ေဗဒင္

7.7.2022 မှ 13.7.2022 အထိ ၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း

7.7.2022 မှ 13.7.2022 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီအပတ်အတွင်း လူကြီးတွေရဲ့အကြံတွေရလာတတ်ပါတယ်။ ဆရာသမားတွေရဲ့အကူအညီပေးမှုတွေ အပြည့်အ ဝရလာနိုင်ပါတယ်။

ဘဝတူမိတ်ဆွေတွေရဲ့ အခက်အခဲကို တက်စွမ်းသမျှကူညီနိုင်ပါလိမ့်မယ်။ အိုးအိမ် ကိစ္စ၊နေရာထိုင်ခင်းကိစ္စတွေ၊

အလုပ်ရာထူးကိစ္စတွေ အထူးကောင်းပါတယ်။ ငွေကံအားကောင်းတာတွေများနေပါ လိမ့်မယ်။

မြုပ်နေတဲ့ ကောင်းနေတဲ့ကံတွေပေါ်ထွန်းလာနိုင်တဲ့ကာလဖြစ်ပါတယ်။ လူမျိုးခြား နိုင်ငံခြားသားတွေနဲ့ ဆက်စပ်လုပ်ကိုင်ရသော ကိစ္စများမှာ

အမှားအယွင်းပြဿနာကြုံရပါလိမ့်မယ်။ ခရီးကိစ္စများပျက်ရတတ်ပါတယ်။ မိမိကို မနာလိုသူတွေ ဝန်းရံနေတတ်ပါတယ်။

မိမိကို ချောက်ချမဲ့သူတွေရှိနေတတ်ပါတယ်။ မိမိအနေအထိုင် အပြော အဆိုဆင်ခြင်ပါ။

ရွှေငွေလက်ဝတ်ရတနာများ အထားမှားပြီး ပျောက်ရှတတ်ပါတယ်။ ရပ်ဝေးက ကူညီပေးမဲ့သူတွေ အိမ်ရောက် လာတတ်ပါတယ်။

ကျန်းမာရေးအနေနဲ့ အဆိုးဝါးကြီးမဟုတ်ပေမဲ့ ရောဂါဟောင်း ဝေဒနာဟောင်း ပြန်လည် ဖြစ်ရတတ်ပါတယ်။

အချစ်ရေးကံကလဲ မိမိမျှော်လင့်ထားသလိုဖြစ်လာမှာပါ။သာယာတဲ့ အချစ်ခရီးလမ်း ပါပဲ။

အိမ်ထောင်ရေး မှာတော့ မိမိကိုမြူဆွယ်ထောင်ချောက်ဆင်သူတွေရဲ့ဂွင်ထဲ ရောက်သွားတတ်ပါတယ်။

အိမ် တွင်း ရေး သောက ကြုံရနိုင်ပါတယ်။ လင်ကတစ်မျိုး သားကတစ်မျိုးဆိုသလိုပေါ့ ဗျာ။ပညာရေးကံကတော့ ကောင်း ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၀

အထူးဟော အလုပ်ပြန်ကောင်းလာမည်။ယတြာ ပေါင်မုန့်ထောပတ်သုပ်ပြီး ဘုရားကပ်လှူပါ။

#တနင်္လာ

အနည်းငယ်သတိထားစရာများတယ်။ အပျော်အပါးမက်ပြီး အပျော်လွန်သူတွေဒုက္ခများနိုင်ပါတယ်။

တတ် နိုင်သမျှငွေကြေးနဲ့ပတ်သက်ပြီး အသုံးအဖြုန်းလျော့ပါ။ ခရီးနဲ့ပတ်သက်ရင်လဲ မလိုအပ်ရင်

ခရီးရှည်မသွားတာက ဒီအပတ်မှာအကောင်းဆုံးပါပဲ။ ဒီကာလအတွင်းဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားရေးများ အရေးယူခြင်းခံရပါ လိမ့်မယ်။

ရိုးသားပါ ။ မိခင်ကျန်းမာရေးအထူးဂရုစိုက်ပါလို့ မှာချင်ပါတယ်။ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှား တတ်ပါတယ်။

ကြွေးယူခြင်း ကြွေးတောင်းခြင်းတွေမလုပ်ပါနဲ့ ။ အလုပ်တိုးတတ်ပေမဲ့ အလုပ်ချဲ့ဖို့ ငွေလိုနေတတ် ပါတယ်။

ဇာတာရှင်အတွက် ဆုံးဖြတ်ရခက်ခြင်း၊ရှေ့တိုးရမလို နောက်ပဲဆုတ်ရမလိုဖြစ်ခြင်းမျိုး ကြုံရမှာပါ။

သူများ တွေက ဝင်ရောက်ဆုံးဖြတ် ပေးရင်တော့ မကောင်းပါဘူး။မိမိစိတ်ကူးအတွေးအကြံအတိုင်းသာ လုပ်ပါ။

လူမျိုးခြား ဘာသာခြားတွေရဲ့ လိမ်လည် လှည့်ဖျားခြင်းကို ခံရဖွယ်ရှိတဲ့ ကာလပါပဲ။

ကုန်သွယ်မှုအလုပ် ၊ အွန်လိုင်းအလုပ်များ အဆင်ပြေလိမ့်မယ်။ ဆွေမျိုးနီးစပ်ထဲမှ ကျန်းမာရေးညံ့၍ လူနာသွားမေးရတတ်တယ်။

မိမိကျန်းမာရေးကတော့ ပူပင်စရာမရှိပါဘူး။ မတ်တပ်ဖျား မတ်တပ်နာလောက်ပါပဲ။

အိမ်ထောင်ရေး လဲအညံ့အဆိုးနည်းပါးပါလိမ့်မယ်။ ပုံမှန်မဟုတ်တာက အချစ်ရေးပါ။

မလွတ်လပ်သူနဲ့ ငြိစွန်းလွယ်ပါတယ်။ ပညာရေးကတော့ အလွန်ကောင်းတယ်လို့ ဆိုရမှာပါ။

အကျိုးပေးဂဏန်း ၅/၄/၉

အထူးဟော ကံအကောင်းရော၊အဆိုးရော ရောထွေးနေမည်။ယတွာ ကျောက်ကျောဘုရားကပ်ပါ

#အင်္ဂါ

ဒီကာလအတွင်းနေရာထိုင်ခင်းအပြောင်းအလဲများကြုံတွေ့ရခြင်းအလုပ်အပြောင်းအလဲများကြုံရခြင်း တွေလဲဖြစ်ရတတ်ပါတယ်။

ဖခင်ရဲ့ ကျန်းမာရေးဂရုစိုက်ပါ။ လူကြီးတွေ မိမိအပေါ် ငြို ငြင်တာမျိုး မဖြစ်ပါစေနဲ့။ အလုပ်ကံမဆိုးပါ။ အလုပ်များနေပါလိမ့်မယ်။

အလုပ်တော့ များပါရဲ့ ငွေကတော့ ထင်သလောက်မဝင်ဘူးပေါ့လေ။ စိတ်ပန်းကိုယ်နွမ်းဖြစ်နေရမဲ့အချိန်ပါ။

မိမိကိစ္စထက်သူတစ်ပါးကိစ္စတွေကို ကူညီလုပ်ကိုင်ပေးနေရပါလိမ့်မယ်။ ရှောင်လွှဲလို့မရတဲ့လူမှုရေးကိစ္စ

သာရေးနာရေးကိစ္စတွေနဲ့ လုံးပန်းနေရပါလိမ့်မယ်။ ရွှေထွက်တတ်ပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ ခရီးလေးတွေလဲသွားရပါလိမ့်မယ်။

ကျန်းမာရေးအတွက်ဂရုစိုက်စေချင်ပါတယ်။ နေမထိ ထိုင်မသာ ဖြစ်ပြီဆိုကတည်းကမပေါ့သင့်ပါဘူး။

ဆေးမြီးတိုနဲ့ မကုသင့်တဲ့ ကာလပါပဲ။မိုးဒဏ်လဲသိပ်မခံပါနဲ့။ အအေးမိတတ်ခြင်း ၊ရေချိုးမှားခြင်းမျိုးကြုံ လာတတ်လို့ပါ။

အချစ်ရေးကံကတော့ အလွန်ကောင်းနေချိန်ပဲဗျ။ ချစ်သူသစ်ရခြင်း ၊ချစ်သူက တန်ဖိုးထားစရာလက်ဆောင်ပေးခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။

အိမ်ထောင်ရေး ကတော့ ရန်ဖြစ်လိုက် ပြန်အဆင်ပြေလိုက်ပါပဲ။ပညာရေးကံကတော့ မိမိအနေနဲ့အချိန်ပေးဖို့လိုပါတယ်။

အခြားဗာဟီရတွေလုပ်နေရတာကြောင့် စာကျက်ချိန်လျော့သွားတတ်လို့ပါ။

အကျိုးပေးဂဏန်း ၂/၇/၀

အထူးဟော ကျန်းမာရေးညံ့နိုင်တာကိုတွေ့ရတယ်။ယတြာ နံပြားနဲ့ကော်ဖီဘုရားကပ်ပေးပါ။

#ဗုဒ္ဓဟူး/ရာဟု

မှန်းထားသည်ထက်ငွေပိုဝင်ပါလိမ့်မယ်။။ကံမြင့်မားနေ ချိန်ဆိုတော့ ဘာသာတရားတွေအားပြု ပြီးလုပ် ဆောင် မယ်ဆိုရင်

ကံကောင်းသည်ထက်ကောင်းလာပါလိမ့်မယ်။ အထက်ပုဂ္ဂိုလ်တွေရဲ့ ကြည့်ရှုစောင်မခြင်းကို ရပါလိမ့်မယ်။

မိမိအားမနာလို မရှုစိမ့်သူများ ဒီကာလအတွင်း မိမိကိုယ်ခင်ခင်မင်မင် ပြန်လည်ဆက်ဆံလာတာမျိုး ကြုံရပါလိမ့်မယ်။

ထီဝါသနာပါသူများအနေနဲ့ကတော့ မိမိတို့မြို့မှာရှိတဲ့ အကြီးဆုံးထီဆိုင်မှာ ထီကံစမ်းလိုက်ပါ။

ဒီရက်ထဲ ကံကြမ္မာကမိမိဘက်မှာ ရပ်တည်နေပါတယ်။ လုပ်ကိုင်သမျှ ကြံစည်သမျှ အောင်မြင်ထွန်း ပေါက် ခြင်း ကို ဖြစ်ပေါ်စေပါလိမ့်မယ်။

ငွေကြေးကံလဲမြင့်မားနေချိန်ပါပဲ။ လာဘ်ရွှင်မဲ့ကာလလို့ပဲ ယေဘုယျ သုံးသပ် ရ မှာပါ။ရစရာ ရှိတဲ့ ငွေကြေးတွေရလာပါလိမ့်မယ်။

သူများငွေတွေ သိမ်းပေးထားတာမျိုးမလုပ်ပါနဲ့။ လာဘ်ပိတ်တတ်ပါ တယ်။ ကျန်းမာရေး လဲအညံ့အဆိုးကင်းနေပါလိမ့်မယ်။

စန်းပွင့် နေမဲ့ကာလပါ။မိမိကို purpose လုပ်မဲ့သူတွေရှိလာပါ လိမ့် မယ်။

အိမ်ထောင်ရေးမှာ အနည်းငယ်အဖုအထစ်ရှိရုံ ကလွဲပြီး အညံ့နည်းပါတယ်။ ပ

ညာရေးထူးချွန်မှာပါ။ သင်လွယ် တတ်လွယ်ပြီး ဉာဏ်ပွင့်မဲ့ ကာလမို့ပါပဲ။

အကျိုးပေးဂဏန်း ၁/၃/၈

အထူးဟော ကံမြင့်မားနေမည်။ယတြာ အုန်းဆီတစ်ဗူးရင်းနှီးသူကိုလက်ဆောင်ပေးပါ။

#ကြာသပတေး

အလုပ်နဲ့ပတ်သက်ပြီးကံကောင်းပြီ။ ငွေကြေးကံကတော့ လိုက်လေ ဝေးလေပါပဲ။ငွေကဝင်သလောက်ပြန် ထွက်နေပါလိမ့်မယ်။

ရပ်ဝေးကမိတ်ဆွေတွေရဲ့အကူအညီတွေ လက်ဆောင် ပစ္စည်းတွေရလာပါလိမ့်မယ်။ ဒီကာလ ဟာ လုပ်ချင်တာလေးတွေ

ကြံစည်ထားတာလေးတွေအကောင်အထည် ဖော်နိုင်မဲ့ကာလပါပဲ။ နိုင်ငံရပ်ခြားကိစ္စ၊ လူမျိုးခြားဘာသာခြားတွေနှင့်

ဆက်သွယ်လုပ်ကိုင်ရသောကိစ္စတွေမှာ အထူးအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒီကာလ အတွင်း

အလှကုန်ပစ္စည်းအသစ်တွေဝယ်လို့ အကောင်းဆုံးကာလပါပဲ။ အောက်လက်ငယ်သားတွေနဲ့ တိုင်တိုင်ပင်ပင် လုပ် ကိုင်ပါ။

ရစရာရှိတဲ့အရာများ ကြန့်ကြာနေတာမျိုးကြုံရရင်လဲ ဒီကာလမှာပြန်လည်ရ ရှိလာပါလိမ့်မယ်။ လုပ်ငန်း စီး ပွား တိုးချဲ့နိုင်ပါပြီ။

ကျန်းမာရေးက အကောင်းဘက်ကိုရောက်နေပါပြီ။ ဆရာကောင်းသမား ကောင်း နဲ့တွေ့ပြီး အနာ နဲ့ ဆေး တည့်သွားပါလိမ့်မယ်။

အချစ်ရေးမှာ ချစ်သူရဲ့အထင်လွဲခြင်းကိုခံရတတ်ပါတယ်။နားလည်မှု တွေ တည် ဆောက်ရ ခက်နေမဲ့ကာလတစ်ခုပါပဲ။

အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ကွဲကွာနေတဲ့ အိမ်ထောင်ဘက် တွေလူကြီးတွေညှိနှိုင်းပေးလို့ ပြန်အဆင်ပြေပါလိမ့်မယ်။

ပညာရေးနဲ့ပတ်သက်ရင် အားရစရာ ကောင်းတဲ့ အနေ အထားမျိုး တွေ့ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၅

အထူးဟော ကြန့်ကြာနေတဲ့ကိစ္စတွေ အကုန်အဆင်ပြေမယ်။ယတြာ မိဘတွေကို တတ်နိုင်တဲ့ငွေကြေးနဲ့ ကန်တော့ပါ။

#သောကြာ

ဒီကာလမှာ တတ်နိုင်သ၍စကားနည်းပါစေ။ သူများစကားတွေကို တစ်ခြားလူဆီလက်ဆင့်မကမ်းမိပါစေနဲ့။

စကားတွေကြောင့်ပဲပြဿနာများရတတ်လို့ပါ။အလုပ်နဲ့ပတ်သက်၍ဖြစ်စေ၊ အခြားကိစ္စကြောင့်ဖြစ်စေ

အပြောင်း အလဲတစ်စုံတစ်ရာမလုပ်တာ အကောင်းဆုံးပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ စိတ်ညစ်စရာကြုံလာ နိုင်တဲ့အခိုက် အတန့်ပါပဲ။

ငွေကြေးကို စနစ် တကျသုံးစွဲသင့်တဲ့ကာလပါ။ လုပ်စရာကိစ္စတွေ၊ အလုပ်အကြွေး တွေနဲ့ပင်ပန်းနေ ရတတ်ပါတယ်။

တစ်နေ့ အလုပ် တစ်နေ့ အပြီးလုပ်တာတောင်မှ အလုပ်တွေက မပြီးနိုင် မစီးနိုင်ဖြစ်ရပါလိမ့်မယ်။

ရပ်ဝေးကနေ အကူအညီ လာ တောင်းသူများ ၊ငွေကြေးချေးငှားသူများရောက်လာတတ်ပါတယ်။ ငွေမချေးပါနဲ့ ။

ပြန်ရဖို့ ကြန့်ကြာတတ်လို့ပါ။ ဒီအပတ်ထဲ အခြားအချင်းအရာထက် ကျန်းမာရေးကိုပိုဂရုစိုက်ပါ။

ကျန်းမာရေး ဒေါင်ဒေါင် မြည်နေသူတောင်မှ ဒီကာလအတွင်းခြူ ခြာလွယ်ပါတယ်။

အိပ်ရေးမဝခြင်း ၊ခေါင်းကိုက်ခေါင်းမူး ဖြစ် ခြင်းမျိုး ခံစားရပါလိမ့်မယ်။ အချစ်ရေးမှာ မတင်မကျဖြစ်စရာကိစ္စများ ၊

သံသယဖြစ်စရာကိစ္စများ ကြုံရပါလိမ့် မယ်။သို့သော်ပွင့်ပွင့်လင်းလင်းဖြေရှင်းလိုက်ခြင်းဖြင့် ပြန်လည်အဆင်ပြေမှုကိုရရှိပါလိမ့်မယ်။

အိမ်ထောင် ရေး သာယာ စိုပြေ ပါလိမ့်မယ်။မိသားစုကိုအချိန်ပေးနိုင်ပါလိမ့်မယ်။ပညာရေးကံကတော့ အကောင်းဘက်မှာရှိနေပါပြီ။

အကျိုးပေးဂဏန်း ၃/၅/၆

အထူးဟော တတ်နိုင်သမျှ မိမိလုပ်စရာရှိတဲ့အလုပ်ကိုသာစိတ်နှစ်ထားပါ။ယတြာ စံပယ်ပန်းလေးတွေ ဘုရားမှာကပ်လှူပေးပါ။

#စနေ

ကိုယ်ပိုင်အလုပ် များအားလုံး ဒီကာလအတွင်း ကောင်းပါလိမ့်မယ်။ ရောင်းပန်းဝယ်ပန်းတွေပွင့်လိမ့်မယ်။ လုပ်ငန်းချဲ့ထွင်နိုင်ပါ လိမ့်မယ်။

အလုပ်ထဲမှာနေရာပေးခံရခြင်း၊နာမည်ကောင်းရခြင်းမျိုးလဲကြုံရမှာပါ။ ကုန်သွယ်မှု လုပ်ငန်းများ ၊ ခရီးသွား လုပ်ငန်းများ ၊

နိုင်ငံခြားနဲ့ ပတ်သက်ဆက်နွယ်သောအလုပ်များ အထူးကောင်းမဲ့ကာလပါပဲ။ ဒီကာလအတွင်း စိတ်မြန်လက်မြန်လုပ်ခြင်းကလဲ

လမိးကြောင်းမှန်ပေါ်ရောက်သွားတတ်ပါတယ်။ ငွေကံမညံ့ ပါဘူး။ အလုပ်ကောင်းနေတော့ ငွေကံလဲကောင်းနေတတ်ပါတယ်။

မွေးချင်းမောင်နှမတွေနဲ့ စကားအခြေအတင် ဖြစ်ရ တတ်ပါ တယ်။ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး မိသားစုနဲ့ သဘောထားကွဲလွဲရတတ်ပါတယ်။

ကျန်းမာရေးကတော့ အစာမကြေတာ ရင်ပြည့်တာမျိုးတွေလဲဖြစ်တတ်ပါတယ်။ အစာကြေဆေး ဆောင်ထားပါလို့ပြောချင်ပါ တယ်။

အချစ် ရေးကတော့ အပြင်မှာထက် onlineပေါ်ကနေ ချစ်သူတွေ့တတ်ပါတယ်။ လေလှိုင်းထဲမှာ အဆင်ပြေမဲ့ အချစ်ရေးပါပဲ။

အိမ်တွင်းရေး အိမ်ထောင်ရေးတော့အနည်းငယ်ညံ့ပါတယ်။ အိမ်ထောင်ဘက်နဲ့ စကားများရန်ဖြစ်ရ တာမျိုးကြုံရ နိုင်ပါတယ်။

တတ်နိုင်သမျှခွန်းတုန့်ပြန်ပြောမနေနဲ့။ ပြောလေပိုဆိုးလေဖြစ်လို့ပါပဲ။

ပညာရေးကံကလဲ စူးစမ်းလိုစိတ်နဲ့ သိလိုစိတ်ပြင်းထန်တဲ့ကာလဖြစ်တော့ မိမိသာအာရုံ စိုက်ထားမယ်ဆို အကောင်းဆုံးပါပဲ။

အကျိုးပေးဂဏန်း ၄/၆/၀

အထူးဟော ကံသင့်ပါတယ်။ယတြာ သံပုရာရည်ဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 ၊ 09 44 5555 695

Credit

================

Zawgyi

7.7.2022 မွ 13.7.2022 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

#တနဂၤေႏြ

ဒီအပတ္အတြင္း လူႀကီးေတြရဲ႕အႀကံေတြရလာတတ္ပါတယ္။ ဆရာသမားေတြရဲ႕အကူအညီေပးမႈေတြ အျပည့္အ ဝရလာႏိုင္ပါတယ္။

ဘဝတူမိတ္ေဆြေတြရဲ႕ အခက္အခဲကို တက္စြမ္းသမွ်ကူညီႏိုင္ပါလိမ့္မယ္။ အိုးအိမ္ ကိစၥ၊ေနရာထိုင္ခင္းကိစၥေတြ၊

အလုပ္ရာထူးကိစၥေတြ အထူးေကာင္းပါတယ္။ ေငြကံအားေကာင္းတာေတြမ်ားေနပါ လိမ့္မယ္။

ျမဳပ္ေနတဲ့ ေကာင္းေနတဲ့ကံေတြေပၚထြန္းလာႏိုင္တဲ့ကာလျဖစ္ပါတယ္။ လူမ်ိဳးျခား ႏိုင္ငံျခားသားေတြနဲ႔ ဆက္စပ္လုပ္ကိုင္ရေသာ ကိစၥမ်ားမွာ

အမွားအယြင္းျပႆနာႀကဳံရပါလိမ့္မယ္။ ခရီးကိစၥမ်ားပ်က္ရတတ္ပါတယ္။ မိမိကို မနာလိုသူေတြ ဝန္းရံေနတတ္ပါတယ္။

မိမိကို ေခ်ာက္ခ်မဲ့သူေတြရွိေနတတ္ပါတယ္။ မိမိအေနအထိုင္ အေျပာ အဆိုဆင္ျခင္ပါ။

ေ႐ႊေငြလက္ဝတ္ရတနာမ်ား အထားမွားၿပီး ေပ်ာက္ရွတတ္ပါတယ္။ ရပ္ေဝးက ကူညီေပးမဲ့သူေတြ အိမ္ေရာက္ လာတတ္ပါတယ္။

က်န္းမာေရးအေနနဲ႔ အဆိုးဝါးႀကီးမဟုတ္ေပမဲ့ ေရာဂါေဟာင္း ေဝဒနာေဟာင္း ျပန္လည္ ျဖစ္ရတတ္ပါတယ္။

အခ်စ္ေရးကံကလဲ မိမိေမွ်ာ္လင့္ထားသလိုျဖစ္လာမွာပါ။သာယာတဲ့ အခ်စ္ခရီးလမ္း ပါပဲ။

အိမ္ေထာင္ေရး မွာေတာ့ မိမိကိုျမဴဆြယ္ေထာင္ေခ်ာက္ဆင္သူေတြရဲ႕ဂြင္ထဲ ေရာက္သြားတတ္ပါတယ္။

အိမ္ တြင္း ေရး ေသာက ႀကဳံရႏိုင္ပါတယ္။ လင္ကတစ္မ်ိဳး သားကတစ္မ်ိဳးဆိုသလိုေပါ့ ဗ်ာ။ပညာေရးကံကေတာ့ ေကာင္း ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၅/၀

အထူးေဟာ အလုပ္ျပန္ေကာင္းလာမည္။ယၾတာ ေပါင္မုန႔္ေထာပတ္သုပ္ၿပီး ဘုရားကပ္လႉပါ။

#တနလၤာ

အနည္းငယ္သတိထားစရာမ်ားတယ္။ အေပ်ာ္အပါးမက္ၿပီး အေပ်ာ္လြန္သူေတြဒုကၡမ်ားႏိုင္ပါတယ္။

တတ္ ႏိုင္သမွ်ေငြေၾကးနဲ႔ပတ္သက္ၿပီး အသုံးအျဖဳန္းေလ်ာ့ပါ။ ခရီးနဲ႔ပတ္သက္ရင္လဲ မလိုအပ္ရင္

ခရီးရွည္မသြားတာက ဒီအပတ္မွာအေကာင္းဆုံးပါပဲ။ ဒီကာလအတြင္းဥပေဒနဲ႔ မလြတ္ကင္းတဲ့ စီးပြားေရးမ်ား အေရးယူျခင္းခံရပါ လိမ့္မယ္။

႐ိုးသားပါ ။ မိခင္က်န္းမာေရးအထူးဂ႐ုစိုက္ပါလို႔ မွာခ်င္ပါတယ္။ ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈေတြမွား တတ္ပါတယ္။

ေႂကြးယူျခင္း ေႂကြးေတာင္းျခင္းေတြမလုပ္ပါနဲ႔ ။ အလုပ္တိုးတတ္ေပမဲ့ အလုပ္ခ်ဲ႕ဖို႔ ေငြလိုေနတတ္ ပါတယ္။

ဇာတာရွင္အတြက္ ဆုံးျဖတ္ရခက္ျခင္း၊ေရွ႕တိုးရမလို ေနာက္ပဲဆုတ္ရမလိုျဖစ္ျခင္းမ်ိဳး ႀကဳံရမွာပါ။

သူမ်ား ေတြက ဝင္ေရာက္ဆုံးျဖတ္ ေပးရင္ေတာ့ မေကာင္းပါဘူး။မိမိစိတ္ကူးအေတြးအႀကံအတိုင္းသာ လုပ္ပါ။

လူမ်ိဳးျခား ဘာသာျခားေတြရဲ႕ လိမ္လည္ လွည့္ဖ်ားျခင္းကို ခံရဖြယ္ရွိတဲ့ ကာလပါပဲ။

ကုန္သြယ္မႈအလုပ္ ၊ အြန္လိုင္းအလုပ္မ်ား အဆင္ေျပလိမ့္မယ္။ ေဆြမ်ိဳးနီးစပ္ထဲမွ က်န္းမာေရးညံ့၍ လူနာသြားေမးရတတ္တယ္။

မိမိက်န္းမာေရးကေတာ့ ပူပင္စရာမရွိပါဘူး။ မတ္တပ္ဖ်ား မတ္တပ္နာေလာက္ပါပဲ။

အိမ္ေထာင္ေရး လဲအညံ့အဆိုးနည္းပါးပါလိမ့္မယ္။ ပုံမွန္မဟုတ္တာက အခ်စ္ေရးပါ။

မလြတ္လပ္သူနဲ႔ ၿငိစြန္းလြယ္ပါတယ္။ ပညာေရးကေတာ့ အလြန္ေကာင္းတယ္လို႔ ဆိုရမွာပါ။

အက်ိဳးေပးဂဏန္း ၅/၄/၉

အထူးေဟာ ကံအေကာင္းေရာ၊အဆိုးေရာ ေရာေထြးေနမည္။ယတြာ ေက်ာက္ေက်ာဘုရားကပ္ပါ

#အဂၤါ

ဒီကာလအတြင္းေနရာထိုင္ခင္းအေျပာင္းအလဲမ်ားႀကဳံေတြ႕ရျခင္းအလုပ္အေျပာင္းအလဲမ်ားႀကဳံရျခင္း ေတြလဲျဖစ္ရတတ္ပါတယ္။

ဖခင္ရဲ႕ က်န္းမာေရးဂ႐ုစိုက္ပါ။ လူႀကီးေတြ မိမိအေပၚ ၿငိဳ ျငင္တာမ်ိဳး မျဖစ္ပါေစနဲ႔။ အလုပ္ကံမဆိုးပါ။ အလုပ္မ်ားေနပါလိမ့္မယ္။

အလုပ္ေတာ့ မ်ားပါရဲ႕ ေငြကေတာ့ ထင္သေလာက္မဝင္ဘူးေပါ့ေလ။ စိတ္ပန္းကိုယ္ႏြမ္းျဖစ္ေနရမဲ့အခ်ိန္ပါ။

မိမိကိစၥထက္သူတစ္ပါးကိစၥေတြကို ကူညီလုပ္ကိုင္ေပးေနရပါလိမ့္မယ္။ ေရွာင္လႊဲလို႔မရတဲ့လူမႈေရးကိစၥ

သာေရးနာေရးကိစၥေတြနဲ႔ လုံးပန္းေနရပါလိမ့္မယ္။ ေ႐ႊထြက္တတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္တဲ့ ခရီးေလးေတြလဲသြားရပါလိမ့္မယ္။

က်န္းမာေရးအတြက္ဂ႐ုစိုက္ေစခ်င္ပါတယ္။ ေနမထိ ထိုင္မသာ ျဖစ္ၿပီဆိုကတည္းကမေပါ့သင့္ပါဘူး။

ေဆးၿမီးတိုနဲ႔ မကုသင့္တဲ့ ကာလပါပဲ။မိုးဒဏ္လဲသိပ္မခံပါနဲ႔။ အေအးမိတတ္ျခင္း ၊ေရခ်ိဳးမွားျခင္းမ်ိဳးႀကဳံ လာတတ္လို႔ပါ။

အခ်စ္ေရးကံကေတာ့ အလြန္ေကာင္းေနခ်ိန္ပဲဗ်။ ခ်စ္သူသစ္ရျခင္း ၊ခ်စ္သူက တန္ဖိုးထားစရာလက္ေဆာင္ေပးျခင္းမ်ိဳးလဲ ႀကဳံရတတ္ပါတယ္။

အိမ္ေထာင္ေရး ကေတာ့ ရန္ျဖစ္လိုက္ ျပန္အဆင္ေျပလိုက္ပါပဲ။ပညာေရးကံကေတာ့ မိမိအေနနဲ႔အခ်ိန္ေပးဖို႔လိုပါတယ္။

အျခားဗာဟီရေတြလုပ္ေနရတာေၾကာင့္ စာက်က္ခ်ိန္ေလ်ာ့သြားတတ္လို႔ပါ။

အက်ိဳးေပးဂဏန္း ၂/၇/၀

အထူးေဟာ က်န္းမာေရးညံ့ႏိုင္တာကိုေတြ႕ရတယ္။ယၾတာ နံျပားနဲ႔ေကာ္ဖီဘုရားကပ္ေပးပါ။

#ဗုဒၶဟူး/ရာဟု

မွန္းထားသည္ထက္ေငြပိုဝင္ပါလိမ့္မယ္။။ကံျမင့္မားေန ခ်ိန္ဆိုေတာ့ ဘာသာတရားေတြအားျပဳ ၿပီးလုပ္ ေဆာင္ မယ္ဆိုရင္

ကံေကာင္းသည္ထက္ေကာင္းလာပါလိမ့္မယ္။ အထက္ပုဂၢိဳလ္ေတြရဲ႕ ၾကည့္ရႈေစာင္မျခင္းကို ရပါလိမ့္မယ္။

မိမိအားမနာလို မရႈစိမ့္သူမ်ား ဒီကာလအတြင္း မိမိကိုယ္ခင္ခင္မင္မင္ ျပန္လည္ဆက္ဆံလာတာမ်ိဳး ႀကဳံရပါလိမ့္မယ္။

ထီဝါသနာပါသူမ်ားအေနနဲ႔ကေတာ့ မိမိတို႔ၿမိဳ႕မွာရွိတဲ့ အႀကီးဆုံးထီဆိုင္မွာ ထီကံစမ္းလိုက္ပါ။

ဒီရက္ထဲ ကံၾကမၼာကမိမိဘက္မွာ ရပ္တည္ေနပါတယ္။ လုပ္ကိုင္သမွ် ႀကံစည္သမွ် ေအာင္ျမင္ထြန္း ေပါက္ ျခင္း ကို ျဖစ္ေပၚေစပါလိမ့္မယ္။

ေငြေၾကးကံလဲျမင့္မားေနခ်ိန္ပါပဲ။ လာဘ္႐ႊင္မဲ့ကာလလို႔ပဲ ေယဘုယ် သုံးသပ္ ရ မွာပါ။ရစရာ ရွိတဲ့ ေငြေၾကးေတြရလာပါလိမ့္မယ္။

သူမ်ားေငြေတြ သိမ္းေပးထားတာမ်ိဳးမလုပ္ပါနဲ႔။ လာဘ္ပိတ္တတ္ပါ တယ္။ က်န္းမာေရး လဲအညံ့အဆိုးကင္းေနပါလိမ့္မယ္။

စန္းပြင့္ ေနမဲ့ကာလပါ။မိမိကို purpose လုပ္မဲ့သူေတြရွိလာပါ လိမ့္ မယ္။

အိမ္ေထာင္ေရးမွာ အနည္းငယ္အဖုအထစ္ရွိ႐ုံ ကလြဲၿပီး အညံ့နည္းပါတယ္။ ပ

ညာေရးထူးခြၽန္မွာပါ။ သင္လြယ္ တတ္လြယ္ၿပီး ဉာဏ္ပြင့္မဲ့ ကာလမို႔ပါပဲ။

အက်ိဳးေပးဂဏန္း ၁/၃/၈

အထူးေဟာ ကံျမင့္မားေနမည္။ယၾတာ အုန္းဆီတစ္ဗူးရင္းႏွီးသူကိုလက္ေဆာင္ေပးပါ။

#ၾကာသပေတး

အလုပ္နဲ႔ပတ္သက္ၿပီးကံေကာင္းၿပီ။ ေငြေၾကးကံကေတာ့ လိုက္ေလ ေဝးေလပါပဲ။ေငြကဝင္သေလာက္ျပန္ ထြက္ေနပါလိမ့္မယ္။

ရပ္ေဝးကမိတ္ေဆြေတြရဲ႕အကူအညီေတြ လက္ေဆာင္ ပစၥည္းေတြရလာပါလိမ့္မယ္။ ဒီကာလ ဟာ လုပ္ခ်င္တာေလးေတြ

ႀကံစည္ထားတာေလးေတြအေကာင္အထည္ ေဖာ္ႏိုင္မဲ့ကာလပါပဲ။ ႏိုင္ငံရပ္ျခားကိစၥ၊ လူမ်ိဳးျခားဘာသာျခားေတြႏွင့္

ဆက္သြယ္လုပ္ကိုင္ရေသာကိစၥေတြမွာ အထူးအက်ိဳးျဖစ္ထြန္းပါလိမ့္မယ္။ ဒီကာလ အတြင္း

အလွကုန္ပစၥည္းအသစ္ေတြဝယ္လို႔ အေကာင္းဆုံးကာလပါပဲ။ ေအာက္လက္ငယ္သားေတြနဲ႔ တိုင္တိုင္ပင္ပင္ လုပ္ ကိုင္ပါ။

ရစရာရွိတဲ့အရာမ်ား ၾကန႔္ၾကာေနတာမ်ိဳးႀကဳံရရင္လဲ ဒီကာလမွာျပန္လည္ရ ရွိလာပါလိမ့္မယ္။ လုပ္ငန္း စီး ပြား တိုးခ်ဲ႕ႏိုင္ပါၿပီ။

က်န္းမာေရးက အေကာင္းဘက္ကိုေရာက္ေနပါၿပီ။ ဆရာေကာင္းသမား ေကာင္း နဲ႔ေတြ႕ၿပီး အနာ နဲ႔ ေဆး တည့္သြားပါလိမ့္မယ္။

အခ်စ္ေရးမွာ ခ်စ္သူရဲ႕အထင္လြဲျခင္းကိုခံရတတ္ပါတယ္။နားလည္မႈ ေတြ တည္ ေဆာက္ရ ခက္ေနမဲ့ကာလတစ္ခုပါပဲ။

အိမ္ေထာင္ေရးသာယာပါလိမ့္မယ္။ ကြဲကြာေနတဲ့ အိမ္ေထာင္ဘက္ ေတြလူႀကီးေတြညႇိႏႈိင္းေပးလို႔ ျပန္အဆင္ေျပပါလိမ့္မယ္။

ပညာေရးနဲ႔ပတ္သက္ရင္ အားရစရာ ေကာင္းတဲ့ အေန အထားမ်ိဳး ေတြ႕ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၄/၅

အထူးေဟာ ၾကန႔္ၾကာေနတဲ့ကိစၥေတြ အကုန္အဆင္ေျပမယ္။ယၾတာ မိဘေတြကို တတ္ႏိုင္တဲ့ေငြေၾကးနဲ႔ ကန္ေတာ့ပါ။

#ေသာၾကာ

ဒီကာလမွာ တတ္ႏိုင္သ၍စကားနည္းပါေစ။ သူမ်ားစကားေတြကို တစ္ျခားလူဆီလက္ဆင့္မကမ္းမိပါေစနဲ႔။

စကားေတြေၾကာင့္ပဲျပႆနာမ်ားရတတ္လို႔ပါ။အလုပ္နဲ႔ပတ္သက္၍ျဖစ္ေစ၊ အျခားကိစၥေၾကာင့္ျဖစ္ေစ

အေျပာင္း အလဲတစ္စုံတစ္ရာမလုပ္တာ အေကာင္းဆုံးပါပဲ။ ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့ စိတ္ညစ္စရာႀကဳံလာ ႏိုင္တဲ့အခိုက္ အတန႔္ပါပဲ။

ေငြေၾကးကို စနစ္ တက်သုံးစြဲသင့္တဲ့ကာလပါ။ လုပ္စရာကိစၥေတြ၊ အလုပ္အေႂကြး ေတြနဲ႔ပင္ပန္းေန ရတတ္ပါတယ္။

တစ္ေန႔ အလုပ္ တစ္ေန႔ အၿပီးလုပ္တာေတာင္မွ အလုပ္ေတြက မၿပီးႏိုင္ မစီးႏိုင္ျဖစ္ရပါလိမ့္မယ္။

ရပ္ေဝးကေန အကူအညီ လာ ေတာင္းသူမ်ား ၊ေငြေၾကးေခ်းငွားသူမ်ားေရာက္လာတတ္ပါတယ္။ ေငြမေခ်းပါနဲ႔ ။

ျပန္ရဖို႔ ၾကန႔္ၾကာတတ္လို႔ပါ။ ဒီအပတ္ထဲ အျခားအခ်င္းအရာထက္ က်န္းမာေရးကိုပိုဂ႐ုစိုက္ပါ။

က်န္းမာေရး ေဒါင္ေဒါင္ ျမည္ေနသူေတာင္မွ ဒီကာလအတြင္းျခဴ ျခာလြယ္ပါတယ္။

အိပ္ေရးမဝျခင္း ၊ေခါင္းကိုက္ေခါင္းမူး ျဖစ္ ျခင္းမ်ိဳး ခံစားရပါလိမ့္မယ္။ အခ်စ္ေရးမွာ မတင္မက်ျဖစ္စရာကိစၥမ်ား ၊

သံသယျဖစ္စရာကိစၥမ်ား ႀကဳံရပါလိမ့္ မယ္။သို႔ေသာ္ပြင့္ပြင့္လင္းလင္းေျဖရွင္းလိုက္ျခင္းျဖင့္ ျပန္လည္အဆင္ေျပမႈကိုရရွိပါလိမ့္မယ္။

အိမ္ေထာင္ ေရး သာယာ စိုေျပ ပါလိမ့္မယ္။မိသားစုကိုအခ်ိန္ေပးႏိုင္ပါလိမ့္မယ္။ပညာေရးကံကေတာ့ အေကာင္းဘက္မွာရွိေနပါၿပီ။

အက်ိဳးေပးဂဏန္း ၃/၅/၆

အထူးေဟာ တတ္ႏိုင္သမွ် မိမိလုပ္စရာရွိတဲ့အလုပ္ကိုသာစိတ္ႏွစ္ထားပါ။ယၾတာ စံပယ္ပန္းေလးေတြ ဘုရားမွာကပ္လႉေပးပါ။

#စေန

ကိုယ္ပိုင္အလုပ္ မ်ားအားလုံး ဒီကာလအတြင္း ေကာင္းပါလိမ့္မယ္။ ေရာင္းပန္းဝယ္ပန္းေတြပြင့္လိမ့္မယ္။ လုပ္ငန္းခ်ဲ႕ထြင္ႏိုင္ပါ လိမ့္မယ္။

အလုပ္ထဲမွာေနရာေပးခံရျခင္း၊နာမည္ေကာင္းရျခင္းမ်ိဳးလဲႀကဳံရမွာပါ။ ကုန္သြယ္မႈ လုပ္ငန္းမ်ား ၊ ခရီးသြား လုပ္ငန္းမ်ား ၊

ႏိုင္ငံျခားနဲ႔ ပတ္သက္ဆက္ႏြယ္ေသာအလုပ္မ်ား အထူးေကာင္းမဲ့ကာလပါပဲ။ ဒီကာလအတြင္း စိတ္ျမန္လက္ျမန္လုပ္ျခင္းကလဲ

လမိးေၾကာင္းမွန္ေပၚေရာက္သြားတတ္ပါတယ္။ ေငြကံမညံ့ ပါဘူး။ အလုပ္ေကာင္းေနေတာ့ ေငြကံလဲေကာင္းေနတတ္ပါတယ္။

ေမြးခ်င္းေမာင္ႏွမေတြနဲ႔ စကားအေျခအတင္ ျဖစ္ရ တတ္ပါ တယ္။ ေငြေၾကးကိစၥနဲ႔ပတ္သက္ၿပီး မိသားစုနဲ႔ သေဘာထားကြဲလြဲရတတ္ပါတယ္။

က်န္းမာေရးကေတာ့ အစာမေၾကတာ ရင္ျပည့္တာမ်ိဳးေတြလဲျဖစ္တတ္ပါတယ္။ အစာေၾကေဆး ေဆာင္ထားပါလို႔ေျပာခ်င္ပါ တယ္။

အခ်စ္ ေရးကေတာ့ အျပင္မွာထက္ onlineေပၚကေန ခ်စ္သူေတြ႕တတ္ပါတယ္။ ေလလႈိင္းထဲမွာ အဆင္ေျပမဲ့ အခ်စ္ေရးပါပဲ။

အိမ္တြင္းေရး အိမ္ေထာင္ေရးေတာ့အနည္းငယ္ညံ့ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ စကားမ်ားရန္ျဖစ္ရ တာမ်ိဳးႀကဳံရ ႏိုင္ပါတယ္။

တတ္ႏိုင္သမွ်ခြန္းတုန႔္ျပန္ေျပာမေနနဲ႔။ ေျပာေလပိုဆိုးေလျဖစ္လို႔ပါပဲ။

ပညာေရးကံကလဲ စူးစမ္းလိုစိတ္နဲ႔ သိလိုစိတ္ျပင္းထန္တဲ့ကာလျဖစ္ေတာ့ မိမိသာအာ႐ုံ စိုက္ထားမယ္ဆို အေကာင္းဆုံးပါပဲ။

အက်ိဳးေပးဂဏန္း ၄/၆/၀

အထူးေဟာ ကံသင့္ပါတယ္။ယၾတာ သံပုရာရည္ဘုရားကပ္လႉေပးပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 ၊ 09 44 5555 695

Credit