘဝနဲ႔ ယွဥ္ရင္ ေတာ္ေတာ္ဆိုး႐ြားခဲ့ပါတယ္။ မိုင္းေနာင္စုဖုရားႀကီးဟာဆိုရင္ ညီမေတာ္စုဖုရားလတ္ေၾကာင့္ သီေပါမင္းအေဆာင္ေတာ္မကူးခဲ့ေပမယ့္ အားကိုးစရာ မိခင္တစ္ ေယာက္လုံးရွိေနခဲ့ပါတယ္။

အလားတူ တိုင္တားထိပ္ေခါင္တင္မင္းသမီးဟာလည္း မတ္ျဖစ္သူ ေကာလင္းမင္းသားနဲ႔တရားဝင္လက္ထပ္ခဲ့ရေပမယ့္ အားကိုးစရာ မိခင္နဲ႔ အစ္မေတာ္ ရွိတဲ့အျပင္ ေကာလင္းမင္းသားဟာလည္းသူ႔အေပၚမရက္စက္ခဲ့ပါဘူး။

သီေပါမင္းရဲ႕ ရက္စက္မႈကိုခံရရွာသူ စုဖုရားႀကီး ကေတာ့ “ေဒါင္းယာဥ္ပ်ံဘုံနေဘး စာေရးလို႔ထားခ်င္တယ္” လို႔ သူ႔အပူကို ဖြဲ႕ဆိုခဲ့တဲ့အတြက္ ပင္းမင္းသမီးေလးမွာေတာ့ မိတဆိုးဘဝေရာက္႐ုံမက ေမာင္ေတာ္မကၡရာမင္းသားကလည္း မသနားမညႇာတာရက္စက္ခဲ့ျပန္တဲ့အတြက္ သူ႔အပူဟာ ငရဲမီးတမွ်ပူေလာင္ခဲ့မယ္လို႔ဆိုရင္ မလြန္ေပဘူးလို႔ထင္ပါတယ္။ ကိုးကား – ရတနာပုံနိဒါန္းနိဂုံး၊ ကုန္းေဘာင္ရွင္းတမ္း (မင္းနန္သူ)