အပတိရူပဒေသ ရန်ကုန် (သို့) ရန်ကုန်မှာ လုံးဝမနေသင့်တဲ့ အကြောင်းအရင်း (၆) ချက်
နိုင်ငံခြားမှာ အနေကြာပြီး၊ မြန်မာပြည်ပြန် အခြေချတော့မယ်ဆိုရင် တစ်ခြားမြို့တွေကို စဉ်းစားပါ။ ရန်ကုန်ကို ရှောင်ပါ။ ရန်ကုန်မှာ မနေသင့်တဲ့ အကြောင်း (၆) ချက်ကို တင်ပြပေးလိုက်ပါတယ်။
(၁) ရာသီဥတု – ရန်ကုန်ရဲ့ ရာသီဥတုက အညာဒေသထက် ဆိုးပါတယ်။ နွေမှာ ၄၀ ဒီကရီ အထက်ကို ပူတဲ့အပြင် ရေငွေ့ (စိုးထိုင်းဆ) များလွန်းတော့ အသားကို အပ်နဲ့ထိုးသလို ပူပါတယ်။ အညာမှာတောင် အရိပ်ထဲဝင်ရင် အပူသက်သာပေမယ့် ရန်ကုန်မှာတော့ မသက်သာပါဘူး။
အိမ်တွေ၊ တိုက်တွေ ကျပ်နေလို့ လေကလည်း မတိုးတော့ ပိုဆိုးပါတယ်။ မိုးကျတော့လည်း တစ်ပါတ် ၄ ရက်လောက် ရေကြီးပါတယ်။ ရေကြီးလို့ မြောင်းကျွံတာ၊ ဓါတ်လိုက်တာနဲ့ သေကြတာလည်း မေးဦး။
စိုထိုင်းဆများလွန်းတော့ အိမ်မှာနေရတာကိုက Wet Market ထဲရောက်နေသလိုပါပဲ။ အိမ်နံရံတွေ၊ သစ်သားပရိဘောဂတွေမှာ မှိုတွေတက်လာတတ်ပါတယ်။ နိုင်ငံခြားပြန်တွေ အသည်းအေးအောင် ကြောက်တဲ့ မှိုပါ။ ဒါတွေသိပ်မဖြစ်ပဲ နေလို့အဆင်ပြေတယ်ဆိုတဲ့ ဆောင်းရာသီကတော့ တစ်နှစ်ကို ၂ လ ထက် မပိုတော့ပါဘူး။
(၂) နိစ္စဓူဝ ရှင်သန်ချိန် – လူတွေဟာ တစ်နေ့ကို ၈ နာရီ အိပ်တယ်ထားပါတော့။ ဒါဆိုရင် ၁၆ နာရီ ရှင်သန်ချိန်ရပါတယ်။ ရန်ကုန်ကလူသားတွေဟာ တစ်နေ့ကို ၁၁ နာရီ လောက်ပဲ ရှင်သန်ချိန်ရပါတယ်။ ၅ နာရီက လမ်းပေါ်မှာ ကားကျပ်နေလို့ အချိန်ကုန်သွားကြလို့ပါ။
ဒီတော့ တစ်နေ့ ၉ နာရီ ဝမ်းရေးအတွက် အလုပ် လုပ်မယ်ဆိုတဲ့သူအတွက်၊ မိသားစု၊ ကိုယ့်ကျန်းမာရေး၊ လေ့လာသင်ယူရေး၊ ဘာသာရေး စတာတွေအတွက် ၃ နာရီပဲ အချိန်ရပါလိမ့်မယ်။ အလုပ်ကအပြန် GYM သွားမယ်။
ပြီးရင် အမေ့အိမ်ဝင်မယ်။ အိမ်ပြန်ရောက်ရင် စာနည်းနည်းဖတ်မယ်။ ဆိုတာမျိုးကတော့ ဆုကြီးကြီးတောင်းတောင် မရနိုင်ပါဘူး။ အလုပ်ကပြန်ရင် အိပ်ချိန်နီးနေပါလိမ့်မယ်။ မနက်လည်း စောစော ထရဦးမယ်လေ။ အလုပ်ကို ၉ နာရီတက်ဖို့က မနက် ၇ နာရီ အိမ်က ထွက်ရမှာကိုး။
(၃) နေထိုင်စရိတ် – စင်္ကာပူထက်တောင် နည်းနည်းသာချင်နေပါပြီ။ ဖွတ်ကျောပြာစုဘဝနေထိုင်မှုပုံစံမျိုး နေမယ်ဆိုရင်တောင် တစ်ခြားမြို့တွေထက်တော့ ရန်ကုန်က ငွေပိုကုန်ပါတယ်။ သက်တောင့်သက်သာ နေထိုင်မှုပုံစံဖြစ်ချင်ရင်တော့ ငွေကို တံတားခင်းမှ ဖြစ်မှာပါ။
မြို့ထဲမှာနေရင် လူတွေ ကားတွေ ပိတ်ကျပ်နေပါတယ်။ နေစရာ အခန်းတွေက ကျဉ်းပါတယ်။ မြို့ပြင်ထွက်နေရင် ကိုယ့်အိမ်ကိုယ် ဓါးထမ်းစောင့်ရပါလိမ့်မယ်။ အပြင်မကျ အထဲမကျနေရာမှာ ခြံလေး ဝင်းလေးနဲ့ နေမယ်ဆိုလည်း၊ ဝယ်ရမယ့်ဈေးက စင်္ကာပူ HDB ဈေး မကဘူးမှတ်ပါ။
အိမ်ဝယ်ပြီးလို့ အဆင်သင့်တက်နေမယ် စိတ်မကူးနဲ့ဦး။ လုံခြုံရေးအတွက် ခြံစည်းရိုးမြှင့်တန် မြှင့်ရမယ်။ မီးအားမြှင့်စက်၊ အင်ဗာတာ တပ်ရမယ်။ ခုခေတ်စားတဲ့ Star City တို့လို Housing Project တွေမှာနေမယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမယ့် စဉ်းစားရတာက ပေးရတာနဲ့တန်ရဲ့လား။ Landed Property လည်းမဟုတ်။
(၄) လူမှုပတ်ဝန်းကျင် – ရန်ကုန်ဟာ လူတန်းစားစုံပါတယ်။ နယ်တကာပေါင်းစုံကလူတွေဟာ လုပ်ကိုင်စားဖို့ ရန်ကုန်ကို လာကြပါတယ်။ ရန်ကုန်မှာ ထင်သလောက် မစွံတော့ ဒုစရိုက်မှုကလည်း များလာပါတယ်။ ရန်ကုန်မှာ တတ်လို့ လုပ်စားတာထက် ငတ်လို့ လုပ်စားရတာက များတယ်။ ဥပမာ နယ်မြို့မှာ မုန့်ဟင်းခါးရောင်းတယ်ထားပါတော့။
မသန့်ရှင်းဘူး၊ စားမကောင်းဘူးဆိုရင် အလွန်ဆုံးရောင်းရလှ ၇ ရက်ပေါ့။ သိကုန်ကြရင် လာမစားတော့ဘူး။ ရန်ကုန်မှာကတော့ အေးဆေးပဲ။ မသန့်ရှင်းလည်း၊ စားမကောင်းလည်း မသိတဲ့သူက လာစားမှာပဲ။
လူစည်တဲ့နေရာသာရောင်း၊ ကိုယ့်ဟာ စားမကောင်းမှန်း မသိသူတွေကအမြဲ ရှိနေမှာကိုး။ ဒါက မုန့်ဟင်းခါးဆိုင်ကို ဥပမာပေးတာ။ ဒီလိုပဲ ဂျင်းထည့်ဖို့ လွယ်တော့၊ ဘာမှ မတတ်ပဲ လုပ်စားကြတဲ့ စီးပွားရေးတွေ အများကြီး။
ဒါ့ကြောင့် ရန်ကုန်မှာ အစားအသောက်ကအစ Service Quality ကို ထိုက်ထိုက်တန်တန်ရဖို့ ခက်တယ်။ ကိုယ်ရောင်းတဲ့ အစားအသောက် ကိုယ်တိုင်ပြန်မစားရဲတဲ့၊ ကိုယ့်ပစ္စည်း ကိုယ်ပြန်မသုံးရဲတဲ့ စီးပွားရေးလုပ်ငန်းတွေ များတယ်။
(၅) ဦးဆောင်မှု – အရာရာဟာ ဦးဆောင်မှုကြောင့် မြင့်တက်တယ်၊ နိမ့်ကျတယ် လို့ ဆိုပါတယ်။ ရန်ကုန်ဟာ ဦးဆောင်မှု ကောင်းကောင်း အောက်မှာ မရှိဘူးဆိုတာကိုတော့ အတော်များများ လက်ခံကြမှာပါ။ ရန်ကုန်လမ်းတွေဟာ လူတွေရဲ့အချိန်၊ လူမှုဘဝ နှင့် စီးပွားရေးကို ဆိုးဆိုးရွားရွားသက်ရောက်စေအောင် ဆိုးပါတယ်။
လမ်းတွေ မခင်းဘူးလားဆိုတော့ တစ်နှစ် တစ်ခါကို ခင်းပါတယ်။ ဒီ တစ်လမ်းထဲကို တစ်နှစ် တစ်ခါ ခင်းတာမျိုးပါ။ ဘာလို့လဲဆိုတော့ ခင်းထားတဲ့လမ်းက တစ်နှစ်ပဲ ခံတာကိုး။ လမ်းခင်းနေလို့ ကားပိတ်ပါတယ်။
လူတွေက ခင်းပြီးရင်တော့ ပိုအဆင်ပြေသွားမှာပါဆိုပြီး သည်းခံကြပါတယ်။ သည်းခံရတာက ၃ လ လောက်ကြာပါတယ်။ ခင်းပြီးသွားတဲ့အခါ အဆင်ပြေမှုကို ၆ လ လောက်ရပါတယ်။ နောက်ပိုင်းတော့ လမ်းက ပျက်လာပြန်ပါပြီ။ နောက်နှစ်ကျတော့ ဒီလမ်းကိုပဲ ပြန်ခင်းပါတယ်။ ၃ လ လောက် ထပ်ပြီး သည်းခံရပြန်ပါတယ်။ ပြီးသွားတော့ ၆ လ လောက် အဆင်ပြေပါတယ်။
အဲ.. ပြီးတော့.. ပြန်ပျက်ပါတယ်။ နောက်နှစ်ပြန်ခင်းရင် ၃ လ သည်းခံရဦးမယ်ပေါ့။ ဒါက အမြင်သာဆုံး လမ်းကိစ္စကို ဥပမာပေးတာပါ။ YBS ကိစ္စ၊ လမ်းဘေးဈေးသည်ကိစ္စ၊ ကြူးကျော်ကိစ္စ၊ မြောင်းရေလျှံတဲ့ကိစ္စ၊ သစ်ပင်ခုတ်တဲ့ကိစ္စ၊ မီတာတွေ ဓါတ်တိုင်ပေါ်တင်တဲ့ကိစ္စ၊ လိုင်စင်/ပါမစ်ကိစ္စ အို.. စုံလို့ပါ။
(၆) စီးပွားရေး – ရန်ကုန်ဟာ စီးပွားရှာဖို့တော့ အင်မတန်ကောင်းပါတယ်။ သင်ဟာ Professional ကျပြီး လူမှုဆက်ဆံရေးလေး သာကောင်းမယ်ဆိုရင် ပြိုင်ဘက်တွေကို အသာလေးကျော်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမှာက Professional ကျရင် ဆက်ဆံရေးကဆိုးတယ်။ ဆက်ဆံရေးကောင်းနေရင် တကယ်မလုပ်တတ်ပဲ ဖေါရှောတွေများပြန်ကော။
၂ ခုလုံးသာ အဆင်ပြေတဲ့သူဆိုရင် Customer တွေက ပြေးလာတန်းစီနေပါလိမ့်မယ်။ တကယ်လို့ သင်ကိုယ်တိုင်က ဒီလိုမဟုတ်ပါဘူးဆိုရင်တောင် မပူပါနဲ့။ အပေါ်မှာပြောခဲ့တဲ့ မုန့်ဟင်းခါးသည်လို ဂျင်းထည့်စရာတွေ အများကြီး ရနိုင်ပါသေးတယ်။
(ခုလို ကိုဗစ်ကာလမှာဆို အွန်လိုင်းပေါ်ကနေ ဈေးရောင်းလို့ ပိုလွယ်ပါတယ်) ငွေရှာလွယ်တယ်ဆိုပေမယ့် ရှာသမျှငွေကို Quality of Life လေးရဖို့ ဒလဟော ပြန်သုံးရတယ်ဆိုတော့ မထူးပါဘူးနော်။ တစ်ချို့ ကိစ္စတွေမှာ ငွေသုံးရင်တောင် Quality of Life ကို မရနိုင်ပါဘူး။
“ပတိရူပဒေသဝါတောစ” သင့်တင့်လျှောက်ပတ်သော အရပ်ဒေသမှာ နေထိုင်ခြင်း ဟာ မင်္ဂလာတစ်ပါးလို့ ဘုရားကဟောပါတယ်။သေချာတာက ရန်ကုန်ဟာ ပရိရူပ ဒေသ မဟုတ်ဘူးဆိုတာပါပဲ။ သူ့ထက်ဆိုတဲ့ ဒေသတွေ ရှိနိုင်ပါလိမ့်မယ်။
ဒါပေမယ့် သူ့ထက်ကောင်းတဲ့ နေရာတွေကို ရွေးခြယ်နိုင်အောင်လို့ပါ။ ဒါ့ကြောင့် ခင်ဗျားတို့ မနေနိုင်မထိုင်နိုင် ပြန်လာချင်သပဆိုရင်၊ ဘယ်မှာ အခြေချမလည်း သေချာတွေးခဲ့ကြပါလို့။
အပတိ႐ူပေဒသ ရန္ကုန္ (သို႔) ရန္ကုန္မွာ လုံးဝမေနသင့္တဲ့ အေၾကာင္းအရင္း (၆) ခ်က္
ႏိုင္ငံျခားမွာ အေနၾကာၿပီး၊ ျမန္မာျပည္ျပန္ အေျခခ်ေတာ့မယ္ဆိုရင္ တစ္ျခားၿမိဳ႕ေတြကို စဥ္းစားပါ။ ရန္ကုန္ကို ေရွာင္ပါ။ ရန္ကုန္မွာ မေနသင့္တဲ့ အေၾကာင္း (၆) ခ်က္ကို တင္ျပေပးလိုက္ပါတယ္။
(၁) ရာသီဥတု – ရန္ကုန္ရဲ႕ ရာသီဥတုက အညာေဒသထက္ ဆိုးပါတယ္။ ေႏြမွာ ၄၀ ဒီကရီ အထက္ကို ပူတဲ့အျပင္ ေရေငြ႕ (စိုးထိုင္းဆ) မ်ားလြန္းေတာ့ အသားကို အပ္နဲ႔ထိုးသလို ပူပါတယ္။ အညာမွာေတာင္ အရိပ္ထဲဝင္ရင္ အပူသက္သာေပမယ့္ ရန္ကုန္မွာေတာ့ မသက္သာပါဘူး။
အိမ္ေတြ၊ တိုက္ေတြ က်ပ္ေနလို႔ ေလကလည္း မတိုးေတာ့ ပိုဆိုးပါတယ္။ မိုးက်ေတာ့လည္း တစ္ပါတ္ ၄ ရက္ေလာက္ ေရႀကီးပါတယ္။ ေရႀကီးလို႔ ေျမာင္းကြၽံတာ၊ ဓါတ္လိုက္တာနဲ႔ ေသၾကတာလည္း ေမးဦး။
စိုထိုင္းဆမ်ားလြန္းေတာ့ အိမ္မွာေနရတာကိုက Wet Market ထဲေရာက္ေနသလိုပါပဲ။ အိမ္နံရံေတြ၊ သစ္သားပရိေဘာဂေတြမွာ မႈိေတြတက္လာတတ္ပါတယ္။ ႏိုင္ငံျခားျပန္ေတြ အသည္းေအးေအာင္ ေၾကာက္တဲ့ မႈိပါ။ ဒါေတြသိပ္မျဖစ္ပဲ ေနလို႔အဆင္ေျပတယ္ဆိုတဲ့ ေဆာင္းရာသီကေတာ့ တစ္ႏွစ္ကို ၂ လ ထက္ မပိုေတာ့ပါဘူး။
(၂) နိစၥဓူဝ ရွင္သန္ခ်ိန္ – လူေတြဟာ တစ္ေန႔ကို ၈ နာရီ အိပ္တယ္ထားပါေတာ့။ ဒါဆိုရင္ ၁၆ နာရီ ရွင္သန္ခ်ိန္ရပါတယ္။ ရန္ကုန္ကလူသားေတြဟာ တစ္ေန႔ကို ၁၁ နာရီ ေလာက္ပဲ ရွင္သန္ခ်ိန္ရပါတယ္။ ၅ နာရီက လမ္းေပၚမွာ ကားက်ပ္ေနလို႔ အခ်ိန္ကုန္သြားၾကလို႔ပါ။
ဒီေတာ့ တစ္ေန႔ ၉ နာရီ ဝမ္းေရးအတြက္ အလုပ္ လုပ္မယ္ဆိုတဲ့သူအတြက္၊ မိသားစု၊ ကိုယ့္က်န္းမာေရး၊ ေလ့လာသင္ယူေရး၊ ဘာသာေရး စတာေတြအတြက္ ၃ နာရီပဲ အခ်ိန္ရပါလိမ့္မယ္။ အလုပ္ကအျပန္ GYM သြားမယ္။
ၿပီးရင္ အေမ့အိမ္ဝင္မယ္။ အိမ္ျပန္ေရာက္ရင္ စာနည္းနည္းဖတ္မယ္။ ဆိုတာမ်ိဳးကေတာ့ ဆုႀကီးႀကီးေတာင္းေတာင္ မရႏိုင္ပါဘူး။ အလုပ္ကျပန္ရင္ အိပ္ခ်ိန္နီးေနပါလိမ့္မယ္။ မနက္လည္း ေစာေစာ ထရဦးမယ္ေလ။ အလုပ္ကို ၉ နာရီတက္ဖို႔က မနက္ ၇ နာရီ အိမ္က ထြက္ရမွာကိုး။
(၃) ေနထိုင္စရိတ္ – စကၤာပူထက္ေတာင္ နည္းနည္းသာခ်င္ေနပါၿပီ။ ဖြတ္ေက်ာျပာစုဘဝေနထိုင္မႈပုံစံမ်ိဳး ေနမယ္ဆိုရင္ေတာင္ တစ္ျခားၿမိဳ႕ေတြထက္ေတာ့ ရန္ကုန္က ေငြပိုကုန္ပါတယ္။ သက္ေတာင့္သက္သာ ေနထိုင္မႈပုံစံျဖစ္ခ်င္ရင္ေတာ့ ေငြကို တံတားခင္းမွ ျဖစ္မွာပါ။
ၿမိဳ႕ထဲမွာေနရင္ လူေတြ ကားေတြ ပိတ္က်ပ္ေနပါတယ္။ ေနစရာ အခန္းေတြက က်ဥ္းပါတယ္။ ၿမိဳ႕ျပင္ထြက္ေနရင္ ကိုယ့္အိမ္ကိုယ္ ဓါးထမ္းေစာင့္ရပါလိမ့္မယ္။ အျပင္မက် အထဲမက်ေနရာမွာ ၿခံေလး ဝင္းေလးနဲ႔ ေနမယ္ဆိုလည္း၊ ဝယ္ရမယ့္ေဈးက စကၤာပူ HDB ေဈး မကဘူးမွတ္ပါ။
အိမ္ဝယ္ၿပီးလို႔ အဆင္သင့္တက္ေနမယ္ စိတ္မကူးနဲ႔ဦး။ လုံၿခဳံေရးအတြက္ ၿခံစည္း႐ိုးျမႇင့္တန္ ျမႇင့္ရမယ္။ မီးအားျမႇင့္စက္၊ အင္ဗာတာ တပ္ရမယ္။ ခုေခတ္စားတဲ့ Star City တို႔လို Housing Project ေတြမွာေနမယ္ဆိုရင္ေတာ့ မဆိုးပါဘူး။ ဒါေပမယ့္ စဥ္းစားရတာက ေပးရတာနဲ႔တန္ရဲ႕လား။ Landed Property လည္းမဟုတ္။
(၄) လူမႈပတ္ဝန္းက်င္ – ရန္ကုန္ဟာ လူတန္းစားစုံပါတယ္။ နယ္တကာေပါင္းစုံကလူေတြဟာ လုပ္ကိုင္စားဖို႔ ရန္ကုန္ကို လာၾကပါတယ္။ ရန္ကုန္မွာ ထင္သေလာက္ မစြံေတာ့ ဒုစ႐ိုက္မႈကလည္း မ်ားလာပါတယ္။ ရန္ကုန္မွာ တတ္လို႔ လုပ္စားတာထက္ ငတ္လို႔ လုပ္စားရတာက မ်ားတယ္။ ဥပမာ နယ္ၿမိဳ႕မွာ မုန႔္ဟင္းခါးေရာင္းတယ္ထားပါေတာ့။
မသန႔္ရွင္းဘူး၊ စားမေကာင္းဘူးဆိုရင္ အလြန္ဆုံးေရာင္းရလွ ၇ ရက္ေပါ့။ သိကုန္ၾကရင္ လာမစားေတာ့ဘူး။ ရန္ကုန္မွာကေတာ့ ေအးေဆးပဲ။ မသန႔္ရွင္းလည္း၊ စားမေကာင္းလည္း မသိတဲ့သူက လာစားမွာပဲ။
လူစည္တဲ့ေနရာသာေရာင္း၊ ကိုယ့္ဟာ စားမေကာင္းမွန္း မသိသူေတြကအၿမဲ ရွိေနမွာကိုး။ ဒါက မုန႔္ဟင္းခါးဆိုင္ကို ဥပမာေပးတာ။ ဒီလိုပဲ ဂ်င္းထည့္ဖို႔ လြယ္ေတာ့၊ ဘာမွ မတတ္ပဲ လုပ္စားၾကတဲ့ စီးပြားေရးေတြ အမ်ားႀကီး။
ဒါ့ေၾကာင့္ ရန္ကုန္မွာ အစားအေသာက္ကအစ Service Quality ကို ထိုက္ထိုက္တန္တန္ရဖို႔ ခက္တယ္။ ကိုယ္ေရာင္းတဲ့ အစားအေသာက္ ကိုယ္တိုင္ျပန္မစားရဲတဲ့၊ ကိုယ့္ပစၥည္း ကိုယ္ျပန္မသုံးရဲတဲ့ စီးပြားေရးလုပ္ငန္းေတြ မ်ားတယ္။
(၅) ဦးေဆာင္မႈ – အရာရာဟာ ဦးေဆာင္မႈေၾကာင့္ ျမင့္တက္တယ္၊ နိမ့္က်တယ္ လို႔ ဆိုပါတယ္။ ရန္ကုန္ဟာ ဦးေဆာင္မႈ ေကာင္းေကာင္း ေအာက္မွာ မရွိဘူးဆိုတာကိုေတာ့ အေတာ္မ်ားမ်ား လက္ခံၾကမွာပါ။ ရန္ကုန္လမ္းေတြဟာ လူေတြရဲ႕အခ်ိန္၊ လူမႈဘဝ ႏွင့္ စီးပြားေရးကို ဆိုးဆိုး႐ြား႐ြားသက္ေရာက္ေစေအာင္ ဆိုးပါတယ္။
လမ္းေတြ မခင္းဘူးလားဆိုေတာ့ တစ္ႏွစ္ တစ္ခါကို ခင္းပါတယ္။ ဒီ တစ္လမ္းထဲကို တစ္ႏွစ္ တစ္ခါ ခင္းတာမ်ိဳးပါ။ ဘာလို႔လဲဆိုေတာ့ ခင္းထားတဲ့လမ္းက တစ္ႏွစ္ပဲ ခံတာကိုး။ လမ္းခင္းေနလို႔ ကားပိတ္ပါတယ္။
လူေတြက ခင္းၿပီးရင္ေတာ့ ပိုအဆင္ေျပသြားမွာပါဆိုၿပီး သည္းခံၾကပါတယ္။ သည္းခံရတာက ၃ လ ေလာက္ၾကာပါတယ္။ ခင္းၿပီးသြားတဲ့အခါ အဆင္ေျပမႈကို ၆ လ ေလာက္ရပါတယ္။ ေနာက္ပိုင္းေတာ့ လမ္းက ပ်က္လာျပန္ပါၿပီ။ ေနာက္ႏွစ္က်ေတာ့ ဒီလမ္းကိုပဲ ျပန္ခင္းပါတယ္။ ၃ လ ေလာက္ ထပ္ၿပီး သည္းခံရျပန္ပါတယ္။ ၿပီးသြားေတာ့ ၆ လ ေလာက္ အဆင္ေျပပါတယ္။
အဲ.. ၿပီးေတာ့.. ျပန္ပ်က္ပါတယ္။ ေနာက္ႏွစ္ျပန္ခင္းရင္ ၃ လ သည္းခံရဦးမယ္ေပါ့။ ဒါက အျမင္သာဆုံး လမ္းကိစၥကို ဥပမာေပးတာပါ။ YBS ကိစၥ၊ လမ္းေဘးေဈးသည္ကိစၥ၊ ၾကဴးေက်ာ္ကိစၥ၊ ေျမာင္းေရလွ်ံတဲ့ကိစၥ၊ သစ္ပင္ခုတ္တဲ့ကိစၥ၊ မီတာေတြ ဓါတ္တိုင္ေပၚတင္တဲ့ကိစၥ၊ လိုင္စင္/ပါမစ္ကိစၥ အို.. စုံလို႔ပါ။
(၆) စီးပြားေရး – ရန္ကုန္ဟာ စီးပြားရွာဖို႔ေတာ့ အင္မတန္ေကာင္းပါတယ္။ သင္ဟာ Professional က်ၿပီး လူမႈဆက္ဆံေရးေလး သာေကာင္းမယ္ဆိုရင္ ၿပိဳင္ဘက္ေတြကို အသာေလးေက်ာ္ႏိုင္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ဒီမွာက Professional က်ရင္ ဆက္ဆံေရးကဆိုးတယ္။ ဆက္ဆံေရးေကာင္းေနရင္ တကယ္မလုပ္တတ္ပဲ ေဖါေရွာေတြမ်ားျပန္ေကာ။
၂ ခုလုံးသာ အဆင္ေျပတဲ့သူဆိုရင္ Customer ေတြက ေျပးလာတန္းစီေနပါလိမ့္မယ္။ တကယ္လို႔ သင္ကိုယ္တိုင္က ဒီလိုမဟုတ္ပါဘူးဆိုရင္ေတာင္ မပူပါနဲ႔။ အေပၚမွာေျပာခဲ့တဲ့ မုန႔္ဟင္းခါးသည္လို ဂ်င္းထည့္စရာေတြ အမ်ားႀကီး ရႏိုင္ပါေသးတယ္။
(ခုလို ကိုဗစ္ကာလမွာဆို အြန္လိုင္းေပၚကေန ေဈးေရာင္းလို႔ ပိုလြယ္ပါတယ္) ေငြရွာလြယ္တယ္ဆိုေပမယ့္ ရွာသမွ်ေငြကို Quality of Life ေလးရဖို႔ ဒလေဟာ ျပန္သုံးရတယ္ဆိုေတာ့ မထူးပါဘူးေနာ္။ တစ္ခ်ိဳ႕ ကိစၥေတြမွာ ေငြသုံးရင္ေတာင္ Quality of Life ကို မရႏိုင္ပါဘူး။
“ပတိ႐ူပေဒသဝါေတာစ” သင့္တင့္ေလွ်ာက္ပတ္ေသာ အရပ္ေဒသမွာ ေနထိုင္ျခင္း ဟာ မဂၤလာတစ္ပါးလို႔ ဘုရားကေဟာပါတယ္။ေသခ်ာတာက ရန္ကုန္ဟာ ပရိ႐ူပ ေဒသ မဟုတ္ဘူးဆိုတာပါပဲ။ သူ႔ထက္ဆိုတဲ့ ေဒသေတြ ရွိႏိုင္ပါလိမ့္မယ္။
ဒါေပမယ့္ သူ႔ထက္ေကာင္းတဲ့ ေနရာေတြကို ေ႐ြးျခယ္ႏိုင္ေအာင္လို႔ပါ။ ဒါ့ေၾကာင့္ ခင္ဗ်ားတို႔ မေနႏိုင္မထိုင္ႏိုင္ ျပန္လာခ်င္သပဆိုရင္၊ ဘယ္မွာ အေျခခ်မလည္း ေသခ်ာေတြးခဲ့ၾကပါလို႔။