ဆိတ်ကျောင်းသားနဲ့ ထင်းခုတ်သမား ပုံပြင်
၁ ။ သူက ဆိတ်ကျောင်း သွားတယ်။ သင်က ထင်းခုတ် သွားတယ်။ သင်တို့ နှစ်ယောက် တစ်ရက်လုံး ထိုင်ပီး စကားပြော နေကြတယ်။ သူ့ဆိတ်တွေက မြက်စားလို့ ဝသွားပေမယ့် သင် ထင်း မရလိုက်ပါ။
( သင်ခန်းစာ ၁။ မလိုအပ်သော လူမှုဆက်ဆံရေးကို စွန့်လွတ်ပါ။ )
၂ ။ ထင်းခုတ်တဲ့လူနဲ့ ဆိတ်ကျောင်းတဲ့လူ တစ်နေ့လုံး စကား ပြောဖြစ် ပါတယ်။ အပြင်ပန်းက ကြည့်ရင် ထင်းခုတ်တဲ့လူ ဘာမှ မရလိုက်ပါဘူး၊ ဒါပေမဲ့ စကားပြောတာ ကနေ တစ်ဆင့် ဘယ်တောင်ကျောမှာ ထင်းပေါတယ် ၊ ဘယ်လမ်းကြောက လမ်းသာတယ်၊ ဘယ်နေရာက သွားရတာ ခက်တယ်၊ ဆူးပင်တွေ ချည်းချည်း စတဲ့ သတင်းတွေကို ထင်းခုတ်သမား ရလာခဲ့ ပါတယ်။ နောက်ရက်က စပြီး သူ ထင်းကောင်းတွေ တော်တော် များများ ရခဲ့ပါတယ်။
( သင်ခန်းစာ ၂။ လူမှု ဆက်ဆံရေး အတတ် အရေးကြီး သလို လူမှန် ပေါင်းမိရင် လမ်းမှန် ပိုရောက် လွယ်တယ်။ )
၃ ။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ သူငယ်ချင်း ဖြစ်သွားတယ်။ စကား အကြာကြီး ပြောဖြစ်တယ်။ သင် သူ့ဆီကနေ ဆိတ်ကျောင်းခြင်း အတတ်ပညာ တတ်မြောက် သွားတယ်။ သူ သင့်ဆီက ထင်းခုတ်တဲ့ပညာ တတ်မြောက် သွားတယ်။
( သင်ခန်းစား ၃။ နေရာတိုင်းမှာ သင်ယူစရာချည်းပါ။ )
၄ ။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်နဲ့သူ တစ်ရက်လုံး စကားပြော ဖြစ်တယ်။ သူ့ ဆိတ်အချို့နဲ့ သင့်ထင်းနဲ့ လဲလှယ် ဖြစ်တယ်။ သင် ဆိတ်ကို ပိုင်ဆိုင် သွားတယ်။ သူလည်း ထင်း ပိုင်ဆိုင် သွားတယ်။
( သင်ခန်းစာ ၄။ တန်ဖိုးတူ ဖလှယ်ခြင်းပါ။ ဘယ်သူ့ကိုမှ အထင် မသေးပါနှင့်၊ လူတိုင်း သူ့တန်ဖိုးနဲ့ သူပါ။ )
၅ ။ သင်က ထင်းခုတ်တယ်။ သူက ဆိတ် ကျောင်းတယ်။ သင်တို့ တစ်ရက်လုံး စကားပြော ဖြစ်တယ်။ သူက ဆိတ်ဝယ်တဲ့ ဖေါက်သည်ကို သင့်ကို မိတ်ဆက် ပေးတယ်။ သင်က ထင်းဝယ်တဲ့ ဖေါက်သည် သူ့ကို မိတ်ဆက် ပေးတယ်။ သင်တို့ နှစ်ဦးစလုံး အလုပ် ပိုပိုတွင်ကျယ် လာပါတယ်။
( သင်ခန်းစာ ၅။ အရင်းအမြစ် စုဆောင်း တတ်ခြင်းဟာ စီးပွားရေး အတွက် အရေးကြီးသည်။ )
၆ ။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ တစ်ရက်လုံး စကားပြော ဖြစ်တယ်။ သင်တို့ ( ၂ ) ဦး ပူးပေါင်းပြီး ဆိတ်သား ကင်ဆိုင် တစ်ဆိုင်ကို ဖွင့်ဖို့ ကြိုးစား ကြတယ်။ သင် အကောင်းမွန်ဆုံး ထင်းကို ရှာဖွေ နိုင်တယ်။ သူဆိတ်သားက သဘာ၀ အသား ဖြစ်တယ်။ သင်တို့ အောင်မြင် သွားတယ်။
( သင်ခန်းစား ၆။ ပြည့်စုံတဲ့ လူ မရှိပါ။ ပြည့်စုံတဲ့ အသင်းသာ ရှိပါသည်။ )
Ko Aung Ko Latt
for zawgyi
ဆိတ္ေက်ာင္းသားနဲ႔ ထင္းခုတ္သမား ပုံျပင္
၁ ။ သူက ဆိတ္ေက်ာင္း သြားတယ္။ သင္က ထင္းခုတ္ သြားတယ္။ သင္တို႔ ႏွစ္ေယာက္ တစ္ရက္လုံး ထိုင္ပီး စကားေျပာ ေနၾကတယ္။ သူ႔ဆိတ္ေတြက ျမက္စားလို႔ ဝသြားေပမယ့္ သင္ ထင္း မရလိုက္ပါ။
( သင္ခန္းစာ ၁။ မလိုအပ္ေသာ လူမႈဆက္ဆံေရးကို စြန႔္လြတ္ပါ။ )
၂ ။ ထင္းခုတ္တဲ့လူနဲ႔ ဆိတ္ေက်ာင္းတဲ့လူ တစ္ေန႔လုံး စကား ေျပာျဖစ္ ပါတယ္။ အျပင္ပန္းက ၾကည့္ရင္ ထင္းခုတ္တဲ့လူ ဘာမွ မရလိုက္ပါဘူး၊ ဒါေပမဲ့ စကားေျပာတာ ကေန တစ္ဆင့္ ဘယ္ေတာင္ေက်ာမွာ ထင္းေပါတယ္ ၊ ဘယ္လမ္းေၾကာက လမ္းသာတယ္၊ ဘယ္ေနရာက သြားရတာ ခက္တယ္၊ ဆူးပင္ေတြ ခ်ည္းခ်ည္း စတဲ့ သတင္းေတြကို ထင္းခုတ္သမား ရလာခဲ့ ပါတယ္။ ေနာက္ရက္က စၿပီး သူ ထင္းေကာင္းေတြ ေတာ္ေတာ္ မ်ားမ်ား ရခဲ့ပါတယ္။
( သင္ခန္းစာ ၂။ လူမႈ ဆက္ဆံေရး အတတ္ အေရးႀကီး သလို လူမွန္ ေပါင္းမိရင္ လမ္းမွန္ ပိုေရာက္ လြယ္တယ္။ )
၃ ။ သင္က ထင္းခုတ္တယ္။ သူက ဆိတ္ေက်ာင္းတယ္။ သင္တို႔ သူငယ္ခ်င္း ျဖစ္သြားတယ္။ စကား အၾကာႀကီး ေျပာျဖစ္တယ္။ သင္ သူ႔ဆီကေန ဆိတ္ေက်ာင္းျခင္း အတတ္ပညာ တတ္ေျမာက္ သြားတယ္။ သူ သင့္ဆီက ထင္းခုတ္တဲ့ပညာ တတ္ေျမာက္ သြားတယ္။
( သင္ခန္းစား ၃။ ေနရာတိုင္းမွာ သင္ယူစရာခ်ည္းပါ။ )
၄ ။ သင္က ထင္းခုတ္တယ္။ သူက ဆိတ္ေက်ာင္းတယ္။ သင္နဲ႔သူ တစ္ရက္လုံး စကားေျပာ ျဖစ္တယ္။ သူ႔ ဆိတ္အခ်ိဳ႕နဲ႔ သင့္ထင္းနဲ႔ လဲလွယ္ ျဖစ္တယ္။ သင္ ဆိတ္ကို ပိုင္ဆိုင္ သြားတယ္။ သူလည္း ထင္း ပိုင္ဆိုင္ သြားတယ္။
( သင္ခန္းစာ ၄။ တန္ဖိုးတူ ဖလွယ္ ျခင္းပါ။ ဘယ္သူ႔ကိုမွ အထင္ မေသးပါႏွင့္၊ လူတိုင္း သူ႔တန္ဖိုးနဲ႔ သူပါ။ )
၅ ။ သင္က ထင္းခုတ္တယ္။ သူက ဆိတ္ ေက်ာင္းတယ္။ သင္တို႔ တစ္ရက္လုံး စကားေျပာ ျဖစ္တယ္။ သူက ဆိတ္ဝယ္တဲ့ ေဖါက္သည္ကို သင့္ကို မိတ္ဆက္ ေပးတယ္။ သင္က ထင္းဝယ္တဲ့ ေဖါက္သည္ သူ႔ကို မိတ္ဆက္ ေပးတယ္။ သင္တို႔ ႏွစ္ဦးစလုံး အလုပ္ ပိုပိုတြင္က်ယ္ လာပါတယ္။
( သင္ခန္းစာ ၅။ အရင္းအျမစ္ စုေဆာင္း တတ္ျခင္းဟာ စီးပြားေရး အတြက္ အေရးႀကီးသည္။ )
၆ ။ သင္က ထင္းခုတ္တယ္။ သူက ဆိတ္ေက်ာင္းတယ္။ သင္တို႔ တစ္ရက္လုံး စကားေျပာ ျဖစ္တယ္။ သင္တို႔ ( ၂ ) ဦး ပူးေပါင္းၿပီး ဆိတ္သား ကင္ဆိုင္ တစ္ဆိုင္ကို ဖြင့္ဖို႔ ႀကိဳးစား ၾကတယ္။ သင္ အေကာင္းမြန္ဆုံး ထင္းကို ရွာေဖြ ႏိုင္တယ္။ သူဆိတ္သားက သဘာ၀ အသား ျဖစ္တယ္။ သင္တို႔ ေအာင္ျမင္ သြားတယ္။
( သင္ခန္းစား ၆။ ျပည့္စုံတဲ့ လူ မရွိပါ။ ျပည့္စုံတဲ့ အသင္းသာ ရွိပါသည္။ )
Ko Aung Ko Latt