ဗဟုသုတ

သင့်ရဲ့အစ်မကို ပြောဖို့မေ့နေခဲ့တဲ့ ကျေးဇူးတင်စကား….အခုပဲပြောလိုက်ပါ














Unicode

အစ်မတစ်ယောက်ရှိတာဟာ ကံကောင်းခြင်းဖြစ်သလို၊ အားလည်းဖြစ်စေပါတယ်။ သင့်မှာ အစ်မရှိခြင်းက သင့်အတွက် အရာရာကိုပိုအဆင်ပြေစေပြီး ပျော်ရွှင်ဖွယ်ဘဝကိုလည်း ပိုင်ဆိုင်စေပါတယ်။ ဒါကြောင့် သင့်ရဲ့အစ်မကြီးကို အခုလိုမျိုး ကျေးဇူးတင်စကားလေးတွေ ပြောလိုက်ပါ။

(၁) ခက်ခဲတဲ့အချိန်တွေမှာ အတူတူရှိနေပေးလို့ ၊ အားပေးဖေးမပေးလို့ ကျေးဇူးတင်ပါတယ်။

(၂) ရင်ဖွင့်သမျှကိုနားထောင်ပေးလို့၊ လျှို့ဝှက်ချက်တွေကို သိမ်းဆည်းထားပေးလို့ ကျေးဇူးတင်ပါတယ်။

(၃) မွေးလာတဲ့အချိန်ကစပြီး အခုချိန်ထိအနောက်ကနေရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်။

(၄) ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်နဲ့ မွေးချင်းတွေရှိခြင်းရဲ့အနှစ်သာရကို နားလည်စေခဲ့လို့ ကျေးဇူးတင်ပါတယ်။

(၅) အလှအပနဲ့ တခြားသိသင့်တဲ့အရာတွေကိုသိအောင် သင်ပြပေးလို့ ကျေးဇူးတင်ပါတယ်။

(၆) အရာရာကိုဝေမျှပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

(၇) ဘဝတလျှောက်လုံးရယ်မောအောင်လုပ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

(၈) အပေါ်ယံမဟုတ်ဘဲ ကိုယ့်အတွက်လိုအပ်တဲ့ စစ်မှန်တဲ့အကြံဉာဏ်တွေကိုပဲ ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

(၁၀) တခါတရံမှာ အပြန်အလှန်အပြစ်တင်တာမျိုးရှိပေမယ့် တကယ်အပြစ်မမြင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

(၁၁) လိုအပ်တဲ့အချိန်တိုင်း အဝတ်အစားတွေကို စိတ်ကြိုက်ယူဝတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(၁၂) အမေတစ်ယောက်လိုပဲ သွန်သင်လမ်းညွှန်ပေးပြီး အမြဲတမ်းအနားမှာရှိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(၁၃) ချစ်စရာကောင်းတဲ့အစ်မတစ်ယောက်ဖြစ်ပေးလို့ ကျေးဇူးတင်ပါတယ်။

written by PP