သြစတြေးလျနိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ ကြက်ခြံပိုင်ရှင်တစ်ဦးကတော့ သူ့ရဲ့လက်လောက်အရွယ်အစားရှိတဲ့ ကြက်ဥတစ်လုံးကို တွေ့လိုက်ရလို့ အတော်လေးအံ့အားသင့်ခဲ့ရပါတယ် ။ Scott Stockman အမည်ရှိတဲ့ ကြက်ခြံပိုင်ရှင်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့သတ်မှတ်ရလောက်တဲ့ ကြက်ဥကို Zippy အမည်ရှိတဲ့ ကြက်ဥကောက်သမားက လာရောက်အပ်နှံခဲ့တာပါ ။

အဆိုပါကြက်ဥရဲ့ အလေးချိန်မှာ 176 gရှိပြီး ၊အခြားကြက်ဥတွေရဲ့အရွယ်အစားထက် 3ဆခန့်ကြီးနေကြောင်းသိရှိရပါတယ် ။အဆိုပါကြက်ဥကိုတွေ့ရှိတော့ အခြားအလုပ်သမားတွေလည်း ထူးဆန်းလို့ အကုန်လုံးဝိုင်အုံကြည့်ခဲ့ကြပါတယ် ။ထို့နောက် အဆိုပါကြက်ဥကိုဖောက်ခဲ့ချိန်မှာတော့အထဲမှာနောက်ထပ်ကြက်ဥတစ်လုံးရှိနေတာကို မယုံကြည်နိုင်လောက်အောင် ထပ်မံတွေ့ရှိခဲ့ရပြန်ပါတယ် ။ ဒီလိုဖြစ်ရပ်မျိုးဟာ တစ်သက်မှာတစ်ခါကြုံတွေ့ဖို့ မလွယ်ကူနိုင်တဲ့ဖြစ်ရပ်မျိုးပါ ။

အဆိုပါကြက်ခြံမှာ ကြက်အကောင်ရေပေါင်း 3000 ခန့်ရှိလို့ ဘယ်ကြက်မကဥခဲ့တာလည်းဆိုတာကိုမသိနိုင်ခဲ့ပါဘူး ။အဆိုပါကြက်ဥဟာစားသောက်လို့ရကြောင်း ၊ မည်သည့်ဆိုးကျိုးမျှမရှိကြောင်းလည်း ဖော်ပြသွားခဲ့ပါတယ် ။
Zawgyi
သြစတြေးလျနိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ ကြက်ခြံပိုင်ရှင်တစ်ဦးကတော့ သူ့ရဲ့လက်လောက်အရွယ်အစားရှိတဲ့ ကြက်ဥတစ်လုံးကိုတွေ့လိုက်ရလို့ အတော်လေးအံ့အားသင့်ခဲ့ရပါတယ် ။ Scott Stockman အမည်ရှိတဲ့ ကြက်ခြံပိုင်ရှင်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ သတ်မှတ်ရလောက်တဲ့ ကြက်ဥကို Zippy အမည်ရှိတဲ့ ကြက်ဥကောက်သမားက လာရောက်အပ်နှံခဲ့တာပါ ။

အဆိုပါကြက်ဥရဲ့ အလေးချိန်မှာ 176 g ရှိပြီး ၊အခြားကြက်ဥတွေရဲ့အရွယ်အစားထက်3ဆခန့်ကြီးနေကြောင်းသိရှိရပါတယ်။အဆိုပါကြက်ဥကိုတွေ့ရှိတော့ အခြားအလုပ်သမားတွေလည်း ထူးဆန်းလို့ အကုန်လုံးဝိုင်အုံကြည့်ခဲ့ကြပါတယ် ။ထို့နောက်အဆိုပါကြက်ဥကို ဖောက်ခဲ့ချိန်မှာတော့အထဲမှာနောက်ထပ်ကြက်ဥတစ်လုံးရှိနေတာကို မယုံကြည်နိုင်လောက်အောင် ထပ်မံတွေ့ရှိခဲ့ရပြန်ပါတယ် ။ ဒီလိုဖြစ်ရပ်မျိုးဟာ တစ်သက်မှာတစ်ခါကြုံတွေ့ဖို့ မလွယ်ကူနိုင်တဲ့ဖြစ်ရပ်မျိုးပါ ။

အဆိုပါကြက်ခြံမှာ ကြက်အကောင်ရေပေါင်း 3000 ခန့်ရှိလို့ ဘယ်ကြက်မက ဥခဲ့တာလည်းဆိုတာကို မသိနိုင်ခဲ့ပါဘူး ။ အဆိုပါကြက်ဥဟာ စားသောက်လို့ရကြောင်း ၊ မည်သည့်ဆိုးကျိုးမျှမရှိကြောင်းလည်း ဖော်ပြသွားခဲ့ပါတယ် ။
crd



