မိန်းကလေးတစ်ယောက်အတွက် နှုတ်ခမ်းအလှကလည်း အရေးပါပါတယ်။ သင့်မှာ ခြောက်သွေ့နေတဲ့နှုတ်ခမ်း၊ မည်းပြာနေတဲ့ နှုတ်ခမ်းရှိတဲ့အခါ စိတ်ညစ်စရာမလိုတော့ပါဘူး။
ငွေကုန်သက်သာပြီး အိမ်မှာတင်ပြုလုပ်လို့ရတဲ့ lip mask လုပ်နည်းအကြောင်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
နှုတ်ခမ်းကို အားဖြည့်ပေးတဲ့ ခရင်မ်၊ balm, mask စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ပေးကြပါတယ်။ Lip mask က နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးပြီး ပြည့်ပြည့်ဖူးဖူးလေးဖြစ်စေပါတယ်။
Lip mask ရဲ့အာနိသင်က ပါဝင်တဲ့ပစ္စည်းတွေမှာ မူတည်ပြီး ပြောင်းလဲသွားပါတယ်။ အဲဒါကြောင့် သင့်နှုတ်ခမ်းရဲ့ လိုအပ်ချက်ကိုလိုက်ပြီး Lip mask ကို ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။
Lip mask လုပ်နည်းများ
ဒီ Lip mask ကတော့ နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် ဆဲလ်တွေကိုလည်း ပြန်လည်အားပြည့်လာစေပါတယ်။ ရှားစောင်းလက်ပတ်တစ်ပြား၊ သကြားအနည်းငယ်၊ ရေနံဂျယ်လီ လက်ဖက်ရည်ဇွန်းတို့ကို ရောမွှေပါ။ အဲဒီနောက် နှုတ်ခမ်းမှာ ၁၅ မိနစ်ခန့် လိမ်းထားပေးပါ။ ပြီးနောက် ရေနွေးနဲ့ ရေဆေးချပါ။
၂။ တလည်းသီးအရည်နဲ့ ပျားရည်
တလည်းသီးအရည် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ နှုတ်ခမ်းမှာ သုတ်လိမ်းပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးနဲ့ ရေဆေးချပါ။ သူ့ရဲ့အစွမ်းကတော့ နှုတ်ခမ်းကို ပန်းရောင်သန်းစေပြီး ချောမွေ့လာစေပါတယ်။
၃။ အုန်းဆီ၊ စတော်ဘယ်ရီနဲ့ ပျားရည်
စတော်ဘယ်ရီအရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို သမအောင် မွှေပါ။ ရလာတဲ့ Lip mask လေးမှာ နှုတ်ခမ်းမှာ လိမ်းထားပြီး ၁၅ မိနစ်ကြာအောင်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ဆေးချပြီး ခြောက်သွေ့အောင်ပြုလုပ်ပါ။ ဒီ Lip mask လေးကတော့ နှုတ်ခမ်းခြောက်သွေ့အက်ကွဲသူအတွက် ရေဓာတ်ဖြည့်ပေးနိုင်တဲ့ mask ပါပဲ။
၄။ ထောပတ်သီး
နောက်ထပ် Lip mask ကိုတော့ ထောပတ်သီးအနည်းငယ်၊ ရေနံဂျယ်လီလက်ဖက်ရည်ဇွန်းတို့နဲ့ ပြုလုပ်မှာပါ။ ထောပတ်သီးနဲ့ ရေနံဂျယ်လီကို ရောမွှေပြီး နှုတ်ခမ်းမှာ လိမ်းပါ။ မိနစ်အနည်းငယ်ကြာရင် ရေနွေးနဲ့ ရေဆေးချလိုက်လို့ရပါပြီ။ ထောပတ်သီးမှာ ဗီတာမင် E ပါဝင်တာကြောင့် ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။
၅။ စတော်ဘယ်ရီ၊ ဗီတာမင် E နဲ့ ကော်ဖီမှုန့်
စတော်ဘယ်ရီသီးမှာ ဗီတာမင် E အများကြီးပါဝင်တာကြောင့် နှုတ်ခမ်းလှပဖို့ အများကြီးကူညီပေးနိုင်ပါတယ်။ နှုတ်ခမ်းရောင်ရမ်းတာကိုလည်း စတော်ဘယ်ရီသီးက သက်သာစေပါတယ်။ ပါဝင်ပစ္စည်းတွေကို ရောမွှေပြီး နှုတ်ခမ်းမှာ မိနစ်အနည်းငယ်ကြာအောင် ထားပါ။ အဲဒီနောက် နှုတ်ခမ်းကို သေသေချာချာ ရေဆေးချလိုက်ရုံပါပဲ။ စတော်ဘယ်ရီသီးနေရာမှာ ကီဝီသီးကို အသုံးပြုလို့လည်း ရပါတယ်။
၆။ ပျားဖယောင်း၊ shea butter၊ အုန်းဆီ
shea butter နဲ့ အုန်းဆီက နှုတ်ခမ်းကို အစိုဓာတ်ဖြည့်ပေးတာကြောင့် နှုတ်ခမ်းခြောက်တတ်သူတွေအတွက် သင့်တော်ပါတယ်။ အိုးတစ်လုံးထဲမှာ ရေအနည်းငယ်ထည့်ပြီး အပူပေးပါ။ ရေတွေ စပြီး ဆူပွက်လာရင် အိုးထဲကို ပန်းကန်လုံးလေးတစ်လုံးထပ်ထည့်ပါ။
ပန်းကန်လုံးထဲကို shea butter လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားဖယောင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး အရည်ပျော်လာတဲ့ မွှေပေးပါ။ အဲဒီနောက် အုန်းဆီအနည်းငယ် ထပ်ထည့်လိုက်ပါ။ ပျစ်လာပြိဆိုရင် ချလိုက်လို့ရပါပြီ။ အအေးခံပြီးတဲ့နောက်မှာတော့ Lip mask အဖြစ် အသုံးပြုလို့ရပါပြီ။
၇။ ပျားရည်နဲ့ သကြား
ဒီ mask လေးကတော့ နှုတ်ခမ်းကို နူးညံ့ချောမွေ့စေပါတယ်။ သကြားထဲကို ပျားရည်အနည်းငယ်ထည့်ပြီး ရောမွှေပါ။ နှုတ်ခမ်းမှာ လိမ်းပြီး ၁၀ မိနစ်ကြာအောင် ထားပါ။ အဲဒီနောက် နှုတ်ခမ်းကို ရေနွေးနဲ့ ရေဆေးချပါ။
Tips
– Lip mask ကို အသုံးပြုတော့မယ်ဆိုရင် နှုတ်ခမ်းကို သေချာသန့်ရှင်းရေးလုပ်ပါ။
– Lip mask ကို နှုတ်ခမ်းကို လိမ်းထားပြီးနောက် နူးညံ့ခြောက်သွေ့တဲ့ဘရက်ရှ်နဲ့ ပွတ်တိုက်ပေးပါ
– နှုတ်ခမ်းမှာ လိမ်းပြီးနောက် နာကျင်ယားယံလာတယ်ဆိုရင်တော့ ဆက်မသုံးသင့်ပါဘူး။
Zombie (lovemedia)