ၾကားသိရသမွ်

ေတာင္ႀကီးၿမိဳ႕ ေက်ာင္းႀကီးစုရပ္ကြက္က ကေလးႏွစ္ဦးရဲ႕ ရင္နာဖြယ္ရာအျဖစ္…

ေတာင္ႀကီးၿမိဳ႕ ေက်ာင္းႀကီးစုရပ္ကြက္က ကေလးႏွစ္ဦးရဲ႕ ရင္နာဖြယ္ရာအျဖစ္…

ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ နယ္ေျမ (၆)၊ ၿမိဳ႕ေရွာင္လမ္းေဟာင္းအနီး ေျမတူးထားရာ ေနရာတြင္

ယမန္ေန႔ ဇူလိုင္လ ၁၈ ရက္ ေန႔လယ္ပိုင္းက အမ်ိဳးသမီးကေလးငယ္ ၂ ဦး ေရ-နစ္tayဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

ေရ-နစ္ tay ဆုံးသူ မိန္းကေလးငယ္ ၂ ဦးမွာ မနဒီဦး အသက္ ၁၃ ႏွစ္ ႏွင့္ မဇင္သေျပဦး အသက္ ၈ ႏွစ္တို႔ျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕၊

ေက်ာင္းႀကီးစုရပ္ကြက္ နယ္ေျမ (၆) အတြင္း ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

“ေျမတူးစက္နဲ႔တူးထားတဲ့ေနရာက ေရကန္လိုျဖစ္ေနတာေပါ့။ အနက္က လူ ၂ ရပ္စာေလာက္ရွိတယ္။

မိုး႐ြာေတာ့ အဲဒီေနရာမွာ ေရျပည့္ေနတာ။ ကေလးေတြက ေရခ်ိဳးဖို႔လုပ္ရင္း အငယ္တစ္ေယာက္ ေခ်ာ္က်သြားေတာ့

အႀကီးမေလးက လိုက္ဆယ္ရင္း ၂ ေယာက္လုံး ေရ-နစ္သြားတာေပါ့” ဟု နီးစပ္သူတစ္ဦးကေျပာသည္။

အဆိုပါ ေရ-နစ္ tay ဆုံးသူ ကေလး၂ ဦး၏ နာေရးအားယေန႔ ဇူလိုင္ ၁၉ ရက္ေန႔လယ္က စဝ္စံထြန္းေဆး႐ုံႀကီးမွတစ္ဆင့္

တိုင္းရင္းသားေပါင္းစုံသုသာန္သို႔ ပို႔ေဆာင္သၿဂႋဳဟ္ခဲ့ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ေပၚတြင္ မိုးသည္းထန္စြာ႐ြာသြန္းတိုင္း ေရႀကီးေရလွ်ံမႈမ်ား မၾကာခဏ ျဖစ္ေပၚတတ္ၿပီး

ေရေျမာင္းမ်ား အတြင္း ကေလးငယ္မ်ား ေမ်ာပါtayဆုံးမႈ ျဖစ္ပြားဖူးသည့္အတြက္ သတိျပဳရန္လိုအပ္ေၾကာင္း ေျပာဆိုမႈမ်ားရွိသည္။

Credit – Dotemee

Unicode,

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်က ကလေးနှစ်ဦးရဲ့ ရင်နာဖွယ်ရာအဖြစ်…

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၆)၊ မြို့ရှောင်လမ်းဟောင်းအနီး မြေတူးထားရာ နေရာတွင်

ယမန်နေ့ ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းက အမျိုးသမီးကလေးငယ် ၂ ဦး ရေ-နစ်tayဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ရေ-နစ် tay ဆုံးသူ မိန်းကလေးငယ် ၂ ဦးမှာ မနဒီဦး အသက် ၁၃ နှစ် နှင့် မဇင်သပြေဦး အသက် ၈ နှစ်တို့ဖြစ်ပြီး တောင်ကြီးမြို့၊

ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၆) အတွင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။

“မြေတူးစက်နဲ့တူးထားတဲ့နေရာက ရေကန်လိုဖြစ်နေတာပေါ့။ အနက်က လူ ၂ ရပ်စာလောက်ရှိတယ်။

မိုးရွာတော့ အဲဒီနေရာမှာ ရေပြည့်နေတာ။ ကလေးတွေက ရေချိုးဖို့လုပ်ရင်း အငယ်တစ်ယောက် ချော်ကျသွားတော့

အကြီးမလေးက လိုက်ဆယ်ရင်း ၂ ယောက်လုံး ရေ-နစ်သွားတာပေါ့” ဟု နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ရေ-နစ် tay ဆုံးသူ ကလေး၂ ဦး၏ နာရေးအားယနေ့ ဇူလိုင် ၁၉ ရက်နေ့လယ်က စဝ်စံထွန်းဆေးရုံကြီးမှတစ်ဆင့်

တိုင်းရင်းသားပေါင်းစုံသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းတိုင်း ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်တတ်ပြီး

ရေမြောင်းများ အတွင်း ကလေးငယ်များ မျောပါtayဆုံးမှု ဖြစ်ပွားဖူးသည့်အတွက် သတိပြုရန်လိုအပ်ကြောင်း ပြောဆိုမှုများရှိသည်။

Credit – Dotemee