၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။
( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )
မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။
Credit – Shwe Nyar Thar
မကြာခင်ရောက်ရှိတော့မည့် ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။
ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ
ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်
၀ါဆိုလပြည့်နေ့ရာဇ၀င်
ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။
၀ါဆိုသင်္ကန်း
၀ါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
၀ါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာ၀င်တွေက လှူဒါန်းကြပါသည်။
ပြန်လည်ကူးယူ ဒါနပြုခြင်းဖြစ်ပါသည်။
Credit: 🙏🙏🙏 #မဟာဓမ္မ
Zawgyi
၀ါဆိုလျပည့္ေန႔ကို ဓမၼစၾကာ အခါေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ က်င္းပရျခင္းမွာ ထိုေန႔၌ ဓမၼစၾကာတရားေတာ္ကို ျမတ္စြာဘုရားက ေဟာၾကားေတာ္မူသည္ကို အေၾကာင္းျပဳ၍ က်င္းပရျခင္း ျဖစ္ပါသည္။
ဓမၼစၾကာ တရားေတာ္ကို ျမတ္စြာဘုရားသည္ အိႏၵိယႏိုင္ငံ ဗာရာဏသီျပည္ မိဂဒါဝုန္ေတာ၌ မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္ ဝါဆိုလျပည့္ေန႔ ေန၀င္လထြက္အခ်ိန္၌ ပၪၥ၀ဂၢီငါးဦးတို႔အား ဘုရားအျဖစ္ကို ၀န္ခံေသာအားျဖင့္ ေဟာၾကားေတာ္မူခဲ့ပါသည္။
ဓမၼစၾကာတရားေတာ္သည္ ဝိနည္းမဟာဝါပါဠိေတာ္၌ ပၪၥ၀ဂၢိယ ကထာ-အမည္ျဖင့္ လာရွိပါသည္။
ပဋိသမၻိဒါမဂၢ ပါဠိေတာ္၌ ဓမၼစကၠပ၀တၱန ဝါရ-အမည္ျဖင့္ လာရွိပါသည္။
မဟာ၀ဂၢသံယုတ္ ပါဠိေတာ္၌ ဓမၼစကၠပ၀တၱန သုတၱ-အမည္ျဖင့္ လာရွိပါသည္။
ဓမၼစကၠပ၀တၱန၏ အဓိပၸါယ္မွာ တရားတည္းဟူေသာ အသိစက္ကို ျဖစ္ေစ၊ လည္ေစေတာ္မူျခင္း-ဟု အဓိပၸါယ္ ရပါသည္။
(ဓမၼစကၠ=တရားေတာ္။ ပ၀တၱ=ျဖစ္ေစ၊ လည္ေစျခင္း။)
ဓမၼစၾကာတရားေတာ္သည္ သစၥာေလးပါးတရားကို ၫႊန္းဆိုေဟာၾကားေသာ ေဒသနာျဖစ္၍ ပိဋကသုံးပုံ၏ အႏွစ္ခ်ဳပ္တရားဟု ဆိုထိုက္ပါသည္။ ဓမၼစၾကာတရားေတာ္ကို စိစစ္သုံးသပ္ၾကည့္ပါလွ်င္ လမ္းစဥ္မွာ
(အစြန္း ၂-ခု) ကို ေရွာင္ၾကဥ္ေရး၊ မဇၩိမပဋိပဒါ လမ္းစဥ္မွန္ကို က်င့္သုံးေရးတို႔ကို ၫႊန္ၾကားထားၿပီး သစၥာေလးပါးတရားကို သိျမင္ေစရန္ ေဟာၾကားထားေသာေၾကာင့္ ဗုဒၶဝါဒ၏ တိက်ခိုင္မာေသာ သေဘာတရားကို ေတြ႕ျမင္ႏိုင္ပါသည္။
ဤကဲ့သို႔ အႏွစ္သာရပါရွိေသာ တရားျဖစ္၍ ဗုဒၶဘာသာ၀င္ ရဟန္းရွင္လူတို႔က ဓမၼစၾကာတရားေတာ္ကို အထူးပင္အာ႐ုံစိုက္၍ ႐ြတ္ဖတ္ သရဇၩာယ္ေတာ္မူၾကပါသည္။ အၿမိဳ႕ၿမိဳ႕ အ႐ြာ႐ြာ၌ ဓမၼစၾကာ အသင္းမ်ား ဖြဲ႕စည္းၿပီး ျပန္႔ပြားေအာင္ ေဆာင္႐ြက္လ်က္ရွိၾကပါသည္။
( ဝါဆိုလျပည့္ေန႔၏ ထူးျခားခ်က္မ်ား )
ျမန္မာ့႐ိုးရာ ၁၂-လရွိသည့္အနက္ ဝါဆိုလျပည့္ေန႔သည္-
၁။ ေဂါတမဘုရားေလာင္း ပဋိသေႏၶေနေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၂။ ေဂါတမဘုရားေလာင္း ေတာထြက္ေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၃။ ေဂါတမျမတ္စြာဘုရား ဓမၼစၾကာတရား စတင္ေဟာေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၄။ ေရမီးအစုံစုံတို႔ျဖင့္ တန္ခိုးျပာဋိဟာကို ျပေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၅။ ဘုရားအျဖစ္ကို ၀န္ခံေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၆။ တရားရတနာ စတင္ေပၚေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၇။ သံဃာရတနာ စတင္ေပၚေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၈။ ပုထုဇဥ္ခရီးမွ အရိယာခရီးသို႔ စတင္ ကူးေျပာင္းခြင့္ႀကဳံေသာေန႔ျဖစ္၍ ထူးျခားျခင္း။
၉။ ဧဟိ ဘိကၡဳ-ဟူေသာစကားကို စတင္ၾကားရေသာေန႔ျဖစ္၍ ထူးျခားျခင္း။
အထက္ေဖာ္ျပပါ ဝိေသသအေၾကာင္းမ်ားေၾကာင့္ ဗုဒၶဘာသာ၀င္ သူေတာ္စင္တို႔က ဤဝါဆိုလျပည့္ေန႔၌ ေက်ာင္းကန္ဘုရားသို႔ သြားေရာက္၍ ဝါဆိုပန္းမ်ား ကပ္လႉျခင္း၊ ဝါဆိုသကၤန္း လႉဒါန္းျခင္း၊ ဓမၼစၾကာတရားေတာ္မ်ားကို ႐ြတ္ဖတ္သရဇၩာယ္ျခင္းအားျဖင့္ ဝါဆိုလျပည့္ ဓမၼစၾကာ အခါေတာ္ေန႔-ကို ဆင္ႏႊဲ ျပဳလုပ္ၾကပါသည္။
Credit – Shwe Nyar Thar
မၾကာခင္ေရာက္ရွိေတာ့မည့္ ဝါဆိုလျပည့္ေန႔အေၾကာင္း သိေကာင္းစရာေလး မွ်ေဝလိုက္ပါတယ္။
ဝါဆိုလျပည့္ေန႔အေၾကာင္း သိေကာင္းစရာမ်ား
ဝါဆိုလျပည့္ဆိုတာ ျမန္မာေတြအတြက္ အေရးပါလွတဲ့ ေန႔ေလးတစ္ေန႔ပါ။ ေဂါတမျမတ္စြာဘုရား တရားဦးေဟာၾကားခဲ့ေသာ ဓမၼစၾကၤာတရားေၾကာင့္ ဗုဒၶအလင္းေရာင္ေတြ ထိန္လင္းခဲ့ပါသည္။ ဓမၼစၾကၤာ အခါေတာ္ေန႔ဟာ သစၥာေလးပါးနဲ႔ အမွန္တရားကို ေဟာျပ ခဲ့တဲ့ ေန႔ထူးေန႔ျမတ္ ျဖစ္ပါသည္
၀ါဆိုလျပည့္ေန႔ရာဇ၀င္
ဟိုးေရွးေရွးတုန္းက… ျမတ္စြာဘုရားလက္ထက္မွာ ရဟန္းသံဃာအမ်ားစုသည္ မိုးတြင္းကာလမွာ စိုက္ပ်ိဳးထားသည့္ စပါးခင္းမ်ားထဲကို ျဖတ္သန္းေလ့ရွိတာေၾကာင့္ စပါးခင္းေတြ ပ်က္ဆီးခဲ့ရပါသည္။ အဲဒီအေၾကာင္းကို ႐ြာသူ႐ြာသားမ်ားက ျမတ္စြာဘုရားကို တိုင္ၾကားၾကပါသည္။ ျမတ္စြာဘုရားသည္ စပါးပင္တဲ့စိုက္တဲ့အခ်ိန္ကေန စ၍ စပါးပင္ေတြ မွည့္တဲ့ အခ်ိန္ထိတိုင္ေအာင္.. ရဟန္းသံဃာမ်ားကို မိမိသီတင္းသုံးေနေသာေက်ာင္းမွ ဘယ္ေနရာကိုမွ ညအိပ္ညေနသြားခြင့္မရွိပဲနဲ႔မိမိေက်ာင္းမွာပဲ သီတင္းသုံးကာ တရားအားထုတ္ဖို႔ အခ်ိန္သုံးလသတ္မွတ္ခဲ့ပါသည္။ ထိုကာလကို ဝါတြင္းသုံးလလို႔ ေခၚပါသည္။ အဲဒါေၾကာင့္မို႔ဒီဝါတြင္း သုံးလအတြင္းမွာ ရဟန္းသံဃာမ်ားဟာ ဘယ္မွေဝးေဝးလံလံ မသြားဘဲနဲ႔ ကိုယ့္ေက်ာင္းမွာပဲ တရားေဒသနာမ်ားကို သင္ခ်အားထုတ္ ေလ့လာ ဆည္းပူးႏိုင္ပါသည္ လို႔ စည္ကမ္းသတ္မွတ္ခဲ့ပါသည္။
၀ါဆိုသကၤန္း
၀ါဆိုသကၤန္း- ဆိုတာ ဝါတြင္းကာလ(မိုးကာလ)၌ မိမိတို႔ေက်ာင္းအသီးသီးတြင္ သီတင္းသုံးေနထိုင္သည့္ သံဃာေတာ္မ်ားအား လႉဒါန္းသည့္သကၤန္းလို႔ ေျပာႏိုင္မယ္ထင္ပါသည္။ ဘုရားရွင္ ေဟာၾကားတဲ့ ပါဠိေတာ္မ်ားမွာ ဝါဆိုသကၤန္းကို ဝႆာဝါသိက သာဋိက-လို႔ ေဟာထားပါသည္။ ပါဠိအဂၤလိပ္အဘိဓာန္မွာေတာ့ a cloak for use in the rainy season- လို႔ဖြင့္ပါသည္။ တိပိဋက ပါဠိအဘိဓာန္က ဝႆာဝါသိက- မိုးကာလ၌ ေနေလ့ရွိေသာ ရဟန္း သာဋိက-အ၀တ္(သကၤန္း) – မိုးကာလ၌ မိမိတို႔ေက်ာင္းတြင္ ေနေလ့ရွိေသာရဟန္းတို႔အား ေပးလႉအပ္ေသာ သကၤန္းလို႔ ဖြင့္ပါသည္။
၀ါမဆိုမီကာလမွာ ဝါဆိုသကၤန္းကို ကပ္လႉေလ့ရွိသည္။ ဝါတြင္းကာလမွာ အရင္ကထက္ပိုလို႔ စာသင္စာခ်(ပရိယတ္) တရားထိုင္တရားျပ(ပဋိပတ္) လုပ္တဲ့သံဃာေတာ္ေတြကို ဝါဆိုသကၤန္းဆိုၿပီး ကြၽန္ေတာ္တို႔ ေထရဝါဒဗုဒၶဘာသာ၀င္ေတြက လႉဒါန္းၾကပါသည္။
ျပန္လည္ကူးယူ ဒါနျပဳျခင္းျဖစ္ပါသည္။
Credit: 🙏🙏🙏 #မဟာဓမၼ



