လက်ရှိအခြေအနေမှာ ကိုဗစ်ကူးစက်ရောဂါကိုပါ တိုက်ထုတ်နေရတဲ့ ပြည်သူလူထုအတွက် ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်လူငယ်လေးတွေက တစ်တပ်တစ်အား ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။
ကိုဗစ်ကူးစက်ရောဂါကို ခံစားခဲ့ရတဲ့ တချို့လူနာတွေကတော့ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ခုခံအားကောင်းလို့ ပြန်လည်ကောင်းမွန်လာတာကို တွေ့ရပါတယ်။
တချို့လူနာတွေအတွက်လည်းအခုချိန်မှာ အောက်ဆီဂျင်အိုးတွေကိုင်ပြီး တစ်မြို့လုံးလိုက်ပတ်ရှာနေရတဲ့ အခြေအနေပဲဖြစ်ပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
တချို့ပြည်သူတွေက မိသားစုရဲ့ကျန်းမာရေးကို စိုးရိမ်ပူပန်နေရတဲ့အပြင် အောက်ဆီဂျင်အတွက်လည်း သောကရောက်နေရတာဖြစ်ပါတယ်။မန္တလေးမြို့မှာတော့ ဒီလိုဒုက္ခတွေခံစားနေရတဲ့ ပြည်သူတွေကို မကြည့်ရက်တော့တဲ့လူငယ်တချို့က သူတို့ကိုယ်တိုင် အောက်ဆီဂျင်ရဖို့အတွက် ကူညီတန်းစီပေးနေတာဖြစ်ပါတယ်။
ပြည်သူတွေရဲ့အခက်အခဲကို ပြည်သူတွေကသာလျှင် ဖြေရှင်းပေးရမှာဖြစ်လို့ ရောဂါကူးစက်မှာကိုမကြောက်ဘဲ လူအုပ်ကြားထဲမှာ အောက်ဆီဂျင်ရဖို့ တန်းစီပေးနေတဲ့ လူငယ်လေးတွေရဲ့စိတ်ဓာတ်က လေးစားစရာကောင်းလှပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
ကိုဗစ်ကူးစက်ရောဂါအခြေအနေက ဒီရက်ပိုင်းမှာ အရမ်းဆိုးလာတာကြောင့် ပြည်သူတွေလည်း စည်းကမ်းတကျဝိုင်းဝန်းထိန်းချုပ်နေကြရတာပဲဖြစ်ပါတယ်။
ပြည်သူတွေရဲ့ဒုက္ခကို ကူညီဖြေရှင်းပေးနေတဲ့ လူငယ်လေးတွေကတော့ အောက်ဆီဂျင်လိုအပ်သူများအနေနဲ့ “သူတို့ကို အိုးအခွံပဲပေးပါ၊အိမ်အရောက်လာယူပြီး စောင့်ဖြည့်ပေးပါမယ်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။
သယ်ယူခလုံးဝပေးစရာမလိုဘဲ စေတနာအပြည့်နဲ့ ကူညီပေးနေတာဖြစ်လို့ အောက်ပါဖုန်းနံပါတ်တွေကိုဆက်ပြီး အကူအညီတောင်းလို့ရကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဆက်သွယ်ရန်-09797407684
09443484320
09441001982
09970570237
09960124004
Photo Credit: Original Uploder
Photo Credit: Original Uploder
Source&Photo Credit: Original Uploder
Crd-myanmarload
Zawgyi
လက္ရွိအေျခအေနမွာ ကိုဗစ္ကူးစက္ေရာဂါကိုပါ တိုက္ထုတ္ေနရတဲ့ ျပည္သူလူထုအတြက္ ပရဟိတအဖြဲ႕အစည္းေတြနဲ႔ ေစတနာရွင္လူငယ္ေလးေတြက တစ္တပ္တစ္အား ဝိုင္းဝန္းကူညီေပးေနၾကတာျဖစ္ပါတယ္။
ကိုဗစ္ကူးစက္ေရာဂါကို ခံစားခဲ့ရတဲ့ တခ်ိဳ႕လူနာေတြကေတာ့ အာဟာရျပည့္ဝေအာင္ စားေသာက္ေနထိုင္ၿပီး စိတ္ဓာတ္ႀကံ့ႀကံ့ခိုင္ခိုင္နဲ႔ ခုခံအားေကာင္းလို႔ ျပန္လည္ေကာင္းမြန္လာတာကို ေတြ႕ရပါတယ္။
တခ်ိဳ႕လူနာေတြအတြက္လည္းအခုခ်ိန္မွာ ေအာက္ဆီဂ်င္အိုးေတြကိုင္ၿပီး တစ္ၿမိဳ႕လုံးလိုက္ပတ္ရွာေနရတဲ့ အေျခအေနပဲျဖစ္ပါတယ္။
Photo Credit: Original Uploder
Photo Credit: Original Uploder
တခ်ိဳ႕ျပည္သူေတြက မိသားစုရဲ႕က်န္းမာေရးကို စိုးရိမ္ပူပန္ေနရတဲ့အျပင္ ေအာက္ဆီဂ်င္အတြက္လည္း ေသာကေရာက္ေနရတာျဖစ္ပါတယ္။မႏၲေလးၿမိဳ႕မွာေတာ့ ဒီလိုဒုကၡေတြခံစားေနရတဲ့ ျပည္သူေတြကို မၾကည့္ရက္ေတာ့တဲ့လူငယ္တခ်ိဳ႕က သူတို႔ကိုယ္တိုင္ ေအာက္ဆီဂ်င္ရဖို႔အတြက္ ကူညီတန္းစီေပးေနတာျဖစ္ပါတယ္။
ျပည္သူေတြရဲ႕အခက္အခဲကို ျပည္သူေတြကသာလွ်င္ ေျဖရွင္းေပးရမွာျဖစ္လို႔ ေရာဂါကူးစက္မွာကိုမေၾကာက္ဘဲ လူအုပ္ၾကားထဲမွာ ေအာက္ဆီဂ်င္ရဖို႔ တန္းစီေပးေနတဲ့ လူငယ္ေလးေတြရဲ႕စိတ္ဓာတ္က ေလးစားစရာေကာင္းလွပါတယ္။
Photo Credit: Original Uploder
Photo Credit: Original Uploder
ကိုဗစ္ကူးစက္ေရာဂါအေျခအေနက ဒီရက္ပိုင္းမွာ အရမ္းဆိုးလာတာေၾကာင့္ ျပည္သူေတြလည္း စည္းကမ္းတက်ဝိုင္းဝန္းထိန္းခ်ဳပ္ေနၾကရတာပဲျဖစ္ပါတယ္။
ျပည္သူေတြရဲ႕ဒုကၡကို ကူညီေျဖရွင္းေပးေနတဲ့ လူငယ္ေလးေတြကေတာ့ ေအာက္ဆီဂ်င္လိုအပ္သူမ်ားအေနနဲ႔ “သူတို႔ကို အိုးအခြံပဲေပးပါ၊အိမ္အေရာက္လာယူၿပီး ေစာင့္ျဖည့္ေပးပါမယ္”ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။
သယ္ယူခလုံးဝေပးစရာမလိုဘဲ ေစတနာအျပည့္နဲ႔ ကူညီေပးေနတာျဖစ္လို႔ ေအာက္ပါဖုန္းနံပါတ္ေတြကိုဆက္ၿပီး အကူအညီေတာင္းလို႔ရေၾကာင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
ဆက္သြယ္ရန္-09797407684
09443484320
09441001982
09970570237
09960124004
Photo Credit: Original Uploder
Photo Credit: Original Uploder
Source&Photo Credit: Original Uploder
Crd-myanmarload