ဗဟုသုတ

မြန်မာ့ပထမဆုံး ဓာတ်ပုံဆရာမလည်းဖြစ် စာရေးဆရာမလည်းဖြစ်တဲ့ အချစ်ရေးကံခေသူ ဆရာမကြီး ပတ္တမြားခင်

မြန်မာ့ ပထမဆုံး ဓာတ်ပုံဆရာမလည်းဖြစ် စာရေးဆရာမလည်းဖြစ်တဲ့ အချစ်ရေးကံခေသူ ဆရာမကြီး ပတ္တမြားခင် …

ပတ္တမြားခင် (၁၉၂၄ -၂၀၁၉) သည် မြန်မာ စာရေးဆရာမ တစ်ဦးဖြစ်သည်။ ပထမဆုံး မြန်မာ ဓာတ်ပုံဆရာမ အဖြစ်လည်း ထင်ရှားသည်။

ငယ်ဘဝ …

၁၉၂၄ ခုတွင် ဗြိတိသျှ စစ်ဗိုလ် ဆန် လီဗိုင် (Son Levy) နှင့် ဒေါ် ခင်ခင်မေ တို့မှ ၁၉၂၄ ခုတွင် မန္တလေး၌ မွေးသည်။ ငယ်မည်မှာ ခင်မကြီး ဖြစ်သည်။ ကွန်ဗင့်ကျောင်းတက်စဉ်က အက်ဂနက် (Agnes) ဟု တွင်သည်။

အသက် ၄ နှစ်အရွယ်ရောက်သော် ဖခင်တိမ်းပါး၍ မိခင်၏ အမျိုးအဆွေများလက်တွင် ကြီးသည်။ မန္တလေး စိန့်အင်ဒရူးကျောင်း၊ သံတဲကျောင်းနှင့် ကွန်ဗင့်ကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ဂျပန်ခေတ် ရောက်သည့်အခါ စစ်ကိုင်းရှိ သစ်ဆိမ့်ချောင်နှင့် ခေမေသက ချောင်များသို့ စစ်ပြေးခဲ့ရသည်။

ဓာတ်ပုံဆရာဘဝ …
အသက် ၁၉ နှစ်အရွယ်တွင် ၈၄ လမ်း၊ လက်ဆည်ကန်အနီးတွင် “ခန့်ခန့်ကြီး” အမည်နှင့် ဓာတ်ပုံတိုက် ထောင်သည်။ ခင်ပွန်းမှာ ဆိုင်ဖွင့်ရန် ငွေထောက်သော်လည်း ငွေကုန်လျှင် ထိုအလုပ်အား ဆက်မလုပ်တော့ဟုသော ကတိဖြင့် စခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့၊ ၂၆ (ဘီ) လမ်းတွင် ဆိုင်ခွဲ ထပ်ဖွင့်သည်။ ၁၉၅၁ ခု၊ နိုဝင်ဘာလတွင် လုပ်ငန်းချဲ့ရန် ရန်ကုန်သို့ ပြောင်းလာသည်။ ဆိုရှယ်လစ်စနစ် ထူထောင်ရာအချိန်တွင် လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ အသိမ်းခံခဲ့ရသည်။

စာရေးဆရာမ ဖြစ်လာခြင်း…

၁၉၇၇ ခုတွင် သားသမီးများရှိရာ အမေရိကန်နိုင်ငံ၊ ဖလောရီဒါရှိ ကော်ရယ်စပရင်း (Coral Springs) သို့ သွားနေသည်။ ဝင်းဦး၏ စန္ဒာ ရုပ်စုံမဂ္ဂဇင်းတွင် သန္တာစမ်းမှ အလွမ်းစာ အမည်ရှိ ပေးစာကဏ္ဍကို ရေးသားသည်။

ကင်မရာကိုင်ခဲ့ရသော ကျွန်မဘဝ အမည်ဖြင့် မဟေသီ မဂ္ဂဇင်းတွင် အခန်းဆက်ဆောင်းပါး ရေးခဲ့သည်။ မိမိဘဝဇာတ်ကြောင်းကို “အတိတ်လမ်းကို ပြန်လျှောက်ခြင်း” အမည်ဖြင့် ၁၉၉၇ ခုနှစ် ဇူလိုင်လထုတ်မှသည် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ရွှေအမြုတေ မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

မိသားစုဘဝ …

ဂျပန်ခေတ်၊ အပျိုပေါက် အရွယ်တွင် စစ်ရှောင်ကာ ဦးအောင်ခန့် နှင့် ၁၉၄၂ ခု၊ ဇွန်လ၌ အိမ်ထောင်ပြုသည်။ ခင်မောင်ဝင်းခန့်၊ ခင်မောင်လင်းခန့်၊ ကေခိုင်ခန့်နှင့် ကေသီခန့် တို့အား မွေးသည်။ ခင်မောင်လင်းခန့်မှာ ၆ လသားအရွယ်တွင် ကျောက်ပေါက်၍ ဆုံးသည်။ ၁၉၅၃ ခု၊ အောက်တိုဘာတွင် ဦးအောင်ခန့် လေဖြတ်ကာ ၁၉၅၄ တွင် တိမ်းပါးသည်။

အမျိုးသား တိမ်းပါးသော် ဓာတ်ပုံတိုက်သို့ ဝင်ထွက်နေသည့် ဦးမြလှိုင်နှင့် လက်ထပ်သည်။ သမီးနှစ်ဦးအား စိန့်မေရီကျောင်း (ယခု အထက(၁) ပန်းပဲတန်း) သို့ ကားမောင်းပြီး ကျောင်းကြိုရာ မိန်းကလေး ကားမောင်းသည်မှာ ထိုစဉ်က ရှာမှရှားဖြစ်ရာ မြင်သူတိုင်း အံ့ဩကြသည်။

ဦးမြလှိုင်နှင့် ပေါင်းဖက်ကာ ယမင်းမြင့်လှိုင်၊ ရွှေစင်မြင့်လှိုင်၊ အိန္ဒာမြင့်လှိုင်၊ သူဇာမြင့်လှိုင်နှင့် ဇာနည်မြင့်လှိုင် ဟူသော သားသမီးများ ရသည်။ ဇာနည်မြင့်လှိုင်မှာ အသက် ၂၀ ကျော်အရွယ်တွင် ဆုံးသွားသည်။

ဆိုရှယ်လစ်ခေတ်တွင် ဦးမြလှိုင် ထောင်ကျပြီး ပိုင်ဆိုင်မှုအားလုံး အသိမ်းခံခဲ့ရသည်။ ခင်ပွန်းမရှိသောကြောင့် သားသမီးများနှင့် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ ဦးမြလှိုင် ထောင်မှထွက်သော် မိသားစုထံ ပြန်မလာတော့ဘဲ အခြားအမျိုးသမီးတစ်ဦးနှင့် အကြောင်းဆက်ကာ ခင်မကြီးနှင့် ခွာခွဲသွားသည်။

အားကိုးအားထားအလို့ငှာ ကုန်သွယ်ရေးအရာရှိ ဦးကျော်ဇောနှင့် ထပ်မံ လက်တွဲသည်။

ဘဝနိဂုံး …

ဖလော်ရီဒါ၌ ၂၀၁၉၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင်ကွယ်လွန်သည် ။ သားသမီးများဖြစ်သော ခင်မောင်ဝင်းခန့်၊ ကေခိုင်ခန့်၊ ကေသီခန့်၊ ယမင်းမြင့်လှိုင်၊ ရွှေစင်မြင့်လှိုင်၊ အိန္ဒြာမြင့်လှိုင်၊ သူဇာမြင့်လှိုင်တို့ ကျန်ရစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ပတ္တမြားခင်ကို နောက်ပိုင်း လူတွေက စာရေးဆရာ အဖြစ် ပိုသိကြပါတယ်။

သန္တာစမ်းမှ အလွမ်းစာ၊ အတိတ်လမ်းကို ပြန်လျှောက်ခြင်း၊ ကင်မရာ ကိုင်ခဲ့ရသော ကျွန်မဘဝ အခန်းဆက်ဆောင်းပါးတွေ ပေးစာတွေကြောင့် ပတ္တမြားခင်ကို မြန်မာစာပေမှာ လူသိများကြပါတယ်။

ဆရာမကြီးအား လေးစားစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ် ခင်ဗျာ..

နော်ဂဲလယ်ထူး (စာပေပရဟိတ)
Credit ,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi ဖြင့်ဖတ်ရန်

ျမန္မာ့ ပထမဆုံး ဓာတ္ပုံဆရာမလဲျဖစ္ စာေရးဆရာမလဲျဖစ္တဲ့ အခ်စ္ေရးကံေခသူ ဆရာမႀကီး ပတၱျမားခင္..

ပတၱျမားခင္ (၁၉၂၄-၂၀၁၉) သည္ ျမန္မာ စာေရးဆရာမ တစ္ဦးျဖစ္သည္။ ပထမဆုံး ျမန္မာ ဓာတ္ပုံဆရာမ အျဖစ္လည္း ထင္ရွားသည္။

ငယ္ဘဝ..

၁၉၂၄ ခုတြင္ ၿဗိတိသွ် စစ္ဗိုလ္ ဆန္ လီဗိုင္ (Son Levy) ႏွင့္ ေဒၚ ခင္ခင္ေမ တို႔မွ ၁၉၂၄ ခုတြင္ မႏၲေလး၌ ေမြးသည္။ ငယ္မည္မွာ ခင္မႀကီး ျဖစ္သည္။ ကြန္ဗင့္ေက်ာင္းတက္စဥ္က အက္ဂနက္ (Agnes) ဟု တြင္သည္။

အသက္ ၄ ႏွစ္အ႐ြယ္ေရာက္ေသာ္ ဖခင္တိမ္းပါး၍ မိခင္၏ အမ်ိဳးအေဆြမ်ားလက္တြင္ ႀကီးသည္။ မႏၲေလး စိန႔္အင္ဒ႐ူးေက်ာင္း၊ သံတဲေက်ာင္းႏွင့္ ကြန္ဗင့္ေက်ာင္းတို႔တြင္ ပညာသင္ခဲ့သည္။ ဂ်ပန္ေခတ္ ေရာက္သည့္အခါ စစ္ကိုင္းရွိ သစ္ဆိမ့္ေခ်ာင္ႏွင့္ ေခေမသက ေခ်ာင္မ်ားသို႔ စစ္ေျပးခဲ့ရသည္။

ဓာတ္ပုံဆရာဘဝ..
အသက္ ၁၉ ႏွစ္အ႐ြယ္တြင္ ၈၄ လမ္း၊ လက္ဆည္ကန္အနီးတြင္ “ခန႔္ခန႔္ႀကီး” အမည္ႏွင့္ ဓာတ္ပုံတိုက္ ေထာင္သည္။ ခင္ပြန္းမွာ ဆိုင္ဖြင့္ရန္ ေငြေထာက္ေသာ္လည္း ေငြကုန္လွ်င္ ထိုအလုပ္အား ဆက္မလုပ္ေတာ့ဟုေသာ ကတိျဖင့္ စခဲ့ျခင္း ျဖစ္သည္။

မႏၲေလးၿမိဳ႕၊ ၂၆ (ဘီ) လမ္းတြင္ ဆိုင္ခြဲ ထပ္ဖြင့္သည္။ ၁၉၅၁ ခု၊ ႏိုဝင္ဘာလတြင္ လုပ္ငန္းခ်ဲ႕ရန္ ရန္ကုန္သို႔ ေျပာင္းလာသည္။ ဆိုရွယ္လစ္စနစ္ ထူေထာင္ရာအခ်ိန္တြင္ လုပ္ငန္းႏွင့္ ပိုင္ဆိုင္မႈမ်ား အသိမ္းခံခဲ့ရသည္။

စာေရးဆရာမျဖစ္လာျခင္း..

၁၉၇၇ ခုတြင္ သားသမီးမ်ားရွိရာ အေမရိကန္ႏိုင္ငံ၊ ဖေလာရီဒါရွိ ေကာ္ရယ္စပရင္း (Coral Springs) သို႔ သြားေနသည္။ ဝင္းဦး၏ စႏၵာ ႐ုပ္စုံမဂၢဇင္းတြင္ သႏၲာစမ္းမွ အလြမ္းစာ အမည္ရွိ ေပးစာက႑ကို ေရးသားသည္။

ကင္မရာကိုင္ခဲ့ရေသာ ကြၽန္မဘဝ အမည္ျဖင့္ မေဟသီ မဂၢဇင္းတြင္ အခန္းဆက္ေဆာင္းပါး ေရးခဲ့သည္။ မိမိဘဝဇာတ္ေၾကာင္းကို “အတိတ္လမ္းကို ျပန္ေလွ်ာက္ျခင္း” အမည္ျဖင့္ ၁၉၉၇ ခုႏွစ္ ဇူလိုင္လထုတ္မွသည္ ၂၀၀၀ ျပည့္ႏွစ္ ဒီဇင္ဘာလအထိ ေ႐ႊအျမဳေတ မဂၢဇင္းတြင္ ေရးသားခဲ့သည္။

မိသားစုဘဝ..

ဂ်ပန္ေခတ္၊ အပ်ိဳေပါက္ အ႐ြယ္တြင္ စစ္ေရွာင္ကာ ဦးေအာင္ခန႔္ ႏွင့္ ၁၉၄၂ ခု၊ ဇြန္လ၌ အိမ္ေထာင္ျပဳသည္။ ခင္ေမာင္ဝင္းခန႔္၊ ခင္ေမာင္လင္းခန႔္၊ ေကခိုင္ခန႔္ႏွင့္ ေကသီခန႔္ တို႔အား ေမြးသည္။ ခင္ေမာင္လင္းခန႔္မွာ ၆ လသားအ႐ြယ္တြင္ ေက်ာက္ေပါက္၍ ဆုံးသည္။ ၁၉၅၃ ခု၊ ေအာက္တိုဘာတြင္ ဦးေအာင္ခန႔္ ေလျဖတ္ကာ ၁၉၅၄ တြင္ တိမ္းပါးသည္။

အမ်ိဳးသား တိမ္းပါးေသာ္ ဓာတ္ပုံတိုက္သို႔ ဝင္ထြက္ေနသည့္ ဦးျမလႈိင္ႏွင့္ လက္ထပ္သည္။ သမီးႏွစ္ဦးအား စိန႔္ေမရီေက်ာင္း (ယခု အထက(၁) ပန္းပဲတန္း) သို႔ ကားေမာင္းၿပီး ေက်ာင္းႀကိဳရာ မိန္းကေလး ကားေမာင္းသည္မွာ ထိုစဥ္က ရွာမွရွားျဖစ္ရာ ျမင္သူတိုင္း အံ့ဩၾကသည္။

ဦးျမလႈိင္ႏွင့္ ေပါင္းဖက္ကာ ယမင္းျမင့္လႈိင္၊ ေ႐ႊစင္ျမင့္လႈိင္၊ အိႏၵာျမင့္လႈိင္၊ သူဇာျမင့္လႈိင္ႏွင့္ ဇာနည္ျမင့္လႈိင္ ဟူေသာ သားသမီးမ်ား ရသည္။ ဇာနည္ျမင့္လႈိင္မွာ အသက္ ၂၀ ေက်ာ္အ႐ြယ္တြင္ ဆုံးသြားသည္။

ဆိုရွယ္လစ္ေခတ္တြင္ ဦးျမလႈိင္ ေထာင္က်ၿပီး ပိုင္ဆိုင္မႈအားလုံး အသိမ္းခံခဲ့ရသည္။ ခင္ပြန္းမရွိေသာေၾကာင့္ သားသမီးမ်ားႏွင့္ ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရသည္။ ဦးျမလႈိင္ ေထာင္မွထြက္ေသာ္ မိသားစုထံ ျပန္မလာေတာ့ဘဲ အျခားအမ်ိဳးသမီးတစ္ဦးႏွင့္ အေၾကာင္းဆက္ကာ ခင္မႀကီးႏွင့္ ခြာခြဲသြားသည္။

အားကိုးအားထားအလို႔ငွာ ကုန္သြယ္ေရးအရာရွိ ဦးေက်ာ္ေဇာႏွင့္ ထပ္မံလက္တြဲသည္။

ဘဝနိဂုံး..

ဖေလာ္ရီဒါ၌ ၂၀၁၉၊ ေဖေဖာ္ဝါရီလ ၁၇ ရက္တြင္ကြယ္လြန္သည္ ။ သားသမီးမ်ားျဖစ္ေသာ ခင္ေမာင္ဝင္းခန႔္၊ ေကခိုင္ခန႔္၊ ေကသီခန႔္၊ ယမင္းျမင့္လႈိင္၊ ေ႐ႊစင္ျမင့္လႈိင္၊ အိျႏၵာျမင့္လႈိင္၊ သူဇာျမင့္လႈိင္တို႔ က်န္ရစ္သည္။

၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔မွာ ကြယ္လြန္သြားတဲ့ ပတၱျမားခင္ကို ေနာက္ပိုင္း လူေတြက စာေရးဆရာ အျဖစ္ ပိုသိၾကပါတယ္။ သႏၲာစမ္းမွအလြမ္းစာ၊ အတိတ္လမ္းကို ျပန္ေလွ်ာက္ျခင္း၊ ကင္မရာ ကိုင္ခဲ့ရေသာ ကြၽန္မဘဝ အခန္းဆက္ေဆာင္းပါးေတြ ေပးစာ ေတြေၾကာင့္ ပတၱျမားခင္ကို ျမန္မာစာေပမွာ လူသိမ်ားၾကပါတယ္။

ဆရာမႀကီးအား ေလးစားစြာျဖင့္ ဂုဏ္ျပဳလိုက္ပါတယ္ ခင္ဗ်ာ..

ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)
Credit ,မူရင္းေရးသားသူအားေလးစားစြာျဖင့္