ၾကားသိရသမွ်

ရုရှားနိုင်ငံက စစ်ဆင်ရေး ဆင်နွှဲနေတာကို ကျူးကျော်မှုလို့မသုံးသင့်ကြောင်း တရုတ်နိုင်ငံ ပြော

ရုရှားနိုင်ငံ က ယူကရိန်းနိုင်ငံကို စစ်ရေးအရတိုက်ခိုက်မှုတွေ စတင်နေပေမယ့် သက်ဆိုင်တဲ့ နိုင်ငံအားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ပြီး စစ်ဆင်ရေးဆင်နွှဲနေတာကို ကျူးကျော်မှုလို့မသုံးသင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေး

ဝန်ကြီးဌာနပြောခွင့်ရ ဟွာချွင်းယင် ကဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တဲ့အကြောင်း AFP သတင်းမှာရေးသားထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင် ကအကြီးစား

ထိုးစစ်ဆင်မှုတစ်ရပ် ဆင်နွှဲကြောင်း ကြေညာပြီးတဲ့နောက်မှာရုရှားခြေလျင်တပ်ဖွဲ့ဝင်တွေဟာ စစ်မျက်နှာအသီးသီးကနေ ယူကရိန်းနယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ရုရှား၊ ယူကရိန်းအခြေအနေနဲ့ပတ်သက်ပြီး

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဟွာချွင်းယင် ကယူကရိန်းမှာ ဖြစ်ပွားနေတဲ့ လတ်တလောအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ် သက်ဆိုင်တဲ့နိုင်ငံအားလုံးကို

ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ ထိန်းချုပ်မရတော့ အခြေအနေမျိုးဖြစ်မလာအောင် တားဆီးကာကွယ်ကြဖို့ တိုက်တွန်းလိုတယ်လို့ သူကပြောဆိုခဲ့ပါတယ်။

crd-myanmarbusinessclub

Unicode

ရုရှားနိုင်ငံက စစ်ဆင်ရေး ဆင်နွှဲနေတာကို ကျူးကျော်မှုလို့မသုံးသင့်ကြောင်း တရုတ်နိုင်ငံ ပြော

ရုရှားနိုင်ငံ က ယူကရိန်းနိုင်ငံကို စစ်ရေးအရတိုက်ခိုက်မှုတွေ စတင်နေပေမယ့် သက်ဆိုင်တဲ့ နိုင်ငံအားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ပြီး စစ်ဆင်ရေးဆင်နွှဲနေတာကို ကျူးကျော်မှုလို့မသုံးသင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေး

ဝန်ကြီးဌာနပြောခွင့်ရ ဟွာချွင်းယင် ကဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တဲ့အကြောင်း AFP သတင်းမှာရေးသားထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင် ကအကြီးစား ထိုးစစ်ဆင်မှုတစ်ရပ် ဆင်နွှဲကြောင်း

ကြေညာပြီးတဲ့နောက်မှာရုရှားခြေလျင်တပ်ဖွဲ့ဝင်တွေဟာ စစ်မျက်နှာအသီးသီးကနေ ယူကရိန်းနယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ရုရှား၊ ယူကရိန်းအခြေအနေနဲ့ပတ်သက်ပြီး