ၾကားသိရသမွ်

မန္တလေးမြို့လယ်ခေါင်မှာ အနုကြ မ်းစီးမှုဖြစ်၊ ကျူးလွန်သူ (၃)ဦး ဖမ်းမိ

မန္တလေးမြို့လယ်ခေါင်မှာ ဓားပြမှုဖြစ်၊ ကျူးလွန်သူ (၃)ဦး ဖမ်းမိ

MFP ၊ ဇူလိုင် – ၁၁

မန္တလေးမြို့ ၈၅(A)လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာ ဒီနေ့ ဇူလိုင်လ (၁၁)ရက် နေ့လယ်ပိုင်းက အနုကြမ်းစီးမှုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရပ်ဝတ်ထားတဲ့ လက်နက်ကိုင်တွေဟာ အဲဒီလမ်းမှာရှိတဲ့ စိန်သန့်စင်လုပ်ငန်းလုပ်တဲ့နေအိမ်ကို ဝင်လာပြီး သေနတ်တွေပြကာ ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖုန်းဆက်တိုက်တဲ့အတွက် စစ်အုပ်စုကရောက်လာပြီး ကျူးလွန်သူတွေကို ဖမ်းမိတယ်လို့ ဒေသခံတစ်ယောက်က MFP ကို ပြောပါတယ်။
“ သုံးယောက်မိထားတယ်၊ စခတွေ ခေါ်သွားကြပြီ “ လို့ သူက ဆိုပါတယ်။

ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာတော့ အဲဒီနေရာအနီးဝန်းကျင်က လမ်းတွေကို စစ်အုပ်စုက ပိတ်ထားပြီး စစ်ဆေးနေတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းကလည်း မန္တလေးမှာ နေအိမ်၊ ရွှေဆိုင်နဲ့ ဘဏ်တွေကို ယူနီဖောင်းဝတ် လက်နက်ကိုင်တွေက ဓားပြတိုက် အနုကြမ်းစီးတာ၊ လမ်းပေါ်သွားလာနေတဲ့ ကားတွေကို ယူနီဖောင်းဝတ်ထားတဲ့ လက်နက်ကိုင်တွေက တားဆီးပြီး ရွှေငွေရတနာ စတာတွေကို ယူဆောင်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနှစ်က မန္တလေးမြို့ပေါ်မှာ ရမ်းကားသောင်းကျန်းနေတဲ့ စစ်အုပ်စု/ ဓာတ်ပုံ – CJ