သားသမီးကိုခ်စ္ရင္… သိန္းငွက္မၾကီးလိုဘဲ အႀကိမ္ႀကိမ္အခါခါ တြန္းခ်လိုက္ပါ…
တစ္ခါတုန္းက သိန္းငွက္မတစ္ေကာင္ရွိတယ္။ သူမဟာ… ဥ ဥဖို႔အတြက္ ေတာင္ေပၚမွာ ေပါက္တဲ့သစ္ပင္ရွာတယ္။ အဲဒီ သစ္ပင္ထဲမွာေတာင္ အျမင့္ဆုံး သစ္ပင္ေပၚမွာ အသိုက္ကိုေဆာက္တယ္။ ပထမေတာ့…
အသိုက္ကို ႀကီးတဲ့ သစ္ကိုင္း သစ္ခက္ေတြနဲ႔ ေဆာက္လုပ္ပါတယ္။ အဲဒီအထဲမွာ သစ္႐ြက္ေျခာက္ေတြ ထည့္တယ္။ ေနာက္ေတာ့… သူမရဲ႕ အေမႊးႏုေတြကို ႏူတ္သီးနဲ႔ ဆြဲႏူတ္ၿပီး ထည့္တယ္။ ေနာက္ေတာ့ အဲဒီ အေပၚမွာ ဥကို
ဥလိုက္ပါတယ္။ ဥက မ်ာမ်ား မဥပါဘူး။ တစ္လုံး ႏွစ္လုံး ပါပဲ။ အဲဒီ ဥေပၚမွာ သိန္းငွက္မႀကီးက ဝပ္တယ္။ အခ်ိန္တန္ေတာ့လည္း… ဥထဲက သိန္းငွက္ကေလးေတြ ေပါက္လာပါတယ္။ သိန္းငွက္မႀကီးက ငယ္ေသးတဲ့ သိန္းငွက္ကေလးေတြအတြက္…
အစာရွာေကြၽးပါတယ္။ သိန္းငွက္ကေလးေတြ အေမႊးႏုေတြ ထြက္လာၿပီးဆိုရင္… သိန္းငွက္မႀကီးက အသိုက္ထဲမွာ ရွိတဲ့ အေမႊးႏုေတြကို ဖယ္ရွားပစ္တယ္။ ေနာက္မၾကာခင္မွာပဲ… သိန္းငွက္ကေလးေတြရဲ႕ အေမႊးေတြ ရွည္လာရင္ သိန္းငွက္မႀကီးက
သစ္႐ြက္ေျခာက္ေတြ ဖယ္ရွားပစ္လိုက္တယ္။ သေဘာကေတာ့… ၾကမ္းတမ္းတဲ့ သစ္ကိုင္း သစ္ခက္ေတြရဲ႕ အထိအေတြ႕နဲ႔ ႀကီးျပင္းေစခ်င္လို႔ပါ။ ေနာက္မၾကာခင္မွာပဲ… သိန္းငွက္ကေလးေတြရဲ႕ အေတာင္ပံေတြက ရွည္သထက္ ရွည္လာတယ္။
ပ်ံသန္းလို႔ ရႏိုင္တဲ့အခ်ိန္ကို ေရာက္ၿပီးလို႔ သိန္းငွက္မႀကီးက ယူဆတဲ့အခ်ိန္မွာ… သိန္းငွက္ကေလးေတြကို အသိုက္ထဲက တြန္းခ် လိုက္တယ္။ သိန္းငွက္ကေလးေတြက ယက္ကန္ယက္ကန္နဲ႔ ေတာင္ေပၚအသိုက္ထဲက ျပဳတ္က်သြားတယ္။
မပ်ံႏိုင္ေသးဘူးလို႔ ထင္ရင္… သိန္းငွက္မက အသိုက္ထဲကို ျပန္ခ်ီလာတယ္။ သိပ္မၾကာခင္မွာပဲ… သိန္းငွက္မဟာ သူ႔ရဲ႕ သား သမီးေတြကို အသိုက္ထဲက တြန္းခ်ျပန္တယ္။ ဒီလိုနည္းနဲ႔ပဲ အႀကိမ္ႀကိမ္ အခါခါ တြန္းခ်ပါတယ္။
သိန္းငွက္ကေလးေတြဟာ ေလထဲမွာ ဝဲၿပီး ပ်ံသန္းႏိုင္ၿပီဆိုတာနဲ႔… အစစအရာရာ ကိုယ့္တာဝန္ ကိုယ္ယူေပေတာ့။ သိန္းငွက္မႀကီးရဲ႕တာဝန္ ျပီးၿပီ။
အေမရိကန္ႏိုင္ငံသားေတြရဲ႕ အတုယူသင့္တဲ့ အခ်က္တစ္ခ်က္က သိန္းငွက္ပုံျပင္လိုပဲ… သူတို႔ သားသမီးေတြကို ငယ္ငယ္ကထဲက ကိုယ့္အား ကိုယ္ကိုးတတ္ေအာင္ ေလ့က်င့္ေပးျခင္းျဖစ္ပါတယ္။
ေမြးကင္းစမွာပဲ ကိုယ္ပိုင္ အိပ္ခန္းမွာ ကိုယ့္ဘာသာ ကိုယ္အိပ္၊ လမ္းေလွ်ာက္တတ္ကာစမွာပဲ အမႈိက္ပုံးမွာ ကိုယ့္အမႈိက္ကိုကိုယ္ ပစ္တတ္ေအာင္
သင္ေပးတယ္။ အ႐ြယ္နဲ႔အမွ် တတ္ႏိုင္တဲ့ ဝန္ကို ထမ္းေဆာင္ဖို႔ ေလ့က်င့္ေပးတယ္။ အသက္ ၁၈ ႏွစ္ ျပည့္ရင္ေတာ့… သိန္းငွက္မက အသိုက္ထဲက တြန္းခ်လိုက္သလိုမ်ိဳး… တြန္းခ်လိုက္တာပဲ။ ကိုယ့္စရိတ္ ကိုယ္ရွာၿပီး
ေကာလိပ္၊ တကၠသိုလ္ တက္ေပေတာ့။ ဘြဲ႕ မရခင္မွာပဲ… လုပ္ငန္းအေတြ႕အႀကဳံက အမ်ိဳးမ်ိဳးရေနၿပီ။ ေယာက်ာ္းေရာ၊ မိန္းမပါ အ႐ြယ္ ေရာက္တာနဲ…႔ ကားကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္ ေမာင္းတတ္ေနၿပီ။ ေသနတ္တိုင္းကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္
ပစ္တတ္ေနၿပီ။ ေရကူးျခင္းအတတ္ပညာကိုလည္း ေကာင္းေကာင္း ကြၽမ္းက်င္ေနၿပီ။ အျခားအားကစားကို ဝါသနာပါရင္… ဝါသနာပါတဲ့အေလွ်ာက္ ေကာင္းေကာင္း ကြၽမ္းက်င္ေနၿပီ။ အေမရိကန္ အဂၤလိပ္ ဘာသာစကားအျပင္
အျခား ဘာသာစကားေတြကိုလည္း အနည္းဆုံး တစ္မ်ိဳးထက္ ပိုတတ္ေျမာက္ေနၿပီ။ အဓိက ဦးတည္ၿပီး ေလ့က်င့္ ပ်ိဳးေထာင္တာက ကိုယ့္အားကိုယ္ကိုးတတ္တဲ့ စိတ္ဓာတ္ကို ျပဳစုပ်ိဳးေထာင္တာပါ…။ ဒီအျပင္… အားမနာတတ္ျခင္း အတတ္ပညာကိုလည္း
ဒီအ႐ြယ္မွာ ေတာ္ေတာ္ကြၽမ္းက်င္ေနၿပီ။ သူတို႔ေတြဟာ အားမနာတတ္ေပမယ့္… တျခားသူေတြဖက္က စာနာစိတ္နဲ႔ ၾကည့္တတ္၊ခံစားတတ္ေအာင္လည္း တစ္လက္စထဲ သင္ေပးတဲ့အတြက္ တတ္ေျမာက္ေနၿပီ။ သားသမီးေတြကို မိဘမ်ားအေနနဲ႔ ဘဝမွာ အေကာင္းဆုံးလက္ေဆာင္ဟာ…
တစ္သက္လုံး သုံးလို႔ မကုန္တဲ့ ေငြမဟုတ္ပါဘူး… ရင္ခြင္ထဲမွာ အၿမဲတမ္း ထည့္ထားဖို႔လည္း မဟုတ္ဘူး။ ဘြဲ႕လက္မွတ္လည္း မဟုတ္ပါဘူး။ အိမ္ေထာင္ ဖက္ေကာင္းေကာင္းကို ေ႐ြးေပးတာလည္း မဟုတ္ပါဘူး။ မိဘမ်ား အေနနဲ႔…
သားသမီးေတြကို ေပးသင့္တဲ့ အေကာင္းဆုံးလက္ေဆာင္ကေတာ့… ” ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္အားကိုးတဲ့ စိတ္ဓာတ္”ပါ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္အားကိုးစိတ္ကို ရႏိုင္တဲ့ အေကာင္းဆုံး နည္းလမ္းတစ္ခုကေတာ့…
သူတို႔ ေၾကာက္ေနတဲ့ အလုပ္ကို… သူတို႔ကို လုပ္ခြင့္ေပးလိုက္ျခင္း ျဖစ္တယ္။ မိဘမ်ားအေနနဲ႔ ထိန္းေၾကာင္းေပးဖို႔ပဲ လိုပါတယ္။ သူတို႔ကို အႀကိမ္ႀကိမ္ အခါခါ တြန္းခ်ဖို႔ လိုအပ္ပါတယ္။
ခရက္ဒစ္#စိုင္းေအာင္ဝင္းဟိန္း#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မ်ွေ၀ျခင္း ျဖစ္ပါသည္။
Unicode
သားသမီးကိုချစ်ရင်… သိန်းငှက်မကြီးလိုဘဲ အကြိမ်ကြိမ်အခါခါ တွန်းချလိုက်ပါ…
တစ်ခါတုန်းက သိန်းငှက်မတစ်ကောင်ရှိတယ်။ သူမဟာ… ဥ ဥဖို့အတွက် တောင်ပေါ်မှာ ပေါက်တဲ့သစ်ပင်ရှာတယ်။ အဲဒီ သစ်ပင်ထဲမှာတောင် အမြင့်ဆုံး သစ်ပင်ပေါ်မှာ အသိုက်ကိုဆောက်တယ်။ ပထမတော့…
အသိုက်ကို ကြီးတဲ့ သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ်။ အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်။ နောက်တော့… သူမရဲ့ အမွှေးနုတွေကို နူတ်သီးနဲ့ ဆွဲနူတ်ပြီး ထည့်တယ်။ နောက်တော့ အဲဒီ အပေါ်မှာ ဥကို
ဥလိုက်ပါတယ်။ ဥက မျာများ မဥပါဘူး။ တစ်လုံး နှစ်လုံး ပါပဲ။ အဲဒီ ဥပေါ်မှာ သိန်းငှက်မကြီးက ဝပ်တယ်။ အချိန်တန်တော့လည်း… ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာပါတယ်။ သိန်းငှက်မကြီးက ငယ်သေးတဲ့ သိန်းငှက်ကလေးတွေအတွက်…
အစာရှာကျွေးပါတယ်။ သိန်းငှက်ကလေးတွေ အမွှေးနုတွေ ထွက်လာပြီးဆိုရင်… သိန်းငှက်မကြီးက အသိုက်ထဲမှာ ရှိတဲ့ အမွှေးနုတွေကို ဖယ်ရှားပစ်တယ်။ နောက်မကြာခင်မှာပဲ… သိန်းငှက်ကလေးတွေရဲ့ အမွှေးတွေ ရှည်လာရင် သိန်းငှက်မကြီးက
သစ်ရွက်ခြောက်တွေ ဖယ်ရှားပစ်လိုက်တယ်။ သဘောကတော့… ကြမ်းတမ်းတဲ့ သစ်ကိုင်း သစ်ခက်တွေရဲ့ အထိအတွေ့နဲ့ ကြီးပြင်းစေချင်လို့ပါ။ နောက်မကြာခင်မှာပဲ… သိန်းငှက်ကလေးတွေရဲ့ အတောင်ပံတွေက ရှည်သထက် ရှည်လာတယ်။
ပျံသန်းလို့ ရနိုင်တဲ့အချိန်ကို ရောက်ပြီးလို့ သိန်းငှက်မကြီးက ယူဆတဲ့အချိန်မှာ… သိန်းငှက်ကလေးတွေကို အသိုက်ထဲက တွန်းချ လိုက်တယ်။ သိန်းငှက်ကလေးတွေက ယက်ကန်ယက်ကန်နဲ့ တောင်ပေါ်အသိုက်ထဲက ပြုတ်ကျသွားတယ်။
မပျံနိုင်သေးဘူးလို့ ထင်ရင်… သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်။ သိပ်မကြာခင်မှာပဲ… သိန်းငှက်မဟာ သူ့ရဲ့ သား သမီးတွေကို အသိုက်ထဲက တွန်းချပြန်တယ်။ ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်။
သိန်းငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီး ပျံသန်းနိုင်ပြီဆိုတာနဲ့… အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့။ သိန်းငှက်မကြီးရဲ့တာဝန် ပြီးပြီ။
အမေရိကန်နိုင်ငံသားတွေရဲ့ အတုယူသင့်တဲ့ အချက်တစ်ချက်က သိန်းငှက်ပုံပြင်လိုပဲ… သူတို့ သားသမီးတွေကို ငယ်ငယ်ကထဲက ကိုယ့်အား ကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။
မွေးကင်းစမှာပဲ ကိုယ်ပိုင် အိပ်ခန်းမှာ ကိုယ့်ဘာသာ ကိုယ်အိပ်၊ လမ်းလျှောက်တတ်ကာစမှာပဲ အမှိုက်ပုံးမှာ ကိုယ့်အမှိုက်ကိုကိုယ် ပစ်တတ်အောင်
သင်ပေးတယ်။ အရွယ်နဲ့အမျှ တတ်နိုင်တဲ့ ဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ်။ အသက် ၁၈ နှစ် ပြည့်ရင်တော့… သိန်းငှက်မက အသိုက်ထဲက တွန်းချလိုက်သလိုမျိုး… တွန်းချလိုက်တာပဲ။ ကိုယ့်စရိတ် ကိုယ်ရှာပြီး
ကောလိပ်၊ တက္ကသိုလ် တက်ပေတော့။ ဘွဲ့ မရခင်မှာပဲ… လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ။ ယောကျာ်းရော၊ မိန်းမပါ အရွယ် ရောက်တာနဲ…့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ။ သေနတ်တိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင်
ပစ်တတ်နေပြီ။ ရေကူးခြင်းအတတ်ပညာကိုလည်း ကောင်းကောင်း ကျွမ်းကျင်နေပြီ။ အခြားအားကစားကို ဝါသနာပါရင်… ဝါသနာပါတဲ့အလျှောက် ကောင်းကောင်း ကျွမ်းကျင်နေပြီ။ အမေရိကန် အင်္ဂလိပ် ဘာသာစကားအပြင်
အခြား ဘာသာစကားတွေကိုလည်း အနည်းဆုံး တစ်မျိုးထက် ပိုတတ်မြောက်နေပြီ။ အဓိက ဦးတည်ပြီး လေ့ကျင့် ပျိုးထောင်တာက ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်ဓာတ်ကို ပြုစုပျိုးထောင်တာပါ…။ ဒီအပြင်… အားမနာတတ်ခြင်း အတတ်ပညာကိုလည်း
ဒီအရွယ်မှာ တော်တော်ကျွမ်းကျင်နေပြီ။ သူတို့တွေဟာ အားမနာတတ်ပေမယ့်… တခြားသူတွေဖက်က စာနာစိတ်နဲ့ ကြည့်တတ်၊ခံစားတတ်အောင်လည်း တစ်လက်စထဲ သင်ပေးတဲ့အတွက် တတ်မြောက်နေပြီ။ သားသမီးတွေကို မိဘများအနေနဲ့ ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာ…
တစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်ပါဘူး… ရင်ခွင်ထဲမှာ အမြဲတမ်း ထည့်ထားဖို့လည်း မဟုတ်ဘူး။ ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး။ အိမ်ထောင် ဖက်ကောင်းကောင်းကို ရွေးပေးတာလည်း မဟုတ်ပါဘူး။ မိဘများ အနေနဲ့…
သားသမီးတွေကို ပေးသင့်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့… ” ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတဲ့ စိတ်ဓာတ်”ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးစိတ်ကို ရနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့…
သူတို့ ကြောက်နေတဲ့ အလုပ်ကို… သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ်။ မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ်။ သူတို့ကို အကြိမ်ကြိမ် အခါခါ တွန်းချဖို့ လိုအပ်ပါတယ်။
ခရက်ဒစ်#စိုင်းအောင်ဝင်းဟိန်း#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။