ၾကားသိရသမွ်

မိခင်နဲ့ ညီမရှေ့မှာတင် (၁၃)အရွယ်မိန်းခလေး အတင်း အဓ္ဓပြုကျင့်ခံရသည့် ဖြစ်ရပ်

မိခင်နဲ့ ညီမရှေ့မှာတင် (၁၃)အရွယ်မိန်းခလေး အဓ္ဓပြုကျင့်ခံရ

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် ပျံချီတက်အုပ်စု ညောင်နီပင်ရွာတွင် (၁၃)နှစ်အရွယ်မိန်းကလေးကို ပထွေးဖြစ်သူမှ သား-မ-ယား-ပြု-ကျင့် သဖြင့်

မိခင်ဖြစ်သူကိုယ်တိုင် ရဲစခန်းကို လာရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည၁၀ နာရီခန့်တွင် ကျူးလွန်ခံရသူ မိန်ကလေး မ— ၁၃နှစ်၊ မ— ၁၁နှစ် နှင့်အတူ မိခင်တရားလိုတို့(၄)ဦးသား အတူအိပ်နေစဉ်

ပထွေးဖြစ်သူ နိင်နိင်စိုး(ခ)ဘီချဲမှ မ— ၁၃နှစ်ကို ၎င်းဘေး၌ လာအိပ်ရန်ပြောရာ အရက်မူးနေသဖြင့် တရားလိုမှ မအိပ်ရန်ပြောဆိုသော်လည်း မရသဖြင့် အတူအိပ်စဉ်

ပထွေးဖြစ်သူမှ သမီးဖြစ်သူ မ— ၁၃ နှစ်အား သားမယားပြုကျင့်နေသည်ကို မြင်သဖြင့် တားမြစ်ရာ

ပထွေးဖြစ်သူ နိုင်နိုင်စိုး(ခ)ဘီချဲမှ ”အရှက်မကွဲချင်ရင် မအော်နဲ့ အော်ရင် ဓါးနှင့်ထိုးမည်”ဟုပြောပြီး

ဓါးဦးချွန်အား ဘေးတွင် ချထားကာ သမီးဖြစ်သူအား သားမယားအဖြစ် ဆက်လက်ပြုကျင့်ခဲ့ကြောင်း

နံနက်က နယ်မြေခံရဲစခန်းသို့ လာရောက်တိုင်ကြားကြောင်း သိရသည်။

အဆိုပါအမှုမှ တရားခံနိင်နိင်စိုး(ခ)ဘီချဲကို မှတ်တိုင်ရဲစခန်းမှ အမူဖွင့် ဖမ်းဆီးထားကြောင်း မှတ်တိုင်ရဲစခန်းမှူး ရဲအုပ်မျိုးကျော်သူထံမှ သိရသည်။

Credit











Credit