ၾကားသိရသမွ်
အဆိုတော် ဘိုဖြူ သီချင်းဖွင့်ထားတယ် ထင်နေတာ နောက်မှ ကြည့်တော့ မျက်မမြင်ဦးလေး ဆိုနေတာတဲ့ ကြွေလိုက်တာ ဆိုတာလေး….
အဆိုရောတီးရော အရမ်းကောင်းပါတယ်။ သူတို့ခများများမှာတော့ မျက်စိမမြင်ရတဲ့ မသန်ပေမယ့် စွမ်းတဲ့ မသန်စွမ်းလေးတေပါ။ ဘယ်လိုချို့တဲ့မှုတွေဖြစ်နေပေမယ့် ဘဝကို လက်မြှောက်အရှုံးမပေးပဲ ရပ်တည်ကြိုးစားနေကြတာပါ။
တစ်ကယ်တော့ လူ့ဘဝဆိုတာ ဘယ်လိုလူမှ ပီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ အားနည်းချက်တစ်ခုခုတော့ လူတိုင်းလူတိုင်းမှာ ရှိနေကြတာ သဘာဝပါပဲ။ အဲဒီအားနည်းချက်ကြောင့် ငါလုပ်လို့မဖြစ်ပါဘူးဆိုတဲ့ စိတ်မွေးထားရင်သာ တကယ့်ဒုက္ခိတအစစ်ပါ။ ယုံကြည်မှုအပြည့်နဲ့အောင်မြင်မှုမရမခြင်း မှန်မှန်ကြိုးစားနေမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ အရမ်းရှားသွားပါလိမ့်မယ်။
သို့သော်လည်းပဲ အောင်မြင်မှု့ဆိုတာ အပြောလွယ်သလောက် လက်တွေ့အောင်မြင်အောင်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ မခက်ခဲရင်လည်း လူတိုင်းအောင်မြင်နေကြမှာပေါ့ဗျာ။ ဒါပေမယ့်လည်း ပြောသလောက်ခက်ခဲတာမျိုးလည်းမဟုတ်ပြန်ပါဘူး။ ကိုယ့်ဘက်က သတိ ဝီရိယ ဇွဲ နဲ့ ပညာဉာဏ်တွေပေါင်းစပ်ပီး မှန်မှန်လေးကြိုးစားမယ်ဆိုရင်တော့ သင်ဖြစ်ချင်တဲ့အရာတွေ တစ်နေ့သေချာပေါက်ဖြစ်မှာပါလေ။
ဒါပေမယ့် ဘဝမှာ စိတ်ဓာတ်မကျပဲ ကိုယ်တတ်စွမ်းတဲ့ ဂီတလေးနဲ့ ပရိတ်သတ်ကို ဖျော်ဖြေပီး ရိုးသားစွာ လုပ်ကိုင် စားသောက်နေတာပါ။ ဂုဏ်ယူစရာပါ။နောက်တစ်ခုက အခုလို မသန်စွမ်းတွေကို လှူဒါန်းပေးကမ်းခြင်းဟာလည်း မွန်မြတ်တဲ့ အလှူဒါနတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်လှူတာ နည်းတာများတာက အဓိကမဟုတ်ပါဘူး။ စေတနာသဒ္ဒါတရားကသာ အဓိကကြပါတယ်။
ကဲ မိတ်ဆွေအနေနဲ့ ဒီဗွီယိုလေးကိုကြည့်ပီး သူတို့မှာ အားနည်းချက်တွေရှိနေတာတောင် သံစဉ်လှလှလေးတွေကို ဖန်တီးပီး လောကကိုအလှဆင်နေတာပဲ ကိုယ်လည်း ဘယ်လိုတေ လောကကိုအလှဆင်မလဲ…..။
Video Player