ရဲစခန်းထဲဝင် ရဲမေကို ပါးကိုင်ပြီး အချစ်ကလေး ထောက်ခံစာလုပ်ပေးဟု ပြောသူကို ပုဒ်မသုံးခုတပ် ဖမ်းဆီး …

Zawgyi

ရဲစခန္းထဲဝင္ ရဲေမကို ပါးကိုင္ၿပီး အခ်စ္ကေလး ေထာက္ခံစာလုပ္ေပးဟု ေျပာသူကို ပုဒ္မသုံးခုတပ္ ဖမ္းဆီး …

မႏၲေလးၿမိဳ႕မရဲစခန္းသို႔ ေထာက္ခံစာလာေတာင္းသူ တစ္ဦးမွ တာဝန္က် ဒုရဲအုပ္ရဲေမကို ပါးကိုင္၍ ခ်စ္ကေလးရာ လုပ္ေပးလိုက္ပါဟု ေျပာသျဖင့္ ပုဒ္မ သုံးခုႏွင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း ၎ရဲစခန္းမွ သတင္းရရွိသည္။

နံနက္ပိုင္း ၈၉လမ္းအနီးေန အသက္ ၂၃ႏွစ္အ႐ြယ္ သက္ႏိုင္ (ခ) အညာသားသည္ မႏၲေလးၿမိဳ႕မရဲစခန္းသို႔ ေထာက္ခံစာ လာေတာင္းစဥ္ ရပ္ကြက္ေထာက္ခံစာႏွင့္ မွတ္ပုံတင္ မပါ၍ တာဝန္က် ရဲေမမွ လုပ္မေပးႏိုင္ေၾကာင္း ေျပာဆိုခဲ့သည္။

“ရဲေမပါးကို ကိုင္ၿပီး အခ်စ္ကေလး လုပ္ေပးဟု အဲဒီေကာင္က ေျပာတာ။ အဲဒါနဲ႔စခန္းမႉ းသြားတိုင္ေတာ့ –ါသယ္မေတြဆိုၿပီး ဆဲဆိုလို႔ အမႈဖြင့္ဖြင့္ၿပီး ဖမ္းတာပါ။

ေဆး႐ုံေဆးစစ္ခ်က္ ယူရာမွာလည္း အဲဒီလူက အရက္မူးေနတယ္လို႔ သိရတယ္။အရင္က သက္ငယ္မဒိမ္းမႈနဲ႔ ေထာင္က်ၿပီး ထြက္လာရတဲ့ သူလို႔ သိရပါတယ္” ဟု ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျပစ္မႈက်ဴးလြန္ေသာ အမ်ိဳးသားကို ရဲစခန္းမွ တာဝန္က် ဝန္ထမ္းအားေႏွာင့္ယွက္မႈ၊ ညစ္ညမ္းစြာဆဲမႈ၊ မိန္းမ အိေျႏၵပ်က္ေစမႈ တို႔ျဖင့္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

Credit သတင္းထူးသတင္းဦးမ်ား

Unicode

ရဲစခန်းထဲဝင် ရဲမေကို ပါးကိုင်ပြီး အချစ်ကလေး ထောက်ခံစာလုပ်ပေးဟု ပြောသူကို ပုဒ်မသုံးခုတပ် ဖမ်းဆီး …

မန္တလေးမြို့မရဲစခန်းသို့ ထောက်ခံစာလာတောင်းသူ တစ်ဦးမှ တာဝန်ကျ ဒုရဲအုပ်ရဲမေကို ပါးကိုင်၍ ချစ်ကလေးရာ လုပ်ပေးလိုက်ပါဟု ပြောသဖြင့် ပုဒ်မ သုံးခုနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းရဲစခန်းမှ သတင်းရရှိသည်။

နံနက်ပိုင်း ၈၉လမ်းအနီးနေ အသက် ၂၃နှစ်အရွယ် သက်နိုင် (ခ) အညာသားသည် မန္တလေးမြို့မရဲစခန်းသို့ ထောက်ခံစာ လာတောင်းစဉ် ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင် မပါ၍ တာဝန်ကျ ရဲမေမှ လုပ်မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

“ရဲမေပါးကို ကိုင်ပြီး အချစ်ကလေး လုပ်ပေးဟု အဲဒီကောင်က ပြောတာ။ အဲဒါနဲ့စခန်းမှူ းသွားတိုင်တော့ –ါသယ်မတွေဆိုပြီး ဆဲဆိုလို့ အမှုဖွင့်ဖွင့်ပြီး ဖမ်းတာပါ။

ဆေးရုံဆေးစစ်ချက် ယူရာမှာလည်း အဲဒီလူက အရက်မူးနေတယ်လို့ သိရတယ်။အရင်က သက်ငယ်မဒိမ်းမှုနဲ့ ထောင်ကျပြီး ထွက်လာရတဲ့ သူလို့ သိရပါတယ်” ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သော အမျိုးသားကို ရဲစခန်းမှ တာဝန်ကျ ဝန်ထမ်းအားနှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲမှု၊ မိန်းမ အိန္ဒြေပျက်စေမှု တို့ဖြင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Credit သတင်းထူးသတင်းဦးများ