ဗေဒင်

တနင်္ဂနွေသားသမီးများ ၂၀၂၂ ဖေဖေါ်ဝါရီလ တစ်လစာ အထူးဟောစာတမ်း

2022-ခု ဖေဖေါ် ဝါရီလ ဟောစာတမ်း တနဂ်နွေသားသမီးများ

တနဂ်နွေသားသမီးများ ယခု ဖေဖော်ဝါရီလတွင် စိတ်သစ်ကိုယ်သစ်နှင့် စိတ်ကူးသစ်ဖြင့် အလုပ်များ ဆောင်ရွက်ရမည်။

ဘယ်အခက်ခဲ အကြပ်အတည်များကို မဆုတ်မနှစ် ဇွဲလုံ့လဝီရိယဖြင့် ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်နိုင်ပါက မိမိမည့်သည့်လုပ်ငန်းမဆို အားလုံးပြောင်းလဲ တိုးတတ်မှုရရှိနိုင်သောလဖြစ်သည်။

အမွေနှစ်ရရှိခြင်း၊ တိုက်တာအဆောက်အအုံးများ ဆောက်လုပ်ရကိန်းရှိမည်။

စီးပွားရေး

အိမ်ဝယ်၊တိုက်ခန်းများရောင်းဝယ်ခြင်း၊ဌားရမ်းခြင်းများ၊ အုတ်၊သဲကျောက်၊ အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်၊ အိမ်ခြံမြေရောင်းဝယ်ခြင်း၊ အုန်းသီးနှင့် အုန်းပင်၊ ဆီထွက်အုန်း,သစ်၊သစ်သားစက်၊ပရိဘောဂ၊သံသတ္ထု၊

နွယ်ပင်များ၊ တိုင်းရင်ဆေးဝါးထုတ်လုပ်ရေး၊နွားနို့၊နို့ဆီ၊သတ္တဝါအရောင်းအဝယ်၊ထီ၊ဖိနပ်၊ဓါး ထိုလုပ်ငန်းများ အထူးအကျိူးမြတ်ရရှိမည်။

သောကြာ၊တနဂ်နွေ၊စနေ နံလုပ်ငန်းနှင့် ထိုနေနံသားသမီးများ အကျိူးပေး၊လုပ်ငန်းသစ်လုပ်ခြင်း၊အလုပ်သစ်လျှောက်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ အကျိူးဖြစ်အံ့။

အထူးအားဖြင့် ဤလ ယာဥ်၊လည်း၊ရွှေ၊အလှပညာ၊အလှပစ္စည်းဖြန်းချီရေးလုပ်ငန်း” ဆိုင်ရာ ကိစ္စများနှင့်”ကြေးလုပ်ငန်း၊ကုန်လုပ်ငန်း၊ခြံ၊ကား၊အခန်းကိစ္စ ၊ငွေကြေး”လုပ်ငန်းများ အကျိူးပေးအားနည်းပြိး…

“ရွှေအရောင်ဆိုင်များ၊ အကျိူးဆောင်ပွဲစား လိမ့်လည်ခြင်းနှင့် ဖောက်ထွင်၊ခိုးခံရခြင်းများနှင့် အထူးသဖြင့် အရက်ဆိုင်၊ဘီယာဆိုင်များ၊ဖျော်ဖြေရေးစင်တာများ၊စင်တင် ဂီတာလုပ်ငန်းများ အပြိုင်အဆိုင်အတိုက်အခံများ၊ ဘေးပတ်ဝန်းကျင် မိမိအပေါ် မကောင်းကြံခြင်းကြုံတွေ့ရမည်။

ပညာရေး

နိုင်ငံရပ်ခြားသို့ပညာသင့်ခွင့် အခွင့်အရေးများဝင်လာတတ်သည်။ သင်တန်းတစ်ခုတက်ရခြင်း၊ပညာကောင်းရခြင်းများကြုံမည်။မိတ်ဆွေကောင်း၊ဆရာကောင်းများ တွေ့မည်။ ဝင်ငွေတိုးခြင်း၊ လစာ တိုးခြင်း၊ အလုပ်နေရာဌာနေအပြောင်းအရွှေ့များ ရှိမည်။

အချစ်ရေးနှင့်အိမ်ထောင်းရေး

ရပ်ဝေးဒေသမှ မောင်နှမဆွေမျိူးများ အလည် အပတ်လာရောက်တတ်သည်။နှစ်ဖက်မိဘဆွေမျိူးသားချင်းနှင့်မိတ်သဂ်ဟများ မိမိကူညီထောက်ပံ့ပေးခြင်းများ ရှိမည်။

တနဂ်နွေသားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင်ဖက် စနေ၊သောကြာ၊ တနဂ်နွေဖြစ်နေလျှင်…….👇

ပျိူရွယ်သူများ ဝေးကွာနေသူများနှင့်ပြန်လည်ဆုံစည်းရကိန်းရှိသည်။ အိမ်ထောင်ရှင်များသားသမီးများ၏ သတင်းထူးများကြားရမည်။

မိမိ အိမ်ထောင်ဖက်နှင့် မပြေမလည်ဖြစ်နေတာလေးတွေပြေလည်သွားမည်။ အိမ်ထောင်ရေးသုခတွေပါပြည့်စုံ ပျော်ရွှင်ရလိမ့်မည်။

တနဂ်နွေသားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင်ဖက် ကြာသပတေး၊တနင်္လာ၊ဗုဒ္ဓဟူး ဖြစ်နေလျှင်……👇

မိမိချစ်သူနဲ့ မိမိအကြား သူစိမ်းဆန်သလိုဖြစ်နေကာ အေးစက်နေလိမ့်မည်။မိမိနှင့်ချစ်သူကြား၊မကြာခဏ စကားများ၊ မိမိ မာနကြောင့်မေတ္တာရေး ပြတ်သွားတတ်ပြိး မိမိနှင့်မိမိချစ်သူကြားရန်မဖြစ် ဖြစ်အောင်ဖန်တီးသူများ ရှိနေမည်။

အိမ်​ထောင်​ရေး သာယာ​ပျော်ရွှင်​နေတဲ့ မိသားစုဘဝကို အလိမ်ညာစကား​တွေနဲ့ ​သွေးခွဲမဲ့သူ​ကြောင့် သံသယတွေ့နှင့် မယုံကြည်မှု​တွေ ဖြစ် ပေါ်လာတတ်၍ အထူးသတိပြုပါ။

တနဂ်နွေသားသမီးများ၏ လက်ရှိ ချစ်သူ၊အိမ်ထောင် ဖက် အသက်ပိုင်းခြား ၂၀နှစ်၊ ၂၄နှစ်၊၂၅နှစ်၊၂၉နှစ်၊၄၀နှစ်၊၄၂နှစ် တွေ့က ကံအထူးညံ၏။

ကျန်းမာရေး

ကျန်းမာရေး နှလုံးနှင့်ဆိုင်ရာ​ရောဂါ ၊ လေထိုး၊လေနာ အစာအိမ် အထူးဂရုစိုက်ပေးပါ။ မပေါ့ဆနှင့် ဆရာကောင်းနှင့်ပြသပါ ငွေကုန်မှာကို မပြဘဲမနေပါနှင့်။

အထူးအဟော

တနင်္လာ၊ဗုဒ္ဓဟူး ထိုနေနံသားသမီးများနှင့် လုပ်ငန်းသစ်လုပ်ခြင်း၊ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင်သင့်၏။ ထိုနေနံသားတွေ့က မိမိအပေါ် မကောင်းကြံခြင်းခံရမည်။

ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စ အဆင်ပြေစေရန်အတွက် ဘုရားတွင် အုန်းရည် ၁ခွက် ကပ်လှူ၍ အုန်းလက်ပေါ်တွင် “အ”အက္ခရာရေးပြိး ဆောင်သွားပါ။

အကျိူးပေးဂဏန်း (၁.၆.၀.၉)

အကျိူးပေးနေနံ စနေ၊သောကြာ၊တနဂ်နွေ

အနောက်တောင်အရပ် လာဘ်ရအံ့။ ထိုအရပ် ကျောက်မျက်ရတနာစူးစမ်းရှာဖွဲ့ခြင်း အထူးကောင်း၏။

အကျိူးမပေးနေနံ တနင်္လာ၊ဗုဒ္ဓဟူး၊

ရှောင်ရန် ➖ အရှေ့မြောက်အရပ် ခရီးသွားခြင်း၊ ကျောက်မျက်ရတနာစူးစမ်းရှာဖွဲ့ခြင်းများ ရှောင့်သင့်၏။

ကံကောင်းစေသောအရောင် အနီ၊အညိုရောင်၊ဆင်စွယ်၊နံ့သားရောင်

ယတြာ ➖ နံနက် (၆း၁၁)အချိန်တွင် အိမ်ဘုရားမှ ဖယောင်တိုင်(၆)၊ အမွှေးတိုင်(၉)တိုင် “အုန်းရည်၁ခွက်” အုန်းထမင်း ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။ သုဂတော ပုတီး(၄)ပတ်စိပ်ပါ။ ဥပုဒ်သီလဆောက်တည်ခြင်း၊ အဓိဌာန်ဝင်ခြင်းများ ပြုလုပ်ပါ။

Sayar Minthura MDY 09-751089826(viber) 09-767817917