ၾကားသိရသမွ်

ကိုယ့်တိုင်းပြည်အရေးထက် သူများတိုင်းပြည်အရေးကို ပိုစိတ်ဝင်စားနေတဲ့သူတွေကို ခပ်ကြမ်းကြမ်းလေးပြောလိုက်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

ကိုယ့်တိုင်းပြည်အရေးထက် သူများတိုင်းပြည်အရေးကို ပိုစိတ်ဝင်စားနေတဲ့သူတွေကို ခပ်ကြမ်းကြမ်းလေးပြောလိုက်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့ အတူအမှန် တရား ဘက်က ပါဝင်ပြီး လမ်းထွက်ကာ လူထု လှုပ်ရှားမှု တွေမှာအားတက်သရော ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က ၊ ဖြင့် အမှုဖွင့် ထားခြင်း ခံရပြီး ဘေးကင်းရာကို ရှောင်တိမ်းနေခဲ့ ရပါတယ်နော်။

မင်းမော်ကွန်းဟာ တိုင်ပြည်အရေးကို ပြည်သူတွေပိုပြီ စိတ်ဝင်စားအောင် အမြဲတိုက်တွန်းနေသူ တစ်ယောက်ဖြစ်သလို တိုင်ပြည်အရေးနဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို လူမှု့ကွန်ယက်မှာ တင်တဲ့သူတွေကိုလည်း ဆူလေ့ရှိတာကြောင့် ပရိတ်သတ်တွေက ” မင်းမော်ကွန်း ဆူလိမ့်မယ်” ဆိုပြီးချစ်စနိုးနဲ့ စနောက်ကြတဲ့ အထိပါပဲနော် ။

ဒီတခါမှာလည်း သရုပ်ဆောင် မင်းမော်ကွန်းက မိမိတိုင်းပြည် အရေးထက် ကမ္ဘာမှာ လက်ရှိဖြစ်ပွားနေတဲ့ ရုရှား ယူကရိန်း စစ်ပွဲအကြောင်းကို လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတဲ့ ဆရာကြီးတွေကို အခုလို ခပ်ကြမ်းကြမ်းလေး သတိပေး လိုက်ပါတယ် ။

သရုပ်ဆောင် မင်းမော်ကွန်းက ” ကိုယ့်ပြည်သူအရေး ကိုယ်နိုင်ငံက အရေးကျတော့ အဖမ်းခံ အသိမ်းခံရမှာကြောက်ပြီး ဘာမှမကူ ဘာမှမလှူ ဘာမှမလုပ်ရဲ မပြောရဲတဲ့ သူတွေက

ခုယူကရိန်း ကိစ္စလဲဖြစ်ရော မဖမ်းမှန်းသိလို့ ပေါ်လာလိုက်ကြတာ စစ်ရေးကျွမ်းကျင် နိုင်ငံရေးပါရဂူ စစရကတွေ သနားတတ်စာနာတတ်လွန်းကြတဲ့ မဟာဂရုဏာရှင် လူသားချင်း စာနာတတ်လွန်းသူများ

ခင်များတို့ ခုလက်ရှိဖြစ်နေတဲ့ မိုးဗြဲ ဖယ်ခုံ နန်းမယ်ခုံ ဒေသတွေ အတွက် ဘာတွေပြော ဘာတွေလုပ် ပြီးကြပြီလဲ

ခင်များတို့ရဲ့ ယူကရိန်းက ရောင်းထားတဲ့ လက်နက်တွေကြောင့် ကျုပ်တို့ရဲဘော်တွေ ကျဆုံးနေတာ ကျုပ်တို့ပြည်သူတွေ စစ်ရှောင်နေရတာရော ခင်များတို့သိလား သိရဲ့သားနဲ့ စောက်ဖက် မလုပ်တာလား

ဘာမှမပြောချင် မကူချင်နေပါ ခင်များတို့ရဲ့ ကမ္ဘာနဲ့ချီတဲ့ စစရက ပို့စ်တွေကြောင့် ကျုပ်တို့ မြန်မာပြည်လေးကို ကာကွယ်နေတဲ့ သူတွေရဲ့ သတင်းတွေ လို အပ်ချက်တွေ နေရာမရ ဘူးဆိုရင်တော့ ခင်များတို့လောက် စောက်သုံးမကျတဲ့သူတွေမရှိတော့ဘူး ” ဆိုပြီး ရေးသားထားတာကို ပရိတ်သတ်ကြီးအတွက် ပြည်လည် မျှဝေပေးလိုက်ပါတယ်နော် ။

Source ; Kyaw Kyaw Htay Lwin FB