ဝက်လက်မြို့နယ် ရှေးဟောင်း ပစ္စည်းရှာဖွေရာမှ ရရှိခဲ့တဲ့ ကျောက်စိမ်း ဗုဒ္ဓဆင်းတု ၁ ဆူကို သိန်းတစ် သောင်းပေးသော်လည်း ပိုင်ရှင်က မရောင်း
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ မြောက်ထန်းကြီးရွာနားက ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်း ရှာဖွေ တူးဖော်သူ တစ်ဦးဟာ အခုလ ၁၅ ရက်က ကျောက်စိမ်း ဗုဒ္ဓဆင်းတုတော် ၁ ဆူ ရရှိတယ်လို့ ရှေးဟောင်းပစ္စည်း ရှာဖွေသူတွေဆီက သိရပါတယ်။
“တွေ့ရှိရတဲ့ ဗုဒ္ဓဆင်းတုတော်က ကျောက် စိမ်း အစစ်ပါ ၊ ကျောက်အရည်အသွေး ကောင်းမွန်ပြီး လက်ရာသေသပ်တာကြောင့် ဝယ်လက်က သိန်း ၁ သောင်း ဈေးဖွင့်တယ် ၊ ပိုင်ရှင်က မရောင်းဘူး ကိုးကွယ်ဖို့ ထားမယ်ဆိုပြီး အခုထိတော့ ရောင်းဝယ်တာ အလုပ်မဖြစ်သေးဘူး ” လို့ ရှေးဟောင်းပစ္စည်းရှာဖွေသူ တယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ရှေးဟောင်းပစ္စည်း ရှာဖွေနေကြတဲ့ နေရာက ရရှိလာတဲ့ ဗုဒ္ဓကျောက်စိမ်းဆင်းတုတော်ဟာ ဉာဏ်တော်အမြင့် ၉ လက်မကျော် အရွယ်ရှိပြီး အလေးချိန် ဘယ်လောက်ရှိတယ်ဆိုတာ ချိန်မကြည့်ရသေးဘူးလို့ သိရပါတယ်။
အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေတွေ့ရတဲ့ နေရာဟာ ပျူခေတ်ယဉ်ကျေးမှု ထွန်းကားရာ ကမ္ဘာ့ ယဉ်ကျေးမှု့ အမွေအနှစ် စာရင်းဝင် ဟံလင်းမြို့ဟောင်းတည်ရှိတဲ့ နေရာဒေသဝန်းကျင်မှာ ရှိတာလို့ သိရပါတယ်။
အဲ့ဒါကြောင့် ဝက်လက်မြို့နယ်မှာ မီးဘေးသင့်ခံရတဲ့ ရွာပေါင်း ၂၀ ဝန်းကျင်က မီးဘေးဒုက္ခသည်တွေဟာ သူတို့ဘဝ ပြန်လည် ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွားနားက ယာကွက်တွေထဲမှာ ရှေးဟောင်း ပစ္စည်းတွေ ရှာဖွေနေရတာလို့ သိရပါတယ်။
Crd….
Zawgyi
ဝက္လက္ၿမိဳ႕နယ္ ေရွးေဟာင္း ပစၥည္းရွာေဖြရာမွ ရရွိခဲ့တဲ့ ေက်ာက္စိမ္း ဗုဒၶဆင္းတု ၁ ဆူကို သိန္းတစ္ ေသာင္းေပးေသာ္လည္း ပိုင္ရွင္က မေရာင္း
စစ္ကိုင္းတိုင္း ၊ ေ႐ႊဘိုခ႐ိုင္ ၊ ဝက္လက္ၿမိဳ႕နယ္ ၊ ေျမာက္ထန္းႀကီး႐ြာနားက ယာကြက္ေတြထဲမွာ ေရွးေဟာင္းပစၥည္း ရွာေဖြ တူးေဖာ္သူ တစ္ဦးဟာ အခုလ ၁၅ ရက္က ေက်ာက္စိမ္း ဗုဒၶဆင္းတုေတာ္ ၁ ဆူ ရရွိတယ္လို႔ ေရွးေဟာင္းပစၥည္း ရွာေဖြသူေတြဆီက သိရပါတယ္။
“ေတြ႕ရွိရတဲ့ ဗုဒၶဆင္းတုေတာ္က ေက်ာက္ စိမ္း အစစ္ပါ ၊ ေက်ာက္အရည္အေသြး ေကာင္းမြန္ၿပီး လက္ရာေသသပ္တာေၾကာင့္ ဝယ္လက္က သိန္း ၁ ေသာင္း ေဈးဖြင့္တယ္ ၊ ပိုင္ရွင္က မေရာင္းဘူး ကိုးကြယ္ဖို႔ ထားမယ္ဆိုၿပီး အခုထိေတာ့ ေရာင္းဝယ္တာ အလုပ္မျဖစ္ေသးဘူး ” လို႔ ေရွးေဟာင္းပစၥည္းရွာေဖြသူ တေယာက္က ေျပာပါတယ္။
ဒါ့အျပင္ အဲ့ဒီ ေရွးေဟာင္းပစၥည္း ရွာေဖြေနၾကတဲ့ ေနရာက ရရွိလာတဲ့ ဗုဒၶေက်ာက္စိမ္းဆင္းတုေတာ္ဟာ ဉာဏ္ေတာ္အျမင့္ ၉ လက္မေက်ာ္ အ႐ြယ္ရွိၿပီး အေလးခ်ိန္ ဘယ္ေလာက္ရွိတယ္ဆိုတာ ခ်ိန္မၾကည့္ရေသးဘူးလို႔ သိရပါတယ္။
အဲ့ဒီ ေရွးေဟာင္းပစၥည္းေတြ ရွာေဖြေတြ႕ရတဲ့ ေနရာဟာ ပ်ဴေခတ္ယဥ္ေက်းမႈ ထြန္းကားရာ ကမာၻ႔ ယဥ္ေက်းမႈ႕ အေမြအႏွစ္ စာရင္းဝင္ ဟံလင္းၿမိဳ႕ေဟာင္းတည္ရွိတဲ့ ေနရာေဒသဝန္းက်င္မွာ ရွိတာလို႔ သိရပါတယ္။
အဲ့ဒါေၾကာင့္ ဝက္လက္ၿမိဳ႕နယ္မွာ မီးေဘးသင့္ခံရတဲ့ ႐ြာေပါင္း ၂၀ ဝန္းက်င္က မီးေဘးဒုကၡသည္ေတြဟာ သူတို႔ဘဝ ျပန္လည္ ထူေထာင္ႏိုင္ဖို႔အတြက္ ေျမာက္ထန္းႀကီး႐ြားနားက ယာကြက္ေတြထဲမွာ ေရွးေဟာင္း ပစၥည္းေတြ ရွာေဖြေနရတာလို႔ သိရပါတယ္။
Crd….