– ငလျင်နဲ့ပတ်သက်လို့ NGO အနေနဲ့ မြန်မာနိုင်ငံ ငလျင်ကော်မတီ – Myanmar Earthquake Committee (MEC ) ဆိုတာ ရှိတယ်။
MEC မှာ –
– ဘူမိဗေဒပညာရှင်တွေ
– အင်ဂျင်နီယာတွေ
– ငလျင်လှိုင်းပညာရှင် – Seismologist တွေ ပါဝင်ဖွဲ့စည်းထားတယ်
ငလျင်ဟာ -” ခန့်မှန်းလို့ မရဘူး “.မှန်ပါတယ်…ဒါပေမဲ့ ” မှန်းဆလို့ ရတယ် ”
အခုလဲ ကျွန်တော်တို့နားတဝိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်နေတယ်
ဒီတော့ ၉၈ နှစ်ကို တစ်ကြိမ်ပြန်လာလေ့ရှိတဲ့ ပဲခူးငလျင်ကို ပြန်လာတော့မယ်လို့ မှန်းဆနိုင်ပါတယ်
( အတိတ်က ငလျင်တွေကို Carbon Dating လုပ်ပြီးတွက်ချက်ရာက ရလာတဲ့ Result ပါ )
နောက်ဆုံးအကြိမ်က ၁၉၃၀ခုနှစ်မှာ လှုပ်သွားတာဆိုတော့ ၂၀၂၈ ခုနှစ်မှာ နောက်တကြိမ် ပြန်လာမဲ့ သဘော
ငလျင်ဆိုတာက နေ့/ လ/ ရက်/ နှစ်အတိအကျ ပြန်လာတာမဟုတ်လို့ ( + or – 98 yrs ) လို့ ပြောရပါတယ်
ဒါကြောင့် ၂၀၂၈ တဝိုက်လို့ မှန်းဆကြတာပါ.” အခုလဲ ၂၀၂၈ တဝိုက်လို့ဆိုရင် မမှားဘူး မဟုတ်ပါလား? “
ပဲခူးငလျင်လှုပ်ရင် သက်ရောက်ခံရမဲ့နယ်မြေက ” ပဲခူး – ရန်ကုန် – ခရမ်း/ သုံးခွနယ်မြေ ”
Energy Accumulation Time – လှုပ်ဖို့ဘအင်အားစုဆောင်းချိန်အရ လှုပ်မဲ့ အင်အားသည် > ၇.၃ လို့ မှန်းဆ
လို့ ရနေပါပြီ ဆိုလိုခ်င္တဲ့ သေဘာက -” မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးနဲ့ စီးပွားရေးအရ အချက်အချာ အကျဆုံး
နေရာကို ငလျင်က ထိုးနှက်လာတယ် “လို့ တွက်ဆလို့ ရပါတယ်ဒီနေရာမှာ ကျွန်တော်ပြောချင်တာက –
” လူတွေကို ကြောက်လန့်အောင် အတင်းခြိမ်းခြောက်နေတာလဲ မဟုတ်ပါဘူး ”
ကိုယ်လေ့လာကျင်လည်ခဲ့ဘူးတဲ့ ပညာရပ်ဆိုင်ရာနယ်ပါယ်က အတွေ့အကြုံအရ သတိပေးရုံ သက်သက်ပါ.
ငလျင်ဒါဏ်မှ လျော့ပါးရေး – Earthquake Risk Reduction “တိတိပပ ပြောကြကြေးဆိုရင် –
– ငလျင်လှုပ်တာနဲ့ပတ်သက်လို့ တာဝန်ရှိတာ မိုး/ဇလ အလုပ်ပါ.
– ငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေးတွေကြတော့ လူ/ကယ်/ပြန် ဝန်ကြီးဌာနရဲ့တာဝန် ဆက်ပြီး အလုပ်လုပ်ကြရမှာက –
– မိုး/ဇလ ဦးစီးဌာန- လူ/ကယ်/ပြန် ဝန်ကြီးဌာန – မြန်မာနိုင်ငံ ငလျင်အသင်း ( MEC ) တို့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပြီး
— ရန်ကုန်မြို့တော်ဝန်. ပဲခူးမြို့တော်ဝန်…တို့နဲ့ တိုင်ပင် အကောင်အထည်ဖေါ်ကြဖို့ပါ ခင်ဗျာ
” ကြိုတင်ပြီး လျော့ပါးရေးအစီအမံများ ညှိနှိုင်း ဆောင်ရွက်ထားကြဖို့ပါ “.ခင်ဗျာ။
Credit – Tun Kyaw
============
zawgyi,
MEC မှာ –
– ဘူမိဗေဒပညာရှင်တွေ
– အင်ဂျင်နီယာတွေ
Credit – Tun Kyaw