နေစရာ အိိမ်ဆောက်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်နေသိထားဖို့လိုပါတယ်
ေ နစ ရာ အိိမ်ဆောက်မယ် ဆို ရင် လုပ် ဖို့မပြော နဲ့သိိ သူတောင်နည်းသွားပြီဖြစ်် တဲ့ အိမ််ဆောက်နည်းများ
(တန်ဖိုး ရှိလွန်းလို့သိမ်းထားခဲ့တာပါ။အခုခေတ်မှာ လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီ။)
ဆရာကြီးဒဂုန် ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက အိိမ်ဆောက်ရင် လိုအပ်ချက်တွေကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။မြင်လဲမြင်ဆရာ ပါ။သူရေးခဲ့တဲ့ စာစုကို ပြန်ဖော်ပြလိုက်ပါတယ်။
နေစရာအိိမ်ဆောက်မယ်ဆိုရင်် ဝေဒင်္ဂတိို့ နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ အကြောင်းအရင်းကတော့ စား-ဝတ်-နေ-ရေး ကြောင့်ပဲမဟုတ်လား။
အဲဲဒီ စား-ဝတ်-နေ-ရေး ဆိုတဲ့ စကားလေး သုံးခွန်းဟာ နှုတ်ကပြောရာမှာ ဘာမှမဟုတ်ပေမယ့် သေသေချာချာ တွေးကြည့်လေ လေးနက်် ကျယ်ပြန့်လေပါပဲ။
စဉ်းစားကြည့်လေ၊ နေ့စဉ်နှင့်အမျှမစားလို့ မဝတ်လို့၊ မနေလို့ ရလို့လား၊ မစားဘဲ၊ မဝတ်ဘဲ၊ မနေဘဲ ရနိုင်ရိုးလား။ ရှာရ၊ ဖွေရ၊ ရုန်းကန်လှုပ်ရှားနေရတာ၊ မပြောချင်၊ မဆိုချင် မဆက်ဆံချင်တဲ့ သူတွေနဲ့ ပြောဆိုဆက်ဆံရတာ တွေဟာ အဲဒီစားဝတ်နေ ဆိုတဲ့ ဟာကြီးကြောင့်ပါ။
ဗုုဒ္ဓဝါဒီပီပီပြောရရင် ခန္ဓာအိမ် ရှိသရွေ့ စားနေရ၊ ဝတ်နေရ၊နေနေရဦးမှာပါ။စားစရာရှိိပေမယ့်၊ ဝတ်စရာရှိပေမယ့်။ နေစရာမရှိရင် သိပ်ဒုက္ခရောက်ပါတယ်။
ဝေဒင်္ဂတိို့အတွက် နားခိုစ ရာ အမိုး၊ အကာ၊ အခင်းဟာလဲဲ စားစရာ၊ ဝတ်စရာ တွေလိို
အရေးပါသမှ သိိပ်ကိုအရေးပါလှပါတယ်။ ဒီနေစရာ အရေးပါလွန်းလို့လား မသိဘူး၊ ဝေဒင်္ဂ တို့ရဲ့ဘိုးဘွားတွေဟာ အိမ်တစ်လုံးဆောက်ရင် ရွေးစရာ၊ ရှောင်စရာ၊ ဆောင်စရာ၊ ပြုလုပ်စရာတွေကို လင်္ကာနဲ့စာသားနဲ့ မှတ်သားပြီး လမ်းညွှန်ခဲ့ပါတယ်။
အဲဒီလမ်းညွှန်စရာတွေကို ဗိသုကာကျမ်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီကျမ်းကို ထိန်းသိမ်းရာ လဲ ရောက်၊ အသုံးချချင်ရင် အသုံးလဲချလို့ရအောင် ရှာဖွေစုဆောင်းလေ့လာမိသမျှ ပြန်ပြီးပြောပြရရင် …
အသက်တွွက်ပြီးမှအိိမ်ဆောက်ပါ အိိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက………
အိိမ်သစ်ဆောက်လိုများလူဗိိုလ်၊သက်ကိုရှစ်ခုစား။ တစ်ခုကြွင်းမူသူဌေးယူ၊ နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြားရွှေလှေခါး၊ ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊အိမ်သစ်မဆောက်အပ်တဲ့။လင်္ကာရဲ့သဘောကဒီီလိုပါ။ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
၁=ကြွင်းရင် ဒီနှစ်မှာ အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင် ဘဝရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။
၃၊ ၆၊ရနဲ့ ဝကြွင်းရင်တော့ ဒီအသက်၊ ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင်ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားကျတာ၊ ရောဂါဘယ ပွားများ တာတွေဖြစ်နိုင်တယ်နဲ့တူပါတယ်။
အိိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုကအိိမ် သစ်ဆောက်ဖိို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။
စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် သွယ်က ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။
အဆင််းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။ အဆင်းနီီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။ အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိိမြေပကတိ၊သုခိအဝေရာ။ အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။ေ မြမင်းပုဏ္ဏားကျောင်းအိမ်များ၊ဆောက်ထား ဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊လယ်မှာလုပ်လေပါ၊ မြေပကတိိကိုရဟန်းဆို၊နေလို့ကောင်းလေစွ။
လင်္ကင်္ာရဲ့သဘောကမြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့တည်ထား သင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်် အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။မြေအဆင်းနီရင်် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကိို မြေဒါသလို့ ခေါ်တယ်။ ဒီမြေမှာ အိိမ်မဆောက်သင့်ဘူး။ ဘေးရန်များတ်။ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့ အရေးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။မြေအဆင်းဟာ ၀ါရင်ပကတိိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေ နိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ်လမှာ ဆောက်မလဲ။ လင်္ကာလေးကို ဖက်ကြည့်ပါဦး။
လတန်ခူးမှာအိိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်ဝ။လကဆုုန်ကားဆန်စပါး၊ ပေါများကြွယ်တက်လှ။ ၀ါခေါင်လမှာအိိမ်ဆောက်ခါ၊ ဥစ္စာတိုးပွားရ။ နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိိုလမှာလူတကာ၊များစွာချီးမွမ်းရ။တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်် ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေး ပါနော်၊ အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ၀ါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။
ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက် တာ၊ စပါးထွတ်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော် ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊
အလုပ်များ တဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ၀ါဆိုလ၊ ၀ါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲစတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။
လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။
အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။ နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။ ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံံခါ ချမ်းသာရ။ ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။ နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။ စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။
ဒီီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာအသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေမှာတော့ လုံးဝ မကောင်းနိုင်ဘူး။
စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင်ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း) က ကိုယ့်ကိုဗေဒင်ဟော တတ်ပါသတဲ့ ။
ဟောပုံက
အိိမ်ကျောင်းဆောက်ရာ၊ မြေကိိုသာ၊ သေချာမှတ် ပြီးမှ။ပေါက်ပေါက်ဆန်ပန်း ဓိိဌာန်မှန်း၊ ချိန်နော် ကြည့်အပ်လှ။ တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ် ဒုက္ခရ။
သုံံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ် မေတ္တာမျှ။ ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။ ရှှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမှာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊တိုးတက်သက်ဇီဝ။ ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း ရွှင်ပြုံးချမ်းသုခ။ ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊တစ်ဆယ့်ခွန်၊အလွန်မျက်ထွက်စွ။ ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါ နေထိုင်ကြ။ ကြံတိိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊လူ့ဘောင်ကျော် စောလှ။ တဲ့
ဒီလင်္ကာကို ( Burmese to Burmese )ဘာသာပြန် ရရင်-
အိိမ်တို့၊ ကျောင်းတို့ဆောက်ဖို့မြေနေရာ တိိတိ ကျကျ ရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီးတိကျမှန်ကန်တဲ့အတိတ်နမိတ်ပေါ်အောင်ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက် လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (၀ါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အား ဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ် ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။ နှှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။ သုံးကျပ်သားရှိရင်လေးကျပ်သားရှိရင်သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင်လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိိရင်လာဘ်ရမယ်။ ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။ ရှစ်ကျပ်သားရှိရင်ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင်သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။ ဆယ့်တစ်ကျပ်သားရှိရင်အသက်ရှင်မယ်။ ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။ ဆယ့်ငါးကျပ်သားရှိရင်တော်မှန်တဲ့သူဖြစ်မယ်။ ဆယ့်ခြောက်ကျပ်သားရှိရင်ကောင်းတယ်။ ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ဒေါသထွက်စရာ။
အမျက်ထွက်တာတွေ ဖြစ်မယ်။
ရိုးရာဓလေ့ပန္နက်ရိုက်ပုံဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက် ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်း ပါပဲ။
ပန္နက်ရိုက်ရာမှာထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့် ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်း ကတော့ ဒီလိုပါ။ (ရိုးရာ အစဉ်အလာ ထိန်းသိမ်း မှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ …… ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြု ဟောင်း၊ မကောင်းတစ္ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊
ဆင်းတုမလွတ်၊ ဓာတ် တော် မွေတော်၊ ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊
ကိုင်စွဲကာဖြင့်၊အင်းကားလက်ျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ ၊ ပသမလွတ်၊ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံ ဘုံဥ္ဇာဟိ ဘုဥ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။
တိုင်ထူရင်ရှောင်ရမယ့်အသားအိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲညွန်ပြထား တာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊သပြေသား၊ သစ်ဆိိမ့်သား၊ ရေသာသား၊ ကလောသား၊ လက််ပံသား၊လဲဝါတို့ဖြစ်ပါတယ်။
မိဘတိုင်ခြောက်လုံးရဲ့အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက် လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ဟောဒီပုံစံအတိုင်းပါပဲဗျာ။
အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ္ဘီ )
အဲဒီ တိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်း ထဲကိို ဟောဒီအတိုင်းဆိိုင်ရာရာ သွန်းလောင်းမြုပ်နှံရ ပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကိို ခဲရေ လောင်းရမယ်။ ဦးယူတိိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။ စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန် မြုပ်ရမယ်။
ကုမ္ဘီတိုင်စိိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။ သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာ ချပြီး မှထူရမယ်။ ထူပြီးတော့မှမကြိုက်လို့သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။ အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေး တယ်။
အဲဒါတွေကတော့ –
အိိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။ ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။
ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေ မရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။
ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ဝင်းထရံကို ကြိုပြီး ခတ်မထားရဘူး။အိိမ်ဆောက်ပြီးမှ ဝင်းခတ်ရမယ်။
အိိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်
ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရ မယ်။ ဒါမှ ဘေးရန်ခပ်သိိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။
အိိမ်အကာအကွယ်် အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ —
အရှေ့တောင်ကတိုင်မှာ သိ ၊အနောက်တောင်က တိုင်မှာ န ၊ အနောက်မြောက်ကတိုင်မှာ ဗိ ၊အရှေ့မြောက်ကတိုင်မှာ ဘု ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ – သိိ = သိကြား ၊န = နဂါး ၊ဗိ = ဗိဿနိုး ၊ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါ တယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ခင်ဗျာ။
အခုတင်ပြခဲတဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်း သစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာ ရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူ တို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။
ဦးဖိုးနီ

ေနစရာ အိိမ္ေဆာက္မယ္ဆိုရင္ ဒီအခ်က္ေတြကို မျဖစ္ေနသိထားဖို႔လိုပါတယ္
ေ နစ ရာ အိိမ္ေဆာက္မယ္ ဆို ရင္ လုပ္ ဖို႔မေျပာ နဲ႔သိိ သူေတာင္နည္းသြားၿပီျဖစ္္ တဲ့ အိမ္္ေဆာက္နည္းမ်ား
(တန္ဖိုး ရွိလြန္းလို႔သိမ္းထားခဲ့တာပါ။အခုေခတ္မွာ လုပ္ဖို႔မေျပာနဲ႔သိသူေတာင္နည္းသြားၿပီ။)
ဆရာႀကီးဒဂုန္ ရဲ႕စာေတြဖတ္ရင္း ေတြ႕မိလို႔သိမ္းထားခဲ့တဲ့ထဲက အိိမ္ေဆာက္ရင္ လိုအပ္ခ်က္ေတြကို သိႏိုင္ဖို႔ ေဖာ္ျပလိုက္ပါတယ္။ျမင္လဲျမင္ဆရာ ပါ။သူေရးခဲ့တဲ့ စာစုကို ျပန္ေဖာ္ျပလိုက္ပါတယ္။
ေနစရာအိိမ္ေဆာက္မယ္ဆိုရင္္ ေဝဒဂၤတိို႔ ေန႔စဥ္ႏွင့္အမွ် ႐ုန္းကန္လႈပ္ရွားေနရတဲ့ အေၾကာင္းအရင္းကေတာ့ စား-ဝတ္-ေန-ေရး ေၾကာင့္ပဲမဟုတ္လား။
အဲဲဒီ စား-ဝတ္-ေန-ေရး ဆိုတဲ့ စကားေလး သုံးခြန္းဟာ ႏႈတ္ကေျပာရာမွာ ဘာမွမဟုတ္ေပမယ့္ ေသေသခ်ာခ်ာ ေတြးၾကည့္ေလ ေလးနက္္ က်ယ္ျပန႔္ေလပါပဲ။
စဥ္းစားၾကည့္ေလ၊ ေန႔စဥ္ႏွင့္အမွ်မစားလို႔ မဝတ္လို႔၊ မေနလို႔ ရလို႔လား၊ မစားဘဲ၊ မဝတ္ဘဲ၊ မေနဘဲ ရႏိုင္႐ိုးလား။ ရွာရ၊ ေဖြရ၊ ႐ုန္းကန္လႈပ္ရွားေနရတာ၊ မေျပာခ်င္၊ မဆိုခ်င္ မဆက္ဆံခ်င္တဲ့ သူေတြနဲ႔ ေျပာဆိုဆက္ဆံရတာ ေတြဟာ အဲဒီစားဝတ္ေန ဆိုတဲ့ ဟာႀကီးေၾကာင့္ပါ။
ဗုုဒၶဝါဒီပီပီေျပာရရင္ ခႏၶာအိမ္ ရွိသေ႐ြ႕ စားေနရ၊ ဝတ္ေနရ၊ေနေနရဦးမွာပါ။စားစရာရွိိေပမယ့္၊ ဝတ္စရာရွိေပမယ့္။ ေနစရာမရွိရင္ သိပ္ဒုကၡေရာက္ပါတယ္။
ေဝဒဂၤတိို႔အတြက္ နားခိုစ ရာ အမိုး၊ အကာ၊ အခင္းဟာလဲဲ စားစရာ၊ ဝတ္စရာ ေတြလိို
အေရးပါသမွ သိိပ္ကိုအေရးပါလွပါတယ္။ ဒီေနစရာ အေရးပါလြန္းလို႔လား မသိဘူး၊ ေဝဒဂၤ တို႔ရဲ႕ဘိုးဘြားေတြဟာ အိမ္တစ္လုံးေဆာက္ရင္ ေ႐ြးစရာ၊ ေရွာင္စရာ၊ ေဆာင္စရာ၊ ျပဳလုပ္စရာေတြကို လကၤာနဲ႔စာသားနဲ႔ မွတ္သားၿပီး လမ္းၫႊန္ခဲ့ပါတယ္။
အဲဒီလမ္းၫႊန္စရာေတြကို ဗိသုကာက်မ္းအျဖစ္ သတ္မွတ္ခဲ့ပါတယ္။
ဒီက်မ္းကို ထိန္းသိမ္းရာ လဲ ေရာက္၊ အသုံးခ်ခ်င္ရင္ အသုံးလဲခ်လို႔ရေအာင္ ရွာေဖြစုေဆာင္းေလ့လာမိသမွ် ျပန္ၿပီးေျပာျပရရင္ …
အသက္တြြက္ၿပီးမွအိိမ္ေဆာက္ပါ အိိမ္ေဆာက္ေတာ့မယ္ဆိုရင္ အသက္တြက္ၿပီးမွ အိမ္ေဆာက္သင့္တယ္လို႔ ဆိုပါတယ္။ ဒီအခ်က္ကို လကၤာေလးနဲ႔ၫႊန္းထားပုံက………
အိိမ္သစ္ေဆာက္လိုမ်ားလူဗိိုလ္၊သက္ကိုရွစ္ခုစား။ တစ္ခုႂကြင္းမူသူေဌးယူ၊ ႏွစ္မူသူႂကြယ္သား။ ေလးခုႂကြင္းျငားေ႐ႊေလွခါး၊ ငါးကားေ႐ႊျပႆဒ္။
သုံး၊ေျခာက္၊ခုႏွစ္၊သုံးဘုံလစ္၊အိမ္သစ္မေဆာက္အပ္တဲ့။လကၤာရဲ႕သေဘာကဒီီလိုပါ။ကိုယ့္ရဲ႕ အသက္ကို (၈)နဲ႔ စားလိုက္ပါ။
၁=ႂကြင္းရင္ ဒီႏွစ္မွာ အိမ္ေဆာက္တဲ့အတြက္ သူေဌးျဖစ္ႏိုင္သလို၊
၂=ႂကြင္းရင္လည္း သူႂကြယ္ျဖစ္တတ္ပါသတဲ့။
၄-ႂကြင္းရင္ ဘဝရဲ႕ အဆင့္ျမင့္မႈကို ရရွိၿပီး၊
၅=ႂကြင္းရင္ လည္း တို႔ထက္ေကာင္းပါတယ္။
၃၊ ၆၊ရနဲ႔ ဝႂကြင္းရင္ေတာ့ ဒီအသက္၊ ဒီႏွစ္ထဲမွာ အိမ္သစ္ မေဆာက္သင့္ပါဘူး။ ေဆာက္ရင္ေဆာက္သူအဖို႔ ေဘးရန္မ်ားတာ၊ စီးပြားက်တာ၊ ေရာဂါဘယ ပြားမ်ား တာေတြျဖစ္ႏိုင္တယ္နဲ႔တူပါတယ္။
အိိမ္သစ္ေဆာက္မယ့္ေျမေ႐ြးရဦးမယ္အိမ္သစ္ေဆာက္သင့္တဲ့ အသက္ေရာက္လိုကအိိမ္ သစ္ေဆာက္ဖိို႔စီစဥ္ၿပီဆိုရင္၊ ေဆာက္မယ့္ေျမလည္းေ႐ြးခ်ယ္ရပါဦးမယ္။
စနစ္တက်ေ႐ြးခ်ယ္မွအိမ္ရွင္အတြက္ ေကာင္းမြန္ၿပီး ေဘးရန္အသြယ္ သြယ္က ကင္းေဝးႏိုင္ပါမယ္၊ ေျမေ႐ြးနည္း လကၤာကေတာ့ ဒီလိုပါ။
အဆင္္းျဖဴျငားေျမပုဏၰား၊စီးပြားျဖစ္တတ္စြာ။ အဆင္းနီီလြင္ေျမဘုရင္၊မင္းလွ်င္ျဖစ္တတ္ပါ။ အဆင္းနက္ကေျမဒါသ၊ဒုကၡေဘးေတြ႕ရာ။
အဆင္းဝါဘိိေျမပကတိ၊သုခိအေဝရာ။ အဆင္းျပာလွ်ံ၊ေကသပံ၊ႏိုင္ငံတည္ေထာင္ရာ။ေ ျမမင္းပုဏၰားေက်ာင္းအိမ္မ်ား၊ေဆာက္ထား ဇရပ္သာ။
ေျမဒါသမွာဥယ်ာဥ္သာ၊လယ္မွာလုပ္ေလပါ၊ ေျမပကတိိကိုရဟန္းဆို၊ေနလို႔ေကာင္းေလစြ။
လကၤၤာရဲ႕သေဘာကေျမရဲ႕အဆင္းအေရာင္ကိုၾကည့္ၿပီး အိိမ္၊ ေက်ာင္း၊ ဇရပ္၊ ဥယ်ာဥ္တို႔တည္ထား သင့္တယ္ဆိုတဲ့သေဘာပါ။ ေသေသခ်ာခ်ာေျပာရရင္္ အဆင္းျဖဴတဲ့ ေျမကို ေျမပုဏၰားလို႔ ေခၚတယ္။
ဒီေျမမွာအိိမ္ေဆာက္ရင္ အိမ္ရွင္ဟာစီးပြားတက္မယ္။ ခ်မ္းသာမယ္။ေျမအဆင္းနီရင္္ ဒီေျမကိုေျမဘုရင္လို႔ သတ္မွတ္ တယ္။ ဒီေျမမွာ အိမ္ေဆာက္ရင္ အိိမ္ရွင္ဟာအႀကီး အကဲျဖစ္မယ္။ အမ်ားရဲ႕ ၾကည္ညိဳေလးစားမႈကို ခံရမယ္။
အဆင္းနက္တဲ့ (ေျမၾသဇာ၊ ေျမဆီေျမႏွစ္မ်ားတဲ့) ေျမကိို ေျမဒါသလို႔ ေခၚတယ္။ ဒီေျမမွာ အိိမ္မေဆာက္သင့္ဘူး။ ေဘးရန္မ်ားတ္။ဒီေျမဟာ (ေျမဆီ ေျမႏွစ္ မ်ားတဲ့အတြက္ ) ဥယ်ာဥ္ စိုက္ပ်ိဳးတာ၊ လယ္လုပ္ကိုင္တာသာ လုပ္သင့္ပါ သတဲ့။
အဆင္းအေရာင္ ခပ္ျပာျပာရွိတဲ့ေျမကိုေတာ့ ေကသပ လို႔ေခၚၿပီး ႏိုင္ငံအႀကီးအကဲေတြရဲ႕ အေရးပါတဲ့ အေဆာက္အအုံေတြ ေဆာက္သင့္တယ္လို႔ယူဆရပါ တယ္။ေျမအဆင္းဟာ ၀ါရင္ပကတိိ ေျမသားအျဖစ္ သတ္မွတ္ပါတယ္။
ဒီေျမဟာ အိမ္တို႔၊ ဇရပ္တို႔ ထက္ရဟန္း သံဃာေတာ္မ်ား သီတင္းသုံးရာ ေက်ာင္းေဆာက္သင့္ပါတယ္။ ရဟန္းသံဃာေတာ္ မ်ားၾကည္လင္ ေအးခ်မ္းစြာ သီတင္းသုံးေပ်ာ္ေမြ႕ေစ ႏိုင္တဲ့ေျမမ်ိဳးပါ။
ဒီလမွာအိမ္သစ္ေဆာက္ပါအိမ္သစ္ေဆာက္ဖို႔ အသက္လဲေရာက္ၿပီ၊ ေဆာက္သင့္တဲ့ ေျမလဲရၿပီ၊ ကဲ အိမ္သစ္ေဆာက္ၾကစို႔။ အဲတစ္ခု က်န္ေသးတယ္။ ဘယ္လမွာ ေဆာက္မလဲ။ လကၤာေလးကို ဖက္ၾကည့္ပါဦး။
လတန္ခူးမွာအိိမ္ေဆာက္ခါ၊ ခ်မ္းသာျပည့္ႂကြယ္ဝ။လကဆုုန္ကားဆန္စပါး၊ ေပါမ်ားႂကြယ္တက္လွ။ ၀ါေခါင္လမွာအိိမ္ေဆာက္ခါ၊ ဥစၥာတိုးပြားရ။ နတ္ေတာ္လတြင္အိမ္ေဆာက္လွ်င္၊ ေပၚထင္ေက်ာ္ ေစာစြ။
ျပာသိိုလမွာလူတကာ၊မ်ားစြာခ်ီးမြမ္းရ။တေပါင္းလဝယ္၊ခ်မ္းသာႂကြယ္၊ေဆာင္းဖြယ္္ ဤေျခာက္လ။
လကၤာက ေျပာထားတာကေလးက ရွင္းရွင္းကေလး ပါေနာ္၊ အက်ဥ္း႐ုံးေျပာရရင္ တန္ခူးလ၊ ကဆုန္လ၊ ၀ါေခါင္လ၊ နတ္ေတာ္လ၊ ျပာသိုလ၊ တေပါင္းလ စတဲ့ ျမန္မာလေတြမွာ အိမ္သစ္ေဆာက္သင့္တယ္။
ေဆာက္ရင္ ေကာင္းတယ္။ သူ႔လနဲ႔သူစီးပြားတက္ တာ၊ စပါးထြတ္တာ၊ ခ်မ္းသာတာ၊ ထင္ေပၚေက်ာ္ ၾကားတာေတြ ျဖစ္မယ္။ ဒါေၾကာင့္ အဲဒီေျခာက္လမွာ အိမ္သစ္ေဆာက္သင့္ၿပီး စပါးစိုက္တဲ့လ၊
အလုပ္မ်ား တဲ့လေတြမွာျဖစ္တဲ့ နယုန္လ၊ ၀ါဆိုလ၊ ၀ါဆိုလ၊ ေတာ္သလင္း၊ သီတင္းကြၽတ္၊ တန္ေဆာင္မုန္း။ တပိုတြဲစတဲ့ လေတြမွာ အိမ္သစ္မေဆာက္သင့္ပါဘူး။
လေ႐ြးၿပီးရင္၊ေန႔လဲေ႐ြးေပးဦး။
အဲဒီလိုအိမ္သစ္ေဆာက္ဖို႔ လေ႐ြးၿပီးတာနဲ႔ ႀကိဳက္တဲ့ေန႔မွာ စတင္ၿပီးေဆာက္လို႔မျဖစ္ေသးပါဘူး သင့္ေလွ်ာ္တဲ့ေန႔ ေ႐ြးဖို႔ကိုလဲ လကၤာနဲ႔ပဲ လမ္းၫြန္ထားပါတယ္။လကၤာကေလးကဒီလိုပါ။
တနဂၤေႏြြတြင္အိမ္ေဆာက္လွ်င္၊ မ႐ႊင္စိတ္ေသာက။ ေန႔တနလၤာလြန္ခ်မ္းသာ၊ အဂၤါ လာဘ္ႀကီးရ။ ဗုဒၶေဆာက္ခါဆင္းရဲစြာ၊ ရံံခါ ခ်မ္းသာရ။ ၾကာသပေတးမွာအိမ္ေဆာက္ခါ၊ ေရာဂါကင္းစင္ပ။ ေန႔ကားေသာၾကာေအးၾကည္စြာ၊ ရံဖန္ပူပင္ရ။ စေနေန႔မူအိမ္ေဆာက္သူ၊ ဗိုလ္လူညႇင္းပမ္းၾက။
ဒီီလကၤာသေဘာအရ တနဂၤေႏြ၊ ဗုဒၶဟူး၊ ေသာၾကာ၊ စေနတို႔မွာ အိမ္သစ္စမေဆာက္သင့္ဘူး၊ ဗုဒၶဟူးနဲ႔ ေသာၾကာေန႔မွာအသင့္အသင့္ေကာင္းေပမယ့္ စေန၊ တနဂၤေႏြမွာေတာ့ လုံးဝ မေကာင္းႏိုင္ဘူး။
စၿပီး ေဆာက္သင့္တဲ့ ရက္ေတြကေတာ့ တနလၤာေန႔၊ အဂၤါေန႔၊ ၾကာသပေတးေန႔ တို႔ပါပဲ။ ဘာေၾကာင့္ ေဆာက္လုပ္သင့္သလဲဆိုတာကေတာ့ လကၤာမွာပါၿပီးသားပါ။
ေျမက်စ္အားကေဟာတဲ့ေဗဒင္ကိုယ္အိမ္ေဆာက္ဖို႔ေ႐ြးထားတဲ့ေျမရဲ႕ေျမက်စ္အား(ေျမရဲ႕သိပ္သည္းျခင္း) က ကိုယ့္ကိုေဗဒင္ေဟာ တတ္ပါသတဲ့ ။
ေဟာပုံက
အိိမ္ေက်ာင္းေဆာက္ရာ၊ ေျမကိိုသာ၊ ေသခ်ာမွတ္ ၿပီးမွ။ေပါက္ေပါက္ဆန္ပန္း ဓိိဌာန္မွန္း၊ ခ်ိန္ေနာ္ ၾကည့္အပ္လွ။ တစ္က်ပ္ျပည့္လတန္၊ ဆင္းရဲတက္ ႏွစ္က်ပ္ ဒုကၡရ။
သုံံးက်ပ္ေလးက်ပ္၊ မေတာင္းတက္၊ ငါးက်ပ္ ေမတၱာမွ်။ ေျခာက္က်ပ္မွာ လာဘ္၊ ခုႏွစ္က်ပ္ အရပ္ေျပာင္းေ႐ြ႕ရ။ ရွွစ္က်ပ္ဥစၥာ ၊ ေပါမ်ားပါ၊ ကိုးမွာ သိဒၶိကပ္၊
တစ္ဆယ္ေဘးမွတ္၊ ဆယ့္တစ္က်ပ္၊တိုးတက္သက္ဇီဝ။ ဆယ့္ႏွစ္ဆယ့္သုံး၊ ခ်ိန္က်ပ္ႏႈန္း ႐ႊင္ၿပဳံးခ်မ္းသုခ။ ဆယ့္ေလးခ်စ္ခင္၊ ဆယ့္ငါးကြင္းလူရွင္မွန္တတ္စြ။
ဆယ့္ေျခာက္ေကာင္းစြန္၊တစ္ဆယ့္ခြန္၊အလြန္မ်က္ထြက္စြ။ ခ်ိန္က်ပ္ေကာင္းစြာ၊ အိမ္ေက်ာင္းရာ၊ ေဆာက္ခါ ေနထိုင္ၾက။ ႀကံတိိုင္းလည္းေအာင္၊ သိဒၶိေဆာင္၊လူ႔ေဘာင္ေက်ာ္ ေစာလွ။ တဲ့
ဒီလကၤာကို ( Burmese to Burmese )ဘာသာျပန္ ရရင္-
အိိမ္တို႔၊ ေက်ာင္းတို႔ေဆာက္ဖို႔ေျမေနရာ တိိတိ က်က် ရၿပီဆိုရင္ ေျမေပၚမွာ ဆန္၊ ပန္း၊ ေပါက္ေပါက္ နဲ႔ျဖန႔္ႀကဲပူေဇာ္ရမယ္၊ အဓိ႒ာန္ျပဳ သစၥာဆိုၿပီးတိက်မွန္ကန္တဲ့အတိတ္နမိတ္ေပၚေအာင္ဆုေတာင္းရမယ္။
ၿပီးရင္တူ႐ြင္းနဲ႔ေျမကိုတစ္ေကာ္ေကာ္လိုက္ လိုက္ရမယ္။
ရတဲ့ ေျမ တစ္ေကာ္စာကို က်ပ္သားနဲ႔ ခ်ိန္ၾကည့္ရမယ္။ ေျမတစ္ေကာ္စာခ်င္း တူေပမယ့္ အေလးခ်ိန္မတူႏိုင္ဘူး။ ဒါက ေျမက်ပ္အား (၀ါ) ေျမရဲ႕ သိပ္သည္းမႈခ်င္း မတူလို႔ပါ။ ဒီေျမက်စ္အား ဟာ အိမ္ေဆာက္မယ့္သူအတြက္ အတိတ္နိမိတ္ ပါပဲ။ ဘယ္လိုအတိတ္နမိတ္လဲဆိုေတာ့-
တူရင္းေျမတစ္ေကာ္စာဟာ-တစ္က်ပ္သားရွိရင္ဆင္းရဲမယ္။ ႏွွစ္က်ပ္သားရွိရင္ေဘးဒုကၡေတြ႕မယ္။ သုံးက်ပ္သားရွိရင္ေလးက်ပ္သားရွိရင္သိပ္မေကာင္းဘူး။ ငါးက်ပ္သားရွိရင္လူတကာရဲ႕ခ်စ္ခင္မႈကိုခံရမယ္။
ေျခာက္က်ပ္သားရွိိရင္လာဘ္ရမယ္။ ခုႏွစ္က်ပ္သားရွိရင္ အရပ္တစ္ပါးကို ေျပာင္းေ႐ြ႕ ရတတ္တယ္။ ရွစ္က်ပ္သားရွိရင္ဥစၥာဓနေပါမ်ားမယ္။
ကိုးက်ပ္သားရွိရင္သိဒၶိအေပါင္းနဲ႔ျပည့္စုံႏိုင္တယ္။
ဆယ္က်ပ္သားရွိရင္ေတာ့ ေဘးဥပါဒ္အႏၲရာယ္ေတြ႕ ႀကဳံရတက္တယ္။ ဆယ့္တစ္က်ပ္သားရွိရင္အသက္ရွင္မယ္။ ဆယ့္ႏွစ္က်ပ္၊ ဆယ့္သုံးက်ပ္သားရွိရင္ ေပ်ာ္႐ႊင္ ခ်မ္းသာစြာေနရမယ္။
ဆယ့္ေလးက်ပ္သားရွိရင္ ခ်စ္သူခင္သူေပါမ်ားမယ္။ ဆယ့္ငါးက်ပ္သားရွိရင္ေတာ္မွန္တဲ့သူျဖစ္မယ္။ ဆယ့္ေျခာက္က်ပ္သားရွိရင္ေကာင္းတယ္။ ဆယ့္ခုႏွစ္က်ပ္သားရွိရင္ေတာ့ေဒါသထြက္စရာ။
အမ်က္ထြက္တာေတြ ျဖစ္မယ္။
႐ိုးရာဓေလ့ပႏၷက္႐ိုက္ပုံဒီလိုေျမကို စနစ္တက်ေ႐ြး၊ အိမ္ေဆာက္မယ့္၊ ႏွစ္၊ လ၊ ရက္ေတြ ေသေသခ်ာခ်ာေ႐ြးၿပီးလို႔ အိမ္ေဆာက္ ၿပီဆိုရင္ စစခ်င္းေဆာင္႐ြက္ရမွာက ပႏၷက္႐ိုက္ျခင္း ပါပဲ။
ပႏၷက္႐ိုက္ရာမွာထုံးတမ္းအစဥ္အလာအရ ေျမေစာင့္နတ္ကို ပူေဇာ္ရပါတယ္။ ပူေဇာ္ရာမွာ တင္လႉရတဲ့၊ အရာေတြကေတာ့ အသားသက္လြတ္ ထမင္းႏွင့္ယိုစုံပါ။
ဒါေတြကို ဖက္သန႔္သန႔္နဲ႔ထည့္ ၿပီး ပူေဇာ္ရပါတယ္။ ပူေဇာ္ရာမွာရတဲ့ ဆုေတာင္း ကေတာ့ ဒီလိုပါ။ (႐ိုးရာ အစဥ္အလာ ထိန္းသိမ္း မွတ္တမ္းတင္တဲ့အေနနဲ႔ ထည့္သြင္းေဖာ္ျပပါရေစ)။
ဥဳံ …… ဘုမၼိရာဇာ၊ ေျမသခ်ၤာကို၊ အစိုးရသည့္ နဂါး သနင္း၊ေျမနတ္မင္း၊ ေကာင္းျခင္းတိုင္ၿမဲ၊ ပႏၷက္သဲက၊ စသည္႐ုံေပါင္း၊ ျခပုန္းေတာင္ပို႔၊ဤသို႔တစ္ေၾကာင္း၊ ေရွးသူေဟာင္းတို႔၊
မေကာင္းခြၽတ္လြဲ၊ေျမထဲလားျမဳပ္၊ အ႐ုပ္ဆင္းခ်၊ ဆိုေရးစသား၊ ေဒါသကင္းေရး၊ ေကာင္းရာေဆးေလာ့၊ သူ႔ေသြးသြန္ရာ၊ ဆရာျပဳ ေဟာင္း၊ မေကာင္းတေစၦ၊ ေန႔တြင္သည္ကား၊ ေဝးေဝးရွား၊ ဘုရား႐ုပ္တု၊
ဆင္းတုမလြတ္၊ ဓာတ္ ေတာ္ ေမြေတာ္၊ ရွိျငားေသာ္လည္း၊ ေကာ္ေရာ္႐ိုၫြတ္ နတ္တကာတို႔၊ မပါေစေၾကာင္း။ ေရေၾကာင္းေဆး မည္။ အလွ်ံတည္၊ အေရာင္ညီးညီး၊ လင္ပန္းႀကီး ႏွင့္၊ ပြဲႀကိဳနတ္ယကာ၊
ကိုင္စြဲကာျဖင့္၊အင္းကားလက္်ာ၊ ေဆးကားလက္ဝဲ၊ ကိုင္စြဲအေန ေျမတြင္ခ် ၊ ပသမလြတ္၊ယြင္းခြၽတ္ေသာ္လည္း၊ နတ္ရွင့္ပြဲေတာ္၊ စားေတာ္ေခၚေလာ့၊ ဇဟိ ံတတၱိ ံ ဘုံၪၨာဟိ ဘုၪၨာဟိဒီလို ပူေဇာ္ဆုေတာင္းၿပီးရင္ ဆန္ေပါက္ေပါက္ေတြနဲ႔ ေျမကြက္အႏွံ႔ ႀကဲျဖန႔္ရပါတယ္။ ၿပီးေတာ့မွ ပႏၷက္ခ်ၾကေလ့ရွိၾကပါတယ္။
တိုင္ထူရင္ေရွာင္ရမယ့္အသားအိမ္ေဆာက္ရာမွာ မသုံးသင့္တဲ့အသားေတြကိုလဲၫြန္ျပထား တာရွိပါေသးတယ္။ အဲဒီအသားေတြကေတာ့ မိေခ်ာင္း၊ မအူ၊ သခြပ္၊ သွ်ိသွ်ား၊ သီးသား၊သေျပသား၊ သစ္ဆိိမ့္သား၊ ေရသာသား၊ ကေလာသား၊ လက္္ပံသား၊လဲဝါတို႔ျဖစ္ပါတယ္။
မိဘတိုင္ေျခာက္လုံးရဲ႕အမည္သညာျမန္မာ့႐ိုးရာ အိမ္ပုံစံအရ အဓိကက်တဲ့ တိုင္ေျခာက္ လုံးရွိပါတယ္။ ဒီတိုင္ေျခာက္လုံးတည္ပုံနဲ႔ အမည္ေတြကေတာ့ေဟာဒီပုံစံအတိုင္းပါပဲဗ်ာ။
အေရွ႕ေျမာက္ (စုံပင္လယ္)
အေရွ႕ေတာင္ ( ဦးယူ )
အလယ္ေျမာက္ ( က်ငန္းမ )
အလယ္ေတာင္ ( က်ငန္းဖို )
အေနာက္ေျမာက္ ( သေျပ )
အေနာက္ေတာင္ ( ကုမၻီ )
အဲဒီ တိုင္ေျခာက္လုံးမထူခင္မွာ တိုင္စိုက္မယ့္က်င္း ထဲကိို ေဟာဒီအတိုင္းဆိိုင္ရာရာ သြန္းေလာင္းျမဳပ္ႏွံရ ပါတယ္။
က်ငန္းဖိုက်င္းထဲ ပတၱျမားစိိမ္းေရေလာင္းရမယ္။
က်ငန္းမက်င္းထဲကိို ခဲေရ ေလာင္းရမယ္။ ဦးယူတိိုင္စိုက္မယ့္က်င္းထဲကို ေၾကးနီျမဳပ္ရမယ္။ စုံပင္လယ္တိုင္စိုက္မယ့္က်င္းထဲကို ဆန္ ျမဳပ္ရမယ္။
ကုမၻီတိုင္စိိုက္မယ့္ က်င္းထဲကို ေၾကးျဖဴျမဳပ္ရမယ္။ သေျပတိုင္စိုက္မယ့္က်င္းထဲကို ခဲမျဖဴျမႇပ္ရမယ္။
ဒီတိုင္ေတြကို မစိုက္မီက တစ္ခါတည္းမွန္ကန္ေအာင္ စနစ္တက်စိုက္ထူရမယ္။ ပႏၷတ္ေသေသခ်ာခ်ာ ခ်ၿပီး မွထူရမယ္။ ထူၿပီးေတာ့မွမႀကိဳက္လို႔သေဘာမက်လို႔ဆိုၿပီး ျပန္ႏႈတ္၊ ျပန္စိုက္တာမ်ိဳးမျဖစ္ေစရဘူး။
ဒါေတြလဲေရွာင္ရဦးမယ္ ။ အိမ္ေဆာက္ရာမွာ ေရွာင္သင့္တာေတြလဲ ရွိပါေသး တယ္။
အဲဒါေတြကေတာ့ –
အိိမ္ျဖစ္တဲ့အတြက္ တိုင္ေတြ၊ ေဘာင္ေတြမွာ ကႏုတ္ ပန္းဆြဲေတြ ဘာေတြနဲ႔ တန္ဆာမဆင္ရဘူး။ ထုတ္တန္းမစြပ္ခင္ ယက္မတင္တာမ်ိဳး မလုပ္ရဘူး။ ယက္မတင္ၿပီးမွ ထုတ္တန္းစြပ္ရမယ္။
ၾကမ္းခင္းထက္ေက်ာ္ၿပီး ရွည္ထြက္ေနတဲ့ တိုင္ေတြ မရွိသင့္ဘူး။ ရွိေနရင္ ျဖတ္ပစ္ရမယ္။ ေခါင္႐ိုးနဲ႔ (ေခါင္ေလွ်ာက္ခြ) မတင္ခင္မွာလဲ ၾကမ္းမေဖာက္ရဘူး။
ထုတ္ေတြ၊ တန္းေတြ အစြန္းထြက္တာ မရွိေစရဘူး။ ရွည္ထြက္ေနရင္ျဖတ္ပစ္ရမယ္။ ၿပီးေတာ့ အိမ္မေဆာက္ခင္က ဝင္းထရံကို ႀကိဳၿပီး ခတ္မထားရဘူး။အိိမ္ေဆာက္ၿပီးမွ ဝင္းခတ္ရမယ္။
အိိမ္သစ္ၿပီးလို႔ အိမ္သစ္တက္ေတာ့မယ္ဆိုရင္ သေျပသားကိုင္ၿပီးမွ တတ္ရပါမယ္
ေက်ာင္းသစ္ တက္ေတာ့မယ္ဆိုရင္ သနပ္သားေဆာင္ၿပီးမွ တက္ရ မယ္။ ဒါမွ ေဘးရန္ခပ္သိိမ္း ကင္းၿငိမ္းမယ္လို႔ ဆိုပါတယ္။
အိိမ္အကာအကြယ္္ အိမ္သစ္မွာ ေနထိုင္ၾကမယ့္ မိသားစုေတြ ေဘးဥပါဒ္ အႏၲရာယ္ေတြ ကင္းေဝးေအာင္ ကာကြယ္ၾကပုံလဲ ရွိပါေသးတယ္။
ကာကြယ္ပုံမွာ —
အေရွ႕ေတာင္ကတိုင္မွာ သိ ၊အေနာက္ေတာင္က တိုင္မွာ န ၊ အေနာက္ေျမာက္ကတိုင္မွာ ဗိ ၊အေရွ႕ေျမာက္ကတိုင္မွာ ဘု ဆိုၿပီး ေရးသားရျခင္းပါပဲ။
အဲဒီ စာတစ္လုံးစီရဲ႕ အရွည္ကေတာ့ – သိိ = သိၾကား ၊န = နဂါး ၊ဗိ = ဗိႆႏိုး ၊ဘု = ဘုရား ျဖစ္ပါတယ္။
ဒီစာေရးထားတဲ့ တိုင္ေတြကိုလဲ ေ႐ႊရည္၊ ေငြရည္၊ စိန္ရည္၊ ေက်ာက္ရည္တို႔ သြန္းေလာင္းေပးရပါ တယ္။ ဒီလိုျပဳျခင္းအားျဖင့္ အိမ္သူအိမ္သားမ်ားဖို႔ ဥပါဒ္အႏၲရာယ္ ကင္းရွင္းၿပီး စိတ္ရဲ႕ခ်မ္းသာျခင္း၊ ကိုယ္ရဲ႕ခ်မ္းသာျခင္းတို႔နဲ႔ ျပည့္စုံႏိုင္ပါသတဲ့ ခင္ဗ်ာ။
အခုတင္ျပခဲတဲ့ အေၾကာင္းအရာေတြကေတာ့ ျမန္မာ့ ႐ိုးရာထုံးတမ္းအစဥ္အလာအရ အိမ္သစ္၊ ေက်ာင္း သစ္ ေဆာက္ရာမွာ ျပဳလုပ္ေဆာင္႐ြက္၊ ေရွာင္ၾက၊ ေဆာင္ၾကတဲ့အခ်က္ေတြပါ။
ေခတ္နဲ႔ ေလ်ာ္ညီစြာ ရွိတယ္၊ မေလ်ာ္ညီတယ္ဆိုတာကိုေတာ့ စာဖတ္သူ တို႔ကို ဆုံးျဖတ္ခြင့္ေပးၿပီး ႐ိုးရာဓေလ့ထုံးစံတစ္ရပ္ကို မွတ္တမ္းတင္တဲ့အေနနဲ႔ ေဖာ္ျပလိုက္ရပါတယ္။
ဦးဖိုးနီ



