မုန့်ဘူးတွေ ကင်မရာဘူးတွေ ဖိနပ်ဘူးတွေထဲမှာ Silica Gel Bags လို့ခေါ်တဲ့ ဂျယ်လီလို အလုံးလေးတွေ အစေ့လေးတွေပါတဲ့ အိတ်လေးကို တွေ့ဖူးကြမှာပါ။ဒီအထုပ်လေးတွေကို တွေ့တာနဲ့ အသုံးမလို လောက်ဘူး အန္တရာယ်ရှိမလားမသိဘူးဆိုပြီး လွှင့်ပစ်လိုက်ကြပါတယ်။
တကယ်တမ်းမှာတော့ ဒီအိတ်လေးတွေက အရမ်းကို အသုံးဝင်ပါတယ်။သူဟာ ဆီလီကွန်ဒိုင်အောက်ဆိုက်ဒ်ဖြစ်ပြီး ဆီလီကွန်ဒိုင်အောက်ဆိုဒ်ဟာ ဘေးနားက အရာဝတ္ထုတွေကို ခြောက်သွေ့နေစေတာဖြစ်ပါတယ်။ ဒါဟာ အဆိပ်မဟုတ်ပါဘူး။ဒါပေမဲ့ ကလေးတွေကိုတော့ မထိတွေ့စေ ခိုင်းသင့်ပါဘူး။ ကောက်စားလိုက်တာမျိုး ဖြစ်မှာစိုးလို့ပါ။
Silica Gel Bags လို့ခေါ်တဲ့ ဒီအိတ် လေးတွေရဲ့ အသုံးဝင်ပုံက အံ့မခန်းပါပဲ။
(၁) ကိုယ့်ရဲ့ Gym ပစ္စည်းအသုံးအဆောင် ထည့်တဲ့အိတ်ထဲကို ထည့်ထားရင်, ဗက်တီးရီးယားနဲ့ မှိုပေါက်ဖွားခြင်း မရှိအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ အနံ့ဆိုးတွေကိုလည်း ပျောက်ကင်းစေပါတယ်။
(၂) ဖုန်းကို မတော်တဆ ရေထိသွားရင် ဒီအထုပ်လေးတွေ ကူနိုင်ကယ်နိုင်ပါတယ်။ သူက ဆန်ထဲမှာ ထားတာထက်တောင် ပိုစွမ်းပါသေးတယ်။ ဒီအထုပ်လေးတွေအများကြီးကို ခွက်ထဲထည့်ပြီး ဖုန်းကိုထားလိုက် ပါ။ စိုထိုင်းမှုကို အလျင်မြန်ဆုံးစုပ်ယူလိုက်နိုင်ပါတယ်။
(၃) ဓာတ်ပုံဟောင်းတွေကိုလည်း မပျက်စီးစေဖို့ ကယ်တင်နိုင်ပါသေးတယ်။ ဓာတ်ပုံအဟောင်းတွေကို ဘူးတစ်ခုထဲမှာသိမ်းထားတယ်ဆိုရင် အဲဒီဘူးထဲကို ဒီအိတ်လေးတွေ ထည့်ထားလိုက်ပါ။ ဓာတ်ပုံတွေ ဆေးကွာ ပူးကပ်ပြီးပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(၄) သူ့ကို ကားမှန်အောက်ခြေ ကားဒတ်ရှ် ဘုတ်ပေါ် တင်ထားမယ်ဆိုရင်လည်း မြူတွေ နှင်းတွေကြောင့် ကားမှန်စိုစွတ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
(၅) ကင်မရာအိတ်ထဲ ထည့်ထားမယ်ဆိုရင် လည်း ကင်မရာကို ခြောက်သွေ့စွာ သိမ်းဆည်း ထားနိုင်မှာပဲဖြစ်ပါတယ်။
(၆) မုတ်ဆိတ်ရိတ်ဓားတွေကို ကြာရှည် ထက်မြနေစေချေင်ရင် ဒီအိတ်လေးတွေကို သုံးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေ ထားတဲ့နေရာမှာ ဒီအိတ်လေးတွေကိုထားပေးမယ်ဆိုရင် အစိုဓာတ်တွေကို စုပ်ယူပေးပြီး မုတ်ဆိတ် ရိတ်ဓားတွေ တာရှည်ခံစေဖို့ ကူညီပေးပါတယ်။
(၇) ခရီးဆောင်အိတ်ထဲမှာ ထည့်သွားမယ်ဆို ရင်လည်း အနံ့အသက်ကင်းပြီး ခြောက်သွေ့မှု ရှိနေစေမှာ ဖြစ်ပါတယ်။
(၈) သူက ရွှေထည်ငွေထည်ပစ္စည်းတွေကို လည်း အရောင်မလွင့်အောင် ကာကွယ်နိုင်တာမို့ လက်ဝတ်ရတနာ သိမ်းတဲ့နေရာမှာလည်း သူ့ကို သုံးနိုင်ပါတယ်။
(၉) သစ်စေ့တွေ မျိုးစေ့တွေကို ခြောက်ခြောက် သွေ့သွေ့ သိမ်းဆည်းရမယ်ဆိုရင်လည်း လေလုံတဲ့ဘူးထဲမှာ ဒီအိတ်လေးတွေကို ထည့်ပြီး သိမ်းဆည်းပေးနိုင်ပါတယ်။
(၁၀) စက္ကူနဲ့အခြားသော စာရွက်စာတမ်း တွေကို မှိုတက်ပျက်စီးတာမျိုး မဖြစ်စေဖို့ စာရွက်တွေ သိမ်းဆည်းတဲ့နေရာမှာ ဒီအထုပ်လေးတွေကို ထားပေးလို့ရပါတယ်။
(၁၁) ဆေးဘူးတွေနဲ့ မုန့်ဘူးတွေထဲမှာ ဒီအထုပ်လေးတွေကို ထားသိုတယ်ဆိုတာက အစိုပြန်မှုကိုကာကွယ်စေဖို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့သောက်ဆေးတွေ အားဆေးတွေကို ဒီအထုပ်လေးတွေနဲ့ အတူသိမ်းဆည်းလို့ရပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ သူ့ကို လွှင့်မပစ်ဘဲ ဘယ်လိုအကျိုးရှိရှိသုံးလို့ရမလဲဆိုတာ သိသွားကြပြီထင်ပါတယ်နော်။
Credit – မူရင်း
[zawgyi]
မုန့်ဘူးတွေ ကင်မရာဘူးတွေ ဖိနပ်ဘူးတွေထဲမှာ Silica Gel Bags လို့ခေါ်တဲ့ ဂျယ်လီလို အလုံးလေးတွေ အစေ့လေးတွေပါတဲ့ အိတ်လေးကို တွေ့ဖူးကြမှာပါ။ဒီအထုပ်လေးတွေကို တွေ့တာနဲ့ အသုံးမလို လောက်ဘူး အန္တရာယ်ရှိမလားမသိဘူးဆိုပြီး လွှင့်ပစ်လိုက်ကြပါတယ်။
တကယ်တမ်းမှာတော့ ဒီအိတ်လေးတွေက အရမ်းကို အသုံးဝင်ပါတယ်။သူဟာ ဆီလီကွန်ဒိုင်အောက်ဆိုက်ဒ်ဖြစ်ပြီး ဆီလီကွန်ဒိုင်အောက်ဆိုဒ်ဟာ ဘေးနားက အရာဝတ္ထုတွေကို ခြောက်သွေ့နေစေတာဖြစ်ပါတယ်။ ဒါဟာ အဆိပ်မဟုတ်ပါဘူး။ဒါပေမဲ့ ကလေးတွေကိုတော့ မထိတွေ့စေ ခိုင်းသင့်ပါဘူး။ ကောက်စားလိုက်တာမျိုး ဖြစ်မှာစိုးလို့ပါ။
Silica Gel Bags လို့ခေါ်တဲ့ ဒီအိတ် လေးတွေရဲ့ အသုံးဝင်ပုံက အံ့မခန်းပါပဲ။
(၁) ကိုယ့်ရဲ့ Gym ပစ္စည်းအသုံးအဆောင် ထည့်တဲ့အိတ်ထဲကို ထည့်ထားရင်, ဗက်တီးရီးယားနဲ့ မှိုပေါက်ဖွားခြင်း မရှိအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ အနံ့ဆိုးတွေကိုလည်း ပျောက်ကင်းစေပါတယ်။
(၂) ဖုန်းကို မတော်တဆ ရေထိသွားရင် ဒီအထုပ်လေးတွေ ကူနိုင်ကယ်နိုင်ပါတယ်။ သူက ဆန်ထဲမှာ ထားတာထက်တောင် ပိုစွမ်းပါသေးတယ်။ ဒီအထုပ်လေးတွေအများကြီးကို ခွက်ထဲထည့်ပြီး ဖုန်းကိုထားလိုက်ပါ။ စိုထိုင်းမှုကို အလျင်မြန်ဆုံးစုပ်ယူလိုက်နိုင်ပါတယ်။
(၃) ဓာတ်ပုံဟောင်းတွေကိုလည်း မပျက်စီးစေဖို့ ကယ်တင်နိုင်ပါသေးတယ်။ ဓာတ်ပုံအဟောင်းတွေကို ဘူးတစ်ခုထဲမှာ သိမ်းထားတယ်ဆိုရင် အဲဒီဘူးထဲကို ဒီအိတ် လေးတွေ ထည့်ထားလိုက်ပါ။ ဓာတ်ပုံတွေ ဆေးကွာ ပူးကပ်ပြီးပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(၄) သူ့ကို ကားမှန်အောက်ခြေ ကားဒတ်ရှ် ဘုတ်ပေါ် တင်ထားမယ်ဆိုရင်လည်း မြူတွေ နှင်းတွေကြောင့် ကားမှန်စိုစွတ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
(၅) ကင်မရာအိတ်ထဲ ထည့်ထားမယ်ဆိုရင် လည်း ကင်မရာကို ခြောက်သွေ့စွာ သိမ်းဆည်း ထားနိုင်မှာပဲဖြစ်ပါတယ်။
(၆) မုတ်ဆိတ်ရိတ်ဓားတွေကို ကြာရှည် ထက်မြနေစေချေင်ရင် ဒီအိတ်လေးတွေကို သုံးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေ ထားတဲ့နေရာမှာ ဒီအိတ်လေးတွေကိုထားပေးမယ်ဆိုရင် အစိုဓာတ်တွေကို စုပ်ယူပေးပြီး မုတ်ဆိတ် ရိတ်ဓားတွေ တာရှည်ခံစေဖို့ ကူညီပေးပါတယ်။
(၇) ခရီးဆောင်အိတ်ထဲမှာ ထည့်သွားမယ်ဆို ရင်လည်း အနံ့အသက်ကင်းပြီး ခြောက်သွေ့မှု ရှိနေစေမှာ ဖြစ်ပါတယ်။
(၈) သူက ရွှေထည်ငွေထည်ပစ္စည်းတွေကို လည်း အရောင်မလွင့်အောင် ကာကွယ်နိုင်တာမို့ လက်ဝတ်ရတနာ သိမ်းတဲ့နေရာမှာလည်း သူ့ကို သုံးနိုင်ပါတယ်။
(၉) သစ်စေ့တွေ မျိုးစေ့တွေကို ခြောက်ခြောက် သွေ့သွေ့ သိမ်းဆည်းရမယ်ဆိုရင်လည်း လေလုံတဲ့ဘူးထဲမှာ ဒီအိတ်လေးတွေကို ထည့်ပြီး သိမ်းဆည်းပေးနိုင်ပါတယ်။
(၁၀) စက္ကူနဲ့အခြားသော စာရွက်စာတမ်း တွေကို မှိုတက်ပျက်စီးတာမျိုး မဖြစ်စေဖို့ စာရွက်တွေ သိမ်းဆည်းတဲ့နေရာမှာ ဒီအထုပ်လေးတွေကို ထားပေးလို့ရပါတယ်။
(၁၁) ဆေးဘူးတွေနဲ့ မုန့်ဘူးတွေထဲမှာ ဒီအထုပ် လေးတွေကို ထားသိုတယ်ဆိုတာက အစိုပြန်မှု ကိုကာကွယ်စေဖို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့သောက်ဆေးတွေ အားဆေး တွေကို ဒီအထုပ်လေးတွေနဲ့ အတူသိမ်းဆည်းလို့ရပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ သူ့ကို လွှင့်မပစ်ဘဲ ဘယ်လိုအကျိုးရှိရှိသုံးလို့ရမလဲဆိုတာ သိသွား ကြပြီ ထင်ပါတယ်နော်။
Post navigation