ဗဟုသုတ

“ဥပုသ္ ေစာင့္တိုင္း ကုသိုလ္မရႏိုင္တဲ့ အေၾကာင္းအရင္း (သို႔) ငရဲသြားမယ့္ ဥပုသ္သည္မ်ားအေၾကာင္း”

ငရဲကိုသြားမဲ့ ဥပုသ္သည္ ဖတ္ၾကည့္ေနာ္…

တစ္ခါတုန္းကတာဝတႎသာနတ္ျပည္က နတ္သမီးေလးတစ္ပါးဟာလူ႔ျပည္ကို နတ္မ်က္စိနဲ႔ ၾကည့္မိသတဲ့။

အဲဒီလိုၾကည့္မိတဲ့အခါ လူ႔ျပည္မွာ ဝါတြင္းကာလျဖစ္တာမို႔ လူေတြအမ်ားႀကီး ဥပုသ္ေစာင့္ၾကတာကိုေတြ႕ရတာေပါ့။

အဲဒီအခါ နတ္သမီးေလးက သိၾကားမင္းႀကီးကို အရွင္သိၾကားမင္း လူ႔ျပည္မွာ လူေတြဒီေလာက္ ဥပုသ္ေစာင့္ၾကရင္ သူတို႔ကြယ္လြန္တဲ့အခါ နတ္ျပည္ေရာက္ၾကမွာမို႔နတ္ျပည္မွာ ေနစရာမွ ရွိပါဦးမလားလို႔ေလွ်ာက္ထားလိုက္ပါတယ္။

သိၾကားမင္းက တရားေတာ္နဲ႔အညီ ဥပုသ္ေစာင့္တတ္မွကုသိုလ်က ရတာ။ကုသိုလ္ရမွ နတ္ျပည္ေရာက္ႏိုင္တာ။ဥပုသ္ေစာင့္တိုင္း နတ္ျပည္ေရာက္ႏိုင္တာ မဟုတ္ဘူး။

သင္မယုံၾကည္ရင္ လူေတြ ဥပုသ္ေစာင့္တတ္ မေစာင့္တတ္နဲ႔ ဥပုသ္ေစာင့္တဲ့သူေတြထဲက နတ္ျပည္ေရာက္ႏိုင္တဲ့သူ ပါ မပါကို ငါလက္ေတြ႕ျပမယ္လို႔ နတ္သမီးေလးကို ေျပာလိုက္ပါတယ္။

အဲဒီေနာက္ သိၾကားမင္းဟာ မိမိကိုယ္ကို အသက္(၆ဝ)ေက်ာ္ အဘိုးႀကီးအသြင္ ဖန္ဆင္းလိုက္ၿပီး နတ္သမီးေလးကိုေတာ့ (၁၆)ႏွစ္အ႐ြယ္ အပ်ိဳမေလးလိုဖန္ဆင္းကာ လူ႔ျပည္ကို ဆင္းသက္လိုက္တယ္။

လူ႔ျပည္ေရာက္တဲ့အခါ ဥပုသ္သည္ေတြ စုေဝးေနတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းေတြနဲ႔ ဇရပ္ေတြဘက္ကို စုံတြဲခုတ္ၿပီး သြားလာ လည္ပတ္ၾကသတဲ့။

အဲဒီအခါ ဇရပ္တစ္ေဆာင္ေပၚမွာ အမ်ိဳးသမီးတစ္စုဟာ ဥပုသ္ေစာင့္တယ္ဆိုၿပီး စုေဝးဝိုင္းဖြဲ႕ကာ သူမ်ားအတင္းေတြ ေျပာေနၾကပါတယ္။

အဲဒီအနားကို လူေယာင္ဖန္ဆင္းထားတဲ့ သိၾကားမင္းတို႔စုံတြဲ ေရာက္သြားတဲ့အခါ ဇရပ္ေပၚက အမ်ိဳးသမီးတစ္စုက (၁၆)ႏွစ္အ႐ြယ္ သမီးပ်ိဳေလးကို…

ဟဲ့သူငယ္မ ညည္းနဲ႔အဘိုးႀကီး ဘာေတာ္သလဲ-? ညည္းအေဖလား ေယာက္်ားလား လို႔ စပ္စပ္စုစု ေမးၾကသတဲ့။

မိန္းမပ်ိဳေယာင္ေဆာင္ထားတဲ့ နတ္သမီးက အဘိုးႀကီးဟာ ကြၽန္မရဲ႕ခင္ပြန္းပါရွင္ လို႔ ေျဖတဲ့အခါ…

ဥပုသ္ေစာင့္တဲ့ အမ်ိဳးသမီးေတြက ေမးေငါ့ၿပီး ၾကည့္စမ္းပါဦးေတာ္ ႐ုပ္ရည္ကေလး သနားကမား ပ်ိဳပ်ိဳ႐ြယ္႐ြယ္ ကေလးနဲ႔ ဒီေသခါနီး အဘိုးႀကီးကိုပဲ ယူရသလား။

တကယ္ဆိုရင္ ႐ြယ္တူတန္းတူ ယူေရာေပါ့ေအ။ ဟိုအဘိုးႀကီးကလည္း ေသခါနီးမွ ရိကၡာယူရတယ္လို႔။ ႏြားအိုျမက္ႏုႀကိဳက္ဆိုတာ ဒါမ်ိဳးေပါ့ လို႔တစ္ေယာက္တစ္ေပါက္ အတင္းေျပာၾကသတဲ့။

အဲဒီကေန ေနာက္တစ္ေနရာကို ေရာက္သြားတဲ့အခါ အမ်ိဳးသားေတြစုၿပီးေနတဲ့ ေက်ာင္းေဆာင္တစ္ခုအနားကိုေရာက္သြားတယ္။

အဲဒီအနားကို သူတို႔စုံတြဲ ေရာက္သြားတယ္ဆိုရင္ပဲ ေယာက္်ားေတြက ၾကည့္စမ္းေဟ့ မလိုက္တဲ့စုံတြဲကြာ။ အဘိုးႀကီးကလည္း မေခဘူးေနာ္။

ေကာင္မေလးကို မုန္႔ေပးၿပီးႀကိဳက္တာေနမွာ။ ေကာင္မေလးကေတာ့ ကံဆိုးတာပဲ။မၾကာခင္မွာ မုဆိုးမ ျဖစ္ေတာ့မယ္။

ေဟ့ေကာင္ေတြ ေကာင္မေလး မုဆိုးမျဖစ္သြားရင္ တို႔သြားၿပီး တန္းစီၾကရင္ မေကာင္းဘူလား လို႔ မၾကားတၾကား သေရာ္ၾကသတဲ့။

အဲဒီေက်ာင္းေဆာင္ဘက္က ထြက္ၿပီးေနာက္ ေရအိုးစင္ တစ္ခုနားကို ေရာက္သြားတယ္။ အဲဒီေရအိုးစင္နားမွာ အဘြားအိုတစ္ဦးဟာဘယ္သူနဲ႔မွ် စကားမေျပာပဲမ်က္စိမွိတ္ၿပီး စိပ္ပုတီးကိုပဲ အသာစိပ္ေနသတဲ့။

မိန္းမပ်ိဳေယာင္ေဆာင္ထားတဲ့ နတ္သမီးေလးက အဘြားအိုနားကို သြားၿပီး အဘြား ဒီေရအိုးစင္မွာ ေရရွိသလား-? ကြၽန္မခင္ပြန္း ေရဆာေနလို႔ပါရွင္ လို႔ ခြင့္ေတာင္းတဲ့အခါ

အဘြားအိုက ရွိပါတယ္ သူငယ္မရယ္။ သေဘာရွိ ေသာက္ပါ။ကုသိုလ္လိုခ်င္လို႔ အဘြားကိုယ္တိုင္ ခပ္ထားတာပါ လို႔ ေျပာပါတယ္။

ၿပီးေတာ့မွ အဘိုးႀကီးေယာင္ေဆာင္ထားတဲ့ သိၾကားမင္းကို တစ္ခ်က္ေလာက္ ၾကည့္လိုက္ၿပီး ေၾသာ္ေမာင္ႀကီးက သူငယ္မရဲ႕ ခင္ပြန္းသည္ကိုး။

ဒီလိုပဲေပါ့ ေရွးကေရစက္ဆိုတာ အမ်ိဳးမ်ိဳးဆုံစည္းရတာပဲ။စိတ္ေကာင္းေကာင္းထားၿပီး ဖခင္နဲ႔တူေသာ ခင္ပြန္းရယ္လို႔ သေဘာထားရမွာပဲ။

႐ို႐ိုေသေသျပဳစုေပါ့ကြယ္ လို႔ ဆုံးမစကားေျပာပါတယ္။အဲဒီေနာက္ေတာ့ သိၾကားမင္းနဲ႔ နတ္သမီးေလးတို႔ဟာ နတ္ျပည္ကိုျပန္သြားသတဲ့။

နတ္ျပည္ေရာက္တဲ့အခါ သိၾကားမင္းက ကိုင္းဘယ့္ႏွယ့္ရွိစ။လူ႔ျပည္မွာ ဥပုသ္ေစာင့္တဲ့ သူေတြကေတာ့မ်ားပါရဲ႕။အမ်ားစုက ေစတနာမသန္႔ၾကဘူး။႐ိုး႐ိုးသားသားကုသိုလ္လိုလားၿပီး ဥပုသ္ေစာင့္တဲ့သူကနည္းတယ္။

ဒါေၾကာင့္ အခု ဥပုသ္ေစာင့္တဲ့သူေတြထဲမွာ ေနာက္ဆုံးေတြ႕တဲ့ အဘြားအိုတစ္ေယာက္ပဲ နတ္ျပည္ေရာက္လိမ့္မယ္။က်န္တဲ့လူေတြကေတာ့ ထုံးစံအတိုင္း ေအာက္ျပည္သြားၾကရမွာပဲ လို႔နတ္သမီးေလးကို ေျပာျပပါတယ္။

ဥပုသ္ေစာင့္ျခင္းရဲ႕ အသြင္သဏၭာန္နဲ႔ အႏွစ္သာရ မတူ ကြဲျပားပုံကို ခြဲျခား ေဖာ္ျပလိုတာပါ။အႏွစ္သာရမပါတဲ့ အသြင္သဏၭာန္ဆိုတာ တကယ္ေတာ့ အကာသက္သက္ပါပဲ။

မူရင္း-Credit ေမတၱာျဖင့္

Uncode,

ငရဲကိုသွားမဲ့ ဥပုသ်သည် ဖတ်ကြည့်နော်…

တစ်ခါတုန်းကတာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာလူ့ပြည်ကို နတ်မျက်စိနဲ့ ကြည့်မိသတဲ့။

အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ဝါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကိုတွေ့ရတာပေါ့။

အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို အရှင်သိကြားမင်း လူ့ပြည်မှာ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့နတ်ပြည်မှာ နေစရာမှ ရှိပါဦးမလားလို့လျှောက်ထားလိုက်ပါတယ်။

သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှကုသိုလျက ရတာ။ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။

သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါ မပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကို ပြောလိုက်ပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆ဝ)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလိုဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။

လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို စုံတွဲခုတ်ပြီး သွားလာ လည်ပတ်ကြသတဲ့။

အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေးဝိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြပါတယ်။

အဲဒီအနားကို လူယောင်ဖန်ဆင်းထားတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်အရွယ် သမီးပျိုလေးကို…

ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ-? ညည်းအဖေလား ယောက်ျားလား လို့ စပ်စပ်စုစု မေးကြသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင် လို့ ဖြေတဲ့အခါ…

ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး ကြည့်စမ်းပါဦးတော် ရုပ်ရည်ကလေး သနားကမား ပျိုပျိုရွယ်ရွယ် ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။

တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။ ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့ လို့တစ်ယောက်တစ်ပေါက် အတင်းပြောကြသတဲ့။

အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကိုရောက်သွားတယ်။

အဲဒီအနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။

ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။

ဟေ့ကောင်တွေ ကောင်မလေး မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား လို့ မကြားတကြား သရော်ကြသတဲ့။

အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာဘယ်သူနဲ့မျှ စကားမပြောပဲမျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဘွားအိုနားကို သွားပြီး အဘွား ဒီရေအိုးစင်မှာ ရေရှိသလား-? ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင် လို့ ခွင့်တောင်းတဲ့အခါ

အဘွားအိုက ရှိပါတယ် သူငယ်မရယ်။ သဘောရှိ သောက်ပါ။ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ လို့ ပြောပါတယ်။

ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက် ကြည့်လိုက်ပြီး သြော်မောင်ကြီးက သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။

ဒီလိုပဲပေါ့ ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။

ရိုရိုသေသေပြုစုပေါ့ကွယ် လို့ ဆုံးမစကားပြောပါတယ်။အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။

နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက ကိုင်းဘယ့်နှယ့်ရှိစ။လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့။အများစုက စေတနာမသန့်ကြဘူး။ရိုးရိုးသားသားကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူကနည်းတယ်။

ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ကျန်တဲ့လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ လို့နတ်သမီးလေးကို ပြောပြပါတယ်။

ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရ မတူ ကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။အနှစ်သာရမပါတဲ့ အသွင်သဏ္ဌာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။

မူရင်း-Credit မေတ္တာဖြင့်