ၾကားသိရသမွ်

“အ‌မေအိုနှင့် စစ်ပြေးခြင်း . . .”

“အ‌ေမအိုႏွင့္ စစ္ေျပးျခင္း . . .”

ညေနဆည္းဆာခ်ိန္၊ ႐ြာနဲ႔ တေျဖးေျဖး ပိုပိုနီးလာတဲ့ အၾကမ္းဖက္စစ္အုပ္စု စစ္ေၾကာင္း။ အင္အားက ရာဂဏန္း။ ဒင္းတို႔ စစ္လမ္းေၾကာင္းေပၚ ေတြ႕သမွ် ႐ြာအားလုံးကိုလည္း မီးတင္ရႈိ႕လာသတဲ့။

အခုလည္း ဒင္းတို႔က အရပ္ေလးမ်က္ႏွာကို လက္နက္ႀကီးေတြနဲ႔ ေတြ႕ကရ ရမ္းပစ္‌ေနတယ္။ ဒီ႐ြာေလးခ်ဳပ္စပ္ထိ လက္နက္ႀကီး‌ေတြ က်လာၿပီ။ အင္း၊ ေျပးရျပန္ေပါ့ တခါ။

“ဟဲ့၊ အေမတို႔က ဒီဒုကၡေတြနဲ႔ အသားက်ေနပါၿပီ၊ ႐ြာျပာက်သြားလည္း က်စမ္းပါ‌ေအ။ ငါ့သားတို႔ရယ္၊ ဒီေကာင္ေတြကိုသာ အမ်ိဳးျပဳတ္ေအာင္ လုပ္လိုက္ၾကစမ္းပါ” တဲ့။

႐ြာအတြက္ လုံၿခဳံေရးယူေပး၊ စစ္ေဘးေရွာင္ဖို႔၊ တိမ္းဖို႔ ကူညီေပးေနတဲ့ PDF, ပကဖ၊ ပအဖရဲေဘာ္ေတြကို စစ္ေျပးအေမအိုက ဆိုင္ကယ္ေပၚကေန ေအာ္ေျပာသြားတဲ့ စကား။ က်ေနာ္တို႔ ဆိုင္ကယ္က အေမအိုတို႔ ဆိုင္ကယ္ကို ေက်ာ္အတက္မွာ ၾကားမိေအာင္ ၾကားလိုက္ပါရဲ႕။

ေအာ္၊ စစ္ေရွာင္ရတာ အသားက်ဆို ဒီ႐ြာေလးအတြက္က ဒီ‌လို ေရွာင္ရတိမ္းရတာက အႀကိမ္ေပါင္း (၃၀) ေက်ာ္ခဲ့ၿပီတဲ့ေလ။

အၾကမ္းဖက္ ဖက္ဆစ္အုပ္စုအေပၚ ျပည္သူေတြရဲ႕ ႐ြံရွာမုန္းတီးစက္ဆုပ္မႈ ျပင္းအားထုထည္ကေတာ့ အႏႈိင္းမရွိ၊ အတိုင္းမသိေလာက္ေအာင္ပါပဲ။

ျပည္သူေတြဟာ ကိုယ့္အသက္ကိုပဲ ရင္းရပါ‌ေစ၊ ကုန္ကုန္ေျပာရရင္ ႐ြာပဲ ျပာက်သြားပါေစ၊ စစ္အုပ္စုကို တိုက္ဖ်က္ဖို႔ဆို အားလုံးအဆင္သင့္ စိတ္ပိုင္းျဖတ္ၿပီး ျဖစ္ေနၾကပါၿပီ။

ဒီအ‌ေျခအေနထိ ဆိုက္ေရာက္လာတာကလည္း စစ္အုပ္စုအဖို႔ “ဘယ္သူမျပဳ မိမိမႈ” ပါပဲ။ ျပည္သူနဲ႔ ဆန႔္က်င္ဖက္ေတြကို ရပ္တည္ျပဳမႈသူမွန္သမွ် မုခ် က်ရႈံးမွာ အေသအခ်ာပါပဲ။

ျမန္ျမန္ပြဲၿပီးေစခ်င္ရင္ေတာ့ ျပည္သူမ်ားမ်ား၊ ေဒသမ်ားမ်ားက ေတာ္လွန္ေရးမွာ အစြမ္းကုန္ ပါေနဖို႔ လိုအပ္တယ္ဗ်ာ။ ဒီေတာ္လွန္ေရးဟာ အညာေတာ္လွန္ေရးသာ ျဖစ္လို႔မရဘူး။ တႏိုင္ငံလုံး၊ ေဒသအားလုံးက ေတာ္လွန္ေနမွ ခရီး ပိုတြင္မယ္။

ဒီေတာ္လွန္ေရးဟာ ဗမာ/ျမန္မာ လူမ်ိဳး ေတာ္လွန္ေရးသာ ျဖစ္လို႔ မရဘူး။ လူမ်ိဳးေပါင္းစုံ ေတာ္လွန္ေရး ျဖစ္မွ ခရီး ပိုတြင္မယ္။ ဒီေတာ္လွန္ေရးဟာ ေက်းလက္လူတန္းစားေတာ္လွန္ေရးသာ ျဖစ္လို႔မရဘူး။ ေက်းလက္-ၿမိဳ႕ျပ လူထုလူတန္းစား အလႊာေပါင္းစုံ ေတာ္လွန္ေရးျဖစ္မွ ခရီး ပိုတြင္မယ္။

ဒီေတာ္လွန္ေရးဟာ ခင္ဗ်ားနဲ႔ ဆိုင္ပါတယ္။ ခင္ဗ်ားကိုယ္တိုင္ ပါဝင္မွ အျမန္ၿပီးမယ့္ တိုက္ပြဲ ျဖစ္ပါတယ္။ မိမိတို႔ တတ္စြမ္းရာ ေတာ္လွန္ေရးနည္းနာ၊ တိုက္ပြဲပုံစံမ်ိဳးစုံနဲ႔ ပါဝင္ဆင္ႏႊဲၾကဖို႔ လိုပါတယ္။

က်ေနာ္တို႔ လုံးဝ ေသြးမေအးေၾကး၊ ေသြးမေၾကာင္ေၾကး၊ ေသြးမကြဲေၾကးဗ်ာ။ အဆုံးထိ အတူခ်ီတက္ၾကမယ္။

အာဏာရွင္စနစ္ဟူသမွ် မုခ် က်ရႈံးရမည္။

အေရးေတာ္ပုံ ေအာင္ရမည္။

Tayzar San

“အ‌မေအိုနှင့် စစ်ပြေးခြင်း . . .”

ညနေဆည်းဆာချိန်၊ ရွာနဲ့ တဖြေးဖြေး ပိုပိုနီးလာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်း။ အင်အားက ရာဂဏန်း။ ဒင်းတို့ စစ်လမ်းကြောင်းပေါ် တွေ့သမျှ ရွာအားလုံးကိုလည်း မီးတင်ရှို့လာသတဲ့။

အခုလည်း ဒင်းတို့က အရပ်လေးမျက်နှာကို လက်နက်ကြီးတွေနဲ့ တွေ့ကရ ရမ်းပစ်‌နေတယ်။ ဒီရွာလေးချုပ်စပ်ထိ လက်နက်ကြီး‌တွေ ကျလာပြီ။ အင်း၊ ပြေးရပြန်ပေါ့ တခါ။

“ဟဲ့၊ အမေတို့က ဒီဒုက္ခတွေနဲ့ အသားကျနေပါပြီ၊ ရွာပြာကျသွားလည်း ကျစမ်းပါ‌အေ။ ငါ့သားတို့ရယ်၊ ဒီကောင်တွေကိုသာ အမျိုးပြုတ်အောင် လုပ်လိုက်ကြစမ်းပါ” တဲ့။

ရွာအတွက် လုံခြုံရေးယူပေး၊ စစ်ဘေးရှောင်ဖို့၊ တိမ်းဖို့ ကူညီပေးနေတဲ့ PDF, ပကဖ၊ ပအဖရဲဘော်တွေကို စစ်ပြေးအမေအိုက ဆိုင်ကယ်ပေါ်ကနေ အော်ပြောသွားတဲ့ စကား။ ကျနော်တို့ ဆိုင်ကယ်က အမေအိုတို့ ဆိုင်ကယ်ကို ကျော်အတက်မှာ ကြားမိအောင် ကြားလိုက်ပါရဲ့။

အော်၊ စစ်ရှောင်ရတာ အသားကျဆို ဒီရွာလေးအတွက်က ဒီ‌လို ရှောင်ရတိမ်းရတာက အကြိမ်ပေါင်း (၃၀) ကျော်ခဲ့ပြီတဲ့လေ။

အကြမ်းဖက် ဖက်ဆစ်အုပ်စုအပေါ် ပြည်သူတွေရဲ့ ရွံရှာမုန်းတီးစက်ဆုပ်မှု ပြင်းအားထုထည်ကတော့ အနှိုင်းမရှိ၊ အတိုင်းမသိလောက်အောင်ပါပဲ။

ပြည်သူတွေဟာ ကိုယ့်အသက်ကိုပဲ ရင်းရပါ‌စေ၊ ကုန်ကုန်ပြောရရင် ရွာပဲ ပြာကျသွားပါစေ၊ စစ်အုပ်စုကို တိုက်ဖျက်ဖို့ဆို အားလုံးအဆင်သင့် စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေကြပါပြီ။

ဒီအ‌ခြေအနေထိ ဆိုက်ရောက်လာတာကလည်း စစ်အုပ်စုအဖို့ “ဘယ်သူမပြု မိမိမှု” ပါပဲ။ ပြည်သူနဲ့ ဆန့်ကျင်ဖက်တွေကို ရပ်တည်ပြုမှုသူမှန်သမျှ မုချ ကျရှုံးမှာ အသေအချာပါပဲ။

မြန်မြန်ပွဲပြီးစေချင်ရင်တော့ ပြည်သူများများ၊ ဒေသများများက တော်လှန်ရေးမှာ အစွမ်းကုန် ပါနေဖို့ လိုအပ်တယ်ဗျာ။ ဒီတော်လှန်ရေးဟာ အညာတော်လှန်ရေးသာ ဖြစ်လို့မရဘူး။ တနိုင်ငံလုံး၊ ဒေသအားလုံးက တော်လှန်နေမှ ခရီး ပိုတွင်မယ်။

ဒီတော်လှန်ရေးဟာ ဗမာ/မြန်မာ လူမျိုး တော်လှန်ရေးသာ ဖြစ်လို့ မရဘူး။ လူမျိုးပေါင်းစုံ တော်လှန်ရေး ဖြစ်မှ ခရီး ပိုတွင်မယ်။ ဒီတော်လှန်ရေးဟာ ကျေးလက်လူတန်းစားတော်လှန်ရေးသာ ဖြစ်လို့မရဘူး။ ကျေးလက်-မြို့ပြ လူထုလူတန်းစား အလွှာပေါင်းစုံ တော်လှန်ရေးဖြစ်မှ ခရီး ပိုတွင်မယ်။

ဒီတော်လှန်ရေးဟာ ခင်ဗျားနဲ့ ဆိုင်ပါတယ်။ ခင်ဗျားကိုယ်တိုင် ပါဝင်မှ အမြန်ပြီးမယ့် တိုက်ပွဲ ဖြစ်ပါတယ်။ မိမိတို့ တတ်စွမ်းရာ တော်လှန်ရေးနည်းနာ၊ တိုက်ပွဲပုံစံမျိုးစုံနဲ့ ပါဝင်ဆင်နွှဲကြဖို့ လိုပါတယ်။

ကျနော်တို့ လုံးဝ သွေးမအေးကြေး၊ သွေးမကြောင်ကြေး၊ သွေးမကွဲကြေးဗျာ။ အဆုံးထိ အတူချီတက်ကြမယ်။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။

အရေးတော်ပုံ အောင်ရမည်။

Tayzar San