Uncategorized

လက်ခုပ်သြဘာ

လက်ခုပ်သြဘာ

တစ်ခါတုန်းက ပိုးလောက်လန်း ဘဝကနေ ခြင်လားမြောက်ပြီး အရွယ် ရောက်လာတဲ့ ခြင်တစ်ကောင် ဟာ သူ့ဘဝရဲ့ ပထမဆုံး အကြိမ် အဖြစ် လှည့်လည် ပျံသန်း ကြည့်ပြီးတဲ့ နောက် ပြန်ရောက် လာရာ ဖခင် ဖြစ်သူက..

” ငါ့သား.. ပျံသန်း ရတာ ဘယ်လို နေလဲ.. ပျော်ခဲ့ရဲ့လား?.. ” လို့ မေးလိုက်တယ်…

အဲ့ဒီအခါ သားဖြစ်သူက ဝမ်းသာ အားရနဲ့…

” အရမ်းကို ပျော်တာပဲ အဖေ.. လူတိုင်း လူတိုင်းက သားကို မြင်တာနဲ့ လက်ခုပ်တွေ တီးပြီး သြဘာ ပေးကြတယ်… ” လို့ ပြန်ဖြေ လိုက်တယ်..

ဒီအခါ ဖခင်ဖြစ်သူက..

” သူတို့က သားကို လက်ခုပ်တီးပြီး သြဘာ ပေးကြတာ မဟုတ်ဘူး.. အဲဒါ ငါ့သားကို သတ်ဖို့ ကြိုးစား ကြတာပဲ ဖြစ်တယ်.. အတွေ့အကြုံ မရှိသူ မရင့်ကျက် သေးသူတို့ အဖို့ လက်ခုပ်သံ များများ ကြားလေ အမြန် ဇာတ်သိမ်းဖို့ နီးစပ် လေပဲ.. ”

” လက်ခုပ်သံကို သာယာပြီး အသိမလွတ်စေနဲ့ ငါ့သား.. သူတို့ လက်ခုပ်တွေ ပိုပြီး တီးလာ လေလေ ငါ့သား သေဖို့အတွက် အခွင့်အလမ်း ပိုပြီး များလာ လေလေပဲ.. ဂရုစိုက်ပါ သား.. ”

လို့ ပြန်ပြီး ဆုံးမ လိုက်တယ်…

သင်ခန်းစာ – သင့်ကို လက်ခုပ် ဝိုင်းတီးပြီး ချီးမွမ်း သြဘာ ပေးနေကြတဲ့ လူတွေတိုင်း သင့်ကို စေတနာမှန် ရှိတယ်လို့ မယူဆလိုက်ပါနဲ့…

NandaLatt

for zawgyi

လက္ခုပ္ၾသဘာ

တစ္ခါတုန္းက ပိုးေလာက္လန္း ဘဝကေန ျခင္လားေျမာက္ၿပီး အ႐ြယ္ ေရာက္လာတဲ့ ျခင္တစ္ေကာင္ ဟာ သူ႔ဘဝရဲ႕ ပထမဆုံး အႀကိမ္ အျဖစ္ လွည့္လည္ ပ်ံသန္း ၾကည့္ၿပီးတဲ့ ေနာက္ ျပန္ေရာက္ လာရာ ဖခင္ ျဖစ္သူက..

” ငါ့သား.. ပ်ံသန္း ရတာ ဘယ္လို ေနလဲ.. ေပ်ာ္ခဲ့ရဲ႕လား?.. ” လို႔ ေမးလိုက္တယ္…

အဲ့ဒီအခါ သားျဖစ္သူက ဝမ္းသာ အားရနဲ႔…

” အရမ္းကို ေပ်ာ္တာပဲ အေဖ.. လူတိုင္း လူတိုင္းက သားကို ျမင္တာနဲ႔ လက္ခုပ္ေတြ တီးၿပီး ၾသဘာ ေပးၾကတယ္… ” လို႔ ျပန္ေျဖ လိုက္တယ္..

ဒီအခါ ဖခင္ျဖစ္သူက..

” သူတို႔က သားကို လက္ခုပ္တီးၿပီး ၾသဘာ ေပးၾကတာ မဟုတ္ဘူး.. အဲဒါ ငါ့သားကို သတ္ဖို႔ ႀကိဳးစား ၾကတာပဲ ျဖစ္တယ္.. အေတြ႕အႀကဳံ မရွိသူ မရင့္က်က္ ေသးသူတို႔ အဖို႔ လက္ခုပ္သံ မ်ားမ်ား ၾကားေလ အျမန္ ဇာတ္သိမ္းဖို႔ နီးစပ္ ေလပဲ.. ”

” လက္ခုပ္သံကို သာယာၿပီး အသိမလြတ္ေစနဲ႔ ငါ့သား.. သူတို႔ လက္ခုပ္ေတြ ပိုၿပီး တီးလာ ေလေလ ငါ့သား ေသဖို႔အတြက္ အခြင့္အလမ္း ပိုၿပီး မ်ားလာ ေလေလပဲ.. ဂ႐ုစိုက္ပါ သား.. ”

လို႔ ျပန္ၿပီး ဆုံးမ လိုက္တယ္…

သင္ခန္းစာ – သင့္ကို လက္ခုပ္ ဝိုင္းတီးၿပီး ခ်ီးမြမ္း ၾသဘာ ေပးေနၾကတဲ့ လူေတြတိုင္း သင့္ကို ေစတနာမွန္ ရွိတယ္လို႔ မယူဆလိုက္ပါနဲ႔…

NandaLatt