ၾကားသိရသမွ်

ကေလးကားတိုက္သြားခဲ့တဲ့ျဖစ္ရပ္မွာ ကေလးမိခင္ေကာ၊ ကားဆရာ၏အမွားေတြကိုပါ ေပၚလြင္ေစခဲ့တဲ့ (႐ုပ္/သံ)

ကေလးကားတိုက္သြားခဲ့တဲ့ျဖစ္ရပ္မွာ ကေလးမိခင္ေကာ၊ ကားဆရာ၏အမွားေတြကိုပါ ေပၚလြင္ေစခဲ့တဲ့ (႐ုပ္/သံ)
ကေလးငယ္ေလးတစ္ေယာက္ဟာ ေမာင္းႏွင္လာခဲ့တဲ့ ကားေရွ႕တည့္တည့္ဝင္ေျပးခဲ့မိလို႔ အသက္ေသဆုံးေတာ့မဲ့ အေျခအေနမ်ိဳးႏွင့္ ႀကဳံေတြ႕ခဲ့ရပါတယ္။ အဆိုပါအျဖစ္အပ်က္ ဟာ စင္ကာပူႏိုင္ငံမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အဆိုပါ video ကိုေတာ့ လမ္းတစ္ဖက္ကေန ေမာင္းႏွင္းလာခဲ့တဲ့ Taxi ကားလို႔ ယူဆရတဲ့ ကားဆီမွ မွတ္တမ္းတင္ထားႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

Video ရဲ႕အစပိုင္းမွာေတာ့ အမ်ိဳးသမီးႏွစ္ေယာက္ႏွင့္ ကေလးႏွစ္ေယာက္တို႔ဟာ Sri Ruthra Kaliamman ဘုရားေက်ာင္း ႏွင့္ Qi Tian Tian ဘုရားေက်ာင္းအၾကား လမ္းရဲ႕လူသြားလမ္းမွာ လမ္းေလွ်ာက္လာေနခဲ့ၾကတာပါ။

ထို႔အခ်ိန္မွာပဲ ကေလးငယ္တစ္ေယာက္ဟာ ႐ုတ္တရက္ လမ္းဖက္ဆီသို႔ ေျပးဝင္လာခဲ့ၿပီးေနာက္ အဆိုပါ ကေလးငယ္၏မိခင္လို႔ယူဆရတဲ့ အမ်ိဳးသမီးဟာ ကေလးငယ္ကို လိုက္ဖမ္းခဲ့ေပမဲ့လည္း ႐ုတ္တရက္ ျဖတ္ေမာင္းလာခဲ့တဲ့ကားေၾကာင့္ သူမရပ္ေနခဲ့လိုက္ရပါတယ္။

အျဖစ္အပ်က္အားလုံးဟာ ျမန္ဆန္လြန္းေနခဲ့ၿပီး ကေလးငယ္ လမ္းလယ္ကိုေရာက္တာနဲ႔ တစ္ၿပိဳင္နက္ ကေလးငယ္ကို ကားဝင္တိုက္ခဲ့ၿပီးေနာက္ ေမာင္းေျပးသြားခဲ့ပါတယ္ ။ တိုက္ေျပးသြားေသာကားမွာလည္း ဘရိတ္နင္းခ်ိန္ေတာင္ မရလိုက္ပါဘူ။

ကားဆရာသတိထားမိလိုက္တဲ့ အခ်ိန္မွာေတာ့ ကေလးငယ္ကို တိုက္မိခဲ့ၿပီးႏွင့္ေနပါၿပီ ။ သို႔ေပမဲ့လည္း ကေလးငယ္ဟာ အေတာ္ေလးကိုငယ္႐ြယ္ေနခဲ့တဲ့ အတြက္ ကားေအာက္ဘက္ပိုင္းႏွင့္ လြတ္လြတ္ကြၽတ္ကြၽတ္ ျဖစ္ေနခဲ့ပါတယ္။

အျခားေသာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ျခင္း ရွိမရွိကိုေတာ့ သိရွိခဲ့ျခင္းမ်ိဳးမရွိေပမဲ့လည္း ကေလးငယ္ကို ကားတိုက္မိၿပီးေနာက္ မိခင္ျဖစ္သူ ေပြ႕ခ်ီလိုက္တဲ့အခ်ိန္မွာေတာ့ ကေလးငယ္ဟာ မတ္တပ္ရပ္ဖို႔အေတာ္ေလး ဒုကၡေရာက္ေနေၾကာင္း ေတြ႕ရွိရမွာပါ။

အျခားေသာေဒသခံမ်ားကေတာ့ လမ္းသြားေနတုန္း လမ္းေၾကာဟာ အႏၲရာယ္မကင္းဘူးဆိုတာ သိေနလ်က္ႏွင့္ ကေလးငယ္၏လက္ကို မကိုင္စြဲထားခဲ့တဲ့အတြက္ ကေလးမိခင္ကိုအျပစ္တင္ခဲ့ၾကၿပီး ၊ အခ်ိဳ႕ကေတာ့ လမ္းေဘးတြင္ ကားပါကင္ထိုးထားေသာကားဟာ စည္းမဲ့ကမ္းမဲ့ကားရပ္နားထားေသာေၾကာင့္ ျဖစ္ေၾကာင္း အျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္။

ထို႔အျပင္တိုက္ၿပီးေမာင္းေျပးသြားေသာ ကားမွာ အရွိန္ေလွ်ာ့ၿပီး ေမာင္းႏွင္သင့္ေၾကာင္း ႏွင့္ အရွိန္ျမန္လြန္းတဲ့အတြက္ လမ္းတစ္ဖက္မွေမာင္းႏွင္လာေသာ Taxi ကားမွာ ကေလးငယ္ကို လွမ္းၿပီးသတိေပးဖို႔ ဟြန္းတီးခ်ိန္ေတာင္ မရလိုက္ေၾကာင္း ေဝဖန္ခဲ့ၾကပါေသးတယ္။

အကုန္လုံးကို ျပစ္တင္ေဝဖန္ေနၾကတာ ျဖစ္ေပမဲ့လည္း အျဖစ္အပ်က္ရဲ႕ အဆုံးသတ္မွာေတာ့ကေလးငယ္ဟာ အႏၲရာယ္ကင္းသြားခဲ့တဲ့အတြက္ ကံေကာင္းလြန္းတယ္လို႔ ေျပာရမွာပါ။ ဒီ Video ေလးကိုၾကည့္မိၿပီးေနာက္ ကေလးငယ္ေတြနဲ႔ လမ္းျဖတ္ကူးခ်ိန္က်ရင္ ပိုၿပီး သတိဝီရိယရွိၾကမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Source: worldofbuzz

Unicode

ကလေးကားတိုက်သွားခဲ့တဲ့ဖြစ်ရပ်မှာ ကလေးမိခင်ကော၊ ကားဆရာ၏အမှားတွေကိုပါ ပေါ်လွင်စေခဲ့တဲ့ (ရုပ်/သံ)
ကလေးငယ်လေးတစ်ယောက်ဟာ မောင်းနှင်လာခဲ့တဲ့ ကားရှေ့တည့်တည့်ဝင်ပြေးခဲ့မိလို့ အသက်သေဆုံးတော့မဲ့ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရပါတယ်။ အဆိုပါအဖြစ်အပျက် ဟာ စင်ကာပူနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ video ကိုတော့ လမ်းတစ်ဖက်ကနေ မောင်းနှင်းလာခဲ့တဲ့ Taxi ကားလို့ ယူဆရတဲ့ ကားဆီမှ မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

Video ရဲ့အစပိုင်းမှာတော့ အမျိုးသမီးနှစ်ယောက်နှင့် ကလေးနှစ်ယောက်တို့ဟာ Sri Ruthra Kaliamman ဘုရားကျောင်း နှင့် Qi Tian Tian ဘုရားကျောင်းအကြား လမ်းရဲ့လူသွားလမ်းမှာ လမ်းလျှောက်လာနေခဲ့ကြတာပါ။

ထို့အချိန်မှာပဲ ကလေးငယ်တစ်ယောက်ဟာ ရုတ်တရက် လမ်းဖက်ဆီသို့ ပြေးဝင်လာခဲ့ပြီးနောက် အဆိုပါ ကလေးငယ်၏မိခင်လို့ယူဆရတဲ့ အမျိုးသမီးဟာ ကလေးငယ်ကို လိုက်ဖမ်းခဲ့ပေမဲ့လည်း ရုတ်တရက် ဖြတ်မောင်းလာခဲ့တဲ့ကားကြောင့် သူမရပ်နေခဲ့လိုက်ရပါတယ်။

အဖြစ်အပျက်အားလုံးဟာ မြန်ဆန်လွန်းနေခဲ့ပြီး ကလေးငယ် လမ်းလယ်ကိုရောက်တာနဲ့ တစ်ပြိုင်နက် ကလေးငယ်ကို ကားဝင်တိုက်ခဲ့ပြီးနောက် မောင်းပြေးသွားခဲ့ပါတယ် ။ တိုက်ပြေးသွားသောကားမှာလည်း ဘရိတ်နင်းချိန်တောင် မရလိုက်ပါဘူ။

ကားဆရာသတိထားမိလိုက်တဲ့ အချိန်မှာတော့ ကလေးငယ်ကို တိုက်မိခဲ့ပြီးနှင့်နေပါပြီ ။ သို့ပေမဲ့လည်း ကလေးငယ်ဟာ အတော်လေးကိုငယ်ရွယ်နေခဲ့တဲ့ အတွက် ကားအောက်ဘက်ပိုင်းနှင့် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေခဲ့ပါတယ်။

အခြားသော ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ရှိမရှိကိုတော့ သိရှိခဲ့ခြင်းမျိုးမရှိပေမဲ့လည်း ကလေးငယ်ကို ကားတိုက်မိပြီးနောက် မိခင်ဖြစ်သူ ပွေ့ချီလိုက်တဲ့အချိန်မှာတော့ ကလေးငယ်ဟာ မတ်တပ်ရပ်ဖို့အတော်လေး ဒုက္ခရောက်နေကြောင်း တွေ့ရှိရမှာပါ။

အခြားသောဒေသခံများကတော့ လမ်းသွားနေတုန်း လမ်းကြောဟာ အန္တရာယ်မကင်းဘူးဆိုတာ သိနေလျက်နှင့် ကလေးငယ်၏လက်ကို မကိုင်စွဲထားခဲ့တဲ့အတွက် ကလေးမိခင်ကိုအပြစ်တင်ခဲ့ကြပြီး ၊ အချို့ကတော့ လမ်းဘေးတွင် ကားပါကင်ထိုးထားသောကားဟာ စည်းမဲ့ကမ်းမဲ့ကားရပ်နားထားသောကြောင့် ဖြစ်ကြောင်း အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

ထို့အပြင်တိုက်ပြီးမောင်းပြေးသွားသော ကားမှာ အရှိန်လျှော့ပြီး မောင်းနှင်သင့်ကြောင်း နှင့် အရှိန်မြန်လွန်းတဲ့အတွက် လမ်းတစ်ဖက်မှမောင်းနှင်လာသော Taxi ကားမှာ ကလေးငယ်ကို လှမ်းပြီးသတိပေးဖို့ ဟွန်းတီးချိန်တောင် မရလိုက်ကြောင်း ဝေဖန်ခဲ့ကြပါသေးတယ်။

အကုန်လုံးကို ပြစ်တင်ဝေဖန်နေကြတာ ဖြစ်ပေမဲ့လည်း အဖြစ်အပျက်ရဲ့ အဆုံးသတ်မှာတော့ကလေးငယ်ဟာ အန္တရာယ်ကင်းသွားခဲ့တဲ့အတွက် ကံကောင်းလွန်းတယ်လို့ ပြောရမှာပါ။ ဒီ Video လေးကိုကြည့်မိပြီးနောက် ကလေးငယ်တွေနဲ့ လမ်းဖြတ်ကူးချိန်ကျရင် ပိုပြီး သတိဝီရိယရှိကြမယ်လို့ မျှော်လင့်မိပါတယ်။

Source: worldofbuzz