ၾကားသိရသမွ်

ရဲမှူး‌၏ဇနီး ကိုဗစ် ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတင်ထားရာမှ ယမန်ည သေဆုံး

မိုးညှင်းမြို့နယ်ရဲမှူး‌ စောဖိုးတူး၏ဇနီး ကိုဗစ်ရောဂါပိုးစစ်ရာ ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတင်ထားရာမှ ယမန်ည သေဆုံးသွားကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

“သူကတော့ နဂိုကတည်းကလည်း သွေးတိုးနဲ့ဆီးချိုရောဂါအခံရှိတဲ့လူနာဟုတ်တယ် နေမကောင်းလို့ ဆေးစစ်တော့ ကိုဗစ်လည်းထပ်တွေ့တယ်ပေါ့နော်။ကျမတို့က မြစ်ကြီးနားဆေးရုံကိုသွားဖို့ပြောပါသေးတယ်။

ဒီမိုးညှင်းမှာက သမားတော်မရှိဘူးလေ။ နဂိုကတည်းက ရောဂါအခံရှိတဲ့သူတေ‌ွက ဒီရောဂါတွေ့ပြီဆိုရင် ပိုပြီးတော့ နလန်မထူနိုင်ကြဘူး ဆုံးတာတော့ မနေ့ညနေက ဆုံးသွားတာဟုတ်တယ်”ဆိုပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူ မြို့နယ်ရဲမှူး၏ ဇနီးသည် အသက် ၅၀‌ကျော်ခန့်ရှိပြီဖြစ်ကာ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါလက္ခဏာကြောင့် သေဆုံးခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။

“ခုဆုံးသွားတဲ့ ရဲမှူးရဲ့ဇနီးကတော့ ကျန်းမာရေးအသိရှိလို့ ဆေးရုံမှာလာပြတဲ့ချိန် ဆေးစစ်ကြည့်တော့ ပိုးတွေ့တယ်ပေါ့နော်။တစ်ချို့တွေလည်း ဆေးရုံလာမပြရဲဘဲနဲ့ နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။

မိုးညှင်းမြို့နယ်အ‌တွင်းမှာ ကိုဗစ်လက္ခဏာကြောင့်သေတာတော့ ဒါပထမဆုံးလို့ပြောလို့ရပါတယ်” ဆိုပြီး စက်ဆိုင်ရာတာဝန်ရှိသူများကပြောသည်။

မိုးညှင်းမြို့နယ်တွင် ဇူလိုင်လ ၁၃ရက်နေ့ထိ မိုးညှင်း၊ဟိုပင်၊မော်ဟန်၊လုံးတုံ၊အစရှိသည့် ရပ်ကျေးများတွင် ပိုးကူစက် မူဦးရေ ၊(၁၂၃)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ပုံအဟောင်းအသုံးပြုထားသည်။

————————–

မိုးညႇင္းၿမိဳ့နယ္ရဲမွူး‌ ေစာဖိုးတူး၏ဇနီး ကိုဗစ္ေရာဂါပိုးစစ္ရာ ပိုးေတြ႕ရွိသည့္အတြက္ ေဆး႐ုံတင္ထားရာမွ ယမန္ည ေသဆုံးသြားေၾကာင္း သက္ဆိုင္ရာဌာနမွ သိရသည္။

“သူကေတာ့ နဂိုကတည္းကလည္း ေသြးတိုးနဲ႔ဆီးခ်ိဳေရာဂါအခံရွိတဲ့လူနာဟုတ္တယ္ ေနမေကာင္းလို့ ေဆးစစ္ေတာ့ ကိုဗစ္လည္းထပ္ေတြ႕တယ္ေပါ့ေနာ္။က်မတို့က ျမစ္ႀကီးနားေဆး႐ုံကိုသြားဖို့ေျပာပါေသးတယ္

ဒီမိုးညႇင္းမွာက သမားေတာ္မရွိဘူးေလ။ နဂိုကတည္းက ေရာဂါအခံရွိတဲ့သူေတ‌ြက ဒီေရာဂါေတြ႕ၿပီဆိုရင္ ပိုၿပီးေတာ့ နလန္မထူနိုင္ၾကဘူး ဆုံးတာေတာ့ မေန႔ညေနက ဆုံးသြားတာဟုတ္တယ္”ဆိုၿပီး သက္ဆိုင္ရာဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ေသဆုံးသူ ၿမိဳ့နယ္ရဲမွူး၏ ဇနီးသည္ အသက္ ၅၀‌ေက်ာ္ခန႔္ရွိၿပီျဖစ္ကာ မိုးညႇင္းၿမိဳ့နယ္အတြင္း ကိုဗစ္ေရာဂါလကၡဏာေၾကာင့္ ေသဆုံးျခင္းသည္ ပထမဦးဆုံးျဖစ္ေၾကာင္း သိရသည္။

“ခုဆုံးသြားတဲ့ ရဲမွူးရဲ့ဇနီးကေတာ့ က်န္းမာေရးအသိရွိလို့ ေဆး႐ုံမွာလာျပတဲ့ခ်ိန္ ေဆးစစ္ၾကည့္ေတာ့ ပိုးေတြ႕တယ္ေပါ့ေနာ္။တစ္ခ်ိဳ့ေတြလည္း ေဆး႐ုံလာမျပရဲဘဲနဲ႔ ေနမေကာင္းျဖစ္ေနတဲ့သူေတြလည္း အမ်ားႀကီးရွိနိုင္ပါတယ္။

မိုးညႇင္းၿမိဳ့နယ္အ‌တြင္းမွာ ကိုဗစ္လကၡဏာေၾကာင့္ေသတာေတာ့ ဒါပထမဆုံးလို့ေျပာလို့ရပါတယ္” ဆိုၿပီး စက္ဆိုင္ရာတာဝန္ရွိသူမ်ားကေျပာသည္။

မိုးညႇင္းၿမိဳ့နယ္တြင္ ဇူလိုင္လ ၁၃ရက္ေန႔ထိ မိုးညႇင္း၊ဟိုပင္၊ေမာ္ဟန္၊လုံးတုံ၊အစရွိသည့္ ရပ္ေက်းမ်ားတြင္ ပိုးကူစက္ မူဦးေရ ၊(၁၂၃)ဦးထိ ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

ပုံအေဟာင္းအသုံးျပဳထားသည္။