ၾကားသိရသမွ်

ျမန္မာ့ျပႆနာေျပလည္ဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၾသဇာကို အာဆီယံသုံးမည္

ျမန္မာ့ျပႆနာေျပလည္ဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၾသဇာကို အာဆီယံသုံးမည္

ကေမာၻဒီးယားဒုဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က၊ ျမန္မာအၾကမ္းဖက္မႈေတြ ေျပလည္ေရးအတြက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ရၿပီး၊ သူ႔ရဲ႕အရွိန္အဝါၾသဇာကိုပါ သုံးခြင့္ရမယ္ဆိုရင္ တတိယအႀကိမ္ေျမာက္ တရားဝင္ ျမန္မာႏိုင္ငံခရီးစဥ္ကို စီစဥ္မွာျဖစ္ေၾကာင္း အာဆီယံအထူးကိုယ္စားလွယ္ Prak Sokhonn က ေျပာပါတယ္။

Prak Sokhonn ဟာ ၿပီးခဲ့တဲ့ တရားဝင္ ျမန္မာႏိုင္ငံခရီးစဥ္ႏွစ္ခုအတြင္း အာဏာသိမ္းစစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္မျပဳခဲ့ပါဘူး။ အဲဒီအခ်ိန္က ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနျပည္ေတာ္ အက်ဥ္းေထာင္မွာ ခ်ဳပ္ေႏွာင္ထိန္းသိမ္းခံေနခဲ့ရတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ကို ေမးျမန္းေဆြးေႏြးလိုတဲ့ အေရးအႀကီးဆုံးအခ်က္က ျမန္မာႏိုင္ငံရဲ႕ေရွ႕ေရး အနာဂတ္ လက္ရွိ အက်ပ္အတည္းကေန ဘယ္လိုထြက္ေျမာက္ႏိုင္မလဲ၊ သူ႔ရဲ႕ ႏိုင္ငံေရးၾသဇာနဲ႔ ႏိုင္ငံေရးလုပ္ငန္းစဥ္၊ ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္ရင္ၾကားေစ့ေရးကို ဦးတည္တဲ့ ႏိုင္ငံေရး ညႇိႏႈိင္းေဆြးေႏြးမႈကိစၥေတြ ျဖစ္တယ္လို႔ Prak Sokhonn က ေျပာပါတယ္။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အၾကမ္းမဖက္တဲ့အေျခခံမူကို လက္နက္ကိုင္အဖြဲ႕ေတြၾကား ဘယ္လို ဘယ္ပုံ သက္ေရာက္ေအာင္ ေဆာင္႐ြက္မလဲဆိုတဲ့ အခ်က္ကိုလည္း ေမးျမန္းလိုေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ကေမာၻဒီးယားဒုဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Prak Sokhonn က အခုလာမယ့္ခရီးစဥ္ကို လာမယ့္ ကုလသမဂၢ အေထြေထြ ညီလာခံမတိုင္ခင္ စက္တင္ဘာလ ဒုတိယပတ္အတြင္း စီစဥ္ထားတာပါ။ ကုလသမဂၢညီလာခံကို စက္တင္ဘာ ၁၃ ရက္ကေန ၂၇ ရက္ေန႔အထိ နယူးေယာက္ၿမိဳ႕မွာ က်င္းပမွာပါ။

ဒီႏွစ္ အလွည့္က် အာဆီယံဥကၠဌအျဖစ္ ကေမာၻဒီးယားႏိုင္ငံက ေဆာင္႐ြက္မွာျဖစ္ပါတယ္။source-RFA

မြန်မာ့ပြဿနာပြေလည်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကို အာဆီယံသုံးမည်

ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က၊ မြန်မာအကြမ်းဖက်မှုတွေ ပြေလည်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပြီး၊ သူ့ရဲ့အရှိန်အဝါသြဇာကိုပါ သုံးခွင့်ရမယ်ဆိုရင် တတိယအကြိမ်မြောက် တရားဝင် မြန်မာနိုင်ငံခရီးစဉ်ကို စီစဉ်မှာဖြစ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က ပြောပါတယ်။

Prak Sokhonn ဟာ ပြီးခဲ့တဲ့ တရားဝင် မြန်မာနိုင်ငံခရီးစဉ်နှစ်ခုအတွင်း အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုခဲ့ပါဘူး။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အကျဉ်းထောင်မှာ ချုပ်နှောင်ထိန်းသိမ်းခံနေခဲ့ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းဆွေးနွေးလိုတဲ့ အရေးအကြီးဆုံးအချက်က မြန်မာနိုင်ငံရဲ့ရှေ့ရေး အနာဂတ် လက်ရှိ အကျပ်အတည်းကနေ ဘယ်လိုထွက်မြောက်နိုင်မလဲ၊ သူ့ရဲ့ နိုင်ငံရေးသြဇာနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကိစ္စတွေ ဖြစ်တယ်လို့ Prak Sokhonn က ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့အခြေခံမူကို လက်နက်ကိုင်အဖွဲ့တွေကြား ဘယ်လို ဘယ်ပုံ သက်ရောက်အောင် ဆောင်ရွက်မလဲဆိုတဲ့ အချက်ကိုလည်း မေးမြန်းလိုကြောင်း ပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn က အခုလာမယ့်ခရီးစဉ်ကို လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် စက်တင်ဘာလ ဒုတိယပတ်အတွင်း စီစဉ်ထားတာပါ။ ကုလသမဂ္ဂညီလာခံကို စက်တင်ဘာ ၁၃ ရက်ကနေ ၂၇ ရက်နေ့အထိ နယူးယောက်မြို့မှာ ကျင်းပမှာပါ။

ဒီနှစ် အလှည့်ကျ အာဆီယံဥက္ကဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက ဆောင်ရွက်မှာဖြစ်ပါတယ်။source-RFA