” မြန်မာကုန်းမြေထုငယ် မြောက်ဘက်ကို တက်နေပြီလား? ”
ကျွန်တော်တင်ပြထားတဲ့ ပထမနဲ့ ဒုတိယမြေပုံကလေးတွေကိုကြည့် ကြည့်ပါ.မုတ္တမပင်လယ်ကွေ့ရဲ့ အောက်နားမှာ မျှား
လေးတွေက — အပေါ်ဖက်ကို တစ်ချို့က ပြထားပြီး …..- အောက်ဖက်ကို တစ်ချို့ပြနေတဲ့ နေရာလေးကို တွေ့
မှာပါ ……အဲဒီနေရာလေးကို -” Adaman Spreading Zone လို့ ခေါ်ပါတယ် “.ဆိုလိုတာက –
” အဲဒီနေရာကို ဗဟိုပြုပြီး ဟိုဘက်ဒီဘက် ပျံကားထွက်လာတဲ့ နေရာပေါ့ “.ဆိုလိုတဲ့သေဘာက –
” မြန်မာကုန်းမြေထုငယ် – Burma Microplate ကို မြောက်ဖက်ကို တွန်းတင်ပေးနေတဲ့ နေရာပေါ့ ”
လွန်ခဲ့တဲ့ (၁)ရက်(၂)ရက်လောက်က အဲဒီနေရာတွေမှာ ငလျင်တွေ အကြိမ်ကြိမ် လှုပ်ခဲ့တယ်.
အဓိပ္ပါယ်ဖေါ်လို့ ရတာက –
” အဲဒီနေရာမှာ မြေတွင်းလှုပ်ရှားမှုတွေကြောင့် ပြန့်ကားမှုတွေ သိသိသာသာ ဖြစ်လာနေတယ် “…..ဆိုတာပါ…..
ဒါဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ?
ရှင်းပြပါရစေ .Burma Microplate ရဲ့ — အရှေ့ဘက်နယ်နမိတ်သည် စစ်ကိုင်းပြတ်ရွေ့
– အနောက်ဘက်နယ်နမိတ်သည် ရခိုင်ကမ်းမြောင်ဒေသရဲ့ ပင်လယ်အောက်အစပ်နားလေးမှာရှိတဲ့ မြန်မာနိုင်ငံရဲ့
အနောက်ဘက်တိုးဝင်ပြတ်ရွေ့ – Western Subduction Fault ……ဖြစ်ပါတယ်
ဒီတော့ Adaman Spreading Zone ကနေ မြောက်ဘက်သို့ တွန်းတင်လိုက်သော အားများသည် –
– စစ်ကိုင်းပြတ်ရွေ့မှာရော – Western Subduction Fault အပေါ်မှာရော
” ရွေ့လျားမှုတွေ ဖြစ်ပေါ်လာနိုင်မှာပါ “ဒီတော့ ဒီနေရာတွေမှာ –
” ငလျင်တွေ လှုပ်လာနိုင်တယ် “လို့ မှန်းဆလို့ ရလာပါတယ်မကြာမှီက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ပြန်
စဉ်းစားကြည့်ကြရအောင်ပါ –
– USGS ကနေပြီး မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေ လှုပ်လာနိုင်ပါတယ်ဆိုပြီး သတိပေးခဲ့ဘူးပါတယ်…ကမ္ဘာ့တိုက်ကြီး
တွေ ရွေ့လျားမှုအပေါ် အခြေခံပြီး ပြောတာပါ- ငွေဆောင်မှာ ရေနက်ငါးတွေ တက်လာတယ်
– ချောင်းသာမှာ ရေနက်ငါးတွေ တက်လာတယ်.- ရမ်းဗြဲ/ မာန်အောင်ဘက်မှာ သန္တာကျောက်တန်းတွေ
ရေမျက်နှာပြင်နားကို ကပ်လာတယ် ……ဒီအထောက်အထားတွေအရ –
– Western Subduction Fault ဘက်မှာ လှုပ်ရှားမှုတွေ ရှိနေတယ်…..
– ဒါကြောင့် ကမ်းရိုးတန်းက မြို့/ ရွာများအနေနဲ့ – – ငလျင်အပြင် …. ဆူနာမီကို ဂရုပြုသင့်ကြောင်းပါ.ဒါဆိုရင်
” စစ်ကိုင်းပြတ်ရွေ့ဘက်မှာရော ဘယ်လို ဖြစ်လာနိုင်သလဲ? “…….ဖြစ်လာနိုင်က –
” ၂၀၂၈ ခုနှစ်တဝိုက်မှာ လာမဲ့ ပဲခူးငလျင်သည် စောပြီး လာနိုင်တယ် “.လို့ မှန်းဆလို့ ရပါတယ်ယခုတင်ပြချက်တွေက –
” လတ်တလောဖြစ်ပေါ်နေတဲ့ အထောက်အထားတွေအပေါ် မူတည်ပြီး မှန်းဆချက်များ ဖြစ်ပါတယ် “……..
မှန်းဆချက်တွေအရ –
” ငလျင်တွေနဲ့ ပတ်သက်ပြီးမြန်မာလူထုအနေနဲ့ သတိရှိကြရမဲ့ အချိန်ကို ရောက်နေပြီ “.လို့ သတိပေးရင်း –
” ငလျင်ဒါဏ်မှ လျော့ပါးရေး – Earthquake Risk Reduction တွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ပါ ခင်ဗျာ
Credit – Cherry Thitsar
Zawgyi Version
မှန်းဆချက်တွေအရ –
Credit – Cherry Thitsar