ၾကားသိရသမွ်

ဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူေနသူမ်ားကို ရန္ကုန္ ၿခံအမွတ္ (၅၄) ကို ျပန္လည္ပို႔ေဆာင္

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူေနသူမ်ားကို ရန္ကုန္ ၿခံအမွတ္ (၅၄) ကို ျပန္လည္ပို႔ေဆာင္

■ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္က လွ်ိဳ႕ဝွက္ေနရာတစ္ခုမွာ ထိန္းသိမ္းထားစဥ္ သူနဲ႔အတူ ေနထိုင္ခဲ့သူ ရွစ္ဦးလုံး ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္းက ၿခံအမွတ္ (၅၄) ကို ျပန္လည္ေရာက္လာၾကၿပီလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီနဲ႔ နီးစပ္သူေတြက RFA ကို ေျပာပါတယ္။

ေနျပည္ေတာ္ အခ်ဳပ္ေထာင္ကို ေျပာင္းေ႐ႊ႕ခံထားရတဲ့ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အိမ္ေတာ္ပိုင္ပစၥည္းေတြ၊ သူနဲ႔အတူေနထိုင္တဲ့သူ ရွစ္ဦးနဲ႔ ေခြးကေလး တိုက္ခ်ီဒိုတို႔ ဇူလိုင္လ ၄ ရက္ေန႔က ျပန္ေရာက္လာၾကတာလို႔ NLD ပါတီနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

“ဇူလိုင္လ ၄ ရက္ေန႔က ေနျပည္ေတာ္မွာ အန္တီစုနဲ႔ အတူေနတဲ့သူ ရွစ္ဦးရယ္၊ ေခြးေလး တိုက္ခ်ီဒိုတို႔ ရန္ကုန္ အန္တီ့ၿခံ ၅၄ ကို ေရာက္သြားၾကၿပီ။ ေနျပည္ေတာ္က အန္တီ့ရဲ႕ပစၥည္းေတြပါ အကုန္ပါလာတယ္။ အန္တီက ေထာင္ထဲေရာက္သြားၿပီးတဲ့ေနာက္ပိုင္းမွာ အစားအေသာက္ အဆင္မေျပေတာ့ဘူးလို႔ ၾကားရတယ္။ သူ႔က်န္းမာေရးကေတာ့ ေကာင္းပါတယ္”

ဇူလိုင္လ ၅ ရက္ မေန႔ကေတာ့ ေနျပည္ေတာ္က လေရာင္ေတာ စီမံကိန္း ေျမေနရာကိစၥ အဂတိမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္ အခ်ဳပ္ေထာင္ အထူးတရား႐ုံးမွာပဲ ဆက္လက္စစ္ေဆးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ျမန္မာႏိုင္ငံကိုေရာက္ရွိေနတဲ့ အာဆီယံ အထူးကိုယ္စားလွယ္ ပရက္ေဆာ့ခြန္းကလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္ရဖို႔ စစ္ေခါင္းေဆာင္ဆီကို ေတာင္းဆိုခဲ့ေပမယ့္ ေတြ႕ဆုံခြင့္မရခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္ကို မူလေနရာမွာ ျပန္ထားဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ ေတာင္းဆိုခ်က္ကိုလည္း စစ္ေကာင္စီဘက္က ပယ္ခ်ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို မူလထိန္းသိမ္းထားတဲ့ေနအိမ္မွာပဲ ျပန္ထားဖို႔ ေတာင္းဆိုခ်က္ေတြကိုလည္း လိုက္ေလ်ာမွာ မဟုတ္ဘူးလို႔ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဇူလိုင္လ ၁ ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၂၂ ရက္ေန႔ကတည္းက အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနျပည္ေတာ္ အခ်ဳပ္ေထာင္ထဲက သီးသန႔္ေဆာင္တစ္ခုကို ေျပာင္းေ႐ႊ႕ခံခဲ့ရၿပီး က်န္ေနတဲ့ အမႈေတြကိုလည္း အခ်ဳပ္ေထာင္တြင္း တရား႐ုံးမွာပဲ ဆက္လက္တရားရင္ဆိုင္ေနရတာပါ။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၉ ခုနဲ႔ တရားစြဲဆိုခံထားရၿပီး လက္ရွိမွာ အမႈေျခာက္မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ခံထားရပါတယ္။source-RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေသူများကို ရန်ကုန် ခြံအမှတ် (၅၄) ကို ပြန်လည်ပို့ဆောင်

■ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က လျှို့ဝှက်နေရာတစ်ခုမှာ ထိန်းသိမ်းထားစဉ် သူနဲ့အတူ နေထိုင်ခဲ့သူ ရှစ်ဦးလုံး ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) ကို ပြန်လည်ရောက်လာကြပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

နေပြည်တော် အချုပ်ထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်တော်ပိုင်ပစ္စည်းတွေ၊ သူနဲ့အတူနေထိုင်တဲ့သူ ရှစ်ဦးနဲ့ ခွေးကလေး တိုက်ချီဒိုတို့ ဇူလိုင်လ ၄ ရက်နေ့က ပြန်ရောက်လာကြတာလို့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဇူလိုင်လ ၄ ရက်နေ့က နေပြည်တော်မှာ အန်တီစုနဲ့ အတူနေတဲ့သူ ရှစ်ဦးရယ်၊ ခွေးလေး တိုက်ချီဒိုတို့ ရန်ကုန် အန်တီ့ခြံ ၅၄ ကို ရောက်သွားကြပြီ။ နေပြည်တော်က အန်တီ့ရဲ့ပစ္စည်းတွေပါ အကုန်ပါလာတယ်။ အန်တီက ထောင်ထဲရောက်သွားပြီးတဲ့နောက်ပိုင်းမှာ အစားအသောက် အဆင်မပြေတော့ဘူးလို့ ကြားရတယ်။ သူ့ကျန်းမာရေးကတော့ ကောင်းပါတယ်”

ဇူလိုင်လ ၅ ရက် မနေ့ကတော့ နေပြည်တော်က လရောင်တော စီမံကိန်း မြေနေရာကိစ္စ အဂတိမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင် အထူးတရားရုံးမှာပဲ ဆက်လက်စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ခေါင်းဆောင်ဆီကို တောင်းဆိုခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာမှာ ပြန်ထားဖို့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကိုလည်း စစ်ကောင်စီဘက်က ပယ်ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားတဲ့နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုချက်တွေကိုလည်း လိုက်လျောမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင်နေရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။source-RFA