ျပည္ၿမိဳ႕မွာ ေနထီးေဆာင္းမႈျဖစ္ နိမိတ္တေဘာင္မ်ားေၾကာင့္ အမ်ားျပည္သူစိတ္ဝင္စားေန
ပဲခူးတိုင္း(အေနာက္ပိုင္း)၊ ျပည္ၿမိဳ႕မွာ ေနထီးေဆာင္း (ေနအိမ္ဖြဲ႕)မႈ အခ်ိန္ၾကာျမင့္စြာ ျဖစ္ေပၚခဲ့ၿပီး
ေရွးျဖစ္ေဟာနိမိတ္တေဘာင္မ်ားေၾကာင့္ အမ်ားျပည္သူစိတ္ဝင္စားမႈ ျမင့္တက္ေနတယ္လို႔ သိရပါတယ္။
ဇူလိုင္လ ၁၉ ရက္ေန႔ နံနက္ ၁၀ နာရီေက်ာ္ခန႔္ကတည္းက စတင္ျဖစ္ေပၚေနတာျဖစ္ၿပီး ၿမိဳ႕လယ္ေကာင္
ေနရာမ်ားကေန ထင္ရွားစြာျမင္ရတယ္လို႔ ဆိုၾကပါတယ္။
“မနက္ ဆယ္နာရီေက်ာ္ေက်ာ္ေလာက္ကတည္းက စသတိထားမိတာ။ ျဖစ္ေနတာေတာ့အၾကာႀကီးပဲ
နိမိတ္တေဘာင္အေဟာေတြလည္းရွိေတာ့ လူေတြက စိတ္ဝင္စားေနၾကတာ။
လူႀကီးေတြကေတာ့ ေျပာတယ္ မင္းေျပာင္းမင္းလႊဲတို႔ စစ္မက္ျဖစ္တာတို႔ ျဖစ္ႏိုင္တယ္တဲ့” လို႔ ၿမိဳ႕ခံတဦးကေျမလတ္အသံကိုေျပာပါတယ္။
အဂၤါေန႔ ေနထီးေဆာင္း(ေနအိမ္ဖြဲ႕) ပါက တျပည္ေထာင္လုံး ကပ္ ၃ ပါးေၾကာင့္ လူအေသအေပ်ာက္မ်ားႏိုင္ၿပီး
မီးေလာင္တာ၊ ေလမုန္တိုင္းတိုက္တာ ေတြျဖစ္တတ္ၿပီး ၂၀၂၃ မတ္လ အထိ မေကာင္းႏိုင္ေသးဘူးလို႔ ေဗဒင္ေတြက ဆိုထားပါတယ္။
ဒါအျပင္ ေနထီးေဆာင္း(ေနအိမ္ဖြဲ႕) အေဟာမွာေတာ့ “အဂၤါေန႔ ေနအိမ္ဖြဲ႕မူကား မိုးမ႐ြာဘဲ ေလတဟူးဟူးတိုက္အံ့၊
အေရွ႕ကေနအိမ္ဖြဲ႕မူကား မင္းစိုးတို႔စစ္ထိုးၾကအံ့” လို႔ေရးသားထားပါတယ္။
ျပည္ၿမိဳ႕ဟာ စစ္အာဏာသိမ္းေခါင္းေဆာင္မ်ားအဆက္ဆက္ ျပည္ဝင္ျပည္ထြက္ ေဗဒင္ယၾတာေခ်ကာ
အယုံၾကည္မ်ားသည့္ ၿမိဳ႕ျဖစ္တယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။
#ေျမလတ္အသံ
Unicode,
ပြည်မြို့မှာ နေထီးဆောင်းမှုဖြစ် နိမိတ်တဘောင်များကြောင့် အများပြည်သူစိတ်ဝင်စားနေ
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့မှာ နေထီးဆောင်း (နေအိမ်ဖွဲ့)မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ပြီး
ရှေးဖြစ်ဟောနိမိတ်တဘောင်များကြောင့် အများပြည်သူစိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်ကတည်းက စတင်ဖြစ်ပေါ်နေတာဖြစ်ပြီး မြို့လယ်ကောင်
နေရာများကနေ ထင်ရှားစွာမြင်ရတယ်လို့ ဆိုကြပါတယ်။
“မနက် ဆယ်နာရီကျော်ကျော်လောက်ကတည်းက စသတိထားမိတာ။ ဖြစ်နေတာတော့အကြာကြီးပဲ
နိမိတ်တဘောင်အဟောတွေလည်းရှိတော့ လူတွေက စိတ်ဝင်စားနေကြတာ။
လူကြီးတွေကတော့ ပြောတယ် မင်းပြောင်းမင်းလွှဲတို့ စစ်မက်ဖြစ်တာတို့ ဖြစ်နိုင်တယ်တဲ့” လို့ မြို့ခံတဦးကမြေလတ်အသံကိုပြောပါတယ်။
အင်္ဂါနေ့ နေထီးဆောင်း(နေအိမ်ဖွဲ့) ပါက တပြည်ထောင်လုံး ကပ် ၃ ပါးကြောင့် လူအသေအပျောက်များနိုင်ပြီး
မီးလောင်တာ၊ လေမုန်တိုင်းတိုက်တာ တွေဖြစ်တတ်ပြီး ၂၀၂၃ မတ်လ အထိ မကောင်းနိုင်သေးဘူးလို့ ဗေဒင်တွေက ဆိုထားပါတယ်။
ဒါအပြင် နေထီးဆောင်း(နေအိမ်ဖွဲ့) အဟောမှာတော့ “အင်္ဂါနေ့ နေအိမ်ဖွဲ့မူကား မိုးမရွာဘဲ လေတဟူးဟူးတိုက်အံ့၊
အရှေ့ကနေအိမ်ဖွဲ့မူကား မင်းစိုးတို့စစ်ထိုးကြအံ့” လို့ရေးသားထားပါတယ်။
ပြည်မြို့ဟာ စစ်အာဏာသိမ်းခေါင်းဆောင်များအဆက်ဆက် ပြည်ဝင်ပြည်ထွက် ဗေဒင်ယတြာချေကာ
အယုံကြည်များသည့် မြို့ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
#မြေလတ်အသံ