မိဘများဟာ ၎င်းတို့ရဲ့အကောင်းဆုံးကိုလုပ်ဆောင်လေ့ရှိကြပြီး သားသမီးများဘဝ၌အကောင်းဆုံးများသာရရှိစေရန် အနစ်နာခံရန်ပင် ဆန္ဒရှိကြပါတယ်။ ကံမကောင်းစွာဘဲ သားသမီးအတော်များများဟာ ၎င်းတို့မိဘတွေရဲ့ကြိုးစားမှုနဲ့အနစ်နာခံမှုတွေကို အလားတူပြန်မပေးဆပ်တတ်ကြပါဘူး။
Guatemala နိုင်ငံ San Juan Cotzal မြို့မှအသက် ၇၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ သားဖြစ်သူရဲ့စွန့်ပယ်ခြင်းခံရပြီးနောက် သူမဟာလမ်းများပေါ်၌ နေထိုင်ဖို့အခြေအနေဖြစ်လာခဲ့ပါတယ်။ Catarina Raymundo အမည်ရှိအဆိုပါမိခင်အိုဟာ ယခုလိုဘဝမျိုးမကြုံခဲ့ရတဲ့ ယခင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူမမှာ အိမ်လိုခေါ်တဲ့နေရာတစ်ခုရှိပြီး တန်ဖိုးရှိတဲ့ပစ္စည်းများစွာကို ပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။
သို့သော် သူမ၏သားဖြစ်သူက နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုတွင် စာရင်းကိုင်ပညာသင်ယူရန်နှင့်သူ၏လေ့လာမှုအတွက်ငွေလိုအပ်လာတဲ့အခါ Catarina ဟာ သူမ၏အိမ်ကိုပေါင်နှံရန်အပေါင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ပြီး သားဖြစ်သူ၏လေ့လာမှုများအတွက် သူမပိုင်ဆိုင်မှုအားလုံးကိုပင် ရောင်းချခဲ့ပါတယ်။
သူမဟာ သားဖြစ်သူအတွက် အမေရိကန်တွင်ပညာဆည်းပူးပြီးနောက် Guatemala သို့ပြန်လာရန်မျှော်လင့်ချက်ဖြင့် အရာအားလုံးကိုပြီးပြည်စုံအောင်လုပ်ပေးခဲ့ပါတယ်။ သို့ပေမဲ့ ကံမကောင်းစွာဖြင့် သူမဟာ သားဖြစ်သူ အမေရိကန်ရောက်သွားပြီးကတည်းကပင် သားထံမှဘာသတင်းစကားမှမကြားခဲ့ရပါဘူး။
ထို့နောက် Catarina ဟာ သူမ၏ပေါင်နှံမှုသတ်မှတ်ချက်များကြောင့် လမ်းများပေါ်တွင်နေထိုင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ ကံကောင်းစွာနဲ့ ဒေသခံများနှင့် Alexander Cedillo အမည်ရှိအမျိုးသားအပါအဝင်က သူမရဲ့အခြေအနေကိုကြားသိခဲ့ရပြီးနောက် ရန်ပုံငွေစုဆောင်းကာ သူမအတွက် ခိုလှုံစရာအိမ်လေးတစ်လုံးကို ဆောက်လုပ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာ Catarina ဟာ လမ်းများပေါ်တွင်နေထိုင်စရာမလိုတော့ပေမဲ့ သားဖြစ်သူက ပစ်ပယ်သွားခဲ့သော်လည်း သူမဟာ သားဖြစ်သူက တစ်နေ့ပြန်လာမယ်လို့မျှော်လင့်ထားနေဆဲပါဘဲ။
Catarina က မိခင်တစ်ဦးပီပီခွင့်လွှတ်တတ်တဲ့စိတ်ကောင်းရှိသော်လည်း အင်တာနက်ကတော့ သားဖြစ်သူကို ဒေါသထွက်နေခဲ့ကြပြီး “ ဒါဟာတကယ့်ကိုဝမ်းနည်းစရာဇာတ်လမ်းပါပဲ ၊ ဒီလိုကိစ္စတွေငါကြားဖူးတာ ဒါပထမဆုံးမဟုတ်ဘူး ၊ မင်းအမေကိုဒီလိုအခြေအနေမျိုးမှာထားခဲ့ရဲတယ်ဆိုတော့ မင်းကအတော်ကိုကျေးဇူးကန်းတဲ့လူတစ်ယောက်ဖြစ်ရမယ်” ဟု လူတစ်ဦးကထိုကဲ့သို့မှတ်ချက်တစ်ခုပေးခဲ့ပါသေးတယ်။
သူ့သားကသူ့အမေကိုဘာလုပ်ခဲ့တယ်ဆိုတာသဘောပေါက်ပြီး အရမ်းမနောက်ကျခင်အိမ်ပြန်လာလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ နောက်ဆုံးတော့ မိခင်တစ်ယောက်ရဲ့မေတ္တာဟာဘယ်သူ့နဲ့မှမတူကွာခြားတဲ့မေတ္တာတစ်ခုပါဘဲ။