Unicode
အဓိဌာန်ပြည့်၍ မိုင်းကျတ်ဂူအတွင်းမှပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာတော်ကြီးအားလာရောက်ဖူးမြှော်မည့်သူများအဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းလျက်ရှိ
ရှမ်းပြည်နယ်၊မိုင်းဆတ်မြို့နယ်၊မိုင်းကျတ်ကျေး ရွာရှိ မိုင်းကျတ်ဂူအတွင်း၌ ၂၀၁၉ ခုနှစ်၊ဧပြီ ၂၈ ရက်မှစတင်၍ ၃ နှစ်၊ ၃ လ၊ ၃ ရက် အဓိဌာန်ကျင့်ကြံတရားအားထုတ်နေသည့် မိုင်းဖုန်းဆရာတော်ကြီး ..
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိ ယ ဘဒ္ဒန္တဉာဏသံဝရ သည် ဇူလိုင် ၃၁ ရက်၌ အဓိ ဌာန်ပြည့်၍ ဂူအတွင်းမှပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။
ထိုသို့ ပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာ တော်ကြီးအား ဖူးမြှော်ရန်လာရောက်သူများ လမ်းခရီးအဆင်ပြေစေရန်အတွက် ဆရာတော်ကြီး၏ တပည့်သာဝကများနှင့်တာဝန်ရှိသူများမှ လမ်းများအားကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဆရာတော်ကြီး အဓိဌာန်ပြည့်လို့ပြန်ထွက်လာတဲ့အချိန်က မိုးတွင်းကာလဖြစ်နေတော့ လာဖူးတဲ့လူတွေအဆင်ပြေအောင် အခက်အခဲမရှိအောင် ကြိုပြီးလမ်းတွေကိုကွန်ကရစ်ခင်းနေတာပါ
လာဖူးတဲ့ဧည့်ပရိသတ်တွေအဆင်ပြေဖို့အတွက် တခြားလုပ်စရာရှိတာတွေကိုလည်း အဖွဲ့တွေခွဲပြီး အား လုံးတိုင်တိုင်ပင်ပင်နဲ့လုပ်နေကြတယ်”ဟုမိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြော သည်။
လမ်းများအား ကွန်ကရစ်ခင်းခြင်းအပြင် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူ များအဆင်ပြေစေရန် ကျန်းမာရေးစောင့်ရှောက်မှု့ပေးနိုင်မည့် အဆောင်များ၊တည်းခိုနေထိုင်နိုင်မည့်
အဆောက်အဦးများ၊သောက်သုံးရေရရှိရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“လျှပ်စစ်မီးအဆင်ပြေပြေနဲ့ရဖို့အတွက်ကတော့ ဌာနဆိုင်ရာကလူကြီးတွေနဲ့တိုင်ပင်ပြီးလုပ်နေတယ် လုပ်ငန်းဆောင်ရွက်မှုတွေအကုန်လုံးက တော့ ဌာနဆိုင်ရာကလူကြီးတွေနဲ့ညှိနှိုင်းပြီးတော့မှလုပ်တာပါ
မိုးတွင်းဆိုပေမယ့်လည်း ဆရာတော်ကြီးကိုလာဖူးမယ့်သူတွေကအများကြီးရှိတော့ အ ကုန်လုံးကိုအဆင်ပြေပြေနဲ့ဖြစ်စေချင်တယ်”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် မိုင်းဖုန်းဆရာတော်ကြီး အဓိ ဌာန်တရားကျင့်ကြံနေသည့် မိုင်းကျတ်အထက်ဂူမှ အောက်ဂူအထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Crd
Zawgyi
အဓိဌာန္ျပည့္၍ မိုင္းက်တ္ဂူအတြင္းမွျပန္လည္ထြက္ခြာလာမည့္ မိုင္းဖုန္းဆရာေတာ္ႀကီးအား လာေရာက္ဖူးေျမႇာ္မည့္သူမ်ားအဆင္ေျပေစရန္ ကြန္ကရစ္လမ္းခင္းလ်က္ရွိ
ရွမ္းျပည္နယ္၊မိုင္းဆတ္ၿမိဳ႕နယ္၊မိုင္းက်တ္ေက်း ႐ြာရွိ မိုင္းက်တ္ဂူအတြင္း၌ ၂၀၁၉ ခုႏွစ္၊ဧၿပီ ၂၈ ရက္မွစတင္၍ ၃ ႏွစ္၊ ၃ လ၊ ၃ ရက္ အဓိဌာန္က်င့္ႀကံတရားအားထုတ္ေနသည့္ မိုင္းဖုန္းဆရာေတာ္ႀကီး ..
သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိ ယ ဘဒၵႏၲဥာဏသံဝရ သည္ ဇူလိုင္ ၃၁ ရက္၌ အဓိ ဌာန္ျပည့္၍ ဂူအတြင္းမွျပန္လည္ထြက္ခြာလာမည္ျဖစ္သည္။
ထိုသို႔ ျပန္လည္ထြက္ခြာလာမည့္ မိုင္းဖုန္းဆရာ ေတာ္ႀကီးအား ဖူးေျမႇာ္ရန္လာေရာက္သူမ်ား လမ္းခရီးအဆင္ေျပေစရန္အတြက္ ဆရာေတာ္ႀကီး၏ တပည့္သာဝကမ်ားႏွင့္တာဝန္ရွိသူမ်ားမွ လမ္းမ်ားအားကြန္ကရစ္ခင္းျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“ဆရာေတာ္ႀကီး အဓိဌာန္ျပည့္လို႔ျပန္ထြက္လာတဲ့အခ်ိန္က မိုးတြင္းကာလျဖစ္ေနေတာ့ လာဖူးတဲ့လူေတြအဆင္ေျပေအာင္ အခက္အခဲမရွိေအာင္ ႀကိဳၿပီးလမ္းေတြကိုကြန္ကရစ္ခင္းေနတာပါ
လာဖူးတဲ့ဧည့္ပရိသတ္ေတြအဆင္ေျပဖို႔အတြက္ တျခားလုပ္စရာရွိတာေတြကိုလည္း အဖြဲ႕ေတြခြဲၿပီး အား လုံးတိုင္တိုင္ပင္ပင္နဲ႔လုပ္ေနၾကတယ္”ဟုမိုင္းဖုန္းဆရာေတာ္ႀကီး၏ တပည့္သာဝကတစ္ဦးကေျပာ သည္။
လမ္းမ်ားအား ကြန္ကရစ္ခင္းျခင္းအျပင္ မိုင္းဖုန္းဆရာေတာ္ႀကီးအား လာေရာက္ဖူးေျမႇာ္မည့္သူ မ်ားအဆင္ေျပေစရန္ က်န္းမာေရးေစာင့္ေရွာက္မႈ႕ေပးႏိုင္မည့္ အေဆာင္မ်ား၊တည္းခိုေနထိုင္ႏိုင္မည့္
အေဆာက္အဦးမ်ား၊ေသာက္သုံးေရရရွိေရးတို႔ကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“လွ်ပ္စစ္မီးအဆင္ေျပေျပနဲ႔ရဖို႔အတြက္ကေတာ့ ဌာနဆိုင္ရာကလူႀကီးေတြနဲ႔တိုင္ပင္ၿပီးလုပ္ေနတယ္ လုပ္ငန္းေဆာင္႐ြက္မႈေတြအကုန္လုံးက ေတာ့ ဌာနဆိုင္ရာကလူႀကီးေတြနဲ႔ညႇိႏႈိင္းၿပီးေတာ့မွလုပ္တာပါ
မိုးတြင္းဆိုေပမယ့္လည္း ဆရာေတာ္ႀကီးကိုလာဖူးမယ့္သူေတြကအမ်ားႀကီးရွိေတာ့ အ ကုန္လုံးကိုအဆင္ေျပေျပနဲ႔ျဖစ္ေစခ်င္တယ္”ဟု မိုင္းဖုန္းဆရာေတာ္ႀကီး၏ တပည့္သာဝကတစ္ဦးကေျပာသည္။
လက္ရွိအခ်ိန္တြင္ မိုင္းဖုန္းဆရာေတာ္ႀကီး အဓိ ဌာန္တရားက်င့္ႀကံေနသည့္ မိုင္းက်တ္အထက္ဂူမွ ေအာက္ဂူအထိ ကြန္ကရစ္လမ္းခင္းျခင္းလုပ္ ငန္းမ်ားအား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Crd