ဘဏ် acc ထဲသို့ မှားယွင်းစွာ ဒေါ်လာ ၅၀ ဘီလီယံငွေလွှဲရောက်လာပြီးနောက် ကမ္ဘာပေါ်ရှိ ၂၅ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားခဲ့ရတဲ့ အမျိုးသား
အမေရိကန်နိုင်ငံ Louisiana ပြည်နယ်ရှိမိသားစုတစ်စုဟာ ၎င်းတို့ရဲ့ဘဏ် acc ထဲသို့ မတော်တဆလွှဲမှားရောက်လာတဲ့ ဒေါ်လာ ၅၀ ဘီလီယံကို လက်ခံရရှိခဲ့ပြီးနောက် ၎င်းတို့မိသားစုဟာ ၄ ရက်မပြည့်မီမှာ ကမ္ဘာပေါ်ရှိနံပါတ်၂၅ ခုမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်များ ဖြစ်လာခဲ့ပါတယ်။
Baton Roughe မြို့မှ အဆိုပါမိသားစုရဲ့အိမ်ထောင်ဦးစီးနှင့် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် Darren James အမည်ရှိအမျိုးသား ဟာ တစ်နေ့ အိမ်သို့ပြန်ရောက်ပြီးနောက် ဇနီးဖြစ်သူထံမှ ထိတ်လန့်ဖွယ်သတင်းအကြောင်းကို ကြားသိခဲ့ရပါတယ်။
ဇနီးဖြစ်သူက ဖုန်းကိုကိုင်ရင်း “ ဒီကိုကြည့်!” ဆိုပြီး သူ့အားပြလိုက်တဲ့အခါ James ဟာ ၎င်းတို့ရဲ့ဘဏ်အကောင့်ထဲမှ လက်ကျန်မပါဘဲ ဒေါ်လာ ၅၀ ဘီလီယံ ထပ်တိုးလာတာကို တွေ့ခဲ့ရပါတယ်။“ ဒီငွေတွေကို ဘယ်သူပို့လိုက်မှန်း ငါတို့မသိပါဘူး၊ ငါ့အကောင့်ထဲမှာ သုညတွေအများကြီးရှိနေတာက ခံစားချက်ကောင်းစေတယ်၊ ငါက 1-comma club ရဲ့အဖွဲ့ဝင်တစ်ယောက်မဟုတ်ရင် 3-comma club (ဘီလျံနာတွေအတွက် ကလပ်)မဟုတ်ပါဘူး “ လို့ James က ဆိုပါတယ်။James တို့ရဲ့ဘဏ်အကောင့်ထဲက ပုံမှန်အားဖြင့် ဒေါ်လာထောင်ချီ ဒါမှမဟုတ် ဒေါ်လာသန်းပေါင်းများစွာဘဲ ရှိပါတယ်။
ထို့နောက် James နှင့်ဇနီးဖြစ်သူတို့ဟာ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့က ထူးဆန်းတဲ့ငွေများက ၎င်းတို့ရဲ့ဘဏ်အကောင့်ထဲသို့ဝင်နေတာကိုတွေ့ခဲ့ပြီး သိပ်မကြာခင်မှာဘဲ Chase Bank သို့ဖုန်းဆက်ခဲ့ပြီး “ ငါ သူဌေးဖြစ်နေတာ လေးရက်ရှိပြီ ၊ မင်းတို့ အဲဒါကိုဘာမှမလုပ်ပေးနိုင်ရင်တော့ ဒါဟာ အရမ်းကောင်းတဲ့ခံစားချက်ပဲ၊ ငွေက ငါတို့ဟာမဟုတ်ဘူးဆိုတာ ငါတို့သိတယ် ၊ ဒါကြောင့် ငါတို့လုပ်နိုင်တာဘာမှမရှိဘူး ၊ ဒါကခိုးမှုကြောင့် ငါတို့သုံးလို့မရဘူး “ လို့ James က ဆိုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် Florida ပြည်နယ် Largo မြို့မှ Julia Yonkowski အမည်ရှိအမျိုးသမီးတစ်ဦးကလည်း မကြာသေးမီက ATM စက်မှ သူမ ဒေါ်လာ ၂၀ သာထုတ်ယူလိုက်တဲ့အခါ သူမရဲ့ Chase Bank အကောင့်မှာ ဒေါ်လာ ၁ ဘီလီယံကို ရရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
သို့ပေမဲ့ James တို့မိသားစုအကောင့်အား ငွေမှားယွင်းလွှဲပြောင်းခဲ့မိတဲ့ကိစ္စကို ဖြေရှင်းပြီးပြီဖြစ်ကြောင်းနှင့် လွန်ခဲ့တဲ့တစ်ပတ်လောက်က နည်းပညာပိုင်းပြဿနာတစ်ခုကြုံခဲ့ရပြီး ၎င်းပြဿနာကို ဖြေရှင်းပြီးသွားပြီဖြစ်သလို မှားယွင်းသွားတဲ့အကောင့်များကလည်း ပြန်လည်ကောင်းမွန်စွာ လည်ပတ်နေပြီဖြစ်ကြောင်း Chase Bank မှ အကြီးတန်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြန်လည်ဖြေရှင်းပြောကြားခဲ့ပါတယ်။
credit
Zawgyi
ဘဏ္ acc ထဲသို႔ မွားယြင္းစြာ ေဒၚလာ ၅၀ ဘီလီယံေငြလႊဲေရာက္လာၿပီးေနာက္ ကမာၻေပၚရွိ ၂၅ ေယာက္ေျမာက္ အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္သြားခဲ့ရတဲ့ အမ်ိဳးသား
အေမရိကန္ႏိုင္ငံ Louisiana ျပည္နယ္ရွိမိသားစုတစ္စုဟာ ၎တို႔ရဲ႕ဘဏ္ acc ထဲသို႔ မေတာ္တဆလႊဲမွားေရာက္လာတဲ့ ေဒၚလာ ၅၀ ဘီလီယံကို လက္ခံရရွိခဲ့ၿပီးေနာက္ ၎တို႔မိသားစုဟာ ၄ ရက္မျပည့္မီမွာ ကမာၻေပၚရွိနံပါတ္၂၅ ခုေျမာက္ အခ်မ္းသာဆုံးပုဂၢိဳလ္မ်ား ျဖစ္လာခဲ့ပါတယ္။ Baton Roughe ၿမိဳ႕မွ အဆိုပါမိသားစုရဲ႕အိမ္ေထာင္ဦးစီးႏွင့္ အိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးျဖစ္တဲ့ အသက္ ၄၇ ႏွစ္အ႐ြယ္ Darren James အမည္ရွိအမ်ိဳးသား ဟာ တစ္ေန႔ အိမ္သို႔ျပန္ေရာက္ၿပီးေနာက္ ဇနီးျဖစ္သူထံမွ ထိတ္လန႔္ဖြယ္သတင္းအေၾကာင္းကို ၾကားသိခဲ့ရပါတယ္။
ဇနီးျဖစ္သူက ဖုန္းကိုကိုင္ရင္း “ ဒီကိုၾကည့္!” ဆိုၿပီး သူ႔အားျပလိုက္တဲ့အခါ James ဟာ ၎တို႔ရဲ႕ဘဏ္အေကာင့္ထဲမွ လက္က်န္မပါဘဲ ေဒၚလာ ၅၀ ဘီလီယံ ထပ္တိုးလာတာကို ေတြ႕ခဲ့ရပါတယ္။“ ဒီေငြေတြကို ဘယ္သူပို႔လိုက္မွန္း ငါတို႔မသိပါဘူး၊ ငါ့အေကာင့္ထဲမွာ သုညေတြအမ်ားႀကီးရွိေနတာက ခံစားခ်က္ေကာင္းေစတယ္၊ ငါက 1-comma club ရဲ႕အဖြဲ႕ဝင္တစ္ေယာက္မဟုတ္ရင္ 3-comma club (ဘီလ်ံနာေတြအတြက္ ကလပ္)မဟုတ္ပါဘူး “ လို႔ James က ဆိုပါတယ္။James တို႔ရဲ႕ဘဏ္အေကာင့္ထဲက ပုံမွန္အားျဖင့္ ေဒၚလာေထာင္ခ်ီ ဒါမွမဟုတ္ ေဒၚလာသန္းေပါင္းမ်ားစြာဘဲ ရွိပါတယ္။
ထို႔ေနာက္ James ႏွင့္ဇနီးျဖစ္သူတို႔ဟာ ၿပီးခဲ့တဲ့အပတ္ တနလၤာေန႔က ထူးဆန္းတဲ့ေငြမ်ားက ၎တို႔ရဲ႕ဘဏ္အေကာင့္ထဲသို႔ဝင္ေနတာကိုေတြ႕ခဲ့ၿပီး သိပ္မၾကာခင္မွာဘဲ Chase Bank သို႔ဖုန္းဆက္ခဲ့ၿပီး “ ငါ သူေဌးျဖစ္ေနတာ ေလးရက္ရွိၿပီ ၊ မင္းတို႔ အဲဒါကိုဘာမွမလုပ္ေပးႏိုင္ရင္ေတာ့ ဒါဟာ အရမ္းေကာင္းတဲ့ခံစားခ်က္ပဲ၊ ေငြက ငါတို႔ဟာမဟုတ္ဘူးဆိုတာ ငါတို႔သိတယ္ ၊ ဒါေၾကာင့္ ငါတို႔လုပ္ႏိုင္တာဘာမွမရွိဘူး ၊ ဒါကခိုးမႈေၾကာင့္ ငါတို႔သုံးလို႔မရဘူး “ လို႔ James က ဆိုခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာပင္ Florida ျပည္နယ္ Largo ၿမိဳ႕မွ Julia Yonkowski အမည္ရွိအမ်ိဳးသမီးတစ္ဦးကလည္း မၾကာေသးမီက ATM စက္မွ သူမ ေဒၚလာ ၂၀ သာထုတ္ယူလိုက္တဲ့အခါ သူမရဲ႕ Chase Bank အေကာင့္မွာ ေဒၚလာ ၁ ဘီလီယံကို ရရွိခဲ့ေၾကာင္း သိရွိခဲ့ရပါတယ္။
သို႔ေပမဲ့ James တို႔မိသားစုအေကာင့္အား ေငြမွားယြင္းလႊဲေျပာင္းခဲ့မိတဲ့ကိစၥကို ေျဖရွင္းၿပီးၿပီျဖစ္ေၾကာင္းႏွင့္ လြန္ခဲ့တဲ့တစ္ပတ္ေလာက္က နည္းပညာပိုင္းျပႆနာတစ္ခုႀကဳံခဲ့ရၿပီး ၎ျပႆနာကို ေျဖရွင္းၿပီးသြားၿပီျဖစ္သလို မွားယြင္းသြားတဲ့အေကာင့္မ်ားကလည္း ျပန္လည္ေကာင္းမြန္စြာ လည္ပတ္ေနၿပီျဖစ္ေၾကာင္း Chase Bank မွ အႀကီးတန္းေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ျပန္လည္ေျဖရွင္းေျပာၾကားခဲ့ပါတယ္။
credit